that naing ooNovember 17, 20111min29624
(လင်းရောင်-ရေးသားသည်) သူတို့ ကျူရှင်၏ စာသင်ခန်းကား တိတ်ဆိတ်နေသည်။ ဆရာ့ဒေါသကို တတန်းလုံးအသိမို့ ပြန်မဖြေရဲကြ ။ ဒေါသူပုန်ထနေသော ဆရာ့အမေးကို ပထမဆုံး ထဖြေလိုက်သူက အပြစ်အားလုံး တရားခံဖြစ်တော့မည်ကို သူတို့ သိသည်။စာသင်ခုံကို ဒုန်း ကနဲ ထုပြီး ဆရာက အံကြိတ်သံဖြင့် ထပ်မေးသည်။ ကဲ.. လုပ်စမ်းပါဦး .. ညနေ တစ်ခန်းလုံးက ကျောင်းသားတွေ ကျောင်းပြေးဖို့ ကိစ္စကို ဘယ်သူက စပြီး ဦးဆောင်သလဲ။ ဘယ်သူစပြီး ခေါ်သလဲ။ ငါသာ အချိန်မီ မသိရင် မင်းတို့ ကျူရှင်ပြေးကြတော့မှာ မဟုတ်လား.။ ကဲ ပြောစမ်း ဘယ်သူလဲ ။ဖြေမည့်သူ မရှိ။ တကယ်တော့ ကျောင်းပြေးဖို့ ကိစ္စကို သူက စပြီး အကြံပေးခဲ့ခြင်းဖြစ်သည်။ သူတို့ ယောက်ျားလေးတွေ […]