သူရႆဝါNovember 18, 20114min2092
“မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ” (၁) စိတ်အနာကို သီချင်းလုပ်ဆိုတော့ ငါ့အသံတွေ ကွဲအက်လာတယ် “နင် . . ဘယ်မှာလဲ မိသံစဉ်” (၂) နှင်းပွင့်ပန်းပုလေးနဲ့ ကြမ်းတမ်းတဲ့နွေရာသီဇာတ်လမ်းမှာ ငါဟာ တဖျောက်ဖျောက်ကြွေခဲ့ရပေါ့ ဒီလိုပါပဲ နာဖျားတဲ့လက်အစုံနဲ့ အလွမ်းကိုပွတ်သပ်တဲ့အခါ ငါ့နှုတ်ခမ်းဖျားမှာ နင့်နာမည်လေး ဝေ့တက်လာ (၃) “မိသံစဉ်ရေ . . . ” “မိသံစဉ်ရေ . . .” . . . . . . “မိသံစဉ်ရေ . . . ” (၄) ငြှိမ်းသတ်လိုက်တဲ့ ငါ့ချစ်ခြင်းကို နင်ကိုယ်တိုင်ပဲ ပြန်ထွန်းညှိပါ နင့်ကိုယ်ပိုင် မီးအိမ်လေးလိုသဘောထားပြီး ငါ့ကို နင်ထွန်းညှိပါ နင့်ကိုယ်ပိုင်အိမ်ကလေးလိုသဘောထားပြီး ငါ့ဆီမှာနင်နေပါ […]


သူရႆဝါSeptember 28, 20113min2555
“သူရဿဝါနှင့် နာမည်ကြီးအဆိုတော်ဖြစ်နည်း” သူရဿဝါ တစ်ယောက် ယခုတလော ရောဂါထ နေသည်။ ၉၆ ပါး ရောဂါထဲ များအနက် တစ်ခုမှ မဟုတ်။ အဆိုတော် ဖြစ်ချင်သော ရောဂါ ဖြစ်၏။ မီဒီယာ တစ်ခုက သီချင်းဆို ပြိုင်ပွဲ အစီအစဉ် တစ်ခု တင်ဆက်ရာ နာမည်ကျော် သွားခြင်းမှ အစပြုသည်။ ထိုပြိုင်ပွဲသို့ နိုင်ငံအဝှမ်းမှ ဂီတ ဝါသနာရှင် များစွာ လာရောက် ယှဉ်ပြိုင် ကြသည်။ ဂီတ အကြောင်း လုံးစေ့ပတ်စေ့ နားလည် သူများမှ စ၍ ရေချိုးခန်းထဲ အပျင်းပြေ သီချင်းညည်း ကြသူများ အဆုံး တရုန်းရုန်း စင်ပေါ်တက်၍ တီဗီဖန်သားပြင် မှတဆင့် အစွမ်းပြကြ၏။ နိုင်ငံကျော် ဂီတ ပညာရှင်များ၊ အဆိုတော်များက […]


သူရႆဝါSeptember 15, 20114min1812
“Net Guide နှင့် စကြာဝဠာ တိုက်တစ်သောင်း” ဖြစ်စဉ် (၁) စတိဗ်ဂျော့ Vs လယ်ရီပေ့ချ် Apple ကုမ္ပဏီ၏ CEO ဖြစ်သူ စတိဗ်ဂျော့ဘ်စ် ရာထူးမှ အနားယူပြီ ဟူသော သတင်းများ ပေါ်ထွက်လာပြီး နောက်တစ်နေ့တွင် ဖြစ်သည်။ ခမ်းနားထည်ဝါ လှသော မိုးပျံတိုက်တာ အဆောက်အအုံကြီး အောက်ခြေမှ အပေါ်သို့ အားကျသည့် မျက်လုံးများဖြင့် စတိဗ်ဂျော့ဘ်စ် မော့ကြည့် နေသည်။ လက်ထဲတွင်လည်း အလုပ်လျှောက်ရန် CV Form လေး တစ်စောင်နှင့် …။ ထိုအခိုက် သူ့ဘေးသို့ ရောက်လာသူက သူ၏ပြိုင်ဖက်ဖြစ်သူ Google CEO ဟောင်း လယ်ရီပေ့ချ်။ သူ့ လက်ထဲတွင်လည်း အဲဒီလိုပဲ CV Form လေး တစ်စောင် […]


