ကြောင်လေးJanuary 8, 20121min14411
မှော်ဆရာရဲ့ ဂူ (ယခုကျနော်ရေးသားသော စာထဲမှ မှော်ဆရာသည် ရွာသားမှော်ဆရာမဟုတ်ကြောင်း ကြိုတင်ပြောကြားပါရစေချင့်၊ အဲလေ ခင်ဗျာ့။) သစ်ပင် ပန်းမာလ်များနဲ့အင်မတန်လှပတဲ့ တောအုပ်ကြီးတစ်ခုရှိပါတယ်။ သီးပင်စားပင်များနဲ့ အရိပ်အာဝါသကောင်းမွန်ပြီး ပြောင်၊ဆင်၊ကျားနဲ့ ၊ သမင်၊ဒရယ်၊ချေငယ်၊ဆိုင်၊ဆတ်၊ဖွတ်၊ပဒတ်နဲ့၊ ကျေးငှက် သာရကာ၊ အင်းဆက်ပါမကျန်မှီတင်းနေထိုင်ကြပါတယ်။ သူ့အုပ်စုနဲ့သူ၊ သူ့နေရာ သူ့အစာ၊ မျှတစွာနဲ့ ရှာဖွေ စားသောက်လို့ အင်မတန်ကောင်းသော တောအုပ်ကြီးဖြစ်ပါတယ်။ တနေ့မှာတော့ အလွန်ဆိုးသွမ်းတဲ့ မှော်ဆရာကြီး တစ်ဦးဟာ ထိုတောအုပ်ကိုဘွားကနဲ ရောက်လာပါတယ်။  ရောက်လာပြီးတဲ့အခါ သူ့ရဲ့အစွမ်းနဲ့တောသတ္တဝါတွေ အားလုံးကို ငြိမ်ဝပ် သွားအောင် လုပ်လိုက်ပါတယ်။ ဘယ်ခွေးတစ်ကောင်ကြောင်တစ်မြီးမှ အီး တောင်ကျယ်ကျယ်မပေါက်ရဲပါဘူး။ နားရွက်မလှုပ်ရဲ လက်မထုတ်ရဲပါဘူး။ ပြီးတော့မှော်ဆရာကြီးကပြောပါတယ်။ “ဒီနေ့က စပြီး ဒီတောကြီးကို ငါပိုင်သွားပြီ၊ ဒီတောကြီး ကိုဒါထက် အေးချမ်းသာယာအောင် ငါဆောင်ရွက်မယ်။ဒီတောကြီးကို ဂူကြီးတစ်ခုအဖြစ်ငါဖန်တီးလိုက်မယ်၊မင်းတု့ိတွေဟာ၊ဒီဂူကြီးထဲမှာနေထိုင်ကြရမယ်” […]