သူရႆဝါJune 30, 20101min1741
ဒီနေ့ကြည့်လိုက်တဲ့မနက်ဖြန်များ ဒဏ်ရာ၊ ပြန်မလာစေနဲ့တော့ အခု ငါတို့တွဲထားတဲ့လက်တွေအတိုင်း ရှေ့ဆက် . . . ရှေ့ဆက် နေဝန်းနီနီ နံနက်တွေဆီ “ငါ့ကို အဲဒီနေ့ကနေ ဒီနေ့အထိ ပြီး . . . နောင်နှစ်ပေါင်းများစွာအထိ နင်နဲ့အတူခေါ်သွားပါ” ငါတို့ ဘဝရဲ့ခါးသီးမှုတွေကို ရယ်မောပစ်လိုက်ကြမယ် တိမ်တွေ၊ သက်တန့်တွေအပေါ် ကိုယ့်ကိုယ်ကို ပစ်တင်လိုက်ကြမယ် တခါတလေ . . လှိုင်းကြမ်းလေကြမ်း တစ်ယောက်ကိုတစ်ယောက် လွမ်းကြမယ် မိုးတွေရွာတဲ့အခါ ထီးတစ်လက်ကိုနှစ်ယောက်ဆောင်းကြမယ် အဆိုးတွေလာတဲ့အခါ ငါ့ကိုနင်က . . . နင့်ကိုငါက ထီးလိုမိုးပေးကြမယ် အချစ်ဆိုတာ ဒါပါပဲ ကလေးရယ် ဖိနပ်တစ်ရံတည်းကို နှစ်ယောက်အတူစီးနင်းသွားဖို့ ပြင်ဆင်မိတယ် ရောက်လာတော့မယ့် နေဝန်းနီနီ နံနက်ခင်းများဆီ . . . […]


သူရႆဝါJune 29, 20104min1350
“လာမယ့်တစ်နေ့ဟာ မျက်လုံးထဲအခုစူးဝင်” အချစ်ဆိုတာ တစ်ယောက်တည်းမဟုတ်မှန်း တစ်နေရာတည်းမှာ အတည်တကျမနေချင်မှန်း သိလိုက်ရတဲ့အခါ နင်ငါ့ကိုပြုံးပြနေခဲ့တာဟာ မှန်နံရံဟိုဖက်ခြမ်းကနေပဲလို့ သိလိုက်ရတဲ့တစ်နေ့မှာ ငါ့စိတ်နဲ့ငါ့ကိုယ် အလိုလိုကွာကျသွားခဲ့ပေါ့ ရှေ့တည့်တည့်မှာ နင်ရှိတယ်၊ ချစ်စရာသိပ်ကောင်းတဲ့ရက်စက်မှုရှိတယ် နောက်ပြီး . . . ငါမမြင်ဖူးတဲ့ကောင်တစ်ကောင်လည်းရှိတယ် ဒါပေမယ့် နောက်ပြန်လှည့်လို့မရဘူး မျက်နှာလွှဲလိုက်တာနဲ့၊ ငါကျောခိုင်းလိုက်တာနဲ့ “ဝေးကွာခြင်း” မီးမြားဟာ ငါ့ကျောကို “ဒုတ်”ခနဲ စိုက်သွားမှာ . . . “ရပ်တန့်နိုင်ပြီ” လို့ ငါ့ကိုယ်ငါ ထင်ခဲ့မိတယ် ငါ့အမှားဟာ ဖရိုဖရဲနဲ့ အသက်ရှင်သန်မှုမှာသွေးစက်လက်နဲ့ မနက်ခင်းတိုင်း၊ ညနေတိုင်းဟာ နင်ပဲလို့ စိတ်ချထားတဲ့ကောင်ကိုမှ . . . . ညီမလေးရယ် “ယုံတယ်မဟုတ်လား” လို့ နင်ပြောရက်ခဲ့တယ် ငါ့နိမိတ်စကားတွေနဲ့အတူ ငါ နေ့အဆက်ဆက်ပြိုလဲသွား . […]


သူရႆဝါJune 25, 20102min1691
`ဒုက္ခနဲ့မကင်းတဲ့ကဗျာ´ အဲဒီလိုဆိုတော့ ဒုက္ခရောက်တော့တာပေါ့ ဘုရားသခင်နဲ့ သိပ္ပံပညာနဲ့ `ငြိ´ ခဲ့တုန်းကလည်း ဒီလိုပဲ မိန်းမလှလေးတစ်ယောက်နဲ့ ထိတွေ့ဆက်ဆံရသလို ဒုက္ခဟာ မချောမွေ့မှန်းတော့ သူသူငါငါလည်း အသိ တစ်ခုခုပြေလည်သွားရင်တောင် လောကကြီးကို ကျေးဇူးလှမ်းလှမ်းတင်ရတဲ့ဒုက္ခက မသေးဘူး ဘတ်စ်ကားပေါ်တက်ရတာကအစ သေကောင်ပေါင်းလဲဝေဒနာအဆုံး ဒုက္ခနဲ့ပဲ နပန်းလုံးရတယ် ကိုမိုးလှိုင်ညက .. ဒုက္ခ ခဏခဏရောက်ရင် ကမ္ဘာကျော်သွားတတ်ပါသတဲ့ ဘာထူးလို့လဲ အစ်ကိုရယ် … ကမ္ဘာကျော်သွားရင်လည်း ဒုက္ခ ခဏခဏရောက်တော့တာပဲ ဒုက္ခဟာသိပ်ပြီး ရှင်းရှင်းလင်းလင်းမရှိဘူး ဒုက္ခရောက်တယ်ဆိုတာ … ဒုက္ခက ကိုယ့်ဆီရောက်လာတာလား ကိုယ်က ဒုက္ခဆီ ရောက်အောင်သွားတာလား ဘာပဲဖြစ်ဖြစ် ကိုယ့်အနားမှာအမြဲရှိနေတယ်ဆိုတော့ ဒုက္ခဟာ မိတ်ဆွေစစ်စစ်ဖြစ်တယ် ဒုက္ခက အမြဲတမ်းဆယ့်ငါးပဲရည်ပြည့် ဒုက္ခကို ဆင်တူယိုးမှားအတုအပ သတိပြု ဒုက္ခကို အဟောင်းဈေးပေးဝယ်လို့လည်းရသေးတယ် သားရေကွင်းလေးဆွဲဖြတ်လိုက်သလောက် မလွယ်ကူဘူးဆိုတော့ […]


manawphyulayJune 17, 20101min1350
ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက ကိုးလလွယ် ဆယ်လဖွား မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ သားသမီးတွေအတွက် အမေဟာ စမ်းချောင်းကလေးတစ်ခုပေါ့။ အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့ အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့ လောကမှ အမေဆိုတာ သားသမီးတွေအတွက် မရှိမဖြစ် ရေကြည်တစ်ပေါက်ပေါ့။ ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း အပြုံးမပျက် မေတ္တာဖက်လျက် သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင် ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။ သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။ အမေရဲ့မေတ္တာဟာ စမ်းချောင်းလေးဆိုတဲ့အတိုင်း တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့ အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။ အမေဟာ သားသမီးတွေရဲ့အရိပ် သားသမီးတွေရဲ့ဘဝ သားသမီးတွေအတွက်တော့ မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ မာတာမိခင် ကျေးဇူးရှင်ကို ကျေးဇူးကျေအောင် ဘယ်လိုဆပ်မည်နည်း….


သူရႆဝါJune 12, 20101min1360
“ငါကိုယ်တိုင်အဝါရောင် ၊ ငါကိုယ်တိုင်ဗူဗူဇီလာ” ဒီတစ်နေ့အတွက်တော့ ကမ္ဘာဟာ အဝါရောင်ဖြစ်ပေးရလိမ့်မယ် ငါတို့အားလုံး ဂျိုဟန်နက်စဘတ်ကိုရောက်ကြပြီ “ဟေး …. အာဖရိက” လို့ နှုတ်ခွန်းဆက်ကြပြီ ပြည်သူလူထု ငါးဆယ့်တစ်သန်းနဲ့အတူတူ နယ်လ်ဆင်မင်ဒဲလားကြီးနဲ့အတူတူ ဗူဗူဇီလာနှဲသံများနဲ့အတူ အာဖရိကအတွက် ဂုဏ်ယူကြမယ် “ကမ္ဘာ့ဘောလုံးမှာ ငါတို့ ၈၃ ပါ … ဒါပေမယ့် ဒီပွဲတော်ကို ငါတို့တည်ဆောက်ခဲ့နိုင် ၊ ငါတို့ပိုင်တယ်” ဥဒါန်းကျူးရင့်သံတွေကြား ဘယ်ခြေတစ်ဖက်ဟာ မီးထတောက်သွားသလားထင်ရ ရုတ် တ ရက် …. “ဂိုး …. ဂိုး … ဂိုး” အဲဒီအသံ မတိတ်တော့ပြန်ဘူး “Waka Waka eh eh, Tsamina mina zangalewa This time for Africa, We […]


