ကျွန်တော် MG ရွာသူားများကို Ko Pchogyi ပြောပြောနေတာနဲ့ တွေ့ဆုံချင်ခဲ့တာကြာခဲ့ပါပြီ ကျွန်တော် ကံကောင်းစွာပဲ ၆-၄-၂၀၁၃ ရက်နေ့မှာ MG ရွာသူားတို့ စုပေါင်းအလှူတစ်ခုရှိတယ်လို့ ကိုချိုကြီး ပြောပါတယ် ကျွန်တော်လိုက်ခဲ့မယ်လို့ ပြောတော့ ကိုချိုကြီးက လိုက်ခဲ့ညီလေး ကိုလည်းသွားမှာပြောတော့ MG ရွာသူားများနဲ့တွေ့ဆုံဖို့ အခွင့်ကြုံခဲ့ပါတယ် Lucky seven စားသောက်ဆိုင်ရောက်တော့ ရွာသူားတွေ ဘယ်သူမှမရောက်သေးဘူးလို့ ကိုချိုကြီးပြောတော့မှ နာရီကြည့်မိတယ် ချိန်းထားတဲ့အချိန်ထက် ကိုက ဆန္ဒစောပြီး တွေ့ချင်ဇောနဲ့ စောစောရောက်နေတာကိုး ဒါနဲ့ပဲစားသောက်ရင်းထိုင်စောင့်နေခဲ့ပါတယ် အဲဒီအချိန်မှာပဲ ကိုချိုကြီးက အတွဲတစ်တွဲတော့ရောက်လာပါပြီပြောတော့ မသိဘဲနဲ့ လိုက်ရှာမိခဲ့တယ် ဟောတွေ့ပါပြီဗျာ ကိနရီ ကိနရာ အလားထင်မှားရတဲ့ Dr AKKO တို့ကိုတွေ့လိုက်ရပါတယ် ခဏနေတော့ ကွမ်းပလုပ်ပလောင်းဝါးနေတဲ့ ကိုရဲစည်ရောက်လာပါတယ် ပြီးတော့မှ ရေးကြီးသုတ်ပြာနဲ့ ရောက်လာတာကတော့ […]


pollenDecember 17, 20121min37441
မီးက ရွာထဲကို ခုမှ စဝင်တဲ့ ရွာသူအသစ်လေးပါ…… ရွာထဲဝင်စ ဖြစ်တဲ့အတွက် ရွာရဲ့အလေ့အထတွေကို မသိသေးပါဘူးရှင်….. ဟောဒီ ရွာကြီးကိုစိတ်ဝင်စားတဲ့အတွက်လေ့လာလိုက်ပါဦးမယ်ရှင်….. လိုအပ်သည်များကိုလည်း လမ်းညွှန်ပြသပေးစေချင်ပါတယ်….  


အဇဋာJuly 4, 20121min33413
ကွမ်းစားခြင်းအနုပညာ ကွမ်းစားခြင်းဟူသည့် အတတ်ပညာတစ်ခုအားအနုပညာမြောက်စေလိုသည့်အတွက်၊ ထို့ပြင် ကွမ်းစားခြင်း၏ အနုအလှများအားလည်း ပြလိုသည့်အတွက် ဤကဲ့သို့ ကွမ်းစားခြင်းကို အနုပညာနှင့်ပေါင်းစပ်ကာ ကွမ်းစားခြင်းအနုပညာဟု နာမည်ကင်ပွန်း တပ်လိုက်ရပေသည်။(စာရေးသူ)   အဖွင့် ဒီနေ့ခေတ်မှာအနုပညာတွေ တော်တော်ပေါများနေလေသည်။ ဤကဲ့သို့ပေါများခေတ်စားနေဘိသည့် အနုပညာများသည် မိတ်ဆွေတို့သိပြီးဖြစ်သည့် အနုပညာသည်တို့၏ လုပ်ငန်းများကို အဓိပ္ပါယ်သက်ရောက်သည်ကား မဟုတ်ရေးချမဟုတ်။ ယနေ့ခေတ်ကြီးအတွင်း ဖြစ်ပျက်လျှက်ရှိသည့် နယ်ပယ်အသီးသီးက ကျော်ခွလာသည့်၊ ကျော်ကြားလာသည့်၊ လူဘောင်သို့ တွင်တွင်ကြီးသွတ်သွင်းခြင်းခံထားရသည့် ပညာရပ်များအားအနုပညာဟူသည့် နာမဝိသေသနကိုထည့်သွင်းလိုက်ပြီးသကာလဘာအနုပညာ၊ ညာအနုပညာစသည်ဖြင့် ရေးကြီးခွင်ကျယ် အနုပညာများများပြားနေသည်မှာကား အထူးပြောဖွယ်ရှိသည်ဟုပင် မထင်။ ယနေ့အချိန်အခါတွင်မှာကား“မည်သည့်ကိစ္စပင်ဖြစ်လင့်ကစားအနုပညာဟူသည့်စကားလုံးကိုတွဲဖက်မြင်ကြရမည်မှာကားသမိုင်းပေးတာဝန်တစ်ရပ်ဟုယုံကြည်ရမည်ဖြစ်ကြောင်း” လည်းကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းတွင် နေ့စဉ်ခေါင်းကြီးအဖြစ်ဖေါ်ပြလျှက်ရှိသည့် နိုင်ငံတော်သမ္မတကြီး၏သဘောထားများတွင် အတိအလင်း ထည့်သွင်းပြောကြားထားပြီး၊ အတိုက်အခံများဘက်မှလည်း အထူးထောက်ခံသည်ကိုလည်းတွေ့ရှိရသည့်အတွက် ထိုကိစ္စအားအထူးပြောဖွယ်ရာမရှိပေ။ ထို့ကြောင့် အနုပညာများသည် “လမ်းဘေးသေးမပေါက်ရ” ဆိုသည့် နံရံရေးစာများနေရာအနှံ့တွေ့ရသကဲ့သို့ နေရာတိုင်း၊ နယ်ပယ်တိုင်းတွင် […]


