koyinSeptember 3, 20112min53824
အုံ့ပုန်း မေတ္တာ တိတ်တခိုးနဲ့ မြတ်နိုးသူမို့ မိုးမင်းကြီးက စွေပါတယ်… ဟေမာန်ဆောင်းမှာ  မြောက်ပြန်လေရူး သိပ်ချစ်လွန်းလို့ မြူးပါတယ်… ရင်မှ အပူ မျှဝေယူလို့ ဂိမာန်နွေက ဆူရတယ်… ရှက်အားတော်ပို  အသားညိုဝင်း မယ်မျက်နှာလေး လင်းရတယ်… မယ့်ရင်ငွေ့လှုံ နှလုံးခုန်မှ မောင်က တိုးလို့ ချစ်ရတယ်… မောင့် ရင်အစုံ နှလုံးတုန်လျှက် လက်နှစ်ဖက်နဲ့ ထွေးပိုက်မယ်… မယ့်ဆံနွယ်ဝေ ပါးပြင် လေ ကို မောင်သာ နမ်းလို့ ရှိုက်ပါ့မယ်… တစ်သက်စာ ရည် ကမ္ဘာတည်လျှက် မယ့်လက်ကိုတွဲ  မခွဲတမ်းသာ မယ့်နားမှာနေ အကြင်နာတွေနဲ့ နွေးစေမယ်…..။ ။ တောက ကိုရင် (ဒီကဗျာလေးက တိတ်တခိုးအချစ်ဆိုတဲ့ကဗျာလေးကို တုန့်ပြန်ရေးသားထားတဲ့ ကောင်လေးဘက်က အုံ့ပုန်းမေတ္တာပါ… တိတ်တခိုးအချစ် ကဗျာပိုင်ရှုင်းလည်း ကျေနပ်မယ် ထင်ပါတယ်…)


koyinSeptember 3, 20116min46323
မီးအိမ်ရှင်နှင် ပတ်သတ်၍ ချစ်ရပါသော မီးအိမ်ရှင် ညတွေဆို အမှောင်က ကြီးစိုးဆဲ (ညပါဆိုမှ မှောင်တော့မပေါ့…) တောင်းပန်ပါတယ် မီးအိမ်ရှင်…။   အလင်းကို လုံးချေပြီး ဖန်လုံအိမ်ထဲထည့် ငါ့နှလုံးသားမှာ မီးသီးတပ်ဖို့ ကြိုးစားခဲ့တယ်… ဗို့အားနည်းခဲ့တာ ဘယ်သူ့မှာ တာဝန်ရှိသလဲ….။   ပန်းတစ်ပွင့်ကို ခူးပြီး စုတ်ချက်တင်လိုက်ရုံနဲ့ ငါ့ရင်တွေ ဝုန်းဒိုင်းကြဲ ခုန်နေခဲ့တယ်ဆိုရင် မင်း… ယုံချင်မှ ယုံလိမ့်မယ် မီးအိမ်ရှင်…။   ကောင်းကင်ကို ကျော်ကြည့်လိုက်မှ ငါ့အိပ်ခန်းက ဘယ်လောက်ကျဉ်းတယ်ဆိုတာ လက်တွေ့ ငါ သိလိုက်ရတယ်… (မနေ့က) အတိတ်ကို ငါမမေ့သေးဘူး မီးအိမ်ရှင်…။   ရင်ဘတ်နဲ့ ဖွာပြီး နှလုံးသားနဲ့ ရှိုက်ခဲ့တဲ့ မီးအိမ်ရှင်… မင်းအငွေ့က ညှော်နံ့သင်းနေသလား ဘာလို့ ငါ့တစ်ကိုယ်လုံး လေထဲ […]


koyinAugust 31, 20114min33413
သံယောဇဉ်သာ ဆိပ်တက် ရင် နွေသက်သတဲ့လား ဆောင်းငှက်က ပင်အိုထက် ရင်ထက်မှာ မြား…။   တစ်မျှင်ပတ်ပေမယ့် ပင်ယှက်တဲ့ တစ်ခက်နွယ် နှောင်တွယ်ကာ ထား…။ နှင်းစက်က ခိုတွယ် မျက်ဝန်းက အငိုလွယ်သတဲ့ ဒဏ်ခတ်တဲ့ နွေ…။ အပျံခက်သတဲ့ ရက်စက်တဲ့ လေနီရိုင်းက  မုန်တိုင်းကို စေ…။ ခြွေချင် ခြွေ… ကြွေနေမှာပဲ သွေးစက်တွေ ခဲကာမှ အစိမ်းရောင် ခြယ်ကာ သတ်မှတ်လိုက်မတဲ့ တားမြစ်ဖို့ ခက်တဲ့ နယ်မြေ…။ လာစေချင် ဝင်လာမလား မသွားပါနဲ့ ထားခဲ့မှာလား ပိုင်းခြားထားတဲ့ ရင်ပြင်ထက် တောင်တန်းတွေကို လက်နဲ့သယ် ကာရံလို့ ကွယ်မလား…။ မကွယ်မကာ တတွယ်မက်မက် မရှောင်ရက်လို့ အနှုတ်ခက်လည်း စိုက်ဝင်လျှက်သား….. နှလုံးသားမှာ…။ သံယောဇဉ်သာ ဆိပ်တက် ရင်…။ ။ တောက ကိုရင်


