ကျောက်ဆစ် အလွမ်း အသည်းကွဲကဗျာတွေချည်း ရေးနေရတာ လက်ချောင်းတွေတောင် မျက်ရည်ဝဲတတ်ပြီ… ချစ်သူအကြောင်း ရေးကြည့်ပေမယ့် ဘယ်လိုနတ်ဆိုးက လာဝင်နှောင့်ယှက်နေသလဲ နှစ်ကိုယ်တူကြည်နူးဖို့ အမြင် စိတ်ကူးထဲမှာတောင် ယဉ်ကြည့်လို့မရ ချစ်ခြင်းရဲ့ ရသဆိုတာ ဘာလဲဟင်… မိန်းခလေးရေ… သိရင် တစ်ချက်လောက် ပြောပြခဲ့စမ်းပါ.. ချစ်ဖူးပေမယ့် အချစ်မခံဖူးတဲ့သူတစ်ယောက် လောကဓံဓါးအောက်မှာ နေတတ်နေခဲ့.. ကျေနပ်ပေမယ့်လည်း အဖြေခက်တဲ့ ပုစ္ဆာ ရင်ဘတ်ကို လာလာနှိပ်စက် တစ်ခါတရံ မက်ခဲ့ရတဲ့ အိပ်မက်တွေ ဘယ်နေရာမှာ ကြေညာခွင့်ရာမလဲ… အထီးကျန်ရင်း အကျည်းတန်ရင်း မာန်တင်းလို့ အိပ်စက်တောင် မနက်ဖန်တွေ အဓိပ္ပါယ်မဲ့လို့ နှစ်ချို့နေတဲ့ ရင်ဗလာ ဘယ်သူများ လာခိုဝင်ချင်မလဲ… တစ်ကိုယ်တည်း အလွမ်းတွေနဲ့ ဘောင်တွေ အမျိုးမျိုးခတ် ပညာတွေ အများကြီး တတ်ခဲ့လည်း ဒီအလွမ်းဇာတ်ကြီးထဲမှာ… ငါ […]