ဆူးJune 14, 20111min40415
တခါတုန်းက အသိတယောက် ဆို အသက် ၃၈နှစ်လောက်ပဲ ရှိသေးတယ်။ ချော်လဲပြီး ဒူးထိသွားတာ အသက် ၃၅နှစ်လောက်မှာ ဖြစ်သွားတယ်။ လဲပြီး ခါစ တုန်းကတော့ နီးစပ်ရာ ဆရာတယောက်ကို သွားပြတာ ရမ်းနိပ်လိုက်လို့ ဒူး ပိုနာသွားပြီး ဒူးမှာရှိတဲ့ ဂုံညင်းကြီး ထွက်သွားလို့ ဒူးက အကြီးကြီး ဖြစ်သွားတာ ဒူးက ဘယ်လောက် ကြီးလဲ ဆိုရင် သူ့ပေါင်ရင်း အလုံးထက်တောင် ပိုတုတ်တယ် အဲလိုနဲ့ နေလိုက်တာ ၃နှစ်လောက် ဖြစ်နေပြီ။ ဒူးကလည်း တန်းနေတာ လမ်းမလျှောက်နိုင်တော့ဘူး ဈေးမှာ သာကူ လိုက်ရောင်းတယ် ဆိုင်ခုံ နေရာ မဝယ်နိုင်တော့ ဈေးရှေ့မှာ အိုးလေး ချရောင်းတယ်။ ဂဠုံ လိုက်ဖမ်းရင် သူများလို အိုးလေး မပြီး မပြေးနိင်လို့ […]


ဆူးJune 10, 20111min44622
ချိုချို ဆိုတဲ့ အမျိုးသမီးက အသက် ၂၅လောက်မှ အိမ်ထောင်ကျခဲ့ပါတယ်။ မိသားစု အသိုင်းအဝိုင်းတောင့်တဲ့ ယောကျား ကို ယူပြီး ဘဝင် တကြွကြွပေါ့.. အိမ်ထောင်သက် ၃နှစ်လောက်အထိ ကလေးရူးရူးခဲ့ပေမဲ့ ကလေး အဖတ်မတင်ခဲ့ပါဘူး။ ဒီလိုနဲ့ ၄နှစ်မြောက်မှာ ကလေး တယောက်ရပါတယ်။ မကြာပါဘူး ပျက်ကျ သွားခဲ့ပြန်တယ်။ စိတ်ညစ်ညစ်နဲ့ နေရင်းနောက်ထပ် ကလေး တယောက် ထပ်ရခဲ့တယ်။ ကလေး ရပြီး ကိုယ်ဝန်ကြီးနဲ့ အချိန်မှာ ကလေး အဖေက အလုပ်ထဲမှာ အဆင်မပြေ ဖြစ်လာပြီး အိမ်တွေ ကားတွေ ပါ မရှိတော့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ အလုပ်လက်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ကလေးကို မွေးပြီး ၃လ လောက် အကြာမှာတော့ စာတစောင်ရေးပြီး အိမ်က […]


ဆူးJune 9, 20111min46621
မေးခွန်း ကလေးကတော့….. ဖုန်းပြောသံ တခု ကြားလိုက်တယ်။ အမရယ် ရင်ကျပ်လိုက်တာ.. နေလို့ မရဘူး။ အဆင်မပြေဘူး အသက်ရှူမဝဘူး။ တခုခု လုပ်မှ ဖြစ်မယ်။ ဖုန်းထဲက လူ ပြောတဲ့ စကား (*****************) ဟုတ်တယ် အမ ရဲ့… ဖုန်းထဲက (****************) ဟုတ်ကဲ့ အမ ကျမ နက်ဖြန်လာခဲ့မယ်နော်။ အဲဒါဆို ဒါဘဲနော်။ (ဖုန်းချလိုက်သည်။) ရင်ကျပ်တဲ့ အမျိုးသမီး ကို ဖုန်းထဲက အမလို့ ခေါ်တဲ့ လူက ဘယ်လို နည်းနဲ့ ကုပေးလိုက်လို့ နောက်တနေ့ ဆိုပြီး အေးဆေးစွာ ဖုန်းချ လိုက်ပါသလဲ။ ဝိုင်းတွေးကြပါအုန်း။ အဖြေမှန် သူရော မမှန် သူပါ ပွိုင့် ၁ဝ ပေးမယ်။


