Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရွေးချယ်ရာလမ်း (၈) – ဇာတ်သိမ်း

 

(၂၄)
ကျွန်မက ယုတစ်ယောက်နှင့်သာ အဆက်အသွယ်ရှိတော့သော်လည်း ကိုခန့်နှင့် အဓိကပတ်သက်ခဲ့ဖူးသော ယုထံသို့ သတင်းစကားများက အလိုလိုရောက်လာကြသည်။ ငယ်နှင့် တရားဝင်ချစ်သူဖြစ်နေသော ကိုခန့်က ယုကို ချစ်နေဆဲပါဟု ဆိုလာပြီး အကြိမ်ကြိမ်အခါခါ ဖုန်းဆက်နေသည်ဟု ကြားသိရစဉ်က မျက်နှာပြောင်တိုက်တတ်လွန်းလှသူကို ကျွန်မ ရွံမုန်းခဲ့ရ၏။

“ကလေး ဘာလို့ ငါတို့ကိုလိမ်လဲဆိုတာ ငါသိသွားပြီ”

အရာရာကို ဆက်စပ်တွေးတောပြီး ထွက်လာသော အဖြေတစ်ခုကို ကြားသိရသည့်အခါ အလွန်ပင် အံ့ဩမိခဲ့သည်။ ကိုခန့်ကို ချစ်လွန်းလှသည့် ငယ်က သာယာမှုနှင့်အချစ်စစ်ကို မြင်တတ်ခဲ့ဟန် တူပါသည်။ ယုက ပြန်လက်ခံလိုက်ရုံနှင့် သူချစ်သည့် ကိုခန့်ကို ဆုံးရှုံးရမည်ကို သိနေသည့်အတွက် မိန်းကလေးတစ်ယောက်၏ အရှက်နှင့်ရင်းပြီး ဤကဲ့သို့ လိမ်ညာရဲခဲ့သည့် ငယ့်ကို ကျွန်မတို့ သနားမိပါသည်။ သို့သော် ကျွန်မတို့၏ စေတနာကို စော်ကားရက်လေခြင်းဟူသော အတွေးက ဝင်လာပြန်သော် ကျွန်မတို့ စိတ်နာမိပြန်သည်။ အချစ်ကို ကိုးကွယ်သည့် ငယ်တစ်ယောက် အဆင်ပြေပြေနှင့် ဆက်လျှောက်နိုင်ပါစေ။

(၂၅)
ငယ်နှင့် ကိုခန့်တို့၏ လက်ထပ်ပွဲသတင်းကို ကြားခဲ့ရသည်။ လက်ထပ်ပွဲပြင်ဆင်နေချိန်အထိ သတို့သမီးမဟုတ်သော အခြားမိန်းကလေးတစ်ယောက်ကို အသည်းအသန်ကြွေပြနေသူသည် ကိုခန့်တစ်ယောက်သာ ရှိလိမ့်မည် ထင်ပါသည်။ ကိုယ်ရွေးချယ်ထားသည့်လမ်းပေါ်တွင် ခြေစုံရပ်ရင်း လည်ပြန်လှည့်ကြည့်မိလျှင် အတိတ်သည် မှုန်ဝါးဝါးသာ။ ကျွန်မတို့ကိုစောင့်ကြိုနေသော အနာဂတ်အတွက် ပစ္စုပ္ပာန်သည်သာ လက်တွေ့အကျဆုံးဖြစ်သည်။

“သမီးလေး မွေးတယ်” ဟူသော သတင်းကို ကြားကြားချင်း ကျွန်မတို့ ပြောမိကြသည်ကား “ဒီကောင် ဝဋ်လည်ဦးမယ်..” ဟူ၍။ နွေးထွေးသော မိသားစုဘဝကို လိုချင်လွန်းရှာသည် ကိုခန့်တစ်ယောက် အတော်ပျော်နေမည့်အကြောင်း ကျွန်မတို့ပြောဖြစ်ကြသည်။ Gtalk တွင်ရော Facebook တွင်ပါ Block ထားသည့်အတွက် ကိုခန့်၏သမီးလေးကို ကျွန်မတို့ မမြင်ဖူးခဲ့ချေ။

“အမှန်တိုင်းပြောရင် သူ့သမီးပုံကို ငါမတွေ့ဖူးချင်ဘူးသိလား… တော်ကြာ ချစ်မိသွားရင် ဘယ်လိုလုပ်မလဲ..”

