ရှုမဆုံးတော့ပြီ………….. (Panorama) Panarama Photos ဆိုတာက မြင်ကွင်းကျယ် (မြင်ကွင်းရှည်) ပုံလေးတွေပါ။ ကျွန်တော် ဓါတ်ပုံပညာ စတင်လေ့လာတဲ့ လွန်ခဲ့သော အချိန်တွေ တုန်းက ဆိုရင် Digital နည်းပညာတွေကလည်း ဒီလို မထွန်းကားသေးတော့ မြင်ကွင်းကျယ် ဓါတ်ပုံတွေ ရလိုရင် ဓါတ်ပုံတွေကို “ဖြတ်ညှပ်ကပ်” (ဆက်မဲ့ ပုံတွေကို ဆက်ကြောင်းရှာပြီးဖြတ်၊ မသိသာအောင်ညှပ်၊ ပြန်ကပ်) တွေ လုပ်ပြီး ဖန်တီးရပါတယ်။ ခုနောက်ပိုင်းမှာ Digital နည်းပညာတွေကလည်း တိုးတက်လာတော့ Panorama ရိုက်လို့ရတဲ့ နည်းပညာ ပါတဲ့ ကင်မရာ၊ (တစ်ချို့ အပျော်တမ်း ကင်မရာလေးတွေ မှာတော့ ရိုးရိုးမြင်ကွင်းကိုပဲ အပေါ်နဲ့ အောက် အမဲဘောင် ကာလိုက်ပြီး ပုံရှည် ဖြစ်သွားသယောင် ကင်မရာမျိုးကိုတော့ Panorama ရိုက်လို့ရတဲ့ […]