သူရႆဝါSeptember 12, 20112min2064
“မြန်မာနေရှင်နယ်လိဂ်နှင့် ပရော်ဖက်ရှင်နယ် ပဲ့တင်သံများ” ဘောလုံး အားကစားကို အရူးအမူး ဝါသနာပါသော ကျွန်တော်သည် ကိုယ့်နိုင်ငံတွင် ဘောလုံးပြိုင်ပွဲ များကို ပရိုလိဂ် အဆင့်သို့ ကူးပြောင်း ကစားမည်ဟု သတင်းများ ကြားရစဉ်က အလွန်ကို ပျော်ခဲ့သည်။ သိပ်မကြာ … သတင်းများ ကြားရသည့် အတိုင်း ပရိုလိဂ် အဖြစ် ကူးပြောင်း၍ “မြန်မာ နေရှင်နယ်လိဂ်” ဟု အမည်တပ်ကာ ကလပ် အသင်းများ ဖွဲ့စည်း လိုက်ကြတော့ ပိုပျော်သည်။ ရန်ကုန် ယူနိုက်တက်၊ ရတနာပုံ အက်ဖ်စီ၊ မကွေးအက်ဖ်စီ စသည်ဖြင့် ကလပ် အသင်းများ ပေါ်ပေါက် လာသည်။ ဝန်ကြီးဌာန အသီးသီးတွင် ကစားနေကြသော မြန်မာ့ လက်ရွေးစင် ဘောလုံးသမား များနှင့် လူငယ်သွေးသစ် ဘောလုံး […]


သူရႆဝါSeptember 9, 20114min1882
ဒီနေ့မနက် ကျွန်တော့်ရဲ့ ဘလော့ဂ်ထဲ ဝင်ကြည့်ပြီး ဟိုးအရင်က ပိုစ့်အဟောင်းတွေ ဖတ်မိတော့ ဒီပိုစ့်လေးကို ပြန်တွေ့ပါတယ်။ ဟာသဝတ္ထုတိုလေးပါ။ သူငယ်ချင်းတွေရဲ့ နာမည်တွေကို သုံးပြီးတော့ ဟာသအနေနဲ့ ရေးထားခဲ့တာပါ။ အခုပြန်ဖတ် ကြည့်တော့ သဘောလည်းကျ၊ အမှတ်တရလည်း ဖြစ်နေတာနဲ့ ပြန်တင်လိုက် ပါတယ်။ ၂၀၀၉ လောက်ကရေးခဲ့တာ ဖြစ်တဲ့အတွက် အရေးအသား ကတော့ နည်းနည်း ညံ့လိမ့်မယ် ထင်ပါတယ်။ ဖတ်ကြည့်ကြပါ။ “ပြာတာဝါဝါနှင့် ဆားပုလင်း .. အိုင်အိုဒင်း စုံထောက်ရှော်ကြီးများအမှု” တစ်နေ့သ၌ဟု စာရေးဆရာများ သုံးစွဲလေ့ရှိသော တစ်နေ့သ၌ တစ်ခု၏ နံနက်ခင်းတွင် နာမည်ကျော် စုံထောက်ကြီး ဆားပုလင်း ပိုးကောင် အိပ်ရာမှ နိုးထလာခြင်း ကစသော အဖြစ်အပျက် များကို အခြေပြု၍ ယခု တင်ပြ လတ္တံ့သော […]


သူရႆဝါSeptember 6, 201112min1632
“မျက်ဝန်းတစ္ဆေ . . ညနေ” ( ၁ ) မျက်ဝန်းများ . . . အလွန်လှသည်။ မျက်ဝန်းများ . . . တခါတရံ အရိုင်းဆန်ဆန် . . . သို့သော် ထိုမျက်ဝန်းများကို ငြိမ်းချမ်းအေးမြစွာပင် ကျနော် . . . ချစ်ပါသည်။ အထင်ကြီးလေးစားမှုကို ဖုံးကွယ်မထားတတ်သော . . . ထိုမျက်ဝန်းတို့ကိုလည်း . . . . ချစ်သည်။ တစ်ခါက . . . . မျက်ဝန်းများထဲတွင် . . . . သနားကြင်နာမှုများ တပ်ဆင်၍ . . . […]


သူရႆဝါAugust 31, 20113min38917
“သူရဿဝါနှင့် ဟက်ကာ”   ကျွန်တော်တို့ အင်တာနက် သုံးစွဲသူများ၏ လောကမှာ အားလုံးလိုလို ကြောက်ရွံ့ရသော လူတန်းစား တစ်ရပ် ရှိသည်။ ဟက်ကာ (Hacker) ဖြစ်၏။ အင်တာနက် သုံးတတ်ခါစ ကိုယ့်ရှေ့မှ စီနီယာ ကိုကိုမမ များက မိမိတို့၏ စကားဝှက်များ မပျောက်ပျက်ရန် အထူးထိမ်းသိမ်း စောင့်ရှောက်ခိုင်းသည့် အကြောင်းအချက် များထဲတွင် ထိုဟက်ကာ များကို ရည်ရွယ်သမှု အများဆုံး ပြုကြသည်။ သူရဿဝါတို့ ၎င်းဟက်ကာများကို ဘယ့်ကလောက်အထိ ကြောက်သနည်း ဆိုသော် ကိုယ်တိုင်လည်း အဟက်မခံရဖူး၊ ကိုယ့်ဘေး ပတ်ဝန်းကျင်ရှိ လူများ အဟက်ခံ ရတာလည်း မမြင်ဖူး၊ ဟက်ကာ ဆိုတာ လုံးလုံးလား၊ ပြားပြားလား၊ချိုပါသလား၊ အမြီးပေါက် နေသလား ဘာဆို ဘာမှကို မသိခင် […]