koyinAugust 30, 20115min1802
အကောင်းမြင်သမား၏ အဆိုးမြင် ဝါဒ ကမ္ဘာကြီးက လုံးနေတယ်… သူ့ဘာသာ စောင်းချင်ရာစောင်းပြီး သူ့ဝင်ရိုးမှာ သူလည်နေတာ ဘယ်သူက စေခိုင်းခဲ့လို့လဲ… ကောင်းကင်က အပေါ်ဘက် မြေကြီးက အောက်မှာ ရပ် နေ အဝင်အထွက်ကို  အရှေ့အနောက် သတ်မှတ်ကြ ဘယ်သူက လမ်းညွှန်ပြသလဲ… အလင်းနဲ့ အမှောင်ကြောင့် အရောင်တွေက ကွက်တိကွက်ကြား အာရုံခြောက်ပါးနဲ့ ခံစားလို့ ရသမျှ သဘာဝ လောကရဲ့ အလှတဲ့ ဘယ်သူတွေ ဆေးခြယ်ကြသလဲ… နေပူလို့ မိုးရွာ လမိုက်တဲ့အခါ ကြယ်မထွက် လေတိုက်လို့ သစ်ရွက်ကြွေ စမ်းရေတွေ စီးပြီး ပန်းတွေ ပွင့် ဘယ်သူက စီရင်ခွင့် ရနေသလဲ… မြစ်ပင်လယ် သမုဒ္ဒရာ စကြဝဠာ အာကာသ အနန္တတဲ့… အ ကာလမှာ လူလာဖြစ်တဲ့ ငါတွေ ငါတွေ ပဋိပက္ခတွေနဲ့ အမုန်း […]


koyinAugust 30, 20112min32411
သူလွမ်းရင် ပန်းမှာစိုးလို့   မင်းနှုတ်ခမ်းက မင်းရဲ့ အနမ်းတွေ  မင်းပဲ လေ ခြွေချ… ကြွေကျသွားခဲ့တာက အသည်းတစ်ခြမ်း အကန်းလမ်းလျှောက်ထွက်ခဲ့တာ  ကမ္ဘာတစ်ပတ်… ကဗျာ စပ်လို့  နေနဲ့လကို ပေါင်းစပ်ဖို့ကြိုးစား ရိုးရိုးသားသား တစ်ခါတရံ အမှားလို့ နှုတ်လုံစွာ မြိုသိပ်  ကဗျာတွေ မအိပ်တဲ့ တိတ်ဆိတ်တဲ့ ညအလယ် ကြယ်ရောင် တစ်လက်လက် ပိုးစုန်းကြူး ခတ်တဲ့ လေပြေ စာရွက်တွေ မွစာကြဲ လက်တစ်ချောင်းလုံးလည်း ကိုက်ခဲနေပြီ… ပျောက်ဆုံးသွားတဲ့ ဗီဇာ ပြည်တော်ဝင်ခွင့်မပါဘဲနဲ့ ရွက်လွင့်ခွင့်မရှိတဲ့ တက်တစ်ချောင်းလို မဲဇာမှာ မုန်တိုင်းကို လှုှိုင်းပုတ်ပြီး တိတ်တဆိတ် စီးဆင်းလိုက်ရတဲ့  ပါးပြင်ပေါ်က ရေတစက် အငွေ့တွေ ထွက်နေတာကတော့…. စစ်ပွဲလား အနိုင်  အရှုံး… ဘယ်တုန်းကရော ပြိုင်ခဲ့ဖူးသလဲ တံပိုးခရာ […]


koyinAugust 28, 20116min32410
နှင်းသည်းနွေ လူမသိ သူမသိနဲ့  အပူမိသည့် ရင် သံယောဇဉ်ကို ပိုက် ငါ့ညတွေ နှစ်ခြိုက်မတဲ့လား လစ်လပ်နေတဲ့ ကွက်လပ်က သစ်ပင်ကို အမြစ်က ဖြတ်ထားသလို ရွက်သစ်တွေလည်း ထွက်မလာ ရွက်ဝါတွေသာ ကြွေကြွေကျ အိပ်မက်တွေ မြေခပျက်သုဉ်း နှလုံးသားက လုံးပါးပါးလာလိုက်တာ အာရုံတွေ ထိုင်းမှိုင်း ဦးနှောက်က နှေးကွေး အသိဉာဏ်က ဝေးသထက်ဝေးလို့ ခံစားမှုက ပုပ်အက်ဆွေးမြေ့ ကြာတော့  စက်ရုပ်တစ်ရုပ်ရဲ့ သေနေ့ကိုရှာ ငါ့ကိုယ်ငါတောင် ဘာသာမပြန်တတ်တော့ဘူး မငို မမဲ့ မပြုံးတတ်တဲ့ သက်မဲ့ မျက်နှာ ငါ့ခန္ဓာက ဘာသားနဲ့ ထုထားသလဲ အို… အိုအေစစ် ကန္တာအလယ်မှာ နွေသင့်တဲ့သူ ရင်အပူကို လာဝင်ကူလို့ ညတွေဆို အိပ်မက်ချိုတွေနဲ့ နှစ်ခြိုက်ေစခဲ့တာ မနက်ဖန်တွေလည်း သာယာလို့ ငါ့အရုဏ်တွေ ရောင်နီပျို့ခဲ့ပြီ နှင်းကို မေ့နေခဲ့သလို နှင်းကိုလည်း မတွေ့ရတဲ့ နှင်းမရှိတဲ့ ကမ္ဘာ ဆောင်းမလာတဲ့ အရပ် အခုဆို နှင်းကိုယ်ငွေ့နဲ့ ချမ်းတတ်လာခဲ့… […]


