ဆူးOctober 24, 20101min2224
ဆူး အမျိုးထဲက ကူးလေး ဆိုတဲ့ အကို ဝမ်းကွဲ တယောက် အကြောင်းပါ။ မိသားစုထဲမှာလည်း အငယ်ဆုံးဖြစ် မွေးချင်းထဲမှာ သားဆိုလို့ တယောက်ထဲ အငယ်ဆုံးကလည်း ဖြစ်နေတော့ မိဘတွေနဲ့ အမ တွေက ချစ်ပြီး အလိုလိုက်ထားကြ.. အိမ်စီးပွားရေးလေးက ကောင်းနေတော့.. ဖြစ်ချင်တာ လိုသမျှ လုပ်ပေးရတာ ဘာမှ အခက်အခဲ မရှိဘူး။ ဒီရေ အတက်အကျ ရှိသလို ကံအတက် အကျ ဆိုတာ ရှိလေတော့.. မိသားစု စီးပွားရေး ယိမ်းယိုင်လာတော့ ပိုက်ဆံ ရှားပါးနေပြန်တော့ မစားရရင်နေ.. သားလေး သုံးဖို့.. မိခင် ဖခင် စေတနာ အလွန်ဝေဖြာ ခဲ့တယ်။ ငယ်စဉ်ကတည်းက ဂိမ်းကစားတာ ဝါသနာ အထုံ တော်တော် ပါလေသူမို့.. တနေကုန် […]


ဆူးOctober 21, 20101min29712
၂၀၀၈ ဖေဖော်ဝါရီ တုန်းက ဆူး တို့ မိသားစု အလှူ တခု အတွက် ပုဂံကို ရောက်ခဲ့တယ်။ အလှူကလည်း သီလရှင်ကြီး တပါးက ဦးဆောင်ပြီး လုပ်တာ ဆိုတော့ သူလုပ်ချင်တဲ့ အတိုင်း လိုက်လုပ်ပေးရတာ ဆိုပါတော့.. အလှူကတော့ ဘုန်းကြီးကျောင်းဟောင်းတွေ ပြုပြင်တယ် ဘုရားပျက်တွေ ပြုပြင်တယ်။ အဲဒီ အလှူအတွက် ရေစက်ချ အလှူလုပ်တာပါ။ မဏ္ဏပ်ကြီး လုပ်ပြီး ရဟန်းတွေကို သိမ်ဆင်း အလှူလည်း လုပ်တယ်။ နောက်ပြီး အရှင်အစ္စဂေါန ဘုရား မှာ ပုဂံမြို့က ဘုန်းကြိးကျောင်းတွေ လိုက်ပတ်ပြီး လျောက်ပြိး အာရုံ ဆွမ်းခံကြွဖို့.. အနီးအနား ရွာက လူတွေကိုလည်း အဲဒီ ဘုရားမှာတင် အဝတ်တွေနဲ့ ထမင်းထုတ်တွေ ဝေပါတယ်။ ဘုရားမှာ […]


ဆူးOctober 20, 20101min1974
ကျွန်တော် ၄ နှစ်သားတုန်းက ငါ ့ဖေဖေကြီး ဘာမဆို လုပ်တတ်တယ် ။ ၅ နှစ် … ငါ ့ဖေဖေကြီး မသိတာ ဘာမှမရှိဘူး ။ ၆ နှစ် … ငါ ့အဖေက မင်းအဖေထက် တတ်တယ်ကွ။ ၈ နှစ် … တို ့အဖေက အကုန်လုံးတော ့လည်း အတိအကျ မသိဘူး။ ၁ဝ နှစ် … အဖေတို ့ ငယ်ငယ်တုန်းကနဲ ့ အခုနဲ ့က တခြားစီပဲ။ ၁၂ နှစ် … အင်း အဲဒါတော ့အဖေလည်းဘယ်သိပါ့မလဲသူက အသက်ကြီးပြီဆိုတော ကလေးတုန်းက အကြောင်းတွေ မမှတ်မိနိုင်တော ့ဘူး။ ၁၄ နှစ် […]