သူရႆဝါAugust 30, 20117min2263
“ညနေရဲ့အမုန်းကို နှုတ်ယူသွားတဲ့လမင်း” (၁) အချိန်က ညနေ ငါးနာရီခန့် ရှိပြီ။ တစ်နေကုန် ပေးထားသော အပူငွေ့နှင့် အလင်းအားကို နေမင်းက တဖြည်းဖြည်း နှုတ်သိမ်းစ ပြုနေ၏။ တစ်နေ့တာလုံး၏ အလှဆုံးအချိန် ဟုပင် ပြော၍ ရလောက်အောင် အားပျော့ နေပြီ ဖြစ်သော နေရောင်ခြည်က ဖျော့ဖျော့လျော့လျော့ လေးသာ ကမ္ဘာမြေပေါ် ကျရောက်နေသည်။ လမ်းထဲ မှာတော့ အရောင် အသွေးစုံ၊ အသက်အရွယ်စုံ ကလေးများ ဆော့ကစား နေကြသလို တစ်နေ့တာ အလုပ်ခွင်မှ ပြန်လာသူများ၊ မိမိ အိမ်ရှေ့တွင် အသီးသီး ထွက်ထိုင်ရင်း ညနေဆည်းဆာကို ခံစားကြသူ များနှင့် ခါတိုင်း လိုပင် စည်ကား နေ၏။ ထိုအချိန်မှာပင် ကလေးများ ထံမှ “ဟေး”ခနဲ အော်လိုက်သံကို […]


သူရႆဝါAugust 27, 20116min46816
အခုတလော ဘာစာမှလည်း အသစ်မရေးဖြစ် ခဲ့တာကြောင့် ကျွန်တော့် Blog ကို ပြန်မွှေလိုက်တော့ ထွက်လာတဲ့ တင်ပြီးသား ဟာသ ဝတ္ထုတို အဟောင်းလေး တစ်ပုဒ်ကိုပဲ ပြန်တင်လိုက်ပါတယ်။ “၂၁ ရာစု ဒဿဂီရိ” ပါတဲ့။ တကယ်တော့ ဒီဝတ္ထုတို လေးဟာ ကျွန်တော့် စာပေဘဝရဲ့ အမှတ်တရပါ၊ မှတ်တိုင် တစ်ခုပါ။ ဘာလို့လည်း ဆိုတော့ ၂၀၀ရ ခုနှစ် ပျော်ပျော်ရွှင်ရွှင် မဂ္ဂဇင်းမှာ ဟာသဝတ္ထုတို ပြိုင်ပွဲ လုပ်တော့ ကျွန်တော် ဒီဝတ္ထုတိုလေးနဲ့ ဆုရပြီး စာပေလောကထဲ စရောက် ခဲ့ပါတယ်။ ပထမဆုံး ရေးဖြစ်တဲ့ ဟာသဝတ္ထုက ဆုရတာ တစ်ကြောင်း၊ စာပေလောကထဲ ပထမဆုံး ရောက်စေခဲ့တဲ့၊ ပထမဆုံး လောက်လောက် လားလား ပုံနှိပ်ဖော်ပြ ခံခဲ့ရတဲ့ […]


သူရႆဝါAugust 25, 20113min2447
“သူရဿဝါနှင့် Facebook” ဒီဖက်ခေတ် အင်တာနက် လေလှိုင်း လောက၏ ပြိုင်စံရှား ဇာတ်လိုက်ကျော်ကြီး တစ်ဦးမှာ ဟိုဘရုတ်ကလေး ဇူကာဘတ် စပ်စပ်ဆော့ဆော့ လုပ်ခဲ့သော Facebook ပင်ဖြစ်၏။ လူသားတွေ ဒီအင်တာနက် ဆိုတာကြီးကို ယခုလို လျှောလျှောရှူရှူ သုံးခွင့်ရအောင် (အင်တာနက် စပိဒ် နေမကောင်း ဖြစ်ရင်တော့ မလျှောမရှူ ဘူးပေါ့လေ) တီထွင် ကြံဆ ခဲ့ကြသော စွန့်ဦးတီထွင် ပုဂ္ဂိုလ်ကြီး များကိုသာ မသိလျှင် မသိဘဲ ရှိရမည်။ Facebook ကိုတော့ မသိသူ မရှိ။ ဒီလောက်ပင် Facebook က အောင်မြင်နေ၏။ ယခု Google မှ လွှင့်တင်သော Google Plus သည် Facebook ကို အဓိက ယှဉ်ပြိုင်မည့် […]