manawphyulayJune 2, 20101min1530
တစ်ပတ်စနေ ရောက်လို့လာ တို့အဖွဲ့တွေ ပျော်နေတာ ကုသိုလ်ရေးမို့ ဘုရားရောက်လာ ဘုရားပတ်ခါ တံမြက်လှည်း စောင်းတန်းကိုလည်း မချန်ပါကွဲ့ တစ်ယောက်တစ်လှည့် ဝိုင်းလို့ကူ ပဠာန်းရွတ်ဖို့ ကျန်သေးတာ ခဏနားကာ အအေးသောက် ဟိုတစ်စု သည်တစ်စု ထိုင်လို့သောက် ့ပြုံးလို့ ရွှင်လို့ ကုသိုလ်ပြု တို့အဖွဲ့တွေရဲ့ ကောင်းမှု အများသူငှါ ဘုရားဖူးရေး တို့အဖွဲ့တွေ ကျန်ဆောင်ပေး တို့ပြုသမျှ ကုသိုလ်တွေ နတ်လူသာဓုခေါ်လို့ကွယ် ပီတိဝေလို့ တို့လူတွေ စနေနေ့ကို မျှော်လို့နေ ကုသိုလ်ရေးမို့ တို့ပျော်ပေ စည်းလုံးညီစွာ လုပ်ဆောင်ကြစို့။


သူရႆဝါMay 27, 20103min1500
“ဒါလေးတောင်မသိဘူးလားညီမလေးရာ” နေ့လည်ဟာ ….. ငရဲဖြစ်တယ် ကိုယ့်လက်တွေ တဆတ်ဆတ်တုန်ခါလို့ ကိုယ့်စိတ်တွေ လောင်မီးကျလို့ ကိုယ်ဘာဖြစ်တာလဲ ကိုယ်မသိဘူး ဒါလေးတောင်မသိဘူးလား ညီမလေးရယ် ဒါလေးတောင်မသိဘူးလား နေ့လည်ဟာ ငရဲဖြစ်တယ် ကိုယ်တို့နှစ်ယောက်က ဝေးကွာ အဝေးကြီးဝေးကွာသွားသလိုမြင်ရ ကိုယ်က ညီမလေးကို စကားတွေပြောတယ် ညီမလေးက ကိုယ့်ကိုစကားတွေပြောတယ် ညီမလေးရယ်ခဲ့တာလေး …… ကြေကြေကွဲကွဲကြားရ ပါးပေါ်ကမှဲ့နက်ကလေး …… ကြေကြေကွဲကွဲမြင်ရ စကားတွေပြောရင်း စကားတွေဆွံ့အတယ် ဒါလေးတောင်မသိဘူးလား ညီမလေးရယ် ညီမလေးဆီဘာလို့ဖုန်းဆက်တာ ညီမလေးဟာဘာလို့ ကိုယ့်ကဗျာတွေထဲရောက်ရောက်နေတတ်တာ ညီမလေးရင်ကွဲသံကို ကိုယ်ကဘာလို့ရင်ကွဲခံပြီးနားထောင်တာ ဒါလေးတောင်မသိဘူးလား ညီမလေးရယ် စိတ်ညစ်ရတာချင်းတူတယ် ဒါပေမယ့် ကဗျာရေးတာနဲ့ ကိုယ့်ကိုယ်ကိုနာကျင်အောင်လုပ်တာ မတူဘူး ….. တကယ်မတူဘူးညီမလေးရာ ညီမလေးကသေချင်စိတ်ပေါက်တဲ့အချိန်မှာ ကိုယ်ကသေချင်စိတ်ကိုဖျောက်တယ် မတူပါဘူးညီမလေးရာ …… ညီမလေးက ဘယ်သူနဲ့မှမတွေ့ချင်တဲ့အခါ ညီမလေးက ဘယ်သူနဲ့မှစကားမပြောချင်တဲ့အခါ […]


