ကာရန်မဲ့အလွမ်း

မ ကျွန်တော် မ ကို အရမ်းချစ်တယ် မရယ်။ မ ရဲ့ ယဉ်ကျေးသောအမူအယာတွေက
ကျွန်တော့်ကို တမ်းတစေခဲ့တာလား မရယ်။ မ ရဲ့နေပုံထုိုင်ပုံက
အေးတိအေးစက်နေတတ်တယ်ဆိုတာ ကျွန်တော် သတိထားမိတာပေါ့။ အဲဒီလို နေတတ်တဲ့ မ
ရဲ့ အကျင့်လေးကို ကျွန်တော်နှစ်သက် နေမိတယ်။ တခါတခါ  မ ပြောလိုက်တဲ့
စကားသံက ချိုသာလိုက်တာဗျာ။ မလိုအပ်ပဲ မ မပြောဘူး ဆိုတာကို
ကျွန်တော်သိထားတယ်လေ။
ကျွန်တော်သူငယ်ချင်းတွေက  မ  အကြောင်းကို မသိတော့ ပြောကြတာပေါ့  မ က
မာနကြီးတစ်ခွဲ သားနဲ့ဆိုတာမျိုး၊ ရေခဲတုံးကတောင်
အရှုံးပေးရမယ်ဆိုတာမျိုးတွေပြောကြတယ်။ ဒါပေမယ့် သူတို့ မ ကို

ချီးကျူးတာလည်း ရှိသေးတယ် မ ကိုကြည့်လိုက်တိုင်း
တစ်ခုခုခံစားမိသလိုရှိတယ်လို့လည်း ပြောကြသေးတယ်။ ဒါတွေက မ ရဲ့အကြောင်းကို
သူတို့မသိကြသေးလို့ဆိုတာ ကျွန်တော်သိတယ် လေ။
တကယ်တော့  မ က မာနကြီးတာမဟုတ်ပါဘူး ဣန္ဒြေရှိတာပါ။ မ ရဲ့ ကြီးမားသောဣန္ဒြေက
မ ကိုလွှမ်းမိုးခဲ့တာပါ။ အဲဒီဣန္ဒြေကြောင့်လည်း မ ရဲ့ လှတွေတိုးစေခဲ့တာလေ။
မ ရဲ့အလှအပတွေကို တိုးစေခဲ့တာလေ မ ရဲ့အလှကို ငေးမောပြီး ရူးသွပ်ခဲ့ရတာတွေ
ကျွန်တော့ရင်ထဲမှာ အမြဲလို ကိန်းအောင်းနေခဲ့တယ်။ အကယ်၍သာ မ
နှင့်သိခွင့်ရမယ်ဆိုရင် အမှန်အတိုင်း ဝန်ခံရရင် မ နှင့် ကျွန်တော်
မနှင့်မောင်အဖြစ်ရခဲ့မယ်ဆိုရင် ……ဆိုရင် ……..ဆိုတဲ့အိပ်မက်အတွေးတွေ
ကျွန်တော် တွေးနေမိခဲ့တယ်မရယ်။
11 – 5 – 12 နေ့က ကျွန်တော့်ဘဝမှာ အပျော်ဆုံးနေု့လို့
ကျွန်တော့်ဒိုင်ယာယီစာအုပ်လေးမှာ ရေးခဲ့မိတယ်။ အဲဒီနေ့က မ ကျွန်တော့်ကို
အသိအမှတ်ပြုလိုက်တဲ့နေ့လေ။ မ ကတော့ မှတ်မိသေး လားမသိဘူး ကျွန်တော်ကတော့
မေ့လို့မရတဲ့နေ့လေးပါ။ တခါတလေ အမှတ်တမဲ့ဆိုပေမယ့် အမှတ်
တရဖြစ်ခဲ့တယ်ဆိုတာ တကယ်မှန်တာပဲ မရယ်။
ကျွန်တော် အဲဒီနေ့က အဲဒီနေရာလေးမှာ တွေ့ရလိမ့်မယ်ဆိုတာ မထင်ထားဘူးလေ
အဲဒါထက် မ ကျွန်တော့်ကို စကားပြောလိမ့်မယ်လို့ (လုံးဝ) မထင်ထားတာပဲ။
ဟုတ်တယ်လေ။ “လွမ်းဝေဝေ’’ စာအုပ်ဆိုင်ဆိုတာက ကျွန်တော် မကြာမကြာ
ရောက်နေတဲ့ဆိုင် လေ။ မ က ဘယ်က ဘယ်လို ရောက်လာသလဲတော့ မသိဘူး
ကျွန်တော်ဆိုင်ထဲဝင်လာတော့ မ ကိုတွေ့တာပဲ။ မ ကို ကျွန်တော်
တွေ့လျှင်တွေ့ခြင်းရင်တွေခုန်လိုက်တာ ပြောပြဖွယ်မရှိတော့ဘူး မ ရယ်…။
ရုတ်တရက် မ ကျွန်တော့်ကို ခေါ်တော့ ကျွန်တော် ကြောင်သွားတာပေါ့။
ဒါကြောင့်လည်း  မ ခေါ်ဆို ခေါ်ခြင်းကျွန်တော် စကားပြန်မပြောမိတာပေါ့။
ကျွန်တော့်ကို ခေါ်တာလို့တောင် မထင်   ဘူးလေ။ မ    ခေါ်လိုက်တဲ့ စကားကလည်း ….
