Nay ChiJanuary 17, 20141min15713
အဲဒီကွန်ပျူတာလေး…။ 4H 2H B 2B ပုံဆွဲခဲတံတွေမကူနိုင်…။  ရှိတဲ့ခဲတံလေးတစ်ချောင်းနဲ့ ဖိလိုက်ဖော့လိုက်ဆွဲခဲ့ရတဲ့ ပုံဆွဲခတွေကို မသုံးရက် မဝတ်ရက် နဲ့ စုပြီး ဝယ်ထားခဲ့ရတာ..။ အသက် ၂ဝမပြည့်သေးတဲ့ ကောင်မလေး… ကွန်ပျူတာတစ်လုံးဝယ်ဖို့ဆိုတာ အိပ်မက်တောင် မမက်ရဲခဲ့တဲ့ ဘဝတုန်းကပေါ့…။ ဒီကွန်ပျူတာလေးဝယ်ပြီးကတည်းက ပိုရလာတဲ့ပုံဆွဲခလေးတွေနဲ့ ပညာတွေဆက်သင်နိုင်ခဲ့ဖူးတယ်…။ သူများလို ကန်တင်းမထိုင်နိုင်၊ ကျောင်းကသွားတဲ့ Trip တွေ မလိုက်နိုင်ပဲ စုစုဆောင်းဆောင်းသုံးစွဲရင်းပဲ တစ်မတ်သားလက်စွပ်လေးတစ်ကွင်းပိုင်ဆိုင်လာခဲ့တယ်…။ အသက် ၂ဝ နဲ့ ၂၃အတွင်းရှိတဲ့ ကောင်မလေးပေါ့…။ အဲဒီလက်စွပ်လေးတစ်ကွင်းနဲ့ ရွှေဈေးတက်ပြီ ကျပြီ လိုက်စုံစမ်းနေတတ်တဲ့ ကိုယ်က အရင်းထပ်မဖြည့်ရပဲ လက်စွပ်ကလေးကနေ လက်ကောက်လေးတစ်ကွင်းထိ ပိုင်ဆိုင်ခဲ့ဖူးတယ်…။ ကံကြမ္မာအပြောင်းအလည်းကြောင့်လား… မိသားစုပေါ်စေတနာမှန်လို့လားမသိပေမဲ့ မကြာခင်ပဲ လစာကောင်းကောင်းအလုပ်တစ်ခုရလာခဲ့တယ်…။ ဒီလိုနဲ့ ကျောင်းကသင်ပေးတဲ့စာနဲ့ကွာဟတဲ့ လက်တွေ့လုပ်ငန်းခွင်ထဲမှာ ငိုလိုက် ရယ်လိုက်၊ […]


မျောလွင့်နေတဲ့ အိပ်မက်တွေထဲ….. ကူးခတ်လူးလွန့် လာရင်းးးးးးးးးးးးးးး ကြယ်တွေဟာ တဖျတ်ဖျတ်တုန်ခါလို့ အို……………..ဘုရားသခင်……. တိမ်တွေပေါ် အရုပ်ရေးဖို့ စူပါဖောင်တိန် တစ်ချောင်းလောက်ပေးသနားပါ ညို့မှိုင်းမှိုင်းကောင်းကင်ဟာ အဖြူရောင်စာရွက်လောက်မရိုးသားတော့ဘူး ငါးရိုးစူးတဲ့မြို့ပြညတွေထဲမှာ ရင်ဘတ်ထဲကစိုက်ခင်းတစ်ခုနဲ့ ကျွန်တော်အသက်ရှင်နေရတယ် ဟုတ်ကဲ့………ကျွန်တော်အောက်ဆီဂျင်လိုနေတယ်။ ငွားစွင့်တဲ့ ပန်းပွင့်တွေအတွက် မြေဆီလွှာတွေ စတေးခဲ့တယ် ခန့်ညားတဲ့မြို့ပြတွေအတွက် ဘယ်သူတွေစတေးခဲ့သလဲ………..။ ဟင့်အင်း…..သူတို့က ဖန်လှောင်အိမ်တွေပိုင်ဆိုင်တယ်။ ကျွန်တော်လက်နဲ့ သစ်ပင်စိုက်ထာတယ် တိမ်ညိုတွေကင်းတဲ့နေ့မှာ ဘုရားသခင်ဆီက ဖောင်တိန်မရလည်းနေပါစေ ကျွန်တော့်သစ်ခက်တွေနဲ့  အရုပ်ရေးကြည့်မယ်။ …………… ရင်နှင့်ရင်း၍ အောင်မိုးသူ 2012 ခရစ္စမတ်နေ့ 11း15 PM


