Mr. MarGaOctober 23, 20134min26414
၂၀၁၃ ကိုတော့ မဟာနည်းပညာတွေရဲ့ ကျဆုံးခန်း လို့ ပြောရင် ရမယ်လို့ ထင်ရတယ်ဗျ။ နည်းပညာ ကုမ္ပဏီတွေ တစ်ခုပြီးတစ်ခု သူတို့ရဲ့ နည်းပညာကျဆုံးခန်းတွေကို ထုတ်ဖော်ကြေညာခဲ့ရတယ်။ အခု ပြောပြမှာက ဒီနှစ်ရဲ့ အကြီးမားဆုံး ကျဆုံးမှု ဆယ်ခု ပါ။   1. Google Reader Google ဟာ တစ်နှစ်တစ်နှစ်ကို ထုတ်ကုန်အသစ်၊ တီထွင်မှုအသစ်တွေ မြောက်များစွာ လုပ်လေ့ရှိပါတယ်။ ဒါ့အပြင် ပုံမှန် ရှင်းလင်းရေးအနေနဲ့ အဲဒီထုတ်ကုန်တချို့ကိုလည်း  ပြန်လည် ရပ်ဆိုင်းတတ်ပါသေးတယ်။ ဒီနှစ်မှာ အကြီးမားဆုံး ရပ်ဆိုင်းမှု အဖြစ် ကြေညာချက်ကတော့ Google Reader ပေါ့။ ဒီနှစ် ဇူလိုင်လကစလို့  ဒီထုတ်ကုုန်ကို ရပ်ဆိုင်းခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ ကျန်တဲ့ RSS Reader တွေဖြစ်တဲ့ Feedly, Newsblur, Flipboard တို့တွေကို အသုံးပြုသူတွေ ပြောင်းလဲသုံးစွဲခဲ့ရပါတယ်။   […]


Mr. MarGaOctober 14, 20135min40226
မီးရှုးမီးပန်းတွေ (Fireworks)   စာမရေးဖြစ်တာလဲ ကြာပြီ။ ရေးမယ်လုပ်လိုက်၊ ဝေ့လိုက် နောက် ရေးမယ်လုပ်လိုက် ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ မေ့သွားလိုက် နဲ့။ ဘယ် ရေးဖြစ်မတုံး တစ်ယောက်တည်း ပတ်ပြီး အလုပ်ရှုပ်ချင်ယောင် ဆောင်နေတာလေ…။ အခုတော့ သီတင်းကျွတ်နား နီးပြီမို့ ဟို ဂျီးဒေါ်ကို ကတိပေးထားတာလဲ ရှိ။ ကိုယ်တိုင်လဲ နည်းနည်းပါးပါး မွှေနှောက်မိတာာမို့ ဒီတစ်ခါ ဦးမာဃ ရဲ့ တာဝတိံသာ research center ကနေ တင်ဆက်ချင်တာကတော့ မီးရှုးမီးပန်း (fireworks) တွေ အကြောင်းပါ။ တွေ့သလောက် နားလည်သလောက် တတ်သလောက်၊ မှတ်သလောက် တင်ပြလိုက်ပါတယ်။   မီးရှုးမီးပန်း ဆိုတာ… မီးရှုးမီးပန်း ဆိုတာကတော့ အနုပညာ ဖန်တီးမှုတွေ၊ ရိုးရာပွဲတော်တွေ၊ ဘာသာရေး […]


Mr. MarGaOctober 1, 20133min65949
ဘုတ်….. တစ်လမ်းလုံး ပခုံးထက်မှာ လွယ်လာသော အိတ်ကို အားရပါးရ ပစ်ချလိုက်သည်။ နားခိုရာနေရာ ရောက်ချေပြီကိုး။ ပိတ်ထားသောတံခါးရှေ့ရှိ ဆိုင်းဘုတ်ကလေးကို ဦးမာဃ တစ်ချက် ဖတ်လိုက်သည်။ ဘာတဲ့… “ကဗျာပြခန်း” ဆိုပါလား….။ ဆိုင်းဘုတ်ကို ဖတ်ပြီး အတွေးစလေးတွေက အတိတ်ကို နည်းနည်း လွင့်မျောသွားသည်။ သို့သော် ကြာကြာမတွေးနိုင်၊ ခရီးပန်းလာသည်မို့ အထဲဝင်ရန် တံခါးကို ခေါက်လိုက်တော့သည်။ ဒေါက်…..ဒလောက်…..ဒေါက် သုံးချက်တိတိ ခေါက်အပြီးမှာတော့ တိုင်ပင် ကိုက်ထားသည့်အလား တံခါးက ဖြတ်ခနဲဆို ပွင့်သွားသည်။ အထဲကနေ ထွက်လာသူကတော့ ဒညင်းဝက်(အဲလေ) အလင်းဆက်။ ရောက်ရောက်ချင်း ဆောက်နှင့်ထွင်း ဆိုသလို အားရပါးရ မေးရှာသည်။ ‘ဟဲ့ သဂျားးး ဘာလာလုပ်တာလဲ’ တဲ့။ သူမေးမှ လူတောင် မျက်စိ လည်ချင်ချင် ဖြစ်သွား၏။ […]