“ဟိတ်” တဲ့။
ကျွန်တော့်နောက်က လူကိုများခေါ်တာလားဆိုပြီး လှည့်ကြည့်မိတယ်လေ။ နောက်မှ
“မင်းကိုခေါ်တာ’’ လို့ပြောလိုက်မှ  (ဪ…ဟုတ်ကဲ့)
လို့ကျွန်တော်ထူးတာပေါ့။ အဲဒီအချိန်က စပြီး မ
နှင့်ကျွန်တော်စကားတွေပြောဖြစ်ကြတာ ကျွန်တော်မှတ်မိတယ်လေ။ တစ်ယောက်နဲ့တစ်
ယောက် မိတ်ဆက်တော့လည်း မ ကအရက်မိတ်ဆက်တယ်နော်…
(နာမည်ဘယ်လိုခေါ်လဲဟင် – ဒို့နာမည်က ယွန်းဝတီနွယ်ပါ)
ကျွန်တော်သိတာပေါ့ မ ရဲ့အကြောင်းတွေ ကျွန်တော် အစကတည်းက သိထားတယ်လေ။ မ က
အေးအေးနေတတ်သူ၊ အများသူငါ ချစ်ခင်ခံရဆုံးသူ ၊ ယဉ်ကျေးမှု ဣန္ဒြေကို
စောင့်ထိန်းပြီးနေသူ၊ သူငယ်ချင်းတွေကြားမှာ အလေးစားဆုံး ချစ်ခင်၍
လေးစားချစ်ခင်ခံရသူ စတဲ့ ဂုဏ်ပုဒ်တွေ မ ဆီမှာ ရှိနေတယ်ဆိုတာ
ကျွန်တော်သိတာပေါ့။ ဒါပေမယ့် …ကျွန်တော် မ အကြောင်းတွေ မသိထားသလို မ
ကိုပြန်ပြောခဲ့ပါတယ်။
(ဟုတ်ကဲ့ပါ… ကျွန်တော့်နာမည် ထွန်းလင်းဇော်လို့ခေါ်ပါတယ်၊
ခုလိုခင်မင်ခွင့်ရတာ ကျေးဇူးပါပဲ၊ နောက်လည်းတွေ့ရင်ခေါ်ပါနော်)
(ဒါနဲ့…. မောင်ထွန်းလင်းဇော်ကို ယွန်း တွေ့ဖူးသလားလို့၊
ဘယ်မှာတွေ့ဖူးထားတာလည်းမသိဘူး)
ဘယ်မှတ်မိမှာလည်းမရယ်… ကျွန်တော်ကသာ မကို သတိထားပြီးကြည့်နေလို့သာသိတာပါ။
ကျောင်းသားကျောင်းသူတွေပေါများတဲ့ တက္ကသိုလ်နယ်မြေကြီးထဲမှာ ကျွန်တော့်လို
အညတြ သမားကို မ ဘယ်သတိထားပါ့မလဲ။
(ဟုတ်ကဲ့…ကျွန်တော် E  – majour ကပါ၊ ကျွန်တော် မယွန်းဝတီကို သိပါတယ်)
(ဪ…ဟုတ်လား၊ ယွန်းကသတိမထားမိဘူး၊ ခုတောင် မောင်ထွန်းလင်းဇော်ကို
ဘယ်မှာတွေ့ဖူး တာပါလိမ့်ဆိုပြီး စဉ်းစားရတာ၊ စဉ်းစားမရတာနဲ့
နှုတ်ဆက်လိုက်တာ)
(ဒါဆို…ကျွန်တော်ကံကောင်းတာပေါ့နော်)
(ဟင်…ဘာလို့လဲ)
(ဟုတ်တယ်လေ…မယွန်းဝတီနွယ် စဉ်းစားလို့ရရင် ကျွန်တော့်ကို မခေါ်ဘူးလေ၊
အဲဒါဆို ဒီလို ခင်မင်ခွင့်ရမှာ မဟုတ်ဘူး)
(ဪ…ဒါနဲ့ မောင်ထွန်းလင်းဇော်က ဒီဆိုင်မှာ အမြဲတမ်းလာဖြစ်လား)
(အမြဲတမ်းတော့ မဟုတ်ပါဘူး၊ ဒါပေမယ့် မကြာမကြာတော့ လာဖြစ်ပါတယ်၊ မယွန်းဝတီနွယ်က ရော)
(ယွန်းလည်းအတူတူပဲ အမြဲတမ်းမလာဖြစ်ဘူး၊ ပျင်းတဲ့အခါမှသာ လာဖြစ်တာပါ၊
မောင်ထွန်းလင်း ဇော်က စာဖတ်တာ ဝါသနာပါတယ်ထင်တယ်)
(ဟုတ်ကဲ့…ဝါသနာပါတယ်လို့တော့ မဟုတ်ပါဘူး ကျွန်တော်က တစ်ယောက်တည်းနေတာ