ယုက ပြောလာတော့ ကျွန်မမှာ ရယ်ရသေးသည်။ ကျွန်မကိုယ်တိုင်လည်း ထိုအတိုင်းပင်ဖြစ်ကြောင်းတော့ ဝန်မခံခဲ့လိုက်ချေ။ ကျွန်မတို့အဖွဲ့၏ ပထမဆုံးသော ကလေးလေးကို ကျွန်မလည်း ချစ်မိသွားမှာ သေချာပါသည်။

(၂၆)
“ကိုခန့် အိမ်ထောင်ရေး အဆင်မပြေဘူး… နင်လည်း နည်းနည်းပြောပေးပါဦး..”

ကျွန်မ ငြင်းခဲ့ပါသည်။ ကျွန်မ၏ ပယောဂမပါဘဲ ဖြစ်တည်ခဲ့သော အိမ်ထောင်ရေးနှင့် ပတ်သက်၍ မည့်သည့်မှတ်ချက်မျိုးကိုမှ ကျွန်မ မပေးလိုပါ။ အထူးသဖြင့် ကျွန်မရင်ထဲက ဖယ်ထုတ်ထားပြီးသူများနှင့် စကားပြောရန်ပင် ကျွန်မဝန်လေးမိသည်။ သို့သော် ကျွန်မသိချင်သည်က ယု၏ တုံ့ပြန်မှုပင်။

“ငါ သိတယ် မွန်.. ဝေယံဖုန်းဆက်ပြီး ပြောပြတယ်… ကလေးက လောင်းကစားလုပ်တယ်တဲ့… အကြွေးတွေလိုက်ရှင်းရတာလည်း များတယ်တဲ့… ဒီတစ်ခါ လုံးဝမနိုင်တော့လို့ အန်တီ့ရဲ့ လက်ကောက်တွေတောင် ချွတ်ပေးလိုက်ရတယ်တဲ့… ကိုခန့်က အရမ်းစိတ်ဆိုးနေတယ်လို့ ပြောတယ်.. ကလေးက အခု သူ့အမေအိမ်မှာ ပြန်နေတယ်.. သမီးလေးကတော့ အန်တီရယ်..ကိုခန့်ရယ်နဲ့ နေတယ်တဲ့… နောက် ကိုခန့်လည်း ငါ့ကို ဖုန်းဆက်လာတယ်.. ငါလည်း… ကလေးမျက်နှာကိုကြည့်ဖို့လောက်တော့ ပြောလိုက်ပါတယ်… နင်ရွေးခဲ့တဲ့လမ်းကို နင်ဆက်လျှောက်လို့… ငါတို့က ဘာမှလုပ်ပေးလို့မရဘူးလို့.. ပြောလိုက်တယ်…”

သဘောထားကြီးပေးနိုင်သည့် ယုကို ကျွန်မ ချီးကျူးမိပါသည်။ ကျွန်မကိုယ်ကျွန်မလည်း မေးခွန်းပြန်ထုတ်မိသည်။

“ငါ့စိတ်တွေ ပြောင်းလဲဖို့လိုနေပြီလား…”

(၂၇)
မိုးဖွဲလေးကျနေသည့် ထိုညနေတွင် ကျွန်မ မသိသည့် ဖုန်းနံပါတ်၏ ခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။ ဖုန်းထဲက ရင်းရင်းနှီးနှီး နှုတ်ဆက်လိုက်သံသည် ကျွန်မသိနေသည့် အသံတစ်ခုဖြစ်သည်။ ဇဝေဇဝါဖြစ်နေသည့် ကျွန်မကို သဘောကျစွာရယ်နေပြီး သူ့ကိုယ်သူ မိတ်ဆက်သည်။

“အရမ်းဆိုးတဲ့ နင့်သူငယ်ချင်းဟာ… ငါဘယ်သူလဲ နင်သိလား..”
“ကိုခန့်…”