ဆူးJune 8, 20111min35114
ရွာထဲမှာ တင်ထားတဲ့ ပိုစ်တွေ ဖတ်ပြီးသား ဖြစ်ပေမဲ့ တယောက်ယောက်က ကွန်မန်းပေးလိုက်ရင် ဘာ မန်းလိုက်လဲ သိချင် စိတ်နဲ့ တခုကို တခါစီ ထပ်နိပ်ပြီး ဖတ်နေရတာ ကွန်နက်ရှင် ကောင်းတဲ့ အချိန်ဆို မသိသာပေမဲ့ ကွန်နက်ရှင် မကောင်းတဲ့ အချိန်ဆို ကွန်မန်း တခု ဖတ်ရဖို့ စာတွေ အများကြီး တက်ဖို့ တော်တော် အချိန်စောင့်ရပါတယ်။ စာမျက်နှာ တခု ဖွင့်ရင်း ကြာနေတဲ့ အချိန်မှာ ကွန်မန်း ၃ ၄ခု လောက် ဆက်တိုက် တက်သွားရင် အမှီလိုက်ဖတ်ဖို့ တော်တော် လိုက်ရမလို ဖြစ်သွားပါမယ်။ ဒီတော့ လွယ်ကူမြန်ဆန် မန်းထားသမျှ အားလုံး တပြိုင်တည်း ဖတ်လို့ရအောင် https://myanmargazette.net/wp-admin/edit-comments.php?comment_status=all လင့်မှာ ဝင်ဖတ်ပါ။ ပိုစ်ကို […]


ဆူးJune 7, 20111min52519
တနေ့တော့ ပိုးပိုး ဆိုတဲ့ အပျိုကြီး တယောက်က သူ့ရဲ့ ညီမလို အနေသဘော ထားရတဲ့ သူငယ်ချင်းများကို အသက်အနည်းငယ် ပိုကြီးတဲ့ သူပီပီ အာခေါင် အာရင်းသန်သန်နဲ့ ဆုံးမနေပါတယ်။ သူရဲ့ ဆုံးမတဲ့ လေသံကတော့ ဟဲ့.. မိန်းမတွေ သိမ်သိမ်မွေ့မွေ့ နေကြ နင်တို့ အလကားနေရင်း အီးစီကလီ မလုပ်ကြနဲ့။ နင်တို့တွေ အတွေးတိမ်တိမ်နဲ့ ဘာမှန်း မသိ ညာမှန်း မသိ သူများ မြူဆွယ်တိုင်း ပါဖို့ မကြိုးစားနဲ့.. အိမ်ထောင်ကျတယ် ဆိုတာ နင်တို့ သိလို့လား… နင်တို့ နို့ဆီဘူး မြင်ဘူးလား။ အင်း.. ဘာဖြစ်လို့လဲ ဆိုပြီး စိတ်ဝင်တစား အာရုံစိုက်ပြီး နားထောင်နေကြတယ်။ မှတ်ထား.. နို့ဆီ ခွက်က ဖောက်ထားပြီး ဒီတိုင်း […]