ဟော့်….ကြယ်ကလေးကြွေသွားပြီ……. အမြန်ဆုတောင်းဦးမှ မေမေနေကောင်းပါစေ မေမေသမီးဆီ အမြန်ပြန်လာနိုင် ပါစေ……………………………………။ “ရွှေစင်ရေ စာလာကျက်လေ နင်ဟာလေစားဖို့ အိပ်ဖို့ ဆော့ဖို့ပဲ စာလာကျက်” ဆူပြီ…ကြီးကြီးတို့က အမြဲတမ်းဆူဖို့ပဲ ပြန်ပြောရင်လည်း သမီးကိုရိုင်းတယ်ပြောမယ်။ ခဏခဏနားထဲကို ဆူတဲ့အသံတွေ ရောက်လာတော့လည်း တစ်ခါတစ်လေ သမီးလည်းမခံနိုင်တော့ဘူးလေ အဲသည်တော့ ပြန်ပြောမိတာပေါ့။ ဘယ်လိုပဲ ဖြစ်ဖြစ် စာကျက်ဖို့ စာအုပ်တော့ကိုင်ရမှာပဲ။ ဖွားဖွားကလည်း သမီးစာကျက်နေတာ ထိုင်ကြည့်နေတယ်။ အသံမထွက်ရင် ဆူမယ်ဆိုတာချည်းပဲ….။ “ရွှေစင် စာကျက်လေ… ဘာလုပ်နေတာလဲ  ဝက်မ စားဖို့ပဲသိတယ် စာကျတော့ မကျက်ဘူး” “အဖွားကလည်း ဒီမှာကျက်နေတယ်လေ” “ငါ့ကို ပြန်မပြောနဲ့ ရိုက်လိုက်မယ် စာပဲကျက်”   ပြောလိုက်ရင် ရိုက်မယ်ဆိုတာကြီး ပြန်ပြောမိတော့ သမီးပဲအဆူခံရတယ်။ ကြီးကြီးနဲ့ သူ့ရဲ့သမီးစကားပြောနေတာကြည့် တော့လည်း သမီးလည်း မေမေ့ကိုသတိရလာတယ်။ […]


ဇာတ်ရုံရဲ့ ထရံကြို ထရံကြားက နေပြောက်ကလေးတွေက ကျွန်မမျက်နှာကို လာရောက်ထိုးမှပဲ… နေ့လည်တောင်ရောက်ပြီလို့ ကျွန်မသိလိုက်သည်။ အိပ်ချင်မူးတူးဖြင့် ခြင်ထောင်ထဲတွင် ကျွန်မငုတ်တုတ်ထိုင်လိုက်သည်။ သည်အချိန်ဆိုလျှင် ကျွန်မတို့ဇာတ်ရုံထဲတွင် အလုပ်တွေရှုပ်နေကြပြီ။ ညလုံးပေါက် အလုပ်လုပ်ထားသောသူများ အိပ်ရာထချိန်သည် နေ့လည်ဆိုသည်မှာ မဆန်ုးပေ။ သွားတိုက် ၊ မျက်နှာသစ်ဖို့ ရေခွက်ကိုယူရင်း အဖေနဲ့အမေ ဘယ်ရောက်နေလဲဟု တွေးနေမိသည်။ “ဘကြီး……ထွန်း… အဖေနဲ့အမေဘယ်သွားလဲရှင့်..” “ဈေးခဏသွားတယ်ကွယ့်…. နင့်ညီမနဲ့မောင်အတွက် ပိုက်ဆံသွားပို့တယ်ဆိုးလားပဲ…” “အော်…” ဘကြီးထွန်းပြောမှပဲ… ညီမလေးနဲ့မောင်လေးကို ကျွန်မသွားသတိရမိသည်။ မတွေ့ရတာ ခြောက်လလောက်တောင်ရှိတော့မယ်။ အိပ်ရာထထချင်း သည်အကြောင်းစဉ်းစားလိုက်မှ ကျွန်မရင်ထဲ ပြည့်ကျပ်ကျပ်ကြီး ဖြစ်လာမိသည်………………။ *************************** ကျွန်မမိသားစုမှာ ကျွန်မအကြီးဆုံးလေ……။ အဖေနဲ့အမေကတော့… ဇာတ်အဖွဲ့တစ်ခုမှာ အမေကထမင်းချက် ၊ အဖေကတော့ ဇာတ်အဖွဲ့က မီးထိုး…….. ဇာတ်အဖွဲ့ကြီးသွားရာ မြန်မာပြည်အနှံ့ကို လိုက်ရတယ်။ […]


