အလွမ်းများ ပြေမလား လို့ .. နေပူကျဲတဲ လမ်းလျှောက်ထွက်ကြည့်တယ် ။ ဓာတ်ဆားရည် သောက်ကြည့်တယ် ။ ယပ်တောင် တဖျတ်ဖျတ် ခတ်ကြည့်တယ် ။ မျက်တောင် တဖျတ်ဖျတ် ခတ်ကြည့်တယ် ။ ဓာတ်ဆားရည်သောက်ပြီး ယပ်တောင်ခတ်ကြည့်တယ် ။ မျက်တောင်ခတ်ရင်း နေပူကျဲတဲ လမ်းလျှောက်ထွက်ကြည့်တယ် ။ အဲကွန်းမဖွင့်တဲ့ ကားကို ၂၀ဝ ပေးပြီး စီးကြည့်တယ် ။ ဘယ်စီးစီး ၂၀ဝ ဆိုတော့လည်း ယပ်တောင် တဖျတ်ဖျတ်ခတ်ပြီး အဲကွန်းမဖွင့်တဲ့ကားကို မျက်တောင်တဖျတ်ဖျတ်ခတ် စီးကြည့်တယ် ။ ယပ်တောင်တဖျတ်ဖျတ်ခတ်ပြီး ရေးထားတဲ့ ကဗျာ ။ ဖတ်လိုက်ရတဲ့လူတိုင်းက မျက်တောင်တဖျတ်ဖျတ်ခတ် လို့ ။ ယပ်တောင်တဖျတ်ဖျတ်ခတ်ရင်း မျက်တောင်တဖျတ်ဖျတ်ခတ်သူတွေ ဖျတ်လို့ ၊ ခတ်လို့ ။ ဖျက်လို့ […]