ကြောင်လေးMarch 18, 20121min16510
နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေ စတင်ရောင်းချနေပါပြီ။ အချို့ဒေသတွေမှာ မတ်လ ၂၈  ရက်နေ့မှ ရောင်းမယ်၊အချို့ဒေသတွေကတော့ ဧပြီ ၅ ရက်နေ့မှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေလည်းအမျိုးမျိုးပေါ်ထွက်နေပါတယ်။ အဲဒါကအရေးမကြီးပါ။ အရေးကြီးတာက ကျေးလက်နေ သူတွေနဲ့ မြို့ကြီးတွေရဲ့ဆင်ခြေဖုန်းမှာ နေသူတွေဟာ ဖုန်းဝယ်တော့မယ်ဆိုရင်     မိမိနေထိုင်ရာ/ အများဆုံးသွားရောက် ပြီး (ဖုန်းနဲ့) အလုပ်လုပ်မည့်နေရာဟာ  ဆက်သွယ်မှု ဧရိယာမိတဲ့နေရာဟုတ်မဟုတ် ကို သေချာသိသူများနဲ့ မေးစမ်းလေ့လာပြီးမှ ဝယ်သင့်ကြပါတယ်။ တချို့ကျေးရွာတွေ ဟာ စီမံကိန်းလျာထားတဲ့ အထဲမှာပါလို့ ရမယ်လို့ သတင်းအသေအချာထွက်ပေါ်နေပေမဲ့ လတ်တလောမရသေးတဲ့ဒေသတွေ ရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အဆင့်လိုက်                      ပထမ၊ဒုတိယ၊ တတိယ စသည်ဖြင့် ခွဲပြီးအကောင်အထည်ဖော်နေတာပါ၊ ဒါကြောင့်မိမိဒေသဟာ လက်ရှိသုံးလို့ရနေပြီလား၊ဘယ်တော့လောက်မှရမှာလဲဆိုတာ ဆက်သွယ်ရေးမှာ အရင်စုံစမ်းသင့်ပါတယ်၊ အဲဒါလဲ ဆက်သွယ်ရေးရဲ့  နယ်ကအဆင့်တွေ သေချာမသိပါဘူး၊ […]