မိုးသို့ တမ်းချင်း…
မိုးသို့ တမ်းချင်း…
မိုးစက်တွေရေ…
ငါ့မျက်ရည်တွေ ပြန်လျော်ပေး
သူမ… ခြေဆေးသွားခဲ့တာ
ကြာ..ပြီ။
နာရီတွေ အကျဉ်းကျ
ပင့်သက်ကို ခြွေချလည်း
နွေဘဝက ပူဆဲလေ…။
ရေနွေးငွေ့တွေ ပါးပြင်ထက်
ကားစင်ထက်မှာ ရင်ကိုခွဲ
ဘယ်ခါမှ မနိုင်မယ့် တိုက်ပွဲမှာ
(လက်နက်မပါ)
လက်ဗလာနဲ့ ငါကျရှုံး
အခုထိကို စာလုံးပေါင်းက မှားနေဆဲ
အဲဒီအဘိဓမ္မာက နည်းနည်းဆန်းတယ်..။
သွားနေလည်း မရောက်မှတော့
အားနေတဲ့ခြေထောက်ကို ရိုက်ချိုး
အဲဒါမှပဲ ငါရိုးသားနိုင်မယ်လေ…။
(မဟုတ်ရင်)
နင့်ရဲ့အမုန်းလက်ကျန်စာရင်းမှာ
ငါ့နာမည်ကို (သီးခြား)ကျောက်ထက်ထွင်းကာထား
တံလျှပ်ကို ရေထင်မှားတဲ့သူ
ငရဲပူတယ်ဆိုတာ အလကား
ဝကန္တင်္ဉာဏ်တိုက်စားမှုအောက်
နှလုံးသားက အမြစ်ပေါက်လို့…။
အထီးကျန်ခြင်းဆိုတာထက်
အကျည်းတန်ခြင်းဆိုတဲ့ ရုပ်ကလပ်ကို
နင်တို့ရဲက့ ဂဟေစပ်ပွဲမှာ
သဂြိုလ်…
မြင့်မိုရ်တောင် ပျောက်သွားမယ်…။
နွေထက်မှာ နှင်း
ကြွေသက်ကာ ဆင်းလေမှ
ပျင်းနေကြတဲ့ ဆဲလ်တချို့က လေချဉ်တက်
ငါ့လျှာဖျားက တပ်မက်စွာ…
ဒဏ္ဍာရီလို..
ရာဇဝင်မှာ မှတ်သားဖို့
ကန့်လန့်ကာခြားထားတဲ့ ရင်
နင်.. မြင်မြင် မမြင်မြင်
နင်… ထင်ချင်သလိုလည်း ထင်
အဲဒီပင်ထက်က စက္ကူပန်းရနံ့ကို
တရှိုက်မက်မက်…
ငါ.. တက်ယူလက်လှမ်းဖို့ ပြင်နေတုန်း
ဝုန်း…ဆို
………………..
အိပ်ရာထက်မှာ ငါ့ကိုယ်ငါ ရှာဖွေလို့ကောင်းဆဲ
ငါ့မျက်ဝန်းတွေက အလိုက်တသိနဲ့
မိုး…မှောင်…ကျ..သွား..တယ်…။ ။
တောက ကိုရင်
၁၈.၀၈.၂၀၁၂
10 comments
မောင်ပေ
August 18, 2012 at 8:37 pm
မိုးသို ့တမ်း
ပျိုးစို ့ခရမ်း
နိုးဖို ့အနမ်း
တိုးလို ့ဖမ်း
koyin
August 18, 2012 at 11:50 pm
ကျိုးလို့ ကန်း
ညှိုးလို့ နွမ်း
ဆိုးလို့ ရမ်း
ရိုးလို့ နှမ်း
အိုးတို့ အမ်း
အလင်းဆက်
August 18, 2012 at 8:40 pm
တောက ကိုရင်..ရေ..။
တယ်ကောင်းသကိုး..လို ့သာပြောချင်ပါတယ် ။
ကဗျာ..လေးက မိုက်…တယ်..ဗျာ..။
koyin
August 18, 2012 at 11:52 pm
ခုလိုအားပေးတာ ကျေးဇူးဗျို့..
ကိုရင်တို့က အလင်းဆက်ကဗျာတွေကို ဖတ်ရှုမှတ်သားအတုယူနေရတာပါ..
နှစ်သက်အားပေးနေတာပါ..
ရေးအားပိုရှိသွားတာပေ့ါ.. ဟိုစမ်း ဒီစမ်း တောင်စမ်း မြောက်စမ်းးးးရင်နဲ့လေ..ဟီး
ပျော်ရွှင်ပါစေ..
မဟာရာဇာ အံစာတုံး
August 19, 2012 at 1:11 pm
ကိုရင် .. ကိုရင် ..
အပျိုမြင် ..
ချိုချဉ် မစုပ်ရ … တဲ့ ..
ဘာရယ် မဟုတ်ပါဘူး ..
ရွာက ကိုရင်တွေကို စနေကြ ကဗျာလေးကို ရွတ်ကြည့်တာပါ ..
koyin
August 20, 2012 at 6:46 pm
ချိုချဉ်မစား ကိုရင်းမှား အပျိုလေးနဲ့ညား..
ဘာရယ်မဟုတ်ဘူး..
စိတ်ထဲဖြစ်ချင်တာ ရေးကြည့်တာ.. ဟီးးး
YE YINT HLAING
August 19, 2012 at 4:19 pm
မိုးစက်တွေရေ…
ငါ့မျက်ရည်တွေ ပြန်လျော်ပေး
သူမ… ခြေဆေးသွားခဲ့တာ
ကြာ..ပြီ။
နာရီတွေ အကျဉ်းကျ
ပင့်သက်ကို ခြွေချလည်း
နွေဘဝက ပူဆဲလေ
အဲဒီပထမဆုံး အပိုဒ်လေး ကြိုက်တယ်ဗျာ
koyin
August 20, 2012 at 6:47 pm
ဟုတ်.. ကျေးဇူးပါပဲဗျာ..
ခံစားချက်လေးတွေကို
ကြိုးစားရေးဖွဲ့နေတုန်းပါ..
si tone
August 20, 2012 at 11:31 am
ကဗျာက အရမ်းမြင့်တော့ Si Tone ဖတ်တောင်မဖတ်နိင်တော့ဘူး…….
ဒါပေမဲ့ အားပေးသွားပါတယ်…… ကောင်းလဲကောင်းပါတယ်…..
koyin
August 20, 2012 at 6:47 pm
အွန့်..
ကိုရင်အောက်က နင်းထားတဲ့ မြေကြီးတွေ ဘယ်ပျောက်သွားပါလိမ့်….
ကြိုးစားလျှက်ပါဗျားးးးးးးးးးးးး