“ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” မိုင်တွေထောင်ချီဝေးတဲ့နေရာ တစ်နေရာစီမှာ နေရတဲ့တို့နှစ်ယောက် သဇင်ပန်းတွေပွင့်ချိန်မှာ ဆုံနိုင်လေမလား..ပန်းခရေလေးတွေ အတူတူကောက်နိုင်ပါဦးမလား… သူပန်ပေးတဲ့ပိတောက်ပန်းလေးတွေပန်ဆင်ခွင့်ရနိုင်ပါဦးမလား။ သင်္ကြန်ကျပြီကွယ်..သင်္ကြန်မိုးလည်းမရွာဘူး.. ပိတောက်ပန်းလေးတွေလည်းလှိုင်လှိုင်မတွေ့ရသေးဘုူး..တို့အတွက်တော့သင်္ကြန်ကပျင်းခြောက်ခြောက်နိုင်လှပေမည့် လမ်းထဲကကလေးတွေကတော့ အပူပင်မဲ့ ထုံးစံမပျက် ပျော်ပျော်ကြီး ရေကစားနေကြလေရဲ့။ တို့နှစ်ယောက် ရုပ်မြင်သံကြားကလာတဲ့ ကလေးသင်္ကြန်အကတွေကြည့်ပြီး နောက်ဆုံး ရယ်မောပျော်ရွှင်ခဲ့ကြတာ ၂၀၀၂ ခုနှစ်တုန်းကနော်။ တစ်နှစ်တစ်ခေါက်တော့ ရောက်အောင်လာပါ့မယ်ပြောပြီး နံရံပေါ်ပြက္ခဒိန်တွေမှာသာ ခုနှစ် ဂဏန်းတွေ ပြောင်းကုန်ပေမယ့် သူလာမယ်ဆိုတဲ့သတင်းစကားမကြားရသေးပါလား။ “ဆောင်းမှာခရေ…နွေမှာလည်း သဇင်…မိုးတွင်ပန်းပိတောက် ..အော်..ပွင့်သည့်နောက်နေ့ တို့ပြန်တွေ့ကြစေသား…ဆုတောင်းမှားခဲ့လေသလားအချစ်ရယ်…” (ခံစားချက်နဲ့တထပ်တည်းကျတဲ့ သီချင်းလေးပါ) (သင်္ကြန်ပိတ်ရက်မှာဟိုဟိုဒီဒီရေးထားပြီး မတင်ဖြစ်ခဲ့တဲ့ဟာလေးပါ)။