အဇဋာJune 21, 20121min61526
<ဟိုးမှာမြင်နေရတဲ့ မီးခိုးတလူလူနဲ့ နေရာလေးကို သိပ်သွားချင်နေခဲ့တယ်။ အဲဒီမှာ ဘာတွေ ရှိနေနိုင်လဲ။ အဲဒီနေရာလေးဟာ အဝေးကကြည့်ရတာ ညို့ညို့မှိုင်းမှိုင်းနဲ့။ အဲဒီနေရာ ဟာ ရွာကလေးတစ်ရွာ လို့တော့ ဖြတ်သွားဖြတ်လာရှိဖူးတဲ့ လူတစ်ချို့က ပြောကြတယ်။ အဲဒီရွာကလေး သိပ်သာယာမှာပဲ။ ကျွန်တော်တို့ သိထားဖူးတဲ့ ရွာကလေးတွေရဲ့ ထုံးစံအတိုင်း ရွာသူ/ရွာသားတွေနဲ့ အရမ်းပျော်စရာကောင်းနေမှာပဲ။ ရွာကလူတွေရဲ့ ဒေသိယ ဘာသာစကားတွေကို သင်ယူရင်း အရမ်းပျော်ရွှင်စရာ ကောင်းနေမှာပဲ။ ကျွန်တော် ထင်နေခဲ့မိတယ်။ အရမ်းသာယာလှပတဲ့ ရှုမျှော်ခင်းတွေရဲ့ ဘေးမှာ ချိုချိုသာသာ စကားဝိုင်းဖွဲ့နေကြမယ့် ရွာသူရွာသားတွေ ရှိနေမှာပဲ လို့…။ ကျွန်တော် ထင်နေခဲ့မိတယ်။ ရွာသူ/ရွာသားတွေဟာ ရွာကို ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေကြလိမ့်မယ် လို့။ ရွာအဝင်လမ်းမှာ ဆူးညှောင့်ခလုတ်တွေကို ရွာသူ/ရွာသားတွေက ခုတ်ထွင်ရှင်းလင်း ထားလိမ့်မယ် […]


man powerMarch 3, 20121min13111
ဖတ်တာကြာပေမဲ့ ခုမှ ရေးတဲ့ အတွက် အသစ်ပါ ။ အလွန် အဆဲသန်တဲ့ မိတ်ဆွေ တစ်ဦးနဲ ့ ပါတ်သပ်ပြီး ဒီ ဂေဇာတ်ကို ရင်းနှီးခဲ့ပါတယ် ။ ခုထိတော့ ဘယ် အကြောင်းအရာကို ဦးတည်ပြီး ရေးသားသွားရမလဲ ဆိုတာကို မဆုံးဖြတ် နိုင်သေးတာကြောင့်  အရင်ဆုံး ကိုယ့်ဘာသာကိုယ်  မိတ်ဆက်လိုက်ပါတယ် ။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို  ့ ဂုန်ချွိန် ကျေးရွာ အတွင်းမှာ ရှိတဲ့  OGT PROJECT အတွင်းက အစိတ်အပိုင်း တစ်ခုမှာ  Admin  Manager အဖြစ် လုပ်ကိုင်နေပါတယ် ။ အသက်က ၃၅ နှစ်  ရုပ်ချောပေမဲ့ ဥစ္စာ မပေါတဲ့ လူပြိုကြီးပါ ။ ဒီလောက်ဆို လုံလောက်ပြီ […]