ကျွန်မ ထအော်တော့ သူကလည်း အော်ရယ်သည်။ ကျွန်မ၏ သူငယ်ချင်းများတွင် လူဆိုးအဖြစ်သတ်မှတ်ထားသူသည် ကိုခန့်တစ်ယောက်သာဖြစ်ကြောင်း ပြောပြတော့ ထပ်ရယ်ပြန်သည်။

“သမီးလေးကို သူ့အမေက ဂရုမစိုက်ဘူးဟ.. ငါက တပ်ထဲက အခန်းမှာနေတယ်.. အိမ်မှာက အမေနဲ့ သူတို့သားအမိနေတယ်… သူမရှိရင်တော့ ငါအိမ်ပြန်ပါတယ်.. “

ကျွန်မ စိတ်မကောင်းပါ။ သို့သော် ကျွန်မတွင်လည်း ဖြေသိမ့်ပေးစရာစကား မရှိချေ။ တိတ်ဆိတ်သွားသောကျွန်မ၏ အသံကို နားထောင်ပြီး သူက ရန်စလေသည်။

“အေးပါဟာ.. နင်လိုအပျိုကြီးက ဒါတွေကို နားမလည်လောက်ပါဘူး..ထားလိုက်ပါတော့…”

(၂၈)
ဇာတ်သိမ်းလှမှ သဘောကျတတ်သည့် ကျွန်မအတွက် သည်ဇာတ်သိမ်းက လှမလှ သေချာမခွဲခြားတတ်ခဲ့ပါ။ လေးနှစ်ကျော်ဟူသော အချိန်ကာလသည် ကျွန်မတု့ိအားလုံးကို ပြောင်းလဲစေခဲ့သည်။ ကိုယ့်ရပ်တည်ချက်နှင့် ကိုယ်တိုင်ရွေးချယ်ခဲ့သောလမ်းပေါ်တွင် လျှောက်နေကြရင်း တစ်ခါတစ်ရံ တွေ့ဆုံလိုက်၊ တစ်ခါတစ်ရံ ဝေးကွာလိုက်နှင့် ဘဝကို အသားကျစွာ ဖြတ်သန်းနေကြသည်။ ဘယ်တော့မှ ပြန်မရနိုင်တော့မည့် ပျော်စရာအချိန်များကို ခပ်ဝါးဝါးပြန်တမ်းတရင်း နာကျင်စရာများကို မေ့ပစ်ခဲ့ကြသူများလည်း ရှိသည်။ နာကျင်စရာများကို အမှတ်ရရင်း နာကျည်းမှုကို မွေးမြူနေကြသူများလည်း ရှိသည်။ အမှားများကို သင်ခန်းစာယူရင်း အမှန်တရားကို ရှာဖွေခဲ့ကြသူများလည်း ရှိသည်။ မှားမှန်းသိသိနှင့် အမှားထဲတွင်ပျော်ရင်း ဆက်လက်မှားယွင်းနေသူများလည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ ဘဝတစ်ခု မကုန်ဆုံးမချင်း လမ်းများစွာကို ဆက်လက်လျှောက်လှမ်းရပေဦးမည်။ လမ်းများစွာကို ထပ်မံရွေးချယ်ရပေဦးမည်။ မှန်ကန်စွာ ရွေးချယ်လျှောက်လှမ်းနိုင်စေရန် မျှော်လင့်မိပါတော့သည်။

45 comments

  • အဟမ်း..
    ဇာတ်သိမ်းပါပြီ..
    ဇာတ်လမ်းဆုံးမှမန့်မည် ဆိုသူများကို မှတ်ထားပါသည်…
    မမန့်လျှင် ရွာကို မီးနှင့် ရှို့ပါမည်…

    ပုံ
    မင်းရဲကျော်စွာဗိုလ်မွန်မွန်

  • ကေဇီ

    October 14, 2014 at 5:50 pm

    မကောင်းးဘူးး!!!
    ယောကျာင်္းတွေ ရော မိန်းးမတွေရော ကောင်းးဘူးး
    မုန်းးတယ်…!!!

    😥

    • ကေဇီ

      October 14, 2014 at 5:56 pm

      ဝေးးးးးးးးးးးးးးးသွားဖို့ …
      မျက်နှာလွှဲကျောခိုင်းလိုက်စရာမလိုဘူး …
      အဆိပ်လူးသော စကားလုံးတွေမလိုဘူး …
      မခွဲနိုင် မခွာရက် မျက်ရည်စက်တွေမလိုဘူး …
      ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးတွေကို အပြီးတိုင်လွှတ်လိုက်စရာမလိုဘူး …
      Wish you all the best ဆိုတဲ့ အနာဂတ်အတွက် ဆုတောင်းမေတ္တာတွေမလိုဘူး …

      တကယ်တော့
      လူနှစ်ယောက်ဝေးကွာဖို့အတွက်
      ရုပ်ဝတ္ထုဆိုင်ရာ အကြောင်းပြချက်တွေထက် …
      အေးစက်စက်နေနိုင်တဲ့ ခံစားချက်တစ်ချို့ရယ် …
      အကြောင်းတိုက်ဆိုင်မှုနဲ့ သတိရစိတ်ကို ချိုးနှိမ်နိုင်စွမ်းရယ် …
      နောက်ပြီး ကိုယ့်အရှုံးရဲ့ အရောင်အဝါတွေကို ပြန်ပြီးမတောက်ပစေချင်တဲ့ မာနစိတ်ရယ် …
      ဒီလောက်ပဲ လိုတယ် …

      Goodbye!

      ‪#‎SoeThuRa‬
      (14-10-2014)

      From Kaung Kin Pyar’s FB Wall

      😥

      • Kaung Kin Pyar

        October 15, 2014 at 1:19 pm

        သဘောကျလို့ ကူးတင်ထားတာ….
        တကယ်လဲ ဟုတ်တယ်လို့တွေးမိတယ်…
        အေးစက်ခြင်းက…တရားဝင်ပြတ်စဲတယ်ဆိုတဲ့စကားထက်…ပိုမသေမရှင် ဖြစ်စေတယ်…
        စိတ်နှစ်မိလေ…ခံရလေ..

        • ကေဇီ

          October 15, 2014 at 1:23 pm

          တိုက်ရိုက် အချိုး တင်ဖူးပါတယ်။
          တစ်ယောက်တည်းဘက်က ချစ်ရုံ နှစ်ရုံနဲ့ ရတဲ့ ကိစ္စထဲမှာ အချစ်ရေးမပါဘူးး
          :a:

  • ခင် ခ

    October 14, 2014 at 5:56 pm

    ထင်တော့ထင်သား အပျိုကြီး တစ်ကိုယ်တည်းနဲ့တော့ ဇာတ်ဆုံးအုံးမလားလို့။ အခုတော့…..။
    ဝေ့ ဝှက် ပတ် လှည့် တွန့် ကောက် ဒီလောက်အရှည်ကြီး အပျိုကြီးစတိုင် ရေးလာနိုင်တာကိုတော့ ချီးမွှမ်းပါတယ်နော်။
    အဲမေ့လို့ ရေးသူကလည်း အပျိုကြီးများလားမှ မသိ ဟိဟိ။

  • မွသဲ ( 17082011 )

    October 14, 2014 at 8:02 pm

    အင်းးးးးးးးးးးးးးမိန်းကလေးတွေရဲ့အချစ်ကို တန်ဖိုးမထားသူအတွက် သူနဲ့ထိုက်တန်တဲ့မိန်းမရတယ်လို့ပဲမှတ်ပါတယ်။ တစုတစည်းထဲဖတ်လိုက်မှပဲ အားရပါးရရှိတော့တယ်။ ကိုင်းကိုင်းစုမန့်ပီနော် :mrgreen:

  • အလင်းဆက်

    October 15, 2014 at 1:15 am

    မှန်တာတွေ မှားတာတွေကို ကြိုတွေးလွန်းရင်
    နီလျှောက်တဲ့လမ်းက အပျိုကြီးတို့သွားရာလမ်းပဲ ဖြစ်တော့မယ်။

    ဒီတော့ လျှောက်စမ်းပါဟာ
    လမ်းနဲ့ ခြေထောက်ရှိဖို့က အဓိကပါ။
    လမ်းပျောက်ရင် ဖောက်
    လမ်းမှားရင် ကွေ ့
    တနေ့နေ့တော့ ရွာရောက်မယ်

