weiweiNovember 16, 20101min24213
ကိုကြောင်ကြီးရေးလိုက်တဲ့ မပြောင်းလဲရင် ဖောင်းဆိုတာနဲ့ ကွန်မန့်တွေဖတ်မိပြီး တွေးစရာတွေပေါ်လာပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြောပြချင်စိတ် ပေါ်လာတာနဲ့ အခုလို ချရေးလိုက်ပါတယ်။ ကျွန်မတို့ ဗမာလူမျိုးဆိုတာ အရမ်းအားနာတတ်တယ်လို့ လူတိုင်းလဲပြောကြတယ်။ လက်လဲ လက်ခံကြပါတယ်။ ဒါပေမယ့် နိုင်ငံရပ်ခြားကိုရောက်ပြီး နိုင်ငံပေါင်းစုံကလူတွေနဲ့ သူငယ်ချင်းဖြစ်ပြီးတဲ့အခါမှာတော့ အားနာတယ်ဆိုတာ ဘာလဲဆိုတာကို စဉ်းစားစရာပေါ်လာပါတော့တယ်။ တရုတ်မိသားစုတစ်ခုက ကျွန်မတို့ ဗမာလူမျိုး ၄ ယောက်ကို ခင်လို့ သူတို့အိမ်မှာ ထမင်းစားဖိတ်ပါတယ်။ ကျွန်မတို့ကလဲ ရောက်ခါစဆိုတော့ ဘာမှနားမလည်ပါဘူး။ စိတ်ထဲကတော့ အရမ်းအားနာပေမယ့် မသွားရင် မကောင်းဘူးလို့တွေးပြီး သွားစားကြပါတယ်။ လက်ဗလာနဲ့ ဒီအတိုင်းသွားမိပါတယ်။ စားပြီးတော့ စကားတွေပြောဆိုပြီး နှုတ်ဆက်ပြန်လာကြပါတယ်။ အဲဒီတရုတ်မိသားစုက တရုတ်မက ကျွန်မနဲ့ပိုရင်းနှီးလာတော့ ကျွန်မကိုပြောပါတယ်။ နောက်ဆို သူများအိမ်ဧည့်သည်သွားလုပ်ရင် လက်ဆောင်ဝယ်သွားပါတဲ့။ အနဲဆုံး သစ်သီးလေက်တော့ ဝယ်သွားရမယ်တဲ့။ […]