များတယ်လေ၊ အဲဒါကြောင့်ပျင်းရင်စာဖတ်တယ်၊ စာရေးတယ်၊ ဒါကကျွန်တော့်
အလုပ်တစ်ခုလို ဖြစ်နေပါပြီ)
(ယွန်းလည်းဝါသနာပါတယ်လို့တော့ မဟုတ်ပါဘူး၊ ပျင်းတဲ့အခါ အကြည်တော်ဝတ္ထုတွေ၊
ဟာသ ဝတ္ထုတွေငှားဖတ်တာလေ၊ မောင်ထွန်းလင်းဇော်လိုတော့ စာမရေးတတ်ဘူး၊
စာပဲဖတ်တတ်တာပါ)
(ကျွန်တော်လည်း ရေးတတ်လို့တော့ မဟုတ်ပါဘူး ၊ ကိုယ့်ခံစားချက်ကို
ဖော်ထုတ်ဖို့ သူငယ်ချင်း မရှိတာနဲ့ ခံစားချက်ကို
ရင်ဖွင့်တဲ့သဘောအနေနဲ့ရေးဖြစ်တာပါ)
(ဘယ်လိုပဲဖြစ်ဖြစ် စာရေးတာကောင်းပါတယ်၊ ယွန်းကတော့အားပေးပါတယ်)
(ဟုတ်ကဲ့ ခုလိုအားပေးစကားကြားရတာ၊ ဝမ်းသာလှပါတယ်ဗျာ၊
မယွန်းဝတီနွယ်ကိုလည်း ကျေးဇူး တင်ပါတယ်)
(အာ…ရပါတယ်)
(ကျွန်တော်…မယွန်းဝတီနွယ်ကို လမ်းမှာတွေ့ရင်ခေါ်လို့ရလားဟင်)
(အာ…ရပါတယ်၊ ယွန်းက ခင်တတ်ပါတယ်၊ တွေ့ရင်ခေါ်နော်…တခါတလေယွန်းက
ပတ်ဝန်းကျင် ကို သိပ်သတိမထားမိဘူး…အဲဒီအခါ မောင်ထွန်းလင်းဇော်ကို
မြင်မှာမဟုတ်ဘူး၊ အဲဒီလိုအခါမျိုးဆို ယွန်းကို ခွင့်လွွှတ်ပေးနော်….)
(ဟုတ်ကဲ့…ရပါတယ်ဗျာ…ကျွန်တော်တွေ့ရင် နှုတ်ဆက်မယ်လေ)
(ဟုတ်…ခေါ်ပါ)
(ဒီလိုနဲ့ ကျွန်တော် မ ကိုခင်မင်ခွင့်ရခဲ့တယ်လေ။ ကျွန်တော်…အဲဒီနေ့က
ပျော်လိုက်ပုံဖြစ်ခြင်း စာအုပ်ဆိုင်က ပြန်တော့
အတွေးပါတဲ့ခြေလှမ်းတွေနဲ့အတူ ပျော်ရွှင်ခြင်းကို ပုံဖော်ခဲ့တယ်လေ။
အဲဒီနေ့ကစပြီး ကျွန်တော် မ ကို စကားပြောခွင့်ရခဲ့တယ်။ မ နှင့်ကျွန်တော်
အတူတူစကားတွေ ပြောဖြစ်ကြပြီး လမ်းလျှောက်ထွက်ခဲ့ကြတယ်။ ကျွန်တော်  မ
နှင့်အတူတူ လမ်းလျှောက်ထွက် တိုင်း ချစ်စရာကောင်းတဲ့ မ ရဲ့ မျက်နှာလေးကို
ကျွန်တော် ခိုးခိုးပြီးကြည့်ခဲ့မိတယ်။ မ ရဲ့ချစ်စရာ မျက်နှာက
ကြည်လင်သန့်ရှင်းပြီး အေးမြခြင်းတွေကို ပုံဖော်နေတယ်လေ။
ဒီလို မ ရဲ့မျက်နှာလေးကို ကြည့်ရတာကို က ကျွန်တော့်အတွက်
ရင်ဖိုစရာတစ်ခုဖြစ်ခဲ့တာပေါ့။ ဪ…  မ ရယ်…ဘာလို့များတည်ငြိမ်ရတာလဲဟင်။
ကျွန်တော် မ ကို သေချာကြည့်လေ ကျွန်တော့်ရင်ထဲမှာ အေးမြလေဖြစ်နေခဲ့တယ် မ
ရယ်။ ကျွန်တော် မ ကို ခိုးခိုးပြီးကြည့်ခဲ့မိတာကို မ
မသိခဲ့လေတာလား…ဒါမှမဟုတ်၊ သိလျှက်နဲ့ တမင်မသိကျိုးပြုခဲ့လေတာလား မ ရယ်… ။
ကျွန်တော့်အတွက် မ က