ဆူးOctober 20, 20101min2506
မျက်စိနားခြင်းသည် အလွန်ကူးစက်တက်သော ဝေဒနာဖြစ်သော်လည်း ဂရုတစိုက်ဖြင့်ကုသပါက အလျင်အမြန် ပြန်လည်ကောင်းမွန် စေနိုင်ကြောင်း သိရသည်။ မုတ်သုံရာသီ ရောက်လာသည်နှင့် မျက်စိနာဝေဒနာ ဖြစ်ပွားလေ့ရှိပြီး ကူးစက်မြန်သည့် ဝေဒနာလည်းဖြစ်သည်ဟု ဆိုသည်။ မျက်စိနာဝေဒနာခံစားရပါက နေကာမျက်မှန်တပ်ထားခြင်းဖြင့် လူနာအနေဖြင့် မျက်စိကို ပွတ်ခြင်းမှ ရှောင်ကြဉ်နိုင်မည်ဖြစ်သည်။ မျက်စိနာဝေဒနာ စတင်ခံစားရပါက မျက်စိယားယံ၍ စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ မျက်ရည်နှင့် မျက်ချေးထွက်ခြင်း၊ မျက်သားနီခြင်းနှင့် မျက်ခွံများ ရောင်ကိုင်းခြင်းတို့ကို ဖြစ်ပေါ်လာလေ့ရှိသည်။ ထို့ပြင် အလင်းရောင်ကို မကြည့်နိုင်ခြင်းကိုလည်း ဖြစ်ပွားတက်ပြီး ဗိုင်းရပ်စ်ကြောင့်ဖြစ်သော မျက်စိဝေဒနာခံစားရသူတို့သည် အမြင်မှုန်ဝါးခြင်းကိုလည်း ခံစားရစေနိုင်သည်ဟု သိရသည်။ မျက်စိနာခြင်းသည် အသက်အန္တရယ်ကို ခြိမ်းခြောက်နိုင်ခြင်းမရှိသော်လည်း ကူးစက်မှုပျံနှံ့လွယ်တက်သည့် ဝေဒနာဖြစ်သည်။ မျက်စိနာ ဝေဒနာခံစားနေရသူများသည် သီးသန့်ကိုယ်ပိုင် အသုံးအဆောင် ပစ္စည်းများကိုသာ အသုံးပြုသင့်သည်။ လက်ကိုင်ပဝါ သို့မဟုတ် မျက်နှာသုတ်ပဝါဖြင့် မျက်စိကိုတို့ခြင်း […]


ဆူးOctober 20, 20101min3198
ကွမ်းနဲ့ကွမ်းယာဝါးတဲ့ဓလေ့ဟာ၊မြန်မာအပါအဝင်အရှေ့တောင်အာရှနဲ့တောင်ပစိဖိတ်ကျွန်းဒေသနိုင်ငံတွေမှာတွေ့ရတဲ့ဓလေ့ဖြစ်ပါတယ်။ဒါ့အပြင်ကမာ္ဘအနှံ့အပြားကအိန္ဒိယနွယ်ဖွားတွေမှာလည်းတွေ့ရပါတယ်။ တကယ်တော့ ဒီဓလေ့ဟာလွန်ခဲ့တဲ့ နှစ်၂၀၀ဝလောက်ကတည်းက အိန္ဒိယက နေပြန့်ပွားလာခဲ့တာလို့ မှတ်တမ်းတွေကဆိုပါတယ်။(မြန်မာ့ရိုးရာဓလေ့လို့ဆိုချင်သူများစဉ်းစားစရာပါ)ကွမ်းယာမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး၊ဆေးရွက်ကြီး(ဗမာဆေး) တို့အဓိကပါဝင်ပြီး နောက်ပိုင်းမှာ အိန္ဒိယကဝင်တဲ့ အာမွှေး၊နိုင်တီနိုင်း စတဲ့အမွှေးအကြိုင်မျိုးစုံ ထည့်သွင်းလာကြပါတယ်။ ကွမ်းယာကို အပြင်းပြေဝါးတဲ့သူက ဝါးတယ်။ ဆေးရွက်ကြီး အာနိသင်နဲ့ လန်းဆန်းပြီး မအိပ်ချင်အောင် ဆိုပြီးစားတဲ့သူက စားတယ်။ ဆေးလိပ်ဖြတ်ချင်လို့ ဆိုပြီး ကွမ်းယာ ပြောင်းဝါးတဲ့ သူတွေလည်း တွေ့ဖူးပါတယ်။ နယ်မှာတုန်းကဆိုရင် မနက်မိုးလင်းတာနဲ့ ကွမ်းယာနဲ့ စလိုက်တာ ညအိပ်ယာ ဝင်မှ ပါးစပ်ထဲက ကွမ်းယာကို ထွေးဖြစ်တယ်ဆိုတဲ့ လူတွေအများကြီး တွေ့ခဲ့ရပါတယ်။ လူတွေ ကြိုက်ပြီး ဝါးနေကြတဲ့ ကွမ်းယာဟာ၊ သွားနဲ့ခံတွင်း ပြဿနာကစလို့ အသက်အန္တရာယ် အထိဒုက္ခပေးနိုင်တယ် ဆိုတာကျွန်တော်တို့တွေ ရောက်လေရာ နေရာတိုင်းမှာ ကျန်းမာရေးပညာပေး ပြောပြလေ့ရှိပါတယ်။ […]


ဆူးOctober 19, 20101min35614
လူကြီးများ ပြောတဲ့ စကားများကြား ကလေးပီပီ ထိုင်ပြီး နားထောင်နေတဲ့ အချိန်က ကြားမိတဲ့ အကြောင်းလေးပါ။ ဦးဟုတ် ဆိုတဲ့ အဘိုးကြီးက တရုတ်စစ်စစ် ကွန်မြူနစ် ဆန်တဲ့ ဝါဒ ကို လက်ခံယုံကြည်တယ်။ အဲဒီ အဘိုးကြီးမှာ သားနှစ်ယောက် သမီးတယောက်ရှိတယ်။ အဘိုးကြီး က ဘုရားတောင် ရှိခိုးတာ မဟုတ်တော့ နတ်တွေ ဘာတွေ ယုံဖို့ ကိုးကွယ်ဖို့ ဆိုတာ ဝေလာဝေးပေါ့။ အဘိုးကြီး က လက်ဖက်ရည်ဆိုင်ဖွင့်ထားတယ် မအူပင်မြို့မှာ.. တချိန်ကတော့ သူဆိုင်မသိတဲ့ လူမရှိဘူး… သူကြီးပွားတိုးတက်လာပုံကိုတော့ နောက်ပို့စ်တွေမှာ ရေးတော့မယ်.. အခုရေးချင်တဲ့ အကြောင်းလေး ပျောက်သွားမှာစိုးလို့.. လက်ဖက်ရည်ဆိုင်မှာ ဝင်လုပ်တဲ့ မောင်စိုး ဆိုတဲ့ ကောင်လေး က ဗမာတွေ ရှေးရိုးရာ မပျက် […]