သူရႆဝါAugust 24, 20112min41214
“ဖွင့်ချလိုက်တယ် ၊ ပျောက်ဆုံးခြင်း ထွက်ကျလာတယ်”   (၁) အလင်းရောင်အပြည့်နဲ့ အခန်းကျယ်ကြီးထဲမှာ ကျွန်တော်ဟာ တစ်ကိုယ်ရည်တစ်ကာယ မှောင်မိုက်နေခဲ့တာ ကြာပြီ ။     (၂) မျှော်လင့်ခြင်းဟာ အိုအေစစ်တစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော် … ကိုယ်တိုင်က သဲကန္တာရပဲ ၊ မျှော်လင့်ခြင်းက ကျွန်တော့်ကိုယ်ပေါ် ရှိနေခဲ့တယ် ရှာလို့မတွေ့ဘူး ။ နည်းပညာအပိုင်းအစ ၊ နောက်ဆုံးရသတင်းများ ၊ ကျွန်တော်တို့ ကမ္ဘာပြုလမ်းကြောင်းကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်ထဲကနေ စတင် တည်ထောင်ကြမလား ၊ ကျွန်တော့် ဒေတာတွေထဲမှာ အမြတ်တနိုးသိမ်းထားတဲ့ အသံဖိုင်တစ်ချို့ရှိနေတယ် ၊ ရှုပ်ထွေးလို့ ၊ ကိုယ့်မျက်လုံးတွေကို ကိုယ်တိုင် ပြန်ရှာမရသလို ဖြစ်နေလို့ ၊ ရေးချလိုက်တဲ့အခါ .. ကိုယ်သိထားသမျှ ရေးချလိုက်တဲ့အခါ […]


သူရႆဝါAugust 18, 20112min1562
“သုညကြားခံနယ် ကဗျာရွတ်ဆိုခြင်း ဗီဒီယို”   ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်နေ့က “လင်းပွင့်လက်များ” လူငယ်ကဗျာ အဖွဲ့ရဲ့ ကဗျာရွတ်ပွဲမှာ ရွတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ အဲဒီပွဲကို မန္တလေးကနေ ရန်ကုန် ဆင်းလာပြီး တကူးတက လာနားထောင်တဲ့ နန်းလေပြေနုက ကျွန်တော် ကဗျာရွတ်တဲ့ အချိန်မှာ အမှတ်တရ ဗီဒီယို ရိုက်ကူး ပေးထားခဲ့ပါတယ်။ တယောသံ ချွဲချွဲအီအီကို ကြားရပြီး နောက်မှာ အဲဒီကဗျာကို ရွတ်ချင်စိတ် ပေါ်လာလို့ ရွတ်ဆို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကဗျာနာမည်က “သုညကြားခံနယ်” ဖြစ်ပြီးတော့ ၂၀၁ဝ ခုနှစ် ဇူလိုင်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။   “သုညကြားခံနယ်” ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ် ဖမ်းလို့မမိဘူး .. … […]


သူရႆဝါAugust 13, 20112min1122
    [၁] ဧပရယ်လ်မှာ “လွမ်းတယ်” ဆိုတာ ကိုယ့်စိတ်ကြိုးတန်းပေါ် သူပစ်တင်လှန်းခဲ့တဲ့ အဝတ်ကလေးတစ်ထည်ဖြစ်လာခဲ့တယ်   [၁ း ၁] တစ်ခါတုန်းကပါ ကံကောင်းချင်တော့ သူငယ်ချင်းတွေနဲ့ ကံဆိုးချင်တော့ သူငယ်ချင်းတွေနဲ့ ငပလီလိုက်မသွားဖြစ်ဘူး သို့သော် ဆားငန်ရေက ငန်ဖြစ်အောင်ငန်ခဲ့   တစ်ခါတုန်းကပါ “အချစ်” ဆိုတာ ကဝေမက လှလှပပလေး ကိုယ်ထင်ပြတာ ဒါကိုမှ ကိုယ်နဲ့မကွာသိမ်း အသက်ရှည်ဆေးလိုလိမ်းခဲ့ရ   တစ်ခါတုန်းကပါ ညနေကြိုညနေကြား ညနေသလားဖူးတဲ့လူငယ် ညနေတကာမှာ . . . . တစ်ခါတုန်းကပါ တစ်ခါတုန်းကပါ တစ်ခါတုန်းကပါ . . . . . .   [၂] ပြီးခဲ့သောနေ့ရက်တိုင်း ပြီးခဲ့သော . […]