Mr. MarGaSeptember 11, 20131min58342
ဘာလိုလိုနဲ့ သားတော်မောင်တောင် အသက်နှစ်ဆယ် ပြည့်ခဲ့ပေါ့ အချိန်တွေလဲ တဖြည်းဖြည်း ကုန်လွန်လာတာ ဘယ်လိုလုပ် ဒီလောက်ထိ ရောက်သွားမှန်းမသိလိုက်ဘူး မျက်စိအောက်မှာ တဖြည်းဖြည်းအရွယ်ရောက်လာလိုက်တာ အခုတော့ လူပျိုကြီး ဖားဖားကို ဖြစ်လို့ မျက်စိထဲမတော့ ကလေးလို့သာမြင်နေဆဲရယ်။ အသက် နှစ်ဆယ် ပြည့်ပြီ ဆိုတော့ အရွယ်ရောက်ပြီလို့ သတ်မှတ်နိုင်ပါပြီ။ အရွယ်ရောက်လာတဲ့ သားတော်မောင်အတွက် လက်ဆောင်အနေနဲ့ မှတ်သားစရာ စကားလေးတွေ ပြောပေးချင်မိတယ် ကိုယ်တိုင်ကလဲ အဲသလောက် ပြောနိုင်မယ် မထင်တာကြောင့် အွန်လိုင်းပေါ်ကနေ မှတ်သားစရာလေးတွေ ရှာပေးမယ်လို့ တွေးမိတယ်။ ဒါကြောင့် ဒီပို့စ်ကို ရေးပါတယ်။ သားတော်မောင်နဲ့ ကျန်တဲ့သူတွေပါ မှတ်သားနိုင်အောင်ပါ။  :kwi:   သားရေ………….. လူမှုဆက်ဆံရေးနယ်ပယ်မှာ ကျင်လည်လာရတဲ့ အခါမျိုးမှာ အတတ်နိုင်ဆုံး အချိန်ကို လေးစားပါ။ ဒီနေ့ခေတ်မှာ အချိန်ဟာငွေ၊ အချိန်ဟာ ရွှေဖြစ်တာကြောင့် သူတစ်ပါးရဲ့ အဖိုးတန် အချိန်ကို ကိုယ်က ဖြုန်းမပစ်မိပါစေနဲ့။   သားရေ… မုသား ဆိုတာ သုံးလို့ကောင်းတဲ့ […]


Mr. MarGaAugust 16, 20131min27916
. . . . . . . . . အကြောက်တရားဆီက လွတ်မြောက်ခြင်း….. Freedom From Fear… တဲ့ ဒီစာသားကို ကြားမိ တွေ့မိတာ နည်းနည်းတော့ ကြာပြီ။ လူ့အခွင့်အရေး အကြောင်းကို ရှာမိတိုင်း၊ တွေးမိတိုင်း၊ ပြောမိတိုင်းမှာ ဒီအကြောင်းတွေက အမြဲလိုလို ပါတတ်တယ်။ အဲသလို ရှာလိုက်တိုင်း တွေ့မိတာက Four basic Freedom ဆိုတာပါပဲ။ ဘာတွေလဲ ဆိုတော့ Freedom of speech Freedom from want Freedom of worship Freedom from fear တဲ့ (စကားလုံး လွဲချင် လွဲမယ်ထင်ပါတယ် ပြန်မကြည့်ရသေးလို့) အဲဒီအထဲကနေမှ […]


Mr. MarGaAugust 13, 20131min32825
  . . . . . . . . . . . ဘောလုံးပွဲများမှာ မဆဲဖို့ ဗထူးကွင်း ဘောလုံးပွဲများတွင် အလွန်ဆဲနေကြသည်ဟု မိတ်ဆွေများက ပြောကြသည်။ ခဏခဏပင် ပြောကြသည်။ ကျွန်တော် ဘောလုံးပွဲသို့ မရောက်သည်မှာ တော်တော်ပင်ကြာပြီ။ ထို့ကြောင့် ဘောလုံးပွဲအကြောင်း ဘာမှမသိ။ သို့ရာတွင် ဘောလုံးပွဲတွင် ဆဲကြသည်၊ အလွန်ပဲ ဆဲနေကြသည် ဆိုသောသတင်းကို ကြားရသောအခါ အများကြီး စိတ်မကောင်းဖြစ်မိသည်၊ ဝမ်းနည်းမိသည်။ ၁၉၄၇-၄၈၊ ၄၉-၅၀၊ ၅၁-၅၂ ခုနှစ်လောက်ထိ ယခင်က ယူဘီအေကွင်းဟုခေါ်သော ဗထူးကစားကွင်းတွင် ကျွန်တော်တို့တတွေ လူကြီးလုပ်ပြီး ဘောလုံးပွဲများ ကျင်းပခဲ့ကြသည်။ စစ်ပြီးကာစပွဲများ၌ ဆဲကြပါသည်။ ရန်ဖြစ်ချင်ကြပါသည်။ သို့ရာတွင် နောင်တော့ မဆဲကြတော့ပါ။ […]