ဆူးOctober 17, 20101min86829
မြန်မာ တွေ နတ်ကိုးကွယ်မှုတွေ ရှိနေကြတာတွေတော့ သိကြမှာပါ။ ရိုးရာ အစဉ် အဆက် ကြောက်ရွံ့မှုတွေ ကြောင့် ကိုးကွယ်နေကြပါတယ်။ အဘွားအိမ်မှာ ဖြစ်ခဲ့တဲ့ ဟာသလေး တခုပါ။ အဘွားက ဗမာစစ်စစ် မိရိုးဖလာ ကိုးကွယ်မှုတွေ ရှိနေတယ် အဲဒီထဲမှာ မနှဲလေး လည်းပါသပေါ့.. မနှဲလေးက ကလေးနတ် ဆိုတာ လူတိုင်းသိကြမှာပေါ့။ မနှဲလေး ကိုးကွယ်တဲ့ အိမ်ကို ဧည့်သည်အဖြစ် ယောကျားလေး ငယ်ငယ်လေး တွေ အိမ်ကိုလာကြရင် မနှဲလေးက အသည်းယားလို့ ဆိုလား ဘာလား လိုက်ဆိတ်တယ်လို့ ပြောတယ်။ ဘယ်ကို ဆိတ်လဲတော့ မသိဘူး ကလေး ဆိုတာ ငိုတာဘဲ တတ်တဲ့ အရွယ်လေးတွေ ဆိုတော့.. ဘယ်နား နာတယ် မပြောဘူး။ ဆိတ်တယ်လို့ ပြောတာက […]


ဆူးOctober 17, 20101min31010
အနောက်တိုင်း ရုပ်ရှင်တွေမှာ ဆင်ဆာ ဆိုတာ ရှိသလားဟင်.. မြန်မာပြည်မှာ လို အဖော် အချွှတ်တွေ ဆင်ဆာ လုပ်တာမျိုး… ဘာညာကွိကွ ဆင်ဆာ လုပ်တာမျိုး ကော ရှိလား အဲဒါလေး သိချင်တယ်.. အဖော်အချှတ်ကတော့ ဆင်ဆာ မရှိဘူးထင်ပါတယ် ရုပ်ရှင်တွေမှာ ပါနေတာ အထူးအလေးပေးထားတာတွေ ရှိနေတာဘဲ ဆိုတော့.. ပထမ ပြောတာ ဥပမာ ကိုပြောတာပါ ကိုယ်နဲ့ လက်လှမ်းမှီတဲ့ ဥပမာ ကို ဆွဲထုတ်ပြောတာ.. သိချင်တာကတော့ ဆင်ဆာရှိလား သို့တည်းမဟုတ်.. ကန့်သတ်ချက် တားမြစ်တဲ့ဟာမျိုး ရှိသလား သိချင်ပါတယ်။ တရုတ်ပြည်မှာတော့ ဆင်ဆာ ရှိတယ်လို့ ထင်တယ် avatar ရုပ်ရှင်တောင် ပိတ်တယ်လို့ သတင်းကြားတော့.. သူ့နည်း သူ့ဟန်နဲ့ တားမြစ် ကန့်သတ်ချက် ရှိမယ်ထင်တယ်။ […]


ဆူးOctober 16, 20101min34414
ချယ်ရီတို့ မိသားစုကတော့ ၃ယောက်ပါ။ ကွမ်းခြံကုန်းမှာ နေကြတာ စီးပွားရေး အဆင်မပြေတော့ ၈တန်းမှာဘဲ ကျောင်းနားလိုက်တယ်။ သူငယ်ချင်းတွေက မေးတော့ ငါတို့ အိမ်ကျပ်နေလို့ မပြောဘဲ ကျန်းမာရေးမကောင်းလို့ ပါဆိုပြီး ညာပြောခဲ့တယ်။ အဖေ နဲ့ အမေ ကတော့ သူများတွေလို လယ်တွေ ယာတွေ လုပ်ငန်းတွေ မရှိတော့ ရှိတဲ့ အိမ်လေးကို ရောင်းပြီး မြို့မှာ စီးပွားသွားလုပ်မယ် ဆိုပြီး အိမ်ရောင်းလိုက်တယ်။ ချယ်ရီကတော့ နယ်မှာဘဲ ဦးလေး အဒေါ်အိမ်မှာ ကပ်နေတယ် အဒေါ်က အကျီချုပ်တော့ လက်ချုပ်လိုက်တာတို့ ကူပြီး စက်နင်းပေးတာတို့ လုပ်ပေးတော့ အနေလည်း ချောင်တယ် အလုပ်တွေ သိပ်များရင် အဒေါ်က မုန့်ဖိုးပေးသေးတယ် အဆင်တော့ ပြေတာပေါ့။ အဖေ နဲ့ အမေကတော့ […]


