ရွေးချယ်ရာလမ်း (၅)
အပိုင်း (၁) – https://myanmargazette.net/204769
အပိုင်း (၂) – https://myanmargazette.net/204809
အပိုင်း (၃) – https://myanmargazette.net/204904
အပိုင်း (၄) – https://myanmargazette.net/204994
(၁၂)
စစ်သားတစ်ယောက်၏ ချစ်သူဖြစ်ရခြင်းသည် အလွန်ပင်မလွယ်ကူလှကြောင်း ကျွန်မသိခဲ့ရသည်။ (စစ်ဆေးတက္ကသိုလ်တက်နေသည့်ကျောင်းသားကို စစ်သားဟုပင် သုံးနှုန်းချင်ပါသည်။) တနင်္ဂနွေ outpass ထွက်သည့်ရက်ကို မျှော်နေရသည်။ ယခုအချိန်ကဲ့သို့ လက်ကိုင်ဖုန်းများမပေါများသေးသည့်အချိန်တွင် သူ့ဘက်က ဆက်လာမည့်ဖုန်းကိုသာ စောင့်ခွင့်ရှိသည်။ သူပေးထားသည့် ဖုန်းနံပါတ်လေးတစ်ခုသည် ကျောင်းဆင်းချိန်ညနေဘက်များတွင် အမြဲတမ်းမအားလပ်ဘဲ ဖြစ်နေတတ်သည်။ သူရှိနေမည့်အချိန်တွင် ဖုန်းလုံးဝမအားခြင်း၊ ဖုန်းဝင်သွားသည့်အချိန်တွင် သူမရှိနေနိုင်ခြင်းတို့သည် ကျွန်မ၏ သည်းခံနိုင်စွမ်းတို့ကို တဖြည်းဖြည်း ထိပါးလာခဲ့သည်။
ထို့အပြင် တနင်္ဂနွေတွေ့ဆုံချိန်များ၌ နောက်ကျမှရောက်လာတတ်သော သူ့ကို ကျွန်မ နားလည်မပေးနိုင်ခဲ့ပါ။ ကြာကြာစိတ်မဆိုးတတ်ခြင်း၊ ခဏတာတွေ့ရသည့်အချိန်များကို တန်ဖိုးထားမိခြင်းတို့ကြောင့်သာ စိတ်လျှော့လိုက်ရသော်လည်း ကျွန်မ၏ အတွေးတွေကတော့ တဖြည်းဖြည်းနှင့် ရှုပ်ထွေးလာခဲ့၏။
“ငါတို့စစ်သားဆိုတာ ကိုယ့်အချိန်ကို ကိုယ်မပိုင်ဘူးဟ…”
ကိုခန့်၏ စကားကို ကျွန်မလက်မခံချင်ပါ။
“နင်က ယုအနားကို ရောက်နေတဲ့အချိန်မှာ သူက ဘာလို့ ငါ့အနားမှာ ရှိမနေရတာလဲ… အချိန်ကို မပိုင်ကြတဲ့သူချင်းအတူတူလေ….”
“သူ့မှာလည်း ကိစ္စရှိလို့ နေမှာပေါ့ဟာ.. ငါနဲ့ တွေ့ခဲ့တယ်.. လာခဲ့မယ်လို့ ပြောတယ်… ဘာလို့ကြာနေတာလဲ မသိဘူး…”
“ငါ မသိချင်တော့ဘူး ကိုခန့်… ငါ စိတ်ကုန်လာပြီ… တစ်လတောင်မပြည့်သေးတဲ့အချိန်မို့ ငါ ကြိုးစားပြီး သည်းခံနေတာ.. ငါလိုချင်တာ ဒီလိုအခြေအနေမျိုး မဟုတ်ဘူး..”
“ရက်ရက်စက်စက်တော့ မလုပ်ပါနဲ့ဟာ.. နင့်အိုပါးက နင့်ကို တကယ်ချစ်တာပါ.. အဲဒါတော့ ငါတို့က အသိဆုံးမို့ပြောတာ… နော်. သူငယ်ချင်း.”