Mr. MarGaJuly 17, 20131min100896
. . . . . . . . . . . တစွန်းတစ  ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ ခုတလော အတွေးလဲနည်း လူလဲ အပျင်းရောဂါ စွဲကပ်နေလို့ စာမရေးဖြစ်တာတောင် ကြာပေါ့။ ကိုယ်တိုင်သာ စာမရေးဖြစ်တာပါ…………စာဖတ် ကျပြန်တော့လဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ ဝေ့လိုက်ဝိုက်လိုက် လုပ်နေတာပါပဲလေ။ ဒီတစ်ခါတော့ အဲဒီ စာဖတ်ခြင်းကိစ္စနဲ့ ပတ်သက်ပြီး ငယ်ဘဝကို ပြန်တွေးမိလို့ အတင်းအကျပ် မှတ်ဉာဏ်ထဲက ပြန်ဖော်ထားတဲ့ အကြောင်းအရာလေးတွေ ပြောပြချင်မိတယ်။ ခေတ်တွေ ကွာလာတော့ တိုးတက်မှုတွေ ဆုတ်ယုတ်မှုကလေးတွေလဲ မြင်လာမိတာကိုး………. ပြောချင်တဲ့ အကြောင်းအရာကတော့ ဒီလို……ဒီလို…………. သူများတွေတော့ ကာတွန်းတွေ၊ ရုပ်ပြတွေ ဘယ်အချိန်မှာ စဖတ်ကြသလဲမသိ ဦးမာဃကတော့ […]


Mr. MarGaJuly 15, 20134min75899
. . . . . . . . . . . . . ကဗျာပြခန်း ( ၁) ကဗျာပြခန်း ( ၂)  ကဗျာပြခန်း ( ၃) ကဗျာပြခန်း (၄) ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ . အာဇာနည်………………တဲ့ ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။ လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ အာဇာနည် ဆိုသည်မှာ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် […]


Mr. MarGaJune 21, 20131min31527
မင်္ဂလာပါ ရွာသူားတို့ရေ ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာ ပြခန်း သုံး တောင် ရောက်ပါပေါ့။ နောက်ထပ်နောက်ထပ် လာမယ့် ပြခန်းတွေအတွက်လဲ ကဗျာတွေက စုပြီးဆောင်းပြီး အခြေအနေမှာ ရှိနေတယ်။ ဒီလောက်အထိ အောင်မြင်တဲ့အတွက်လဲ စီစဉ်သူများက အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါသဗျ။ အခုပို့စ်ကတော့ ကျွန်တော်တို့ ပြခန်း ဘယ်လို ဆက်သွားဖို့ စီစဉ်ထားတယ် ဘာတွေ ဆက် လုပ်သွားဖို့ ရှိတယ် ဆိုတာကို အသိပေးဖို့ တင်ရခြင်း ဖြစ်ပါတယ်။ တင်ရမှာစိုးလို့ ပတ် ပြေးပေမင့် ကဗျာမရေးတဲ့ ဒီ သိကြားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ပို့စ်တင်ဖို့ အတင်းအကျပ် တောင်းဆိုတာကြောင့် လာမယ့်ဘေး ပြေးတွေ့ ဆိုသလို တင်ရတာပါဗျို့။ ပြခန်း တာဝန်ခံ ဖြစ်နေတော့လဲ […]


Mr. MarGaJune 14, 20131min36930
  အပြင်မှာ မိုးတွေက သည်းသည်းမည်းမည်း ရွာနေသည်။ အိမ်ရှေ့ ဝရန်တာမှာ ကော်ဖီတစ်ခွက်ချပြီး ထိုင် ငေးနေသည်မှာလဲ မိုး စ ရွာကတည်းကပင်။ မိုးက တဖြည်းဖြည်း ပိုလို့ပိုလို့ သည်းလာ၏။ မိုးရွာတိုင်း တစ်စုံတစ်ယောက်ကို သတိရမိတာ ဟိုအရင်ကတည်းက။ မိုးနဲ့ပဲ စတွေ့ပြီး မိုးနဲ့သာ လမ်းခွဲခဲ့ရတာမို့ မိုးရွာတိုင်း သတိရတာ မဆန်းလို့ပင် ဆိုနိုင်သေးသည်။ အခုထိ မမေ့နိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုလဲ မချင့်မရဲ ဖြစ်နေကျ။ တကယ်ဆိုရင် မေ့သင့်တာ ကြာပြီကိုး။ ထိုင်နေရင်း အတွေးတွေက ထိန်းမနိုင် သိမ်းမရ အတိတ်ကို ပြန်သွားပြန်ချေပြီ။ ဟိုး……………..လွန်ခဲ့တဲ့ မိုးသည်းနေ့လေး တစ်နေ့မှာပေါ့…………….. ညကတည်းက သည်းသည်းမည်းမည်း ရွာနေသည့်မိုးက မနက်လင်းသည့်တိုင် တိတ်ဖို့ အစီအစဉ် ရှိဟန်မတူသေး။ သူ့ကို ရက်ဆက် […]


Mr. MarGaJune 6, 20131min30026
– – – – – ၁။ ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ။ ၂။ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံတော်တိုးတက်ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။ ၃။ နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ဆန့်ကျင်ကြ။ ၄။ ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းကြ။ ********************************************************************* ဦးမာဃတို့ ရွာသူားတွေ ဒီစကားရပ်လေးတွေကို ရေးတေးတေးတော့ မှတ်မိနေဦးမယ်လို့ ထင်ပါတယ်။ နှစ်ပေါင်းများစွာ မီဒီယာတွေပေါ်မှာ နေရာယူခဲ့သော စာသားများပါ။ ပြည်သူ့ သဘောထား ပါတဲ့။ ပြည်သူတွေရဲ့ သဘောထားအစစ်အမှန် ဟုတ်တာမဟုတ်တာတော့ ဦးမာဃ မငြင်းတော့ဘူးနော်။ လူ ဆိုတာ အတော်ခက်သဗျ။ ကိုယ် တွေ့နေကျ မြင်နေကျ အရာတစ်ခုကို မတွေ့ရ […]


Mr. MarGaMay 23, 20131min1007154
ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် ဒေါက်……….ဒေါက်………..ဒေါက် *********************************** မန်းဂဇက် ကဗျာပြခန်း တာဝန်ခံ ဦးမာဃ ပြခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလေသည်။ အိပ်ပျော်ရှာမပေါ့ တစ်ညလုံး လုပ်စရာရှိတာ မလုပ်ဘဲ လုပ်ချင်ရာလုပ်နေပြီး အရုဏ်လာမှ လုပ်စရာရှိသည်များကို ကမန်းကတန်း လုပ်လိုက်ရရှာသကိုး။ သို့သော် ကြာကြာကား အိပ်လို့မရတော့ပေ။ အပြင်မှ တဒေါက်ဒေါက် အသံများက နားဝမှ ဝင်ရောက်ကာ ဦးနှောက်သို့ သတင်းပို့ကြလေတော့သည်။ မနက် စောစောစီးစီး ဘယ်သူတွေပါလိမ့်နော်……………. ဦးမာဃ အိပ်ချင်မူးတူး မြည်တွန်တောက်တီး၍ အိပ်ယာထဲတွင် အတွေးနယ်ချဲ့ရင်း မျက်လုံးက အခန်းထောင့်ရှိ ပြက္ခဒိန်ဆီသို့ အလည်အပတ် ရောက်ရှိသွားသော အခါတွင်မတော့ ဟိုက်………..မြတ်စွာဘုရား……..ဒီနေ့ ကဗျာပြခန်း ဖွင့်ပွဲလုပ်ရမယ့် နေ့ပါလားဟ။ အချိန်တောင် အတော် လင့်နေပြီ……….. မဖြစ်ချေဘူး အမြန် ပြင်မှ ဆင်မှ […]


Mr. MarGaMay 20, 20132min29825
အထူး တလည် ကျေးဇူး တင်ရှိခြင်း ယခုကဲ့သို့ ပြည်သူပြည်သားများ အဆင်ပြေစေရန်အတွက် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ဈေးနှုန်း သက်သာစွာဖြင့် စေတနာရှေ့ထား ရောင်းချပေးပါသော သမ္မတကြီး ဦးဆောင်သည့် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအား ကျွန်ုပ်တို့ အသင်းအဖွဲ့များမှ အထူးတလည် ကျေးဇူး တင်ရှိပါသည်။ ဆက်လက်၍လည်း ထိုကဲ့သို့ ပြည်သူပြည်သားများ အကျိုးရှိစေမည့် အစီအမံများကို ဆက်လက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ချောင်ကြိုချောင်ကြား မိတ္တူကူးလုပ်ငန်းများ အစုအဖွဲ့ နှင့် ဟိုနားသည်နား ဓာတ်ပုံဆိုင်များ အသင်း :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: :kwi: […]