သူရႆဝါMay 26, 20104min2600
အရင်လိုမကြည့်တော့ဘူး . . . ငါ အချစ်က ဘာမှန်းမသိတဲ့ အခိုက်အတန့်မှာ ချောင်းကြည့်ပေါက်ကလေးတစ်ခုစာနဲ့ ငါလေ . . . သိမ်သိမ်ငယ်ငယ်ဖြစ်ရပေါ့။ ကန်းသလိုဖြစ်နေတဲ့မျက်လုံးနဲ့ ကြည့်ရပါတယ် . . . ဆိုတဲ့နောက် နင်ကဘာကိုကြောက်နေခဲ့တာလဲ ချစ်လို့ကြည့်တာပါ ငါက ချစ်လို့ကြည့်တာပါ . . . အခု . . . အရင်လိုမကြည့်တော့ဘူး . . . ငါ ငါကိုယ်တိုင် ချောင်းကြည့်ပေါက်ကလေးထဲမှာ . . . ငါဘာဖြစ်ချင်လဲဆိုတာထက် နင်ဘာဖြစ်ချင်လဲဆိုတာ၊ ငါဘာလိုအပ်လဲဆိုတာထက် နင်ဘာလိုအပ်နေလဲဆိုတာ၊ ငါဘယ်ရောက်နေလဲဆိုတာထက် နင်ဘယ်မှာလဲဆိုတာ၊ အရာရာကိုပေါ့ . . .ချောင်းကြည့်ပေါက်လေးကနေတစ်ဆင့် . . . နင် […]


သူရႆဝါMay 25, 20102min1882
“မိုးတိမ်သံသရာ” မော့ကြည့်မိတော့ . . . မျက်စိတဆုံး မိုးတိမ်တွေလှလိုက်တာ မော့ကြည့်ရတဲ့မျက်ဝန်းမှာ ဒဏ်ရာ . . . အနာတွေနဲ့အပြည့် အဲဒီ ဒဏ်ရာတွေရဖို့ နှစ်ပေါင်းနှစ်ဆယ်ကျော် ရင်းနှီးခဲ့တယ် အရင်းအစားများသလို အမြတ်အစွန်းများများ ၊ အရှုံးအနိမ့်များများ ဆိုပြန်တော့ မျက်လုံးမှာ ဒဏ်ရာအနာတွေအပြည့် . . . ဝေ့လာပြန်တယ် အဲဒီမျက်လုံးတွေနဲ့ပဲ မော့ကြည့်လိုက်တယ် မိုးတိမ်တွေလေ . . . လှ နေ လိုက် တာ . . . . သူရဿဝါ မေလ ၂၅ ရက် ၊ ၂၀၁ဝ ခုနှစ်


သူရႆဝါMay 23, 20102min131
“ရှင် …………. ဝေး” စိတ္တဇ . . . . . ရှင်သန်ခြင်းကဝေးကြဖို့လို့ ဒါ စိတ္တဇပဲ ငါ့ဆီကြေးနန်းရိုက်လိုက်ပါ “ခင်ဗျားကိုယ်ခင်ဗျားမီးလောင်နေပြီ” ခင်းကျင်းပြသလိုက် မဟုတ်ဘူး . . . . ဒီမှာ မနက်တိုင်းက သေကြောင်းကြံစည် မနက်စာ စားရသလောက်ပါပဲ ဟော့ဟော့ရမ်းရမ်းလမ်းလျှောက်ရသလိုပဲ သိပ် . . . . . လွယ်ကူတယ် အိမ်ပြန်စရာမလိုတော့ဘူး ရှန်ပူနံ့သင်းသင်းသုံးစရာမလိုတော့ဘူး ရှင် . . . . . နေရတာ စိတ္တဇ ဝေး . . . . . နေရတာ စိတ္တဇ “ငါ ဘာ တွေး မိ […]


သူရႆဝါMay 22, 20105min1330
“၂၈ – အင်ဒီးစ်မြေစိုင်မြေခဲကြီး” ( ၁ ) “ မြေမှုန်မြေခဲလေးက . . . တစ်နေ့မှာ အင်ဒီးစ်တောင်တန်းကြီး ဖြစ်မလာဘူးလို့ ဘယ်သူပြောရဲသလဲ . . . ” ဆိုတော့ ဒါဟာ ယုံတမ်းပုံပြင်တစ်ပုဒ်လို့ သိရတယ် ဟက်ဟက်ပက်ပက် လှောင်ရယ်ခဲ့တယ် ခပ်ညံ့ညံ့ဟာသလို့ သိတယ် ရဲရဲကြီး လောင်းကြေးထပ်ချင်စိတ်ဖြစ်မိတယ် ( ၂ ) “ မိန်းမဟာ မာယာများတယ် ” လို့ဆိုတယ် ဒါဖြင့်ရင် . . . ကြီးမြတ်သော ယောင်္ကျားဟာ မိန်းမထက် မာယာပိုများရမယ် ဒါပေမယ့် သူရဲကောင်းဆန်တဲ့ မာယာမျိုးတော့ဖြစ်မှ ၊ နောက်ပြီး ယောင်္ကျားမာယာဟာ လောကမာယာကို ထိပ်ပုတ်ခေါင်းပုတ် ဆော့ကစားနိုင်ရမယ် ၊ […]