(ကျွန်မက ကျွန်မချစ်သူအစ်ကို့ကို ကွယ်ရာတွင် အိုပါးဟု ခေါ်သည်။ ထိုအခါ သူငယ်ချင်းတွေကလည်း ချစ်စရာကောင်းစွာပင် လိုက်အိုပါးကြလေသည်။)
မည်သို့ပင်ဖြစ်စေ ချစ်သူ့မျက်နှာကို မြင်လိုက်လျှင်တော့ တင်းထားသမျှစိတ်တို့ လျော့ကျသွားစမြဲပင်။ မကြာမီပင် ကျောင်းတွေပိတ်တော့မည်။ အိမ်ပြန်ရတော့မည်။ ချစ်ရသူများနှင့် ခဏတာတွေ့ဆုံရသော အချိန်များကို တန်ဖိုးထားရင်း ပျော်ရွှင်အောင် ကြိုးစားခဲ့ပါသည်။
(၁၃)
ထိုနေ့က ကျွန်မ၏မွေးနေ့ဖြစ်သည်။ မှတ်မှတ်ရရ ကျွန်မတို့နှစ်ယောက်၏ ချစ်သူသက်တမ်း (၁) လပြည့်လည်း ဖြစ်သလို နောက်ဆုံးနှစ်စာမေးပွဲဖြေဆိုရန် (၅) ရက်အလိုဖြစ်သောကြောင့် ကိုယ်ပိုင်စာကြည့်ချိန်အတွက် ကျောင်းတွေပိတ်ထားချိန်လည်း ဖြစ်ပါသည်။ ထို့နေ့အတွက် အမှတ်တရလေးတစ်ခုကို စီစဉ်ထားကြ၏။ ယုဆီက အဖြေရအောင် တောင်းကြမည်ဖြစ်သည်။
မွေးနေ့မတိုင်ခင် တစ်ပတ်လောက်အလိုကပင် ယုကို ကျွန်မ အပူကပ်ထားသည်။
“ငါ့မွေးနေ့အမှတ်တရလေးအနေနဲ့ နင် ကိုခန့်ကို အဖြေပေးလိုက်ပါလား.. ယု…”
“……..”
‘လုပ်ပါဟာ… ငါတို့လည်း အဲဒီနေ့ တစ်လပြည့်မှာ.. နောက်လတွေကျရင် ငါတို့သူငယ်ချင်းတွေ Anniversary ကို အတူတူလုပ်လို့ရတာပေါ့.. ပျော်စရာကြီး…”
နှုတ်ဆိတ်ရင်း ပြုံးနေသော ယုကိုကြည့်ရင်း အခြေအနေကောင်းကြောင်း ခန့်မှန်းမိသည်။ ထို့ကြောင့် ကျွန်မမွေးနေ့တွင် မပျက်မကွက်တွေ့ကြဖို့ မှာကြားရတော့သည်။
outpass ထွက်ရက်မဟုတ်သော ထိုနေ့တွင် ကိုခန့်နှင့်အိုပါးတို့ မည်သို့မည်ပုံအပြင်ထွက်လာကြသည် မသိသော်လည်း ကျွန်မထံသို့ ရောက်လာကြပါသည်။ အတူတူမုန့်စားကြပြီးနောက် လက်ဆောင်သွားဝယ်ကြမည်ဟူသော အကြောင်းပြချက်ဖြင့် လမ်းခွဲကြမည်ဆိုတော့ ယုက မျက်စောင်းထိုး၏။
မည်သို့ပင်ဆိုစေ ကျွန်မ၏မွေးနေ့ဖြစ်သော ထိုနေ့တွင်တော့ သူငယ်ချင်းယု၏ မွေးနေ့လက်ဆောင်အဖြစ် ကျွန်မချစ်သော သူငယ်ချင်းနှစ်ယောက်ကို ချစ်သူအဖြစ် ပျော်ရွှင်စွာ အသိအမှတ်ပြုခဲ့ပါတော့သည်။
(၁၄)
