Khaing KhaingMarch 8, 20121min74627
အခု ပြောမယ့် အိမ်ကြီးကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာ ရှိတယ်ဆိုရင် အံ့ဩစရာတေ့ာဖြစ်မယ်မထင်ပါ… ဒီအိမ်ကြီးအကြောင်းပြောချင်တာကြာပြီ ဒါပေမယ့် အခုတစ်လော ရွာထဲမှာ သရဲအကြောင်းပို့စ်တွေ အတင်များတယ်ပြောမှာစိုးလို့ ခဏလေး စောင့်နေတာပါ…ပြောရမယ်ဆို ဘဘကြီး ဦးမျိုးအောင်ကနေစခဲ့တာပါ…. ဘဘကြီးက နယ်တကာလှည့် တရားဟောတဲ့ ဓမ္မကထိကကြီးပါ တရားဟောရင်းနဲ့ ဘုရားတွေအဆူဆူအလှူခံရရှိခဲ့သလို ငွေသပြာတွေလည်း ရရှိခဲ့ပါတယ်…. ဘဘကြီးရရှိခဲ့တဲ့ ဘုရားတစ်ဆူအကြောင်းပြောပြချင်နေမိတယ်… အဲဘုရားကို ကျွန်မ တို့ကအခုချိန်ထိ ဆေးဘုရားလို့ပဲခေါ်ပါတယ်….ဆေးဘုရားမှာ ဘီလူးရုပ်ထု (4) ရုပ်ရယ် အလယ်မှာ မြတ်စွာဘုရားက ပလ္လင်ထက်မှာ စံပယ်နေပါတယ်….ဘီလူးရုပ်ထု (4) ရုပ်မှ 2ရုပ်က ပင့်ဆောင်လာစဉ်ကတည်းက ဦးခေါင်းတွေမပါလာခဲ့ဘူး….ဆေးဘုရားကို တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်သန်းပင့်ဆောင်လာခဲ့စဉ် တစ်နေ့သောညနေမှာ မိုးချုပ်သွားသည့်အတွက် ရွာတွေမရောက်ခင် တောထဲမှာပဲ စခန်းချတည်းခိုဖြစ်ခဲ့ကြတယ်…. ရှေးခေတ်အခါက အခုခေတ်လို ကားလမ်းတွေမပေါက်ရောက်ဘူးလေ ကုန်းတတန်ရေတတန် […]