ဝရုန်းသုန်းကားမဆန်တဲ့ လေပြေအချို့ ကျွန်တော့ခန္ဓာကိုယ်အား ဖြတ်သန်းကာ တိုက်ခတ်သွားကြသည်။ ညိုမှောင်ရီတဲ့ ရာသီဥတုက အရှိန်ယူကာသည်းကာမည်းကာ ရွာတော့မယောင် အင်းလျားကန်ဘောင်ပေါ်တွင်ရပ်ကာ ကန်ရေပြင်ဘက် မျက်နှာမူလျှက် ကျွန်တော်မလှုပ်မယှက်။ လက်ထဲတင်းတင်းစေ့ကာ ဆုပ်ကိုင်ထားတဲ့ ကြယ်သီးလေးတစ်လုံးကို ဖြန့်ကာ ကြည့်လိုက်မိ၏။ ကျွန်တော့်မျက်ဝန်းမှ မျက်ရည်စများက တိုင်ပင်မကိုက်ပဲ လက်ထဲသို့ကျရောက်သွားသည်။ လေပြင်း တစ်ချက်တစ်ချက် ထပ်ကာထပ်ကာတိုက်ခတ်လာ၏။ လေနှင့်အတူ မိုးစက်မိုးပေါက်တစ်ဖျောက်ဖျောက်ဖြင့် ကန်ရေပြင်နှင့် ကန်ဘောင်တစ်လျှောက် ကတ္တရာလမ်းမအပေါ် သည်းကာမည်းကာကျရောက်လာသည်။ မိုးစက်များ ရိုက်ခတ်မှုနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး ရွှဲစိုကာနေပေမယ့်လည်း ပြန်မလှည့်တော့သည့် ခြေထောက်များကို ကျွန်တော်ပြန်လည် ကျိန်ဆဲ မိလိုက်၏။ *********************************************** “ရော့……..” “ဘာတုန်းဟ….” “ကြည့်လေ…ဘာလဲလို့…” “ကြယ်သီးလေ… အဲဒါငါဘာလုပ်ရမှာတုန်း မွန်မွန်…” ကျွန်တော်မေးလိုက်သောစကာတစ်ခွန်းကို မျက်စောင်းတစ်ချက်ထိုးကာ “နင့်ကို..ပေးတာဟဲ့…။ ဒီမှာ ငါ့အကျီ င်္ရဲ့ ဒုတိယကြယ်သီးတစ်လုံးပြုတ်သွားတာ အဲဒါနင်သိမ်းထားလိုက်တော့..” […]


ရွှေအိမ်စည်October 15, 20121min10311
သူခိုး ကျနော့်မှာ ကျီးကန်းတွေနဲ့ ပတ်သက်လို့ နှလုံးသားမှာ ဒဏ်ရာတခု ရခဲ့ဖူးပါတယ်။ ကျီးကန်းတွေကို တွေ့တိုင်း အဲဒီကျီးကန်းတွေ ကြားအောင် နာမည်တခု အော်အော် ခေါ်မိပါတယ်။ အဲဒီ နာမည်က သူခိုး … တဲ့။ အင်းစိန် သီးသန့် အကျဉ်းထောင်မှာ ဖြစ်ပါတယ်။ ကျနော်တို့ သီးသန့် ထောင်မှာ နိုင်ငံရေးမှုနဲ့ ထောင်ကျ လာတဲ့ ၅ (ည) တွေ အပါအဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ကျလာတဲ့ ထိုင်းလူမျိုးတွေ၊ အပြင်ဘုတ်လို့ ခေါ်တဲ့ လွတ်ခါနီး ထောင်ဝင်းထဲ ထွက် အလုပ်လုပ်ရတဲ့ ထောင်ကျ အကျဉ်းသားတွေ ရှိကြပါတယ်။ တနေ့မှာတော့ အပြင်ဘုတ် အကျဉ်းသား တယောက် ကျနော့်ဆီကို ရောက်လာပြီး ကျီးကန်း ပေါက်လေး တကောင်ကို ဆေးလိပ် […]


တဆစ်ဆစ်နာကျင်နေတဲ့နေရာကို တဖန်ပြန်ပြီးလက်နဲ့စမ်းကြည့်တယ်……။ အို….နာကျင်နေတာတောင် တဒိတ်ဒိတ်ခုန်နေတုန်းပါလား…………..။ အရှိန်ပြင်းပြင်းနဲ့ထိခဲ့မိတဲ့ရင်ခွင်အစုံက…. အမှတ်မရှိခုန်နေတုန်းပဲ……။ ဒီနေရာလေးမှာ.. ဒီနေရာမှာပဲ…… ချေမွခံခဲ့ရတဲ့ဘဝ…………………. စာနာနိုင်ရင် တစ်ချက်လောက်တော့ လှည့်ကြည့်သင့်ပါတယ်….။ ရူးသွပ်ခဲ့တဲ့ အချစ်တစ်ခုအတွက်…. မိုက်မဲနေဆဲဖြစ်တဲ့.. နှလုံးသားတစ်စုံရယ်…။ အမှတ်မရှိသေးတဲ့ ဦးနှောက်တစ်စုံရယ်….။ ရက်တွေ…လတွေ…နှစ်တွေ…. ဘယ်လောက်ကြာပြီလဲ……. မမှတ်မိတော့ဘူး…..။ ဘုမသိ..ဘမသိတော့ မဟုတ်ဘူး..။ အမှတ်မရှိ….. အစမရှိ… အဆုံးမရှိ…. မှောင်မိုက်ခြင်း နှလုံးသားလမ်းမတွေပေါ်မှာ…. အမှတ်တမဲ့ဖြစ်ဖြစ်…. တမင်တကာဖြစ်ဖြစ်.. တွေ့ဆုံခဲ့ရင်.. ခိုးခိုးကြည့်မိနေတုန်းပဲ….။ ******** အောင်မိုးသူ


“မိုးနှင်း ကျူရှင်ပြီးတာနဲ့ ချက်ချင်းပြန်လာနော်….. ” “ဟုတ်ကဲ့အစ်မ စိတ်ချပါ…..” ရုံးမထွက်လာချင်းပင် မိုးနှင်းတစ်ယောက် နာရီကြည့်မိလိုက်သည်….။ ရုံးမှ ကျူရှင်သို့ နာရီဝက်နှင့် အရောက်စီးရမည်… ဘတ်စ်ကားက မလာသေး….။ “ဝူး…… “ မျှော်နေရင်းနှင့်ပင် ရောက်လာသော ဘတ်(စ်)ကားကို လူချောင်တာ မချောင်တာသေချာမကြည့်အား ကမန်းကတန်းပင်… ကားပေါ်သို့ ပြေးတက်လိုက်ရသည်….။ ကားပေါ်အရောက်.. လူများအကြားတွင်… နာရီကြည့်မိသည်…. (၁)နာရီ (၁၀)မိနစ်…. ကျူရှင်ချိန်က (၁)နာရီ (၃၀)….. နောက်ကျပြီဟု တွေးနေမိသည်….။ “ကဲ….. စာတိုက်မှတ်တိုင်ရောက်ပြီ…….” ယာဉ်အကူ၏အသံကြောင့်….. အမြန်ကားပေါ်မှ ပြေးဆင်းလိုက်သည်…. မဆင်းရင်လည်း တွန်းချခံရရင်ခံရ မခံရလျှင်…. ဟောက်ခံရသည်မှာအသေအချာပင်..