ကုိ ထြဋ္July 25, 20141min22911
သိထားသင့်သော ဗဟုသုတ   ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့         အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….   ဟုတ်ပါတယ်.. စမ်းဖူးတယ်.. စိတ်ကြောင့်လား..တကယ်လားတော့ မသိ.. သက်သာတယ်…   ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….   ဒါလဲ ဟုတ်တယ်.. စမ်းဖူးတယ်.. ဖုန်းပြောတာတော့ ဟုတ်ဘူး.. သီချင်းနားထောင်တာ ပိုကျယ်တယ်… စမ်းကြည့်…   ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ […]


ကုိ ထြဋ္July 25, 20142min28218
အမှန်က အဘိုးပြောသော ပုံပြင်များထက်.. အဘိုးရဲ့ လက်ရာ ဓာတ်ပုံများ ဖြစ်ရမှာပါ.. ဒါပေမဲ့ ဓာတ်ပုံက တခါတရံပဲ တင်ပေးမှာမို့.. Tag မပြောင်းတော့တာ… အဘိုးက နေ့တိုင်း ဘုရားတခုမဟုတ် တခုသွားဖူးနေကြ… သွားတိုင်းလဲ အမှတ်တရ ဓာတ်ပုံရိုက်ပြီး FB ကို တင်တယ်.. အသွားများတာက ရွှေတိဂုံဘုရားပေါ့… နေ့တိုင်းနီးပါးရောက်တော့ ဓာတ်ပုံလဲ ရိုက်တော့ … ဆန်းတာလေးတွေ ရှုထောင့် ကောင်းကောင်းလေးတွေ စဉ်းစားမိ.. ရိုက်ဖြစ်လာကြတာ… အဲဒီထဲက ကျွန်တော် သဘောကျတာလေးတွေကို တင်ပေးတာ.. အဘိုးက အေးချမ်းတယ်.. နေ့တိုင်း ပို့စ်တင်တယ်.. ဓမ္မပဒ တွေတင်တယ်… ဘုရားလဲ နေ့တိုင်းသွားတယ်.. FB လဲ နေ့တိုင်းသုံးတယ်.. ဖိုင်ဘာလိုင်းဆိုတော့ ကော်နက်ရှင်လဲ မဆိုးဘူး… ကျွန်တော်တောင် အသက်ကြီးလာရင် အဲလောက် […]


ကုိ ထြဋ္July 24, 20141min24116
ဒီတခေါက်ကတော့ အစီအစဉ်သစ်လေး… မိန်းမရယ် ကျွန်တော်ရယ် ချက်စားတဲ့ထဲက မထူးတထူး… မဆန်းတဆန်းပေါ့… ဘာလို့ဆိုတော့ နေ့စဉ်စားနေကျပဲလေ… အိမ်မှာက ဟင်းချက်တော့စားတယ်… အမေချက်တာကို စားတာ ပိုများတယ်… ကိုယ့်ဘာသာချက်မယ်ဆိုရင်တော့လဲ စိတ်ကြိုက် ကောင်းကောင်းလေးချက်စားကြတယ်… ကဲ.. လေဖောတာများပြီ… စချက်ကြမယ်…   ကြက်သားငါးပိချက် ပါဝင်ပစ္စည်းများ ကြက်သား         ၂၅ ကျပ်သားလောက် အရောင်တင်မှုန့် ထမင်းစားဇွန်း မပြည့်တပြည့် တဇွန်း ကြက်သွန်နီ        ဥကြီး ၂ ဥ ကြက်သွန်ဖြူ       အမြွာကြီး ၄ မွှာ ဂျင်း                     လက်ညှိုးတဆစ်စာလောက် ပဲပုပ်                   ၃ ပြား ဆီ                      ရ ကျပ်ခွဲသား ဆား၊ အချိုမှုန့်  တိုင်းတဲ့ထည့်ရန် ငါးပိ                   ထမင်းစားဇွန်း ၂ ဇွန်း (ငရုတ်သီးစိမ်း ၊ […]


