ဒီရက်ပိုင်း ရွာလုံးကျွတ် မွေးနေ့တွေတူနေတဲ့ကိစ္စ တွေ့ရတော့ ၂၀၀၉ တုန်းက အဖြစ်အပျက်လေး သွားသတိရတယ်။ ၂၀၀၉ ခုနှစ် (၄) လပိုင်း၊ (၅) လပိုင်း ဆိုတော့ ၂၀၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။ နောက်ဆုံးနှစ် ပထမနှစ်ဝက် တက်ပြီးလို့ ကျောင်း (၂) လ ပိတ်ထားချိန် နယ်မှာ ပြန်နေဖြစ်တယ်။ အလုပ်မရှိဘဲ မနေတတ်တဲ့သူဆိုတော့ အဲဒီ (၂) လအတွင်းမှာ ကိုးတန်းကလေးတစ်ယောက်ကို စာပြပေးနေတုန်း ခု အာဏာရနေတဲ့ပါတီက အသိတွေက လာပြောတယ်။ data entry လေး လုပ်ပေးပါတဲ့။ သူတို့ပြတာလေးတွေကြည့်တော့ သိပ်မခက်တာနဲ့ပဲ စာသင်ပြီးချိန် ညနေဘက်လေးမှာ အဲဒါလေးတွေ ဖြည့်ပေးတယ်။ ဘယ်လောက်ရလဲတောင် မမှတ်မိတော့ပါဘူး။ အရမ်းလည်း ကြာနေပြီဆိုတော့လေ။ သူတို့က […]