။ ဘတ်စ်ကားပေါ်မှ ဆင်းဆင်းချင်းပင်…. တစ်ဘက်ကားလမ်းမှ ကျူရှင်ဘက်သို့လှမ်းကြည့်လိုက်သည်….။ မိုးနှင်းကို စောင့်နေကြသောသူငယ်ချင်းများကို လှမ်းမြင်လိုက်ရသည်…။ “စာမသင်သေဘူးလား……”… “မဟုတ်ဘူးဟေ့ နင့်ကိုစောင့်နေတာ မိုးနှင်းရဲ့… […]


အောင် မိုးသူSeptember 26, 20121min1259
ကျွန်မ၏လက်များသည် ကျွန်မအလွန်မြတ်နိုးသည့် စာအုပ်ပေါ်မှ စာမျက်နှာအချို့ကို စုတ်ဖြဲရန် ကြိုးစားနေမိသည်။ စာအုပ်မှစာရွက်များသည် ခေါင်မှတဖြည်းဖြည်း စုတ်ပြဲစပြုလာ၏။ ကျွန်မ၏ အမြင်အာရုံ များသည်လည်း ဝေဝါး လျှက်ရှိသည်။ ကျွန်မ၏ မျက်ဝန်းအိမ်မှတဆင့် မျက်ရည်များသည် မျက်တောင်နှင့် မျက်ခမ်းစပ်အပေါ် တွင် အောက်သို့မကျဘဲ တွဲလဲခိုနေ၍ဖြစ်ပေလိမ့်မည်။ ရင်ထဲက ဆိုနင့်နင့်ခံစားမှုတစ်ခုက လည်ချောင်းအစပ်နားကို တစ်ချက်တစ်ချက် ရှိုက်ရှိုက်တက်လာသည်။ အခန်းအတွင်းရှိ စာအုပ်များပြန့်ကာကျဲလျက်ရှိ၏။   ***                        ***                        ***                        ***   “ရွှေစင်….နင့်မှာလည်း… တစ်နေ့..တစ်နေ့… သည်စာအုပ်ပုံဘေးမှာပဲ… ဟိုကူးရေး..ဒီကူးရေးနဲ့ ဟိုနေ့က အလုပ်အင်တာဗျူးက အခြေအနေဘယ်လိုလဲ”   “ပြန်ဆက်သွယ်မယ်လို့ပြောတယ် အမေရဲ့…..”   “အေး..အေး… မြန်မြန်ဆက်သွယ်ပါစေတော်… ကျောင်းပြီးတော့ ကွန်ပျူတာသင်တန်းတက်… နောက်တော့ ညည်းဒီစာအုပ်ပုံကြားထဲ ပြန်ရောက်တာပဲ… ဟင်းးးး”   […]


အောင် မိုးသူSeptember 25, 20123min838
အုံ့မှိုင်းမှိုင်းရာသီဥတုရဲ့ နေ့လည်ခင်းတစ်ခုမှာ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ဟာ မွန်းကြပ်နေသလိုလိုပင်။ ထိုင်နေကြ လမ်းထိပ်ရဲ့ခရေပင်သုံးပင်အောက်မှာ ဝေဖြိုးရယ် ကျွန်တော်ရယ်ရှိနေ၏။ ခပ်မှိုင်းမှိုင်းရာသီဥတုမှာ လေးအေးတစ်ချက် တိုက်ခိုက်သွားတိုင်း ခရေပန်းရနံ့က တစ်ချက်တစ်ချက် ပျံ့သင်းသွားသည်။ ဝေဖြိုးကို ကျွန်တော်တစ်ချက်လှည့်ကြည့်တော့ ခေါင်းငိုက်စိုက်ကျလျက်။ မွန်းကြပ်နေသည့်ကြားမှ စကားတစ်ခွန်းပြော ရန် လေကိုတစ်ဝကြီး တစ်ချက်ရှူလိုက်သည်။ “သားကြီး….. မင်းသိပ်စိတ်ဓာတ်မကျသွားနဲ့ဦး။ မင်းလည်း ဗဟုသုတရှိပြီးသားပဲကွာ”   ကျွန်တော့်ပြောစကားကို ခေါင်းတစ်ချက်သာ ငြိတ်ပြတဲ့ ဝေဖြိုးကိုပုခုံးဖက်ကာ နှစ်သိမ့်ပေးနေမိသည်။ ကျွန်တော့်ပုခုံးကိုမှီရင်း ဝေဖြိုးရှိုက်ကြီးတငင်ငိုကြွေးတော့သည်။ ဝေဖြိုးအား နှစ်သိမ့်ပေးနေရင်း ဝေဖြိုးလက်ဖျံ ရိုးပေါ်ရှိ (FRIENDS) ဆိုသည့် ကနုတ်များဖြင့်အလှဆင်ထားသည့် တက်တူးအားကြည့်ရင်း ကျွန်တော့်အမြင် အာရုံများ ဝေဝါးလာသည်။ အကျီ င်္လက်ရှည်အား ခေါက်တင်၍ ကျွန်တော့်ဘယ်ဘက်လက်ဖျံရိုးပေါ် တက်တူး အား ကျွန်တော့်ကြည့်ကား တစ်ချက်ပြုံးလိုက်မိရင်း ဝေဖြိုးလက်မောင်းကိုပုတ်ကာညှစ်ရင်း […]


အောင် မိုးသူSeptember 21, 20122min482
၁။ အရိုးတွေ ပြိုင်းထနေတဲ့ မအီမသာနေ့တွေထဲမှာပဲ စိုက်နေကျ ငါတို့သစ်ပင်တွေဟာ မီးညွှန့်တွေ တစ်စစ ဖူးပွင့်ဝေခဲ့တယ်။ တိမ်တွေကလည်း ဝါရီဝေ တေလေဖူးတဲ့ မမှည့်သေး အသီးတွေကလည်း အကွေ့အကောက် တန်းမညီစွာ ကြွေကျ မလှပမှုဟာ အမြစ်ကို စုန်ဆန်ရင်း အလင်းတွေ ရှိုက်သံဝေနေခဲ့။ ၂။ ဘာမှမထူးဘူး ငါတို့ဟာ….ဘာမှ မထူးခဲ့ကြဘူး မီးညွန့်မီးလျှံတွေကို ပန်းငုံပန်းပွင့်တွေလို နမ်းခဲ့ကြ..။ ငရဲပွက်တဲ့ကာလတွေပါပဲ ကာဗွန်ဒိုက်အောက်ဆိုဒ်တွေ များလျှံနေတဲ့ကမာ္ဘ ငါတို့ထုတ်ပေးနိုင်တဲ့ အောက်စီဂျင်အရေအတွက်ဟာ ပါးလျလာ…။ ငါတို့သည် မူလကသစ်ပင်များဖြစ်လေသည်။ ယခုအခါ လိမ်ညာလှည့်ဖျား ကြောက်မက်ဖွယ်အသွားအောက် ပြားပြားမှောက်ရသော သစ်တုံး၊ထင်းတုံးများပမာဖြစ်ခဲ့ကြပြီ။ ထို့ကြောင့် မီးညွန့်တို့ကို နမ်းကြခဲ့၏ တရားသောစစ်သည်လည်းကောင်း မတရားသောစစ်သည်လည်းကောင်း…. ငါတို့ကို အလောင်းပေါင်းများစွာထပ်စေခဲ့၏ ထို့ကြောင့် ငါတို့သည် မီးတောက်ကိုမုန်းခဲ့ကြလေပြီ ။ အမှန်စင်စစ်….. ငါတို့သည် […]


အောင် မိုးသူSeptember 20, 20121min13321
ယိမ်းနွဲ့နွဲ့ ဇာတ်စင်ပေါ်မှာ နင်နဲ့ငါ အတိမ်းအယိမ်းကကွက်တွေနဲ့ ဟန်ချက်ညီညီ ကခဲ့ကြတယ်။ လှပတဲ့ မီးရောင်စုံကြားမှာ မြူးကြွတဲ့ စည်းချက်တွေနဲ့အတူ ဘဝဟာ ကဗျာဆန်နေခဲ့ရင်သိပ်ကောင်းမှာ။ နင်စီးတဲ့ ဖိနပ်တစ်ရံ ငါစီးတဲ့ ဖိနပ်တွေနဲ့ အလဲအလှယ် လုပ်ခဲ့ဖူးတယ်။ အို……. နုနုရွရွ ဖူးပွင့်ခဲ့တဲ့လေပြေတွေ ကြွကြွရွရွလေး မထွက်ခွာသွားနိုင်တာ ငါ…ရင်နာတယ်။ ပြန်မယ်လို့တော့ မပြောနဲ့ သွားမယ်လို့လည်း နှုတ်မဆက်နဲ့ နင်နဲ့ငါကမ္ဘာခြားတာ နင်မပြောလည်း ငါသိတယ်။ ကဲ…ကဲ.. အပိုတွေပြောနေလည်းအပိုပဲ ပြန်စရာရှိတာပြန် သွားစရာရှိတာသွား ငါ့နေရာမှာ ငါစောင့်နေမယ်။ နင်သွားတဲ့နေရာက အမြင့်လား ငါနေတဲ့နေရာက အမြင့်လား အယူအဆတွေကွဲလွဲလိမ့်မယ် ချစ်သူ။ ဘယ်အချိန်လာလာ ငါ့ဘဝက ကဗျာမဆန်တဲ့ စည်းချက်တွေနဲ့အတူ ကခုန်တုန်း…….။ ပြန်လာမယ်ဆို….. ငါတစ်ခုမှာလိုက်မယ်…. ချစ်သူရေ….နင်ဖိနပ်မစီးခဲ့ပါနဲ့။ ************************ အောင်မိုးသူ တနင်္လာ ၊ […]


အောင် မိုးသူSeptember 19, 20121min19617
သင့်မှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ အချစ် နဲ့ ဝိုင်တစ်ခွက်………. တစ်ခုက သက်ရှိ ဒါပေမယ့် သင်ခံစားလို့ရတယ်….။ တစ်ခုက သက်မဲ့ သင်အရသာခံလို့ရတယ်…….။ xxxxxxxxxxxxxxx ဝိုင်ဆိုတဲ့ အရည်တစ်မျိုး နှစ်ကြာလာလေ ကောင်းလာလေပဲ။ သင့်ကို မူးယစ်ရီဝေစေတယ်……။ ဒါပေမယ့် မချိုတာခက်တယ်……။ xxxxxxxxxxxxxxxxx အချစ်တဲ့….ဝိုးတဝါးနဲ့ သင့်ကို အရသာအသစ်အဆန်းတွေပေးလိမ့်မယ်…။ စွဲမက်ဖို့ကောင်းပေမယ့်…… မချိုတာခက်တယ်……..။ xxxxxxxxxxxxxxxx ရူးရူးမိုက်မိုက် မင်းနဲ့မှချစ်တတ်ခဲ့ပြီ ဆိုလား သီချင်းတောင်ရှိဦးမယ်…..။ တကယ်ပါပဲ သင်အချစ်နဲ့တွေ့ရင် ဝိုင်တစ်ခွက်သောက်ရသလိုပဲ။ ရီဝေဝိုးတဝါးနဲ့ ရူးရူးမိုက်မိုက်ဖြစ်သွားမယ်…။ xxxxxxxxxxxxxxx မင်းဘဝမှာ သူမရှိရင်တောင် ရပ်တည်လို့မရတဲ့ အခြေအနေမျိုးတောင် ဖြစ်သွားလိမ့်မယ်…….။ အချစ် (သို့) ဝိုင်တစ်ခွက်ကို စွဲလန်းသွားရင်ပေါ့…….။ xxxxxxxxxxxxxxxxxx ဝိုင်တဲ့ နှစ်ချို့လေ ခါးလေပဲ.. အချစ်ဆိုတာ လည်း ထူးမခြားနားပါ…..။ […]