koyinAugust 28, 201118min29710
ပျောက်ဆုံးခြင်း မင်းမရှိတော့ နှင်း၏ညက်ညော သည်ဆောင်းတောပင် မပျော်ချင်ဘူး…။ နွေဦးရင်ငွေ့ လောင်ကျွမ်းမြေ့စေ ဆယ်နေ ပူပြင်း မိုးမင်းမရွာ အာကာ မှောင်ဖုံး ညလုံး ကြယ်ပျောက် လရောင် နောက်ကျိ နေမထိ ပန်း မစိမ်းလန်းဘူး…။ အရူးတပိုင်း သေရည်မှိုုင်းမိ လှိုင်းဒဏ်ပိသည့် ရွက်မရှိလှေ လူးလွန့်နေသို့ ဘယ်ချိန်တိမ်းမှောက် မကြောက်တတ်ပြီ နရီ ပျက်ယွင်း သေမင်း လှောင်ပြုံး ဘဝရှုံးလည်း နှလုံးကွဲကြေ မကြေညာဘူး…။ ယစ်မူးမာယာ လှကညာလည်း အားမနာတတ် လာလှည့်ဖိတ်ခေါ် စိတ်မပျော်ရွှင် ဘဝင်မလှိုက် ငိုရှိုက်မရဲ မလွမ်းဘဲလေ မသေချာဘူး…။ မြေမှာမူးလဲ ရင်ထဲသိမ်းထား သူ…စိမ်းကား၏ သူစိမ်းအားငယ် အပယ်ခံမို့ ကံလိုလို့ ယိမ်း မိန်းခလေးမြင် ကောင်းကင်လျှပ်စီး ရင်ထက်မီးလျှံ ငရဲခံ…သို့ အိပ်မက်ညှို့ယူ အပူပြင်းအား […]


koyinAugust 27, 20111min60616
ဖြစ်တည်မှု အဇ္ဖုတ္တ လွင့်မျောခဲ့ပြီ မိခင်မြေဆီမှ ဒေသခြား နိုင်ငံခြား ဘာသာခြား လူမျိုးခြားတဲ့ အသွင်မတူ ယေဘုယျကွဲ အဲဒီနယ်မြေထဲ အရဲစွန့်ထွက်ခွာခဲ့ မိခင်အတွက် ညီမတွေအတွက် အရာအားလုံးကိုစွန့် အတိတ်အားလုံးကိုမေ့ပြီး လမ်းသစ်ထွင်ခဲ့တာ ဖြစ်တည်မှု ပဓါနလို့ အခါခါဟစ်ကြွေး ငါ့ကိုယ်ငါမေ့ဆေးကျွေးပြီး မွေးရပ်မြေဆီက ရင်ဖွင့်ထွက်ခွာခဲ့… မေ့ပစ်ခဲ့ရတဲ့ အတိတ်မှာ ချစ်သူပါတယ် ရည်းစားဟောင်းပါတယ် မွန်းကြပ်မှုတွေ နာကျင်မှုတွေပါတယ် ရေးတေးတေး ဇာတ်လမ်းလေးတွေလည်း ပါတယ် ချို့တဲ့မှုကနေရုန်းထွက်ဖို့ ငွေကြေးအချို့ကိုမြှုပ်နှံ သရုပ်မှန်ဝါဒီနဲ့ ပိုက်ဆံရှာဖို့ထွက်ခဲ့ အနာဂါတ်ရေ ဘာတွေဖြစ်လာမလဲ ငါရုန်းကန်ရမယ့်နေရာ ဝေဒနာတွေရှိမလား အမေနဲ့ညီမတွေအတွက် ငါစွန့်စားမယ် ခွန်အားတွေရှိတယ် မနေ့ကအတိတ်ကိုမေ့ သေမယ့်မနက်ဖန် ငါမစဉ်းစားဘူး ဒီနေ့ရဲ့ ဒီအချိန် ငါ့ဘဝနေဝင်ခဲ့ရင်တောင် ငါ့ရဲ့ နောက်ဆုံးထွက်သက် မတိုင်ခင်လေးအထိ ငါ့ရည်မှန်းချက်အတိုင်း ငါလျှောက်လှမ်းမယ် လောကဓံက […]