ကုိ ထြဋ္July 24, 20148min26612
တကယ်တော့ မော်လမြိုင် ခရီးစဉ်ကို စရေးရမှာ.. အခုတော့ ကျော်ရေးတယ်ဗျာ… သွားခဲ့သမျှထဲမှာ နှစ်သက်မိတဲ့ မြို့လေးတမြို့လို့ ဆိုရင်လဲ မမှားဘူးဗျ… ရန်ကုန်ကနေ ပခုက္ကူကို အမြန်လမ်းကနေ သွားခဲ့တယ်ဗျာ.. ည ၉ခွဲလောက်ကသွားတာ.. မနက် ၅ခွဲလောက်.. စုစုပေါင်း ၉ နာရီလောက်ပဲ ကြာတယ်… ရောက်တာနဲ့ မနက်စာစား.. ရုံးသွား.. ပြန်လာပေါ့… ကားဂိတ်ကို.. မကွေးဆင်းဖို့ဆိုပြီး… ကျွန်တော်တို့က နောက်တမြို့ကူးဖို့ဆိုတော့ အလျင်အမြန်နဲ့ လိုင်းကားပဲ စီးရတယ်ဗျာ… စီးရတဲ့ လိုင်းကားကိုလဲ ကျေးဇူးတင်သွားတယ်.. ဘာလို့လဲ ဆိုတော့ ပုဂံကို ဖြတ်မောင်းသွားလို့ဗျ… ကြားလမ်းပေါ့.. ပုဂံကားဂိတ်ပြောမလားပဲ.. မကြိုက်တာ တခုတွေ့ခဲ့တယ်… ဘာလဲဆိုတော့ ကမ္ဘာလှည့်ခရီးသွား အများဆုံးသွားတဲ့နေရာ.. တကယ်ကို ကြည့်မကောင်းဘူးဗျာ.. အောက်က ပုံကို ကြည့်ကြပါ… ဆိတ်တွေ ဘေးမှာ […]


ကုိ ထြဋ္July 23, 20141min26313
ဒီတခါက အတည်ရေးတာပါ… Tag မှာကို အသေအချာရွေးထားပါတယ်… ခေါင်းစဉ်ကတော့ ” စကားပုံများ နှင့် ဆိုရိုးစကားများ ”   1  A Learned Man Can Be Appreciated Only By Another Learned Man… ပညာတတ်သူကို အခြားပညာတတ်သူတစ်ဦးကသာ တန်ဖိုးထားသည်။ ( သူတော်ချင်းချင်း သတင်းလွေ့လွေ့ )   2  A Fool And His Money Are Soon Parted… လူမိုက်နဲ့ ငွေ အတူမနေ။ 3  A Harsh Word Is More Painful Than A Blow… နှုတ်ကြောင့်သေ […]


ကုိ ထြဋ္July 23, 20141min23918
ပထမဆုံး ပြောလေ့ပြောထ ရှိတဲ့ စကားလေးတွေကို… အင်္ဂလိပ်လို ပြောင်းပြောကြမယ်လေ… ICE ခေတ်မှာ တခု ပါဝင်တဲ့ E အင်္ဂလိပ်စာဟာလဲ လေ့လာထားရင် မမှားပါဘူး… အနီးဆုံးပြောမယ်…   ရေလိုက်ငါးလိုက် Water Follow .. Fish Follow…  ဒါက အသုံးများလာတယ်…   ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် Good Discuss.. Bad Discuss… ဒါလေးကတော့ သစ်မယ် တင်တယ်…   မုဆိုး နားနီး မုဆိုး၊ တံငါ နားနီး တံငါ Hunter Near Hunter.. Fisher Man Near Fisher Man… ကာရန်ကိုက်မှ ပြောကောင်းတာဗျ…   သမင်မွေးရင်း၊ ကျားစားရင်း Deer […]