    :k:

    မေ့တော့မလို့
    အစကနေ အဆုံးထိ တိတ်တိတ်လေး ဖတ်လာတာပါ
    အခုမှ မဖတ်ဘူးထင်မှာစိုးလို့ ကိုယ်ယောင်ထွက်ပြတာ သယ်ရင်း
    :kwi:

  • ကေဇီ

    October 15, 2014 at 8:28 am

    မနေ့က အေးဆေးမပြောလိုက်ရလို့။
    :k:

    ကိုခန့်က ယု အတွက် အပြောတစ်မျိုး လုပ်ရပ်တစ်မျိုး ဖြစ်တဲ့ ယောင်္ကျား ဗလောင်းဗလဲအမျိုးအစားပဲ။
    စိတ်နှစ်ပြီး ချစ်တတ်တဲ့ မိန်းမတွေနဲ့ မသင့်တော်ဘူးးး
    နည်းမျိုးစုံ ဖျားယောင်းတတ်တဲ့ မိန်းမတွေ တစ်ယောက် တစ်ဟုတ်တစ်ယောက်လက် ကျဆင်းမဲ့ အမျိုးအစားမို့ ယု အတွက် အရမ်း ကံကောင်းတယ်။

    ကိုခန့် အတွက်ကတော့ တန်ရာ တန်ရာ ရတာပေါ့။
    သူ့ကိုယ်သူ ဘာလိုချင်မှန်းလည်းမသိ ….
    လိုချင်တာကို ရအောင် မနေတတ်လို့ သနား စရာမကောင်းးး….
    စိတ်ဓာတ်မပြတ်သားတဲ့ စကား မတည်တဲ့ အမျိုးသားမျိုး အင်မတန် ချဉ်တယ် ကွီ။
    👿
    ဒါမဲ့ ဒီ ခေတ်ကြီး အမျိုးသား တော်တော်များများ ဒီ အတိုင်းပဲ။
    လက်သာတဲ့ နောက်လိုက်ကြတာ။
    (ကျုပ် မောင်ဂလေး အံ မပါ ဘူးလို့ ခုထိ ယုံကြည်နေသေးတယ်) :mrgreenn:

    ငယ်ကတော့ သူမှ လိုချင်လို့ နည်းမျိုးစုံသုံး ရထားတဲ့ ယောင်္ကျားဆိုတော့ သူ့ အတွက်က နာစရာမရှိ။
    သူက တန်တယ် ပြောရမယ်။
    ပြီးတော့ သူလုပ်ချင်တာလုပ်ရတာ။
    :kwi:

    • ဟုတ်​တယ်​ အစ်​မရဲ့.. အချိန်​​တွေ သိပ်​မ​စောင်​့လိုက်​ရဘဲ ဇာတ်​သိမ်​းကို သိခဲ့ရတာ ကံ​ကောင်​းတယ်​ ဆိုရမလား.. ဒီလို​ယောကျ်​ားမျိုး​တွေ ဒီလိုဖြစ်​တတ်​ပါလား​ပေါ့…

      အံအံက​တော့ အခုထိအချိုး​ပြေဆဲ :k:

  • manawphyulay

    October 15, 2014 at 9:19 am

    အမယ် ဘာလို့ ဇာတ်သိမ်းတာလဲ။ သိမ်းလို့မှမရသေးတာကိုလေ။ မွန်နော် မွန့်ဇာတ်လမ်းရှိသေးတယ်လေ… ဆက်ပါဦး။ စောင့်မျှော်ဖတ်ရှုလျက်ပါ…

    • လုံမလေးမွန်မွန်

      October 15, 2014 at 10:39 am

      သာမီးဇာတ်​လမ်​းက ကိုကိုအံနဲ့ ဆက်​ရမှာ.. ​နောက်​တစ်​ပုဒ်​မှ ဆက်​​တော့မယ်​​နော်​.. 🙂

  • တောင်ပေါ်သား

    October 15, 2014 at 10:04 am

    ( ကေဇီ = ဒါမဲ့ ဒီ ခေတ်ကြီး အမျိုးသား တော်တော်များများ ဒီ အတိုင်းပဲ။
    လက်သာတဲ့ နောက်လိုက်ကြတာ။ )

