– – – – – ====================== ကျုပ်တို့ရွာရဲ့ အနောက်တံခါးနားမှာ ဖိုးငိုရီ ဆိုတဲ့ အရူးကြီးတစ်ယောက် နေတယ်ခင်ဗျ။ ဒီလူကြီး က အရူးဆိုပေမယ့် အရူးစာတတ်ကြီးလို့ ပြောရမလားပဲ။ သူ့ကိုများ အရူးကြီးလို့ သွားမပြောလိုက်လေနဲ့။ “နင်တို့လည်း ပုထုဇဉ် အရူးတွေပဲ၊ ငါကမှ အရူးမို့ အရူးလို နေသေးတယ်၊ နင်တို့ကမှ အရူးကို အရူးလို့ မသိကြတဲ့ အရူးတွေ” ဆိုပြီး လက်ညှိုးကြီး ငေါက်ငေါက်ထိုးလို့ ဟားတိုက်ပြီး ရီနေတတ်သေးတယ် ခင်ဗျ။ ဒါကြောင့်မို့ အရူး စာတတ်ကြီးလို့ ပြောတာပါ။ ဖိုးငိုရီ ရဲ့ နာမည်အရင်းက ဖိုးခင်အောင်ပါ။ ကျုပ်တို့ရွာက ကာလသားတွေက ဖိုးငိုရီ ဆိုပြီး နာမည်ပြောင် မှည့်ထားပေးကြတာ။ ဒီလို မှည့်ရတာကလည်း အကြောင်းရှိတယ်။ […]