ဆူးJune 4, 20111min43519
မောင်နှမလေးတို့ရေ.. ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ တကယ့် အဖြစ်အပျက်ကလေးပေါ့ကွယ်.. တခါတုန်းက မအူပင်တန်း ဆိုတဲ့ ရွာကလေးမှာ ဖြစ်ပျက်ခဲ့တာပေါ့။ မအူပင်တန်း ဆိုတဲ့ ရွာကလေးက မြို့နဲ့လည်း အလှမ်းတော်တော် ဝေးတယ်။ ရွာက လူတွေကလည်း မြို့ပေါ် သိပ်မရောက်ဘူးကြဘူးပေါ့။ ရွာကလေးမှာ နေတဲ့ လူတွေက ၁နှစ်ကို ၆လ လောက် မြစ်ရေ တက်တဲ့ အတွက် ၆လ လောက်တော့ အသီး အနှံများ စိုက်ပျိုးပြီး ရတဲ့ ပိုက်ဆံကလေး စုထားပြီး ကျန် ၆လ ကိုတော့ အဆင်ပြေသလိုပဲ ထိုင်စားကြရတာ ဓလေ့ တခုလိုပါပဲ။ ဆင်းရဲတဲ့ လူတွေ ဆိုရင်တော့ ရေတက်လာပြီ ဆိုရင် လှေတစီးနဲ့ ငါးတွေ ဖမ်းပြီး အနီးအနား ရေ […]


ဆူးJune 2, 20111min48612
မောင်နှမလေးတို့ရေ.. ဒီနေ့ ပြောပြမဲ့ ပုံပြင်လေးကတော့ သစ်ပင် နဲ့ ရုက္ခစိုးတဲ့.. တနေ့ မိဖြူနဲ့ တခြား သူငယ်ချင်းတွေ အဖွဲ့လိုက် လေ့လာရေး ခရီးထွက်ကြသတဲ့.. အထက်မြန်မာပြည် မန်းရွှေမြို့တော်ကြီးကို ဦးတည်ပြီး ကားကလေး တစီးနဲ့ သူငယ်ချင်းတွေ အလှည့်ကျ မောင်းနှင် လာခဲ့ကြတယ်။ ဒီလိုနဲ့ မိဖြူနဲ့ သူငယ်ချင်း တစု ကားကလေးက နေပူပူ လမ်းကလေးမှာ သစ်ပင် အုပ်ဆိုင်းတဲ့ အခါ အရိပ်ရပေမဲ့ တလမ်းလုံး စကားတွေ များပြီး မောင်းလာလိုက်တာ တနေရာကျတော့ နှင်းလေး ဆိုတဲ့ တယောက် ဟဲ့ ဖြူမ ငါ တို့ ခဏ နားရအောင်ဟာ.. အပေါ့အပါးလေး ပါလေး သွားကြတာပေါ့.. ဒီလိုနဲ့ ကားကလေး ရပ်ဖို့ သစ်ပင်ကြီးကြီး […]


ဆူးMay 31, 20112min50116
မြန်မာပြည် အသံလွင့်ဌာန တခုဖြစ်တဲ့ မြဝတီ ရုပ်မြင်သံကြားမှာ ပြသခဲ့တဲ့ နန်းတွင်းရတနာ ရုပ်ရှင် နှင့် မင်းသမီး ချန်ကင် ကိုတော့ အားလုံး သိကြမှာပါ။ ပရိတ်သတ်တွေ အသည်းစွဲ အပတ်စဉ် မလွတ်တမ်း အားပေးခဲ့ကြသလို မီးပျက်တဲ့ အချိန်ခါနဲ့ ကြုံကြိုက်တော့လည်း အားမလျော့ပဲ တကွက်မှ အလွတ်မခံပဲ အားပေးခဲ့ကြတဲ့ အခိုင်အမာ မြန်မာ ပရိတ်သတ်ကြီးများ ဖြစ်ခဲ့ကြပါတယ်။ အခု တင်ပြမှာကတော့ ရိုက်ကွင်း အဖြစ် ဖန်တီးထားတဲ့ MBC အသံလွင့်ဌာန အပိုင် ပန်းခြံဖြစ်ပါတယ်။ နန်းတွင်းထဲမှာ ဖြစ်နေသလို ဖြစ်အောင် နန်းတွင်း ပုံစံ အဆောင်အအုံတွေ ဆောက်ပြီး ရုပ်ရှင် ရိုက်ကွင်းပြုလုပ်ထားတာ ဖြစ်ပါတယ်။ အခိုင်အခံ ဆောက်ထားတဲ့ တကယ့် နန်းတော် မဟုတ်ပါဘူး။ ပုံမှာ […]