ကုိ ထြဋ္July 19, 20141min1405
  ရွှေတိဂုံစေတီတော် အံ့ဖွယ်ကိုးဌာန ======================== ၁။ တဝဂူ ဆုတောင်းပြည့်ဘုရား ရွှေတိဂုံစေတီတော်ကြီးရဲ့ အထက်ပစ္စယာ အရှေ့ဘက်တည့်တည့်တွင် တည်ထားကိုးကွယ်သည့် ထိုတဝဂူ ရုပ်ပွားတော်မြတ်ကို ယောက်ျားများသာ တက်ရောက် ဖူးမြှော်ခွင့် ရှိပါတယ်။ မိန်းမများ ဖူးခွင့်မရှိပါသဖြင့် ယခင်က ဓာတ်ပုံတွင်သာ ဖူးခွင့်ရရှိကြပြီး ယခုအခါမှာတော့ တန်ဆောင်း လေးခုမှာ တီဗွီများနှင့် လွှင့်ပြပြီး ဖူးခွင့်ရပါတယ်။ တဝဂူပတ္တမြား မျက်ရှင် ဘုရားဟုလည်း ခေါ်တွင်ပါတယ်။ တဝဂူပတ္တမြား မျက်ရှင်ဘုရားတွင် လိုရာကို ဆုတောင်းက ဆုတောင်းပြည့်ပါသည်။ ရှေးက မင်းညီမင်းသား များ တဝဂူဆုတောင်းပြည့်ဘုရားသို့ တက်ရောက် ဆုတောင်း ဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန် ပြုလုပ် ကြသည်။ အောင်လည်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူ လုယူကြသည်။ ထီးနန်း စိုးအုပ် မင်းလုပ်ကြသည်။ […]


ကုိ ထြဋ္July 18, 20144min1568
ရရင်စားချင်တယ်ပဲ ပြောတာနော်… စားချင်တယ် ဝယ်ပေးလို့ ပြောတာ မဟုတ်… ဘယ်လောက် သိမ်မွေ့လိုက်လဲ… ” ဟဲ့ အောင်ဆန်း နင် ဘုရင်ဖြစ်ပြီဆို ” ” ဟုတ်တယ်အမ၊ ကျနော့သမီး အမမြေးလေး ကြည့်စမ်းပါ့ ” ” အခုလာရင်းမှာ အမဆီက ကျနော့သမီးလေး ခမဲပေးသလိုလို နားဆွဲလိုလို့ အမွေအဖြစ် လာတောင်းတာပါ။ ” ” ဟယ် အောင်ဆန်း တိုင်းပြည်မှာ နင်ဘုရင်ဆို သမီးလေး နားဆွဲလိုတာများ ငါ့ဆီမှာ လာတောင်းနေရသလား ” ” ကဲ ကြည်ရေ အထုပ်တွေသယ် ဘူတာဆင်းကြမယ် ပြန်ကြစို့ ” ဘာမှ ထပ်မမန့်တော့ဘူးဗျ… ကယ်ဆမ်ကွေကာပဲ သောက်ကြပါစို့… 🙂 နောင်လာနောင်သားတွေ အတွက်ပါ… အဲဒါ ဘယ်သူကြီးလဲလို့ […]


