kaiMarch 1, 20111min1032
မြန်မာ့တော်လှန်ရေးနှင့် ပြည်ပရောက် မြန်မာများ၏ အခန်းကဏ္ဍ   နိဒါန်း (၂၀၁၁) ခုနှစ်သည် မြန်မာ့နိုင်ငံရေးအတွက် ထူးခြားသော နှစ်တနှစ် ဖြစ်ပါသည်။ လက်ရှိအချိန်ကာလသည်လည်း နအဖ စစ်အုပ်စုက ကျင်းပသော (၂၀၁၀) အတုအယောင် ရွေးကောက်ပွဲ ရလဒ်အဖြစ် စစ်အုပ်စုကြိုးဆွဲ ရုပ်သေးအစိုးရ ပေါ်ထွက်လာစေရန် လွှတ်တော်ခေါ်ယူနေဆဲ ကာလဖြစ်ပါသည်။ တပြိုင်နက်တည်းမှာပင် နအဖစစ်ဝါဒီစနစ်ကို ထောက်ခံ အားပေးနေကြသည့် ပညာရှင်ဆိုသူများကလဲ (၂၀၁၁) သည် တော်လှန်ရေး အင်အားစုများ အတွက် လမ်းဆုံးဖြစ်တော့ မယောင် အသံလွှင့်နေကြပါသည်။ လက်တွေ့တွင်ကား (၂၀၁၁) သည် တော်လှန်ရေးအင်အားစုများအတွက် လမ်းဆုံတခုသာ ဖြစ်သည်။ ရွေးကောက်ပွဲနှင့် တရားဝင်တက်လာသည့် အစိုးရဖြစ်ဖြစ်၊ လက်နက်အင်အားသုံး၍ တရားမဝင် တက်လာသည့် အာဏာသိမ်း စစ်အုပ်စုဖြစ်ဖြစ် ပြည်သူ့အာဏာကို ဖယ်ရှား၍ မရပါ။ […]