ဆူးMay 31, 20111min63124
မောင်နမလေးတို့ရေ တခါတုန်းကပေါ့.. လုလင် တယောက်ဟာ နေပြင်းပြင်းပူတဲ့ နေ့တနေ့ ခရီးလမ်း လိုရာ မရောက်သေးတော့ ရှိသမျှ ခွန်အားနဲ့ ရုန်းကန် လှုပ်ရှားပြီး လျှောက်လှမ်း လာလိုက်တာ မောပန်း နွမ်းလျလွန်းလို့ မတ်တပ်တောင် မရပ်ချင်လောက်အောင် ဖြစ်နေချိန် မျက်စိထဲ တမျှော်တခေါ်ကြည့်မိတဲ့ မြင်ကွင်းထဲမှာ သစ်ခြောက်ပင်အို တပင် တွေ့မိခဲ့တာပေါ့ကွယ်။ ကွင်းပြောင်ပြောင် နေပူထဲမှာ သစ်ခြောက်ပင် တပင် အရိပ်နည်းပါးပေမဲ့ ခိုဖို့ အားခဲပြီး အရိပ်သေးသေးရတဲ့ နေရာလေးမှာ မှီရင်း ခရီးတထောက်နားပြီး အမော အပန်းဖြေခဲ့တယ်။ အမောပြေ တခဏ နားရင်း တရေး တမော အိပ်စက် အနားယူရင်းနဲ့ မျက်စိဖွင့်ကြည့်ချိန်မှာတော့ သစ်ခြောက်ပင်ကြီး နားမှာ ကိုယ့်လိုပဲ နားခိုပြီး နေတဲ့လူတွေ တော်တော်များများတွေ့လာခဲ့တပေါ့ကွယ်။ ခင်မင်ရင်းနှီးစွာ နုတ်ဆက်စကားပြောရင်းနဲ့ […]


ဆူးMay 29, 20111min58023
အရေးပေါ် ဆီးမသွားနိုင်ဘူး ဆိုလျှင်… ဆရာဝန် ဆေးခန်းပြဖို့ လိုပါတယ်။ သို့သော် သွားဖို့ ခက်ခဲ နေမယ် ဆိုလျှင် အရေးပေါ် ဆေးမြီးတို တခု လမ်းညွန်ချင်ပါတယ်။ ဘေးထွက် ဆိုးကျိုး မဖြစ်နိုင်ပါ။ သျှားစောင်း လက်ပတ် အရွက် အတွင်းက ဂျယ်လီလေးတွေကို သကြားနဲ့ ခေါက်ပြီး စားပေးလိုက်ပါ။ ဆီးရွှင်ရွှင်နဲ့ အဆင်ပြေသွားပါလိမ့်မယ်။


ဆူးMay 27, 20111min69833
ကျောင်းက အပြန် အိမ်မှာ အမေကိုတွေ့တော့ အဖေကော မေးတဲ့ အခါ နေမကောင်းလို့ အိပ်နေတယ်တဲ့.. အခန်းထဲကို အပြေးအလွား သွားကြည့်တဲ့ အခါ အိပ်ယာထဲမှာ လှဲအိပ်နေတယ်။ ဘာဖြစ်တာလဲ အမေ…. ဒီနေ့ အလုပ်ကိစ္စနဲ့ ၃ထပ်တိုက်ကို ၂ခေါက်လောက် တက်လိုက်တာ ဖျားသွားတာပါပဲ။ အသည်းရောဂါ အခံရှိတဲ့ လူတွေက အဲဒီလို အကြမ်းပတမ်း မရဘူး။ ဆရာဝန်ပေးတဲ့ ဆေးကကော မကောင်းဘူးလား။ ဆရာဝန်က အသည်း ပြန်ကောင်းတဲ့ ဆေးမရှိဘူး အသည်းအားဆေးပဲ ရှိတယ် ဆိုပြီး အားဆေးပဲ တိုက်တာပဲ.. ကောင်းသလိုလို ရှိပေမဲ့ အပင်ပန်း လုံးဝ မခံနိုင်ဘူး ဖြစ်နေတယ်။ နေမကောင်းတဲ့ အဖေ ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ အဖေ နေမကောင်းတာကို […]


ဆူးMay 20, 20111min2156
ရွှေပြည်ဟိန်း ကျောင်း၊ ပြည်သာယာ ဘောက်ထော် ရန်ကင်းမြို့နယ်။ (ကျိုက္ကဆံ စူပါဝမ်း၊ တာမွေလေး၊ သံလမ်း အနီး) ဖုန်း ၅၄၁၄၉၃၊ ဝ၉၅၁၀၂၁၉၇။ မေလ ၂၁ ရက်နှင့် ၂၂ ရက်တွေမှာ စက္ခု ဝေဒနာရှင်များအား ဒါနပြု ခွဲစိပ် ကုသပေးမှာ ဖြစ်ပါတယ်။ သတင်းစာထဲမှာလည်း ပါတတ်ပါတယ်။ သိချင်ရင်တော့ လိပ်စာက ဖုန်းနံပါတ်ကိုသာ မေးမြန်းပြီး စုံစမ်းကြည့်ပါ။ အသိထဲမှာ မျက်စိ ဝေဒနာရှင် နွမ်းပါးသူများ အလကား ကုသပေးနေပါတယ်။ တနေ့က အလှူငွေ သွားလှူခဲ့တဲ့ အတွက် သတိတရ တင်ပေးလိုက်ပါတယ်။ နီးစပ်ရာ အတိဒုက္ခရောက်နေတဲ့ လူ ပုဂ္ဂိုလ် ရဟန်း စတာတွေကို တိုက်တွန်း နိုးဆော်ပေးကြပါအုန်း။


ဆူးMay 20, 20111min2869
တချိန်က စီမံကိန်း တခု အတွက် မြေကွက်တွေကို မဲနိုက်ပေးတာမျိုး ရှိခဲ့ဘူးပါတယ်။ မြေကွက် ၁ဝကွက် ကို မဲနှိုက်တဲ့ လူတွေကတော့ အများကြီးပါပဲ။ ထို အထဲမှာတော့ ဒေါ်ခင်တင့် တို့ မိသားစုက ပိုက်ဆံ ချမ်းသာပြီး အိုးလုပ်ငန်းတွေ လည်း လုပ်ကြပါတယ်။ ထိုမြေကွက်တွေကို အတွဲလိုက် လိုချင်ပါတယ်။ သူတို့ မြေကွက်နိုက်တဲ့ အခါ အကွက် နံပါတ် ၃ ၅ ၆ ဆိုပြီး ပေါက်ခဲ့တယ်။ ၄ တကွက်ကတော့ ဒေါ်တင်တင် ယောကျား ဦးမောင်အေး က ပေါက်သွားခဲ့တယ်။ ဖြစ်ချင်တော့ ထိုအချိန်မှာ ဦးမောင်အေးက မဲသွားနိုက်ဖို့ မေ့သွားပြီး အိပ်ပျော်နေပါတယ်။ မဲနိုက်ကြတာ ပိုင်ရှင် မပေါ်တဲ့ အဆုံး မဲနှိုက်ဖို့ ကျန်တဲ့ […]