ကုိ ထြဋ္July 5, 20141min2888
ကွန်ပျူတာတလုံးရဲ့ လုံခြုံရေးအတွက်ဆိုရင် ရွေးချယ်စရာ Anti Virus တွေ အများကြီး ရှိပါတယ်… Panda, Kasper, Norton, Avria, Smadav အစရှိသဖြင့်ပေါ့… ဒီနေ့ပြောမယ့် Anti Virus ကတော့ Microsoft က ထုတ်တဲ့ Microsoft Security Essentials ပဲ ဖြစ်ပါတယ်… ကျန်တာတွေက မကောင်းဘူးလား မေးစရာရှိပါတယ်.. ဒီမှာပို့စ်တင်တဲ့သူတွေ တော်တော်များများက ကွန်ပျူတာနဲ့ပဲ တင်တော့ Anti Virus မျိုးစုံကို တွေ့တော့ ဒါတွေကရော မကောင်းဘူးလား မေးမှာပေါ့… ကောင်းပါတယ်.. Kaspersky ဆိုရင် ပိုက်ဆံပေးမှ ကောင်းမှာပေါ့.. 1 Year, 2 Year ကန့်သတ်ချက်နဲ့ပေါ့… ကျန်တဲ့ဟာတွေကတော့ Smadav က ထားပါ.. တခြားတခြားသော […]


ကုိ ထြဋ္July 2, 20141min2468
    တကယ်တော့ Window 7 ကပဲ ငြိမ်သေးတာပါ… ဒါပေမဲ့ အခု ကွန်ပျူတာ အသစ်တလုံးသာ ပြေးဝယ်လိုက်… အကုန်တင်ပေးပါနော်လို့ ပြောလိုက်ရင် စိတ်သာချ Window 8 ပဲ တင်ပေးပါလိမ့်မယ်… Window 8 တင်ပေးလိုက်လို့… ဟာ.. ငါ့စက်က Window 8 ဆိုပီး ဂုဏ်ယူစရာကို မရှိတာပါ… အခုတွေ့သလောက် သုံးသလောက် Window 8.1 Pro လောက်ပဲ သဘောကျတယ်.. ကျန်တာတွေက သိပ်မငြိမ်သလားပဲ.. နဂို Window က မငြိမ်ရတဲ့ ကြားထဲ.. Office ကလဲ အသစ် 2013 ဆို လှပီ… Activation ကလဲ မရဆို.. အွန်လိုင်းသုံးသလိုပဲ.. တခုခု ဖွင့်လိုက်ရင် […]


ကုိ ထြဋ္July 1, 20141min37913
အုန်းကျွန်းတပုဒ်ပီးတော့ နောက်တပုဒ်ကို ဖျစ်ညှစ်ဖို့ ကြိုးစားနေတုန်း… စကြာဝဠာအစွန်းသိုု့ ခရီးနှင်ခြင်း ဆိုတဲ့ ပို့စ်လေးကို တွေ့တော့ ဝင်ကြည့်လိုက်တယ်… ဟဲ ဟဲ.. အချိုရှာ သကာတွေ့ဆိုသလိုပဲ.. ပို့စ်ကလဲ တင်ချင်  နဂိုကတည်းက အကြောင်းအရာမထွက်နဲ့မှာ အဆင်ပြေသွားတယ်… ဒါဟာ ကူညီတာလဲ ဟုတ်သလို ပို့စ်တခုလဲရသွားတယ်… လေကြောနည်းနည်းတော့ ရှည်ခွင့်ပြုဗျာ.. တကယ်တော့ ကျွန်တော်က အိုင်တီသမားတယောက်ပါ… ကိုယ့်ရဲ့ နေ့စဉ်မှတ်တမ်းကိုပဲ ထူးထူးခြားခြား ပြင်ရတဲ့ အရာလေးတွေကို ပို့စ်အနေနဲ့ တင်မလားလဲ စဉ်းစားတယ်ဗျ.. ဒါပေမဲ့ ဒါက အိုင်တီဆိုက်လဲ မဟုတ်ဘူးပေါ့.. အဲလို တွေးမိတယ်..  ဘော်ဘော်တို့ရော.. မန့်ပေးကြနော် ဒါကိုလဲ… ရေးရမယ်ဆိုရင်တော့ အများကြီးပဲ… 🙂 ကဲပါ.. လိုရင်းပဲ ပြောကြမယ်… ၁  ကိုယ်ဖွင့်လိုသော You Tube […]


