mr.dark bloodAugust 11, 20101min24514
အောက်ဖော်ပြပါစာများသည် ကျွန်တော်ကိုယ်တိုင်ဖန်တီးရေးသားထားသည့် စာများမဟုတ်ကြောင်း၊ မေးလ်ထဲသို့ရောက်လာသည့် စာတစ်စောင်ဖြစ်ပြီး မြန်မာအမျိုးသမီးထုအနေဖြင့် သိသင့်သိထိုက်သည်ဟု ယူဆမိခြင်းကြောင့် ထပ်ဆင့်တစ်ဖန် ဖော်ပြရခြင်းဖြစ်ကြောင်း သိစေသောဝ်…….။ သွေးနက် {……ကျွန်တော်တို့ အဖွဲ့အနေနဲ့ အိတ်ချ်အိုင်ဗွီ ကူးစက်မှု လျှော့ချရေး စီမံချက်အနေနဲ့ ကွန်ဒုံးတွေကို အခမဲ့ ဖြန့်ဝေလျှက် ရှိပါတယ်။ အထူးသဖြင့် ကာမဈေးကွက် တည်ရှိနေတဲ့ သီရီမင်္ဂလာဈေး ပါတ်ဝန်းကျင်က ပြည့်တန်ဆာများ၊ ဇိမ်ခေါင်းများ၊ အဆွယ်များ၊ သုံးစွဲသူများကို အဓိက ရည်ရွယ်ပြီး ဖြန့်ဝေ ပေးနေပါတယ်။ သို့ပေမယ့်လည်း အခက်အခဲတွေက ရှိနေဆဲပါ။ ခေါင်းနဲ့ အဆွယ်တွေက ယူကြပါတယ်။ သူတို့ ကိုယ်တိုင်လည်း သုံးကြပါတယ်။ ကစားစရာ ပူဖေါင်းတစ်ခုလို သဘောထားပြီး လေမှုတ်သွင်းပြီးလည်း ဆော့ကြ ပါသေးတယ်။ သုံးစွဲသူ လူတန်းစားကို နှစ်မျိုး ခွဲနိုင်ပါတယ်။ အိမ်ထောင် […]


mr.dark bloodAugust 6, 20107min3876
လူတွေ ပြောပြောနေကြတဲ့ ၁၅၀ဝအချစ်၊၅၂၈အချစ်လို့ ပြောပြောနေကြတာ၊ရေးရေးနေကြတာ မြင်နေကြားနေရပါတယ်။တချို့က သိပေမယ့် တချို့ကတော့ မသိကြပါဘူး။ သိတဲ့သူတစ်ချို့ကျတော့လည်း အကျယ်ကို ဖော်ပြခြင်း မရှိကြပါဘူး။ ဒါကြောင့် အကျယ်ကို သိရအောင် ဖော်ပြလိုက်ရပါတယ်။ ၅၂၈အချစ်ဆိုတာ ဘာလဲ အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်၊ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) (၇)ယောက် တို့ကို ပေါင်းတော့ ၁၂ ရတယ်။အဲဒီ့ ၁၂ ကိုမေတ္တာ(၄)ပါးနဲ့ ထပ်မြှောက်တော့ မူရင်းမေတ္တာ ၄၈ပါး ရတယ်။အဲဒါ့ကို အရပ်(၁၀)မျက်နှာနဲ့ထပ်မြှောက်တော့ ၄၈ဝ ရတယ်။အဲဒါ့ကို မူရင်း မေတ္တာ ၄၈ပါးနဲ့ထပ်ပေါင်းတော့ ၅၂၈ မေတ္တာအပေါင်းရတယ်။ဒါကို ၅၂၈ အချစ်လို့ ခေါ်ဆိုနေကြတာဖြစ်တယ်။ အနောဓိသပုဂ္ဂိုလ်(မရည်ညွှန်းအပ်သော) (၅)ယောက်ဆိုတာ သဗ္ဗေသတ္တာ(အာရုံငါးပါးကို တပ်မက်တဲ့သတ္တဝါ)၊ သဗ္ဗေပါဏာ(ထွက် သက်ဝင်သက်ရှိတဲ့သတ္တဝါ)၊ သဗ္ဗေဘူတာ(ကံကိလေသာတို့မှ ဖြစ်ကုန်သော သတ္တဝါ)၊ သဗ္ဗေပုဂ္ဂလာ(ငရဲနှင့်နိဗ္ဗာန်သို့သွားတတ်သောပုဂ္ဂိုလ်)၊ သဗ္ဗေအတ္တဘာဝပရိယာပန္နာ(ခန္ဓာအတ္တဘောရှိတဲ့သတ္တဝါ)တို့ပဲ ဖြစ်တယ်။ ဩဓိသပုဂိ္ဂုလ်(ရည်ညွှန်းအပ်သော) […]


mr.dark bloodAugust 6, 20101min2409
မာနဋီကာ မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။ မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။ မာနအမျိုးအစား(သုံးမျိုး) မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။သေယျမာန် မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။ ၂။သဒိသမာန် မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။ ၃။ဟိနမာန် မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။ မာနဒီဂရီများ မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။Ordinary Pride ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။ ၂။Super Pride ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။ ၃။Extraordinary ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။ […]


mr.dark bloodAugust 6, 20101min6015
စကားထာ ရှေးမြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံများတွင် စကားထာဝှက်ခြင်းသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။ စကား၏ အနက်အဓိပါယ်ကို ကွယ်ဝှက်ရ် ပုစ္ဆာထုတ်ခြင်းသည် စကားထာဖြစ်သည်။ယင်းသို့ ပုစ္ဆာထုတ်ခြင်းကို စကားထာဝှက် သည်ဟု ခေါ်သည်။မဖြေနိုင်ပါက ပန်ပေးသည်ဟု ခေါ်ဆိုလေ့ရှိသည်။ ပန်းပေးတယ်ဆိုတာ ဘာလဲ ယင်းပန်းပေးခြင်းမှာ အနက်ရှိသည်။ရှေးအခါက စကားထာဝှက်သည်ကို ပန်းဖွက်သည်ဟု ခေါ်ကြသည်။ ရှေးက ညအခါတွင် တစ်ယောက်တည်း ဗိုင်းငင်နေသော မိန်းမပျိုလေးများထံ ယောက်ကျားပျိုများ(သို့)ယောက်ကျားပျို တစ်ယောက်လာရောက်ပြီး တစ်ယောက်၏ စိတ်နေသဘောထား၊ညဏ်ရည်တို့ကို လေ့လာအကဲခတ်ရင်း စကားထာဝှက် လေ့ရှိကြသည်။ဝှက်သူက ဝှက်၊ ဖော်သူက ဖော်ရ် မှန်သွားလျှင် ဝှက်သူက ဖော်သူကို ပန်းတစ်ပွင့်(သို့)ပန်းတစ်ပုံ ပေးရ၏။ မဖော်နိုင်လျှင်လည်း ဖော်သူက ဝှက်သူကို ပန်းပေးရ၏။ယင်းမှ ပန်းပေးခြင်းဆိုသော စကားဖြစ်လာခဲ့ခြင်းဖြစ်သည်။ စကားထာဝှက်ခြင်းသည် မြန်မာလူမျိုးတွင်သာမက တခြားတပါးသောလူမျိုးများနှိုက်လည်းတွေ့ရသည်။ဂရိကဗျာဆရာကြီးဟိုးမားသည် စကားထာတစ်ခုကို မဖြေဆိုနိုင်သဖြင့် စိတ်ထိခိုက်ကာ […]


mr.dark bloodAugust 5, 20101min28613
ရှေးလူတို့ ဆိုခဲ့သည်မှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် ဆံထုံးဖျက်က ကြည့်မကောင်းဟု ဆိုကြသည်။ ထပ်တိုးလာသည့် နောက်တိုးအမှန်တရားတစ်ခုမှာ ကညာဖြူရွ က္ကတိ္ထယ ရူပကောင်းလျက် အကျင့်ဖျက်က မိန်းမပျက်် ဖြစ်တတ်သည်ကို သတိမူရမည်။ ကိုယ့်ကား ကိုယ်မောင်း ပဲခူးရောက်ရောက်၊ကိုယ့်ဂီယာကိုယ်ထိုး စစ်ကိုင်းရောက်ရောက် လုပ်လို့ မရပေ။ပဲခူး၊စစ်ကိုင်းမရောက်ဘဲ စခန်း၊ဆေးရုံရောက်တတ်သည်ကိုလည်း သတိမူရမည်။ခေတ်ကာလတိုးတက်နေသည်မှာ မှန်သည်။ခေတ်နဲ့အညီတိုးတက်အောင် နေထိုင်ရင်း တိုးတက်လာသော ပေါင်တိုစကတ်များသည်ကား ကျွန်တော်တို့ ယဉ်ကျေးမှုနဲ့ အမြင်မတော်သည်ကို ဆင်ခြင်ရမည်။လူမျိုးတစ်မျိုးအဖြစ် အခိုင်အမာအထောက်အထားပြနိုင်သည့်အချက်တစ်ခုမှာ ယဉ်ကျေးမှုရှိခြင်းပင်ဖြစ်သည်။ကျွန်တော်တို့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုကျွန်တော်တို့ကိုယ်တိုင် မဖောက်ဖျက်စေဖို့ တိုက်တွန်းချင်သည်။နို့မဟုတ်ပါက ကိုယ်ဂုဏ်ကိုယ်ဖော်သည့် မသူတော်(၇)ပါးထဲ စာရင်းဝင်သွားလိမ့်မည်။ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါးအကြောင်း စာပေဗဟုသုတနှင့်ရင်းနှီးသူတိုင်း ကြားဖူးကြသည်။ယင်းတို့မှာ အချိန်ကာလတိုက်စားသွားခဲ့သဖြင့် အောက်ပါအတိုင်း ခေတ်နဲ့အညီ တိုးတက်ပြောင်းလဲသွားခဲ့သည်။ ကိုယ်ဂုဏ်ကိုယ်ဖော် မသူတော်(၇)ပါး ၁။ဒူးဖော် ၂။ပေါင်ဖော် ၃။ချက်ဖော် ၄။ရင်ဖော် ၅။ခါးဖော် […]


mr.dark bloodAugust 4, 20102min2565
စာရေးခြင်းသည် ကျွန်တော့်အတွက် ငြိမ်းချမ်း၏။လောဘ၊မောဟ၊ဒေါသနည်း၏။အပူအပင်နည်း၏။ ထို့ကြောင့် စာရေးခြင်းအလုပ်သည် ကျွန်တော့်အား ငြိမ်းချမ်းစေ၏။အကုသိုလ်နည်းစေ၏။ဘဝအား ဖြတ်သန်းရာ တွင်  ပေ့ါပါးလွတ်လပ်စေ၏။သို့သော် စာရေးသက်ကြာလည်သည်နှင့်အမျှ စာရေးသည့်အလုပ်သည် ပေါ့ပေ့ါတန်တန်လုပ်ရ် မရကြောင်း အလေးအနက် သိလာရသည်။ ကျွန်တော်ရေးလိုက်သောစာသည် ပြီးကပြစ်ဖြစ်သွားပါက ချက်ခြင်း Response တက်လာသည်။အရင်ဆုံး အယ်ဒီတာထံမှ  အပြောခံရသည်။နောက် စာဖတ်သူမှ တဆင့် Response တက်လာသည်။ကြိုးကုတ်အားထုတ်လုပ်သည့် စာမူဆိုလျှင်ကား ဖုန်းဖြင့်တစ်သွယ်၊လူဖြင့်တစ်သုံ အကြောင်းကြား အားပေးစကားပြောကြားကြသည်။အမှန်တော့ စာရေးသူတစ်ယောက်အတွက် စာဖတ်ပရိသတ်၏ အားပေးမှုလက်ခုပ်သံသည် အားဆေးတစ်ခွက်မုချပင် ဖြစ်သည်။ သို့သော် ထိုအားဆေးသည် ဖြူစင်မှုအရင်းခံပြီး ရယူဖို့ လိုအပ်သည်။စာဖတ်သူအား မညာရ၊မလိမ်ရ၊မဖြီးရ၊ရမ်းမတုပ်ရချေ။ စာဖတ်သူဆိုသည်မှာ မိမိထက် အသက်၊ဝါ၊အတွေ့အကြုံ၊ပညာကြီးသော်သူလည်း ပါသည်။ငယ်သော်သူလည်း ပါသည်။ထို့ကြောင့် စာဖတ်သူများအား လေးစားရမည်။ငါရေးသည့်စာ ဖတ်ချင်ဖတ်၊မဖတ်ချင်နေသဘောမျိုးဖြင့် မရေးရချေ။ယင်းသို့သော် စည်းမျဉ်း၊စည်းကမ်း၊ဘောင်များသည် Printing Media များတွင် […]