စာမေးပွဲကြီး ပြီးဆုံးသွားပေပြီ။ ကျွန်မလည်း အိမ်ပြန်ရတော့မည်။ အစ်မတစ်ယောက်၏ အလုပ်တွင် CV Form တင်ထားသော်လည်း နယ်တွင်ပဲ စာသင်ရမည်လား၊ ရန်ကုန်တွင်ပဲ အလုပ်လုပ်ရမည်လား၊ ကျွန်မ မဝေခွဲနိုင်သေးပါ။ အမေကိုယ်တိုင်လာခေါ်သော ကျွန်မ၏ အိမ်အပြန်ခရီးတွင် ကျွန်မ၏ ချစ်သူကိုရော၊ သူငယ်ချင်းများကိုပါ မနှုတ်ဆက်နိုင်ခဲ့ခြင်းအတွက် ကျွန်မ စိတ်မကောင်းဖြစ်မိသည်။ ဆက်သွယ်ရေးခက်ခဲသော ကျွန်မတို့နှစ်ယောက်၏ ပတ်သက်မှုသည် မည်သို့ဆက်ဖြစ်မည်နည်း။ ကျွန်မကိုယ်တိုင်လည်း မခန့်မှန်းနိုင်ခဲ့ပါ။
နယ်မှာရှိနေသောရက်များတွင် ချစ်သူဆက်သော ဖုန်းများကို အမေ့အရိပ်အခြေကြည့်ရင်း ပြောရသည်မှာ အနည်းငယ်တော့ ခက်ခဲပါသည်။ စစ်သားဖြစ်နေသည့်သူ့ကို အမေသဘောမကျသည့်အကြောင်း ကျွန်မသူ့ကို မပြောရက်ပါ။ ဘယ်အချိန်တွင် ပြန်တွေ့ရမည်ကို မသေချာဘဲ ကျွန်မကိုလွမ်းနေမည့်သူ့ကို ထပ်မံမနာကျင်စေချင်မိသည်မှာ ကျွန်မ၏ မေတ္တာသာ ဖြစ်ပါလိမ့်မည်။
(၁၅)
ကံကောင်းခြင်းတို့ ရောက်ရှိလာပါသည်။ တစ်လအကြာတွင် ရန်ကုန်က အစ်မက အလုပ်အတွက် အင်တာဗျူးလာဖြေရန် ဆက်သွယ်လာခဲ့သလို အမေကလည်း ကျွန်မဘဝတိုးတက်ရေးအတွက် ရန်ကုန်တွင်ပဲ အလုပ်လုပ်ရန် ခွင့်ပြုလိုက်လေသည်။ ကျွန်မ၏ ရန်ကုန်အပြန်လမ်းသည် ပျော်ရွှင်မှုအပြည့်ဖြင့် လန်းဆန်းတက်ကြွနေခဲ့သည်က အမှန်ပင်။
သို့သော် အရာရာတိုင်းသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာတတ်ကြပေ။ လုပ်ငန်းခွင်သည် ကျွန်မ၏ မျှော်လင့်ချက်တို့ကို ဖျက်ဆီးပစ်လိုက်သည်။ အစကတည်းကပင် ဆက်သွယ်ရေးခက်ခဲလှသော ကျွန်မတို့နှစ်ယောက်သည် လုပ်ငန်းခွင်ဝင်သည့်အချိန်တွင် ပိုမိုဝေးကွာသွားကြသည်။ တနင်္ဂနွေတစ်ရက် တွေ့ဖြစ်ဖို့ကိုပင် ဆက်သွယ်၍ မရခဲ့ခြင်းသည် ကျွန်မ၏ စိတ်ကုန်မှုတို့ကို ပိုမိုကြီးထွားလာစေသည်။ မဖြစ်နိုင်သည့်အရာကို မရရအောင် ဇွတ်လုပ်တတ်သော ကျွန်မ၏ အကျင့်ကြောင့် နောက်ဆုံးတွင် တနင်္ဂနွေတစ်ရက်တွေ့ကြရန် ချိန်းဆိုမှုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ ကျွန်မတို့သူငယ်ချင်းတစ်ဖွဲ့လုံး တွေ့နေကြနေရင် ပြန်ဆုံကြမည်။ တစ်လကျော်ကြာအောင် မတွေ့ခဲ့ရသော သူ့ကို ကျွန်မလွမ်းလှပါပြီ။