သူရႆဝါMay 21, 20102min1360
“ငါတို့ဟာ စိတ်ချင်းဆက်ထားတဲ့အသက်ဇီဝ” အမှတ်တမဲ့ . . . . နင်နဲ့တူတဲ့သူတွေ့ရင်တောင် သွားရင်းလာရင်းလွမ်းရတယ် ခရီးသွားဟန်လွဲလွမ်းရတယ် သမင်လည်ပြန်လွမ်းရတယ် အဲသလောက်ထိ . . . နင့်ဆီ . . . ဘယ်သူ့အတွက်ခူးထားတဲ့ပန်းလဲမေး ငါ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံးက နင့်နာမည်ပဲပြောပြနေမှာ . . . ငါတစ်ကောင်လုံးရဲ့တစ်ကိုယ်လုံးမှာ ငါ့နှလုံးသားကပဲ နင့်ကိုကွက်ပြီးချစ်ရတာ အားမရဘူးဟာ . . . . တစ်နေ့မှာ ရှစ်နာရီလောက် နင့်အကြောင်းတွေးလို့မရတာ အားမရဘူးဟာ . . . . ငါ့ကိုချိတ်တွယ်ထားတဲ့ ငါ့ပါလေရာနောက်မြီးတွဲမလေး `ဘယ် လောက် ထိ နင့် အ တွက် ငါ . . .´ သိချင်လား […]


သူရႆဝါMay 19, 20105min1390
နင်ကလည်းနင်ပဲ ငါကလည်းငါပဲ တစ်ယောက်နဲ့တစ်ယောက်မတူကြ၊ ဘဝဆိုတာ ဘာဖြစ်တယ် ညာဖြစ်တယ်လို့ ငါက ကမူးရှူးထိုးလျှောက်ပြောတဲ့အချိန်မှာ နင်က ဘဝကိုစိတ်တိုတိုနဲ့ (အရွဲ့တိုက်ပြီး) နေပူပူထဲလျှောက်ပြေးပစ်တယ် ငါသိတာတချို့ကို နင်လည်းအသိ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် သိပုံသိနည်းချင်းမတူတာကိုလည်း နှစ်ယောက်လုံးအသိပဲ နင့်ကိုငါချစ်တာနဲ့ ငါ့ကိုနင်ချစ်တာတောင် မတူဘူးလေ ဖြတ်စနှစ်ခုဟာ အရောင်မတူတော့ ငါတို့ဆက်ထုံးကလည်း နှစ်ရောင်စပ်ထားတဲ့ ခပ်မိုက်မိုက်ဖက်ရှင်တစ်မျိုးဖြစ်နေတယ် အခုတလော နင်ကြိုက်တယ်ဆိုတဲ့သီချင်းကို ဂစ်တာတီးပြီးတော့ နင့်ကိုငါ ဆိုပြချင်နေတယ် နင်ကလည်း အခုတလော ခဏခဏကို တစ်ခုခုဖြစ်ချင်နေတယ် အဲဒါဘာလဲဆိုတာတော့ ငါမသိဘူး ငါ့ပြောစကားဆို နင်ဘယ်တော့မှ နားမထောင်တတ်ပေမယ့် ငါကတော့ နင့်ကိုပြောဖူးသလို …. နင်ရုပ်ဆိုးသွားလည်းချစ်မှာပဲ မပြောကောင်းမဆိုကောင်း၊ နောက်ဆုံး နင် ဟစ်တလာဖြစ်သွားရင်တောင် ငါက ချစ်မှာပဲ နင်ဆိုးသလိုမျိုး ငါလည်းဆိုတာပဲလေ အချစ်ရဲ့ ငါမဖြေရှင်းပေးနိုင်တဲ့ကိစ္စတချို့အတွက် ငါက […]