    အမယ်လေး ခင်ညားတို့ မိန်းကလေးတွေထဲမှာကော လက်သာတဲ့နောက် မလိုက်သူ မရှိဘူး ထင်နေလား ၊

    ဟင်း ဟင်း ရေးပြဦးမယ် ၊ 🙁

    • ကေဇီ

      October 15, 2014 at 11:06 am

      အကိုကြီးကိုလည်း ချစ်တယ်။
      ဒါပေမဲ့ ကိုကိုချစ်ကိုလည်း သစ္စာမဖောက်ချင်ဘူးး

      ပုံ/ မမြဝင်း

      :boss:

      အာ့မိုး
      အာ့မိုးးး

      :k:

      • တောင်ပေါ်သား

        October 15, 2014 at 11:10 am

        နောက်ဆုံးတော့လည်း

        ဗိုလ်အောင်ဒင် တစ်ကိုယ်တည်းသာ
        အရူးကြီးပမာ ဖြစ်ခါ ဇာတ်သိမ်း . . . . ပြီ 🙂

  • kyeemite

    October 15, 2014 at 11:52 am

    .အချစ်ဇတ်လမ်းဆိုတော့ အချစ်ကိုယုံကြသူများသာ ဝေဖန်ကြပါလိမ့်မယ်
    .ကျုပ်ကတော့ အချစ်ကို မြဲတယ်လို့သိပ်မယုံသမို့ ဒီဇတ်ထုတ်ကို ဖြစ်ရိုးဖြစ်စဉ်လို့သာမြင်မိတယ် :kwi:

      • ကေဇီ

        October 16, 2014 at 1:19 pm

        မမြဲဘူးးး
        မြဲနေသလောက်မှာ အမြဲ မြဲနေမှာပဲလို့ အမြဲ ထင်နေတတ်တာမျိုးးး

        :k:

  • pooch

    October 15, 2014 at 12:31 pm

    ဟုတ်တယ် တန်ရာတန်ရာရတာပဲ
    ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရတာပဲလေ
    ကိုယ်ဖြစ်ကိုယ်ခံ
    ကောင်းရင်လည်း စံ
    မကောင်းရင်လည်း ခံ :mrgreenn:

  • Mr. MarGa

    October 15, 2014 at 1:32 pm

    ဗီလိန် နေရာက တစ်ယောက်ကိုပဲ
    ကွက်မြင်နေမိတယ်
    ဒါပါပဲ

    • ကေဇီ

      October 15, 2014 at 1:39 pm

      နာ့ မြန်း စောင်း ပြောတာလားးး
      ကျားပေါက် သီချင်း ဆိုပြရမားး
      .
      .
      ကင်မရှေ့ရောက်ရင် အလိုလို ငါ့စိတ်ကြမ်းလာတယ် ရယ်~~~~~

      :k:

      • Mr. MarGa

        October 15, 2014 at 5:38 pm

        ဗီလိန် တော့
        အတော်လုပ်ချင်တယ်လား
        အင်းး
        မမှတ်သေးဘူး ကိုး

  • Wow

    October 15, 2014 at 1:45 pm

    မရဲပဲနဲ့ကျွဲပြဲစီးတယ်ပေါရမလား ကွကိုယ်မဆုံးဖြတ်နိုင်ပဲ လက်သာယာလိုက်ချင်သူများကို အဆုံးကနေဖြတ် အဲလေ ဆုံးဖြတ်ပေးလိုက်ရအောင် အပျိုလေး/အပျိုဂျီးများ…. :mrgreen:

    • ကေဇီ

      October 15, 2014 at 1:48 pm

      အလုပ်အပ်လို့ ရပြီလားဟင်?
      :mrgreenn:

      • Wow

        October 15, 2014 at 1:55 pm

        ဟိုစုံတွဲတောင် ဖြတ်ပလိုက်တာ မြင်မလားးးး :mrgreen:
        ဒါ့ပုံကနေ ဖြတ်ပီး ဘလား လုပ်လိုက်တာ ပေါပါဒယ် :mrgreen:

        • ကေဇီ

          October 15, 2014 at 2:08 pm

          ဒီ စွမ်းဆောင်ရည်တွေ မြင်လို့
          အလုပ် အပ်ဖို့ သေချာသွားပါပြီ

          :kwi:

  • မ " တတ် ပါ့ "

    October 15, 2014 at 3:40 pm

    သူ့လမ်း သူလျှောက်
    ကိုယ့်လမ်း ကိုယ်ဖောက်
    အချိန်တန်တော့ ဒုက္ခကိုထမ်းပိုးရင်း လက်ပြနှုတ်ဆက် မခွဲချင်ပဲလည်း ခွဲရဦးမည်။
    ကျေးဇူးတင်ပါသည်။

  • မြစပဲရိုး

    October 15, 2014 at 5:51 pm

    ဒေါ်လုံမ တို့ လုပ် မှ နောက်ဆုံး လူကြမ်း လဲ သနားစဖွယ် ဖြစ်ရော။
    စကားတစ်စ ကြားဖူး တာ။
    ဘယ်သူပြောလဲ မမှတ်မိတော့။
    လူနှစ်ယောက် ကို ချစ်မိရင် ဒုတိယလူ ကို ရွေးလိုက်ပါတဲ့။
    ဘာလို့လဲ ဆိုတော့ ပထမလူ ကိုသာ တကယ်ချစ်ခဲ့ရင် ဒုတိယလူ ဆိုတာ မရှိဘူး တဲ့။

    ဒီတော့ ကိုခန့် ကလဲ ယု ကို တကယ်မချစ်ပါ။
    မချစ်လို့ သာ နောက် လူ တွေ။ လူတွေ ဆက်လာတာပေါ့။
    ငယ် ကလဲ လောင်းကစားသမား ပီသပါတယ်။
    အချစ် ကို လောင်းကြေးထပ်ပြီး ကိုယ့်အပြင် တစ်ခြားရှိသူ ကို လက်ထပ်ရဲတာ။

    ဒါထက် မွန်မွန် အဆက်ဖြတ်လိုက် တဲ့ ကိုကြီး ရော။
    အိမ်ထောင်ကျ သွားပြီလား။ lol:-)))

    • ကေဇီ

      October 15, 2014 at 5:53 pm

      “if you love two people at the same time, choose the second. Because if you really loved the first one, you wouldn’t have fallen for the second.”
      Quote by Johnny Depp..!!
      :k:

      • မြစပဲရိုး

        October 15, 2014 at 6:00 pm

        ဝုတ်တယ်။ ဝုတ်တယ်။
        အဲဒါဘဲ။
        စွယ်စုံကျမ်း ဒေါ်ဇီဇီ။
        ဦးညွှတ်ပါတယ်။ lol:-))

        • Mr. MarGa

          October 15, 2014 at 6:49 pm

          Johny Depp လို့ ပါတယ်လေ
          တူ မှတ်မိတာ မဆန်း :mrgreenn:

        • ကေဇီ

          October 15, 2014 at 6:52 pm

          အဟီးဟီးးးး
          ရှက်ထာ!!
          😳

          ဟုတ်တယ် အရီးးး
          အာ့ကြောင့်!!!
          :k:

          ဟိုနေ့က နာ တဲ့ တရားကို ဟောတာ ဘယ် ဘုန်းဘုန်းပါလိမ့်??? 🙄
          :kwi:

  • ဆုမြတ်မိုး

    October 16, 2014 at 7:50 am

    ဇတ်လမ်းလေးကောင်းပါတယ်..အဲဒီကလေးကိုရော ၊ အဲဒီယောက်ျားကြီးရော..မုန်းစရာတွေ ။ တိတ်တိတ်လေးအားပေးနေရာကနေ ကိုယ်ထင်လာပြတာပါ 😛

  • surmi

    October 17, 2014 at 9:52 am

    ဘာမှ မပြောတတ်တော့ပါ ။
    သိဖူးသော ဇတ်လမ်းနှင့် အလွန်တူသော်လည်းအနည်းငယ်ကွာပါတယ် ။
    ြ့ပီးတော့ ခေတ်လည်းကွာပါတယ်။
    ထပ်တူကျတဲ့ဖြစ်ရပ်တွေရှိနေတတ်တာပါ

Leave a Reply