“ဘယ်လောက်ပေးမလဲ?” ဘဌေးညတရေးနိုးတော့ ဟိုဘက်နားလေးက ကာရာအိုကေဆိုသံတွေတိတ်နေပြီ။ ဒီတော့ ညသန်းခေါင်ကျော်ပြီဆိုတာသိလိုက်ပါတယ်။ ပါးစပ်ထဲကချဉ်လာတာနဲ့ ညကကျန်နေတဲ့ဆေးပေါ့လိပ်အတိုလေးဖွာ၊ လူကအိပ်ရေးမဝတော့ မူးမူးဝေဝေ၊ ဒါပေသိစိတ်ထဲမှာအရက်ထပ်သောက်ချင်စိတ်ကပေါက်လာ၊ ညကလက်ကျန်ပုလင်းကိုလိုက်ရှာ ကျန်တာလေးပုလင်းလိုက်မော့၊ ပြီးတော့မှရေတစ်ခွက်နောက်ကလိုက်မှ နေသာထိုင်သာရှိသွားပါတယ်။ ထိုင်နေရာတာကြာပြီ ဆိုရင် ခြင်ကိုက် အဲတော့ တစ်ခါပြန်အိပ်၊ အဲဒီမှာ အမက်ခြင်ဆုံးအိပ်မက်ကို မက်လိုက်ရတာပါဘဲ။ လင်းခါနီးမက်တဲ့အိပ်မက်ဆိုတော့ ချက်ခြင်းလက်ငင်းအကျုးိပေးမယ်လို့ အနက်ကောက်သပေါ့ဗျာ။ တကယ်ပြောရရင် ဘဌေးအလုပ်ကမယ်မယ်ရရ မရှိပါဘူး။ ဘူတာကြီးအရှေ့ဘက် 31လမ်းနားက အဆောက်အဦးအပျက်ကြီးနားမှာအိပ်မယ်။ ပိုက်ဆံလိုက်တောင်းမယ်။ ရရင် အရက်သောက်မယ်။ ဗိုက်ဆာတဲ့အခါ ပိုက်ဆံရှိရင်ဝယ်စား မရှိရင်တော့ တောင်းစားမယ်ပေါ့။ အဓိကကတော့ အရက်မှန်မှန်သောက်ရဘို့ပါဘဲ။ ဘဌေးအသက် လေးဆယ်ကျော်လို့တော့ပြောကြ ပေမယ့် ဘဌေးကိုယ်တိုင်တောင် အတိအကျမသိပါဘူး။ ဒီဘူတာကြီးနားမှာရောက်နေတာဖြင့် ဟိုအရင်ဘူတာအဟောင်းဘဝ သူခပ်ငယ်ငယ်ကတည်းက။ အမေကဘူတာကြီးထဲမှာ”ရေကုသု်ိလ်”အမည်တပ်ထားတဲ့ ရေတို့ ရေနွေးကြမ်းတို့ရောင်းတဲ့အလုပ်လုပ်တယ်။ အဖေက ကြုံရာကျပန်းကုန်ထမ်းတယ်။ တရားဝင်ခန့်ထားတဲ့ […]