“မမ နင်မုန့်ဈေးတန်းသွားဦးမှာလား” “အေးသွားမယ်၊ ဘာဖြစ်လို့လဲ” “ဒါဆိုငါ့အတွက်မုန့်စိမ်းပေါင်း တစ်ရာဖိုးဝယ်ခဲ့ပါဟယ်” “နင်စောင့်နိုင်ပါ့မလား ငါကကြာဥိီးမှာ တုုံတုံရဲ့” “ဘယ်လောက်တောင်ကြာမှာမို့လဲ” “ငါ ဝိတ်လျှော့ဦးမှာ၊ သိတယ်မလား ကျောင်းလွှတ်ချိန်ဆိုရင် တန်းစီစောင့်ရတာ” “အေးပါ ရပါတယ် ငါထမင်းအရင်စားဦးမှာပဲ” “ဟဲ့မဝေ နင်ဘာဟင်းထဲ့လာသလဲ” “ဘဲကောင်လုံးပေါင်းလေ ..အဟီး…..နင်ကောဘာဟင်းလဲဟဲ့ သီတာ” “ငါက ဆိတ်သားကြော် ဟဲဟဲ” “ဟဲ့ နွယ်နွယ် နဲ့ မနော လာလေ ငါတို့တူတူဝိုင်းစားကြမယ်” အဋ္ဌမတန်းအခန်းတစ်ခုထဲက ချစ်စရာကျောင်းသူလေးတွေရဲ့အသံတွေဟာတစာစာထွက်ပေါ်လာပါတယ်။ နောက်ဖက်တန်းက မောင်မင်းကြီးသား ငပွေငရှုပ်တွေရဲ့အသံ တွေကလည်း ဆူဆူညံညံနဲ့ပေါ့။ “ဟေ့ကောင် ငသစ် ငါအပြင်သွားတုန်း မင်း ငါ့ထမင်းဗူးထဲက ဟင်းနှိုက်စားထားတယ်မလား” “ဘာလဲ ဟေ့ကောင်စည်သူ ငါစားတာမဟုတ်ဘူး ၊မင်း ကြောင်ကြီးကိုမေးကြည့်ပါလား” “ဟာ ဟေ့ကောင်တွေ ငါ့ဖိနပ်တစ်ဖက် ဘယ်ရောက်သွားသလဲ၊ ဘယ်ကောင်ဖွက်ထားသလဲကွ […]