ကုိ ထြဋ္June 27, 20141min1674
ကိုယ်ရဲ့လက်သည်းလေးတွေက ဘယ်လိုပုံဖြစ်မှာလဲ။ ၀၁. ကဗျာဆန်တဲ့သူ ရှည်တဲ့လက်သည်းလေးကို ပိုင်ဆိုင်တဲ့သူကတော့ ညာဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် အတွေးအခေါ်ကောင်းတဲ့သူတယောက်ဖြစ်မှာပါ။ဘာမဆို စနစ်တကျလုပ်တတ်တဲ့သူဖြစ်ပင်မဲ့ သဘောကောင်းသူဖြစ်တဲ့အတွက် သူတပါးရဲ့ လိမ်ညာတာကို ခံရတတ်တဲ့အတွက် အထူးသတိထားစေချင်ပါတယ်။ဘယ်ဘက်ဦးနှောက်က ဖွံ့ဖြိုးတဲ့သူနဲ့ အဆင်မပြေနိုင်ပါ။ ၀၂. စိတ်မရှည်တဲ့သူ အလျားရှည်တဲ့လက်သည်းကို ပိုင်ဆိုင်တဲ့သူကတော့ ဘယ်ဘက်ဦးနှောက်က ပိုပြီးဖွံ့ဖြိုးတာကြောင့် စကားအပြောကောင်းတဲ့သူတယောက်ဖြစ်မှာပါ။စိတ်ထဲထင်တာကို ပါးစပ်ကနေ လွတ်ခနဲ ပြောတတ်တဲ့အတွက် အမြဲတမ်း လန်းဆမ်းနေတဲ့ပုံပါ။စိတ်မရှည်တဲ့ အတွက် ချက်ချင်းစိတ်တိုတတ်တဲ့အတွက် နည်းနည်းသည်းခံဖို့တော့လိုမှာပါ။စိတ်ခံစားမှုကိုအလေးထားပြီး အလုပ်လုပ်တဲ့ညာဘက်ဦးနှောက်ကို ပိုင်ဆိုင်တဲ့သူတွေနဲ့တော့ အဆင်မပြေနိုင်ပါ။ ၀၃. အေးအေးဆေဆေးနေချင်တဲ့ ငြိမ်းချမ်းရေးသမား စက်ဝိုင်းပုံ(သို့)ဘဲဥလက်သည်းပုံ ပိုင်ဆိုင်တဲ့သူကတော့ ကိုယ်အချိန်ကို တန်ဖိုးထားပြီး အေးအေးဆေးဆေးနေချင်တဲ့သူပါ။လူမူဆက်ဆံရေးအပိုင်းမှာတော့အားလုံးနဲ့အဆင်ပြေအောင်နေတတ်ပါတယ်။ကိုယ်ပတ်ဝန်းကျင်မှာရန်ဖြစ်ရင်ပထမဆုံးဝင်ပြီးဖြေရှင်းပေးမဲ့သူပါ။အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့အတွက်သူတပါးရဲ့လေးစားမူယုံကြည်မူကိုခံရပင်မဲ့တခါတလေတကိုယ်ကောင်းဆန်တတ်တဲ့အတွက်သတိထားပါ။ဘာပဲပြောပြောသူကတော့ဘယ်သူနဲ့မဆိုအဆင်ပြေအောင်နေတတ်တဲ့သူဖြစ်မှာပါ။ ၀၄. ရိုးသားသောသူ လေးထောင့်ပုံလက်သည်းကို ပိုုင်ဆိုင်တဲ့သူကတော့ စိတ်ဓာတ်ကြံ့ခိုင်ပြီး အထူးသဖြင့် ယောကျင်္ားလေးတွေက များပါတယ်။ရိုးသားပင်မဲ့ ခေါင်းမာတဲ့အတွက် ပြောရခက်တဲ့သူဖြစ်မှာပါ။ခေါင်းမာတာလေးကို နည်းနည်းလျော့ရင်တော့ ပတ်ဝန်းကျင်နဲ့ […]