mgwaloneApril 29, 20121min794
မန္တလေးမြို ့ အရှေ ့ပိုင်း အုပ်စက် ရပ်ကွက်ပတ်ဝန်းကျင်တွင် ယနေ့ည မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ည ၁ဝ နာရီ ကျော်ခန့်က စတင်လောင်သည်ဟု ခန့်မှန်းရပြီး ၁ဝ နာရီ ၄၅ ဝန်းကျင်ခန့်တွင် မီးငြိမ်းပြီဟု ကြားသိရသည်။ သို့သော် မီးသတ်ကားများ သွားရောက်နေဆဲဖြစ်ပြီး အစဦးပိုင်းက ထင်ထင်ရှားရှား မြင်ရခဲ့သော မီးရောင် မတွေ့ရတော့ပဲ မီးခိုးဖြူများကိုသာ မြင်ရတော့သည်။ မန္တလေးမြို ့ အနောက်ပြင် ဒေးဝန်းရပ်ကွက်မှ မီးသတ်ကားများပြင် လာရောက်သည်ကို တွေ့ရပါသည်။ အိမ်ခြေ မည်မျှ လောင်ကျွမ်းသည်ကို မသိခဲ့ရပါ။ သို့သော် လူနာတင်ယာဉ်နှင့် နာရေးကူညီမှု အသင်းမှ ယာဉ်တို့ မီးလောင်ရာ နေရာသို့ သွားသည်ကို တွေ့ခဲ့ရပါသည်။ မန္တလေး၏ ထုံးစံအတိုင်း လာရောက်ကြသော ဆိုင်ကယ်များ […]


naungOctober 20, 20111min1648
ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ (၁၅/၁၆.၁၀.၂၀၁၁) လောက်က အမရပူရ ရှမ်းလေးကျွန်းဘက်မှာ လူတစ်ယောက် ရေနစ်သေတယ်လို့ ကြားရပါတယ်။ သေတဲ့သူက မန္တလေး ပြည်သူ့ဆေးရုံက အလုပ်သမား တစ်ယောက်လို့သိရပါတယ်။ မန္တလေး ပြည်သူဆေးရုံက ဆေးရုံအုပ်ကြီး (ဒေါက်တာ ဦးမောင်ဝင်း) က အလုပ်သမားတွေကို အမိန့်ပေးတာလိုလို၊ မေတ္တာရပ်ခံတာလိုလို နဲ့ စနေ၊တနင်္ဂနွေတွေမှာ မြစ်ထဲက နှုံးတွေကို ဆေးရုံမှာ သစ်ပင်စိုက်ဖို့ သယ်ခိုင်းတာ ဟု သိရပါတယ်။ သေဆုံးသူဟာ အဲဒီထဲက အလုပ်သမား တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီရက်က အလုပ်သမား ၁ဝ ယောက်လောက်ကို ဆေးရုံက ကားနဲ့ ရှမ်းလေးကျွန်းဘက်ကို နှုံးသယ်ခိုင်းတယ်လို့ သိရပါတယ်။ အဲဒီထဲက တစ်ယောက်က ရေနစ်သေတာကို ဆေးရုံအုပ်က သူဟာသူ ဖြစ်တာလိုလိုနဲ့ ထားပစ်ခဲ့ခိုင်းတယ်လို့ […]