ညနေ (၃) နာရီတိုင်အောင် သူရောက်မလာခဲ့ပါ။ “အကြောင်းတစ်ခုခုရှိလို့ နေမှာပါ” ဟူသော သူငယ်ချင်းများ၏ စကားသံသည် ကျွန်မ၏ ဒေါသတို့ကို ပြေလျော့နိုင်စွမ်းမရှိချေ။ စိတ်ကုန်နေသည့်အခြေအနေတွင် ဒေါသတို့ထပ်ပေါင်းလိုက်သောအခါ ကျွန်မ၏ ခြေလှမ်းတို့သည် သူ့ကျောင်းသို့ ဦးတည်သွားတော့သည်။
“အမေနဲ့ရန်ဖြစ်ထားလို့… စိတ်ညစ်ပြီး အိပ်နေမိတာ…”
“ဒီလောက်ကြာအောင် မတွေ့ဘဲနေရတာ သတိမရဘူးလား… ချစ်သေးတာရော ဟုတ်ရဲ့လားဟင်…”
“ချစ်တယ်ဆိုတာ ခဏခဏပြောရင် ရိုးသွားတတ်တယ် ညီမလေးရဲ့…”
ထိုစကားတစ်ခွန်းသည် မျှင်မျှင်လေးကျန်နေသော ကျွန်မ၏သံယောဇဉ်ကြိုးကို ဖြတ်ပစ်လိုက်ရန်အတွက် လုံလောက်သွားပြီဖြစ်ပါသည်။ အရာရာအားလုံးကို သေချာစဉ်းစားပြီးနောက် ထိုနှစ်၏ ချစ်သူများနေ့တွင် ကျွန်မသူ့ကို လမ်းခွဲခဲ့ပါသည်။
“ကျွန်မတစ်ယောက်တည်းပဲ နေချင်တော့လို့ပါ အစ်ကို.. အရာရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်..”
15 comments
Myo Thant
September 30, 2014 at 4:54 pm
ဟောဗျာ …………………………………
ကေဇီ
September 30, 2014 at 4:55 pm
Omg..!
:b:
I will be back for some comments.
Mr. MarGa
September 30, 2014 at 5:33 pm
အင်းးး
မှတ်ချက် မချချင်သေးဘူးဗျို့
ကေဇီ
September 30, 2014 at 6:58 pm
အဟက်!!
အမျိုးသားများရယ်
သူတို့တကယ် လုပ်ချင်ဖြစ်ချင်တဲ့ ကိစ္စမှာ ဘယ်သူမှ တားလို့မရဘူးရယ်။
မဖြစ်နိုင်ဘူးလို့ အကြောင်းပြချက်ပေးနေသ၍က မလုပ်ချင်တဲ့ ကိစ္စမို့သာမှတ်။
ခွေအိပ်နေရလောက်အောင် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စမဟုတ်ဘူးလို့ မြင်လို့
မကြီး ရဲ့ ဆုံးဖြတ်ချက်ကို မှန်တယ်လို့ သတ်မှတ်တယ်။
ငိငိငိ။
:k:
sorrow
October 1, 2014 at 1:02 pm
….မျက်နှာကိုဘေးတစောင်းမကျတကျရိုက်ပြီး..အလှပါဝါလျော့ထားတဲ့အစ်မကြီး..
..မဟာပုရိသများကိုမထိခိုက်ပဲ ကော်မန့်ပေးတတ်ဘူးရား.
