ko sixJuly 28, 20171min2415
အခန်း – ၁ နောက်ကြောင်းရာဇဝင်ဆိုတာ လူတိုင်းမှာရှိသော အရာသာဖြစ်သည်။ အတိအကျဆိုရလျှင် ရာဇဝင်ဆိုသည်မှာ သမိုင်းအဖြစ်အပျက်များကို မှတ်တမ်း တင်ထားသော အရာသာ ဖြစ်သည်။ သူ့နောက်ကြောင်းမှာကြတော့ …… မှတ်တမ်းရေးထွင်းထားသော အရာမဟုတ်သဖြင့် သမိုင်းဟုခေါ်ဆို၍ မရနိုင်သလို ရာဇဝင်ဟု ခေါ်ဝေါ်ပါက သင့်လျော်မည်မဟုတ်။ ဒါဆို ဘာလဲလို့ မေးစရာရှိလာပြီ။ ဟုတ်သည်။ သူ့နောက်ကြောင်းက မှတ်တမ်းလည်း မရှိပါ။ လူမသိသူမသိနဲ့ ပုံပြင်လေးတစ်ပုဒ် သက်သက်မျှသာ။ ပုံပြင်ဟုဆိုသော်လည်း နားထောင်ကောင်းရုံ သက်သက်မဟုတ်။ ပန်းချီ သီအိုရီသဘောတရားအတိုင်း မတူညီသော အရောင်နှစ်မျိုးပေါင်းစပ်ရေးဖွဲ့လိုက်၍ အသစ်ထပ်ပြီး ဖြစ်ပေါ်လာသော မူလအရောင်တွေနဲ့ ကွဲပြားခြားနားသည့် အရောင်သစ် တစ်မျိုးလိုမျိုး။ မတူညီသော ကံကြမ္မာအခြေအနေနှစ်ခုတို့ ပေါင်းစပ် ရေးဖွဲ့လိုက်၍ ဖြစ်ပေါ်လာသောပုံပြင် အသစ်တစ်ပုဒ် ဖြစ်ပါသည်။ ထိုပုံပြင်အသစ်ကလေးကို ကျွန်တော်က တိတ်တိတ်ကလေးနဲ့ […]


မ ကျွန်တော် မ ကို အရမ်းချစ်တယ် မရယ်။ မ ရဲ့ ယဉ်ကျေးသောအမူအယာတွေက ကျွန်တော့်ကို တမ်းတစေခဲ့တာလား မရယ်။ မ ရဲ့နေပုံထုိုင်ပုံက အေးတိအေးစက်နေတတ်တယ်ဆိုတာ ကျွန်တော် သတိထားမိတာပေါ့။ အဲဒီလို နေတတ်တဲ့ မ ရဲ့ အကျင့်လေးကို ကျွန်တော်နှစ်သက် နေမိတယ်။ တခါတခါ  မ ပြောလိုက်တဲ့ စကားသံက ချိုသာလိုက်တာဗျာ။ မလိုအပ်ပဲ မ မပြောဘူး ဆိုတာကို ကျွန်တော်သိထားတယ်လေ။ ကျွန်တော်သူငယ်ချင်းတွေက  မ  အကြောင်းကို မသိတော့ ပြောကြတာပေါ့  မ က မာနကြီးတစ်ခွဲ သားနဲ့ဆိုတာမျိုး၊ ရေခဲတုံးကတောင် အရှုံးပေးရမယ်ဆိုတာမျိုးတွေပြောကြတယ်။ ဒါပေမယ့် သူတို့ မ ကို ချီးကျူးတာလည်း ရှိသေးတယ် မ ကိုကြည့်လိုက်တိုင်း တစ်ခုခုခံစားမိသလိုရှိတယ်လို့လည်း ပြောကြသေးတယ်။ […]