ဆူးOctober 16, 201021min1282
*ကင်ဆာ နှင့် ဒူးရင်းဩဇာ* ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။ ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။ အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့ ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။ အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့ မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့် ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊ သူများတွေသူ့ကိုသေလူလို့ ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ ကင်ဆာနဲ့ ဘဝဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့ နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။ ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့ […]


ဆူးOctober 14, 20103min43631
စင်ပေါ်မှာ အဆိုတော်တွေ မင်္ဂလာပါ လုပ်သလိုဘဲ.. ဓါတ်ပုံရိုက်တဲ့ လူကနေ တဆင့် ကြည့် နေတဲ့ လူတွေ အားလုံးကို မင်္ဂလာပါ လုပ်နေတယ်။ မိဘ မေတ္တာနဲ့ လွမ်းခြုံလို့ အနွေးဓါတ်တွေ ပေးထားတာ.. ဗိုက်ဆာနေတဲ့ ကလေးအတွက် မိဘရဲ့ မပျက်ကွက်တဲ့ မေတ္တာနဲ့ ကျွေးမွေးနေတယ်။ သူလည်း ကလေးတွေ အတွက်ဘဲလား.. အောက်က ငါးကလေးကတော့ တုန်လှုပ်ခြောက်ခြားနေတယ် လို့ ခံစားမိတယ်။ ဒီအကောင်လေး ကြည့်တော့လည်း ငယ်ငယ်က ဒီနေရာ ငါနေရာ ဆိုပြီး ရွယ်တူတွေ အချင်းချင်း နေရာဦးတာကို သတိရမိတယ်။ သေမှာကို မသိရှာဘဲ ခပ်တည်တည် နေနိုင်တာ.. ငှက်ကလေးရဲ့ သေမင်းက အနောက်မှာ တင် ရှိနေတာ.. လူသားတွေလည်း ဒီလိုဘဲ.. ပုံပြင်တွေ ထဲကလို […]


ဆူးOctober 14, 20101min31712
လိမ်တယ် ညာတယ်ဆိုတာကတော့ မကောင်းတဲ့ အလုပ်ပါ. တခါတရံ လိမ်မှ ရတဲ့ အခါတွေ ရှိတယ်.. လိမ်တယ်ဆိုမှတော့ သီလ ကျိုးပြိပေါ့နော်.. ရှိတာမှ ၅ပါးတည်း.. လိမ်လိုက်တော့ ၁ပါးကျိုးသွားကော.. မုသားမပါ လင်္ကာမချော ဆိုတဲ့ စကားတွေ လူတွေ အသည်းထဲ ရင်ထဲ စွဲနေတော့ လိမ်ရတာ လွယ်နေကြတာပေါ့.. ဒီတော့.. ငရဲလည်း မကြီးအောင်.. အကုသိုလ်လည်း မဖြစ်.. လိုရင်းလည်းရောက်အောင် လိမ်မယ်.. စဉ်းစားမိတာလေး ကောက်ရေးလိုက်မယ်.. မဟာမြိုင်တောကြီးထဲမှာ တပါးတည်း သတင်းသုံးနေတဲ့ မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး (ဘွဲ့နာမည် စာလုံးပေါင်းမေ့) အဲဒီ ဆရာတော် ကြီးကို သွားဖူးတဲ့ လူတွေကို ဆုံးမ ဩဝါဒ ပေးတာလေး တင်ပြပေးမယ်။ တခါက အရှင်မဟာ ကဿဖ ကိုယ်တော် […]