… အဲ့ကြောင့်အရှေ့တောင်အာရှက အချစ်တတ်ဆုံးအမျိုးသားတွေနဲ့မတည့်တာ…အငိငိ
Crystalline
October 1, 2014 at 7:16 am
စဆုံးပြီးမှဖတ်မယ်နော်.. အာ့လာပြောတာ :mrgreenn:
ခင် ခ
October 1, 2014 at 9:30 am
အခန်းဆက်ကိုတော့ လိုက်ဖတ်ဖြစ်တယ်နော်။ အဆုံးသတ်မှ ဝေဖန်ရေး လေကန်ရေး လုပ်မယ်ဗျ။
sorrow
October 1, 2014 at 9:31 am
..ယုရယ်….ဒီကချင်နဲ့သာတွေ့ရင် ဒါမိုးကြုံမှာမဟုတ်….. တယ်လေ..မိုက်တယ်ကွယ်…အဟိဟိ
ကန္နားစီး မိဂီ
October 1, 2014 at 12:34 pm
အော်. …
ယုစ့် ဆိုလို့ ဝင်ဖတ်တာ
ဟုတ်လည်း ဟုတ်ဖူး
:byae:
kyeemite
October 1, 2014 at 1:00 pm
.ကောင်းပါ၏(စိတ်ဖြတ်နိုင်က)
.စစ်သား ဆရာဝန်ဆိုတော့ နောင်သည်းမခံနိုင်စရာတွေတစ်ပုံတပင်ရှိလာနိုင်သည်
.ဟိုသီချင်းလေးသွားသတိရတယ်
.♫♪♫မေရယ်…အထင်တော့မလွဲလိုက်နဲ့အုံး..စာလွှာများမရောက်လာခဲ့ရင်♫♪♫
.♫♪♫ မောင့်ကိုလေမညိုငြင်ပါနဲ့နော်…ကိုယ်တို့စစ်သားဘဝဟာ….ချစ်သူကိုလွမ်းဖို့ရာ
.တစ်ခါတလေအချိန်တော့ မပေးနိုင်ပါ….
:k:
ကေဇီ
October 1, 2014 at 4:26 pm
အဲလာ
ခုခေတ် စစ်ဗိုလ်တွေ ကာရာအိုကီ မှာ
မူးးပြီးး ကောင်မလေးတွေ ကို ဖက်ပြီးးး
ဆိုတဲ့ သီချင်းး ဖြစ်သွားးးဘီ မိုက်မိုက်
:a:
ကေဇီ
October 1, 2014 at 4:31 pm
အချစ်တတ်ဆုံးးး ယောကျႍားးး လို့ ကြွေးးကြော် သံကြားးး ရင် ဝေးးဝေးး ပြေးးကြတော့!!!
အရမ်းးး ချစ်တတ်တာရယ်…
.
.
.
.
.
.
.
.
မိန်းးခေးးးတိုင်းးး ကို…!
:b:
:chee:
manawphyulay
October 1, 2014 at 4:41 pm
ဟောတော့ သိပ်တောင် မကြာသေးဘူး။ အဲဂလိုဖြစ်သွားတာလား။ အိုပါးက လမ်းခွဲတော့ ဘာမှမပြောဘူးလား မွန်… 😆
မြစပဲရိုး
October 1, 2014 at 11:22 pm
ဝေဖန် ဖို့ စော နေသေး တယ်။
ဒီတော့ စောင့်ပြီး ဖတ်ပြီး မှ ပက်ပက်စက်စက် ဗျင်း မယ်။
ဘူသူ့ ကို လို့ ပြောဘူးနော်။
သတိထား ရေး ကောင်မလေး။ lol:-))
pooch
October 2, 2014 at 4:25 pm
Play Boy ထင်ပါ့
အကွက်လှလှ စကားလှလှ အဆင်လှလှ အကုန်တတ်နေတဲ့ပုံ
ဆရာကြီးတော့ ဆရာကြီး ဒါပေမဲ့ စိတ်ပျက်စရာကြီးပဲ :mrgreenn: