koyin sithuDecember 14, 20111min26911
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း ကိုးရိုးကားရား နှုတ်ဆက်လေ၏။ ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ခြံမှ ဖျော်သော မနောမယ လက်ဖက်ရည်တစ်ခွက်တိုက်လိုက်၏။ ၎င်းက မသောက်မိကျွန်ုပ်အား.. “ဘာလဲ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က.. “သောကရ တက် မပွေရအော ခင်ဗျားကို မနောမယ လက်ဖက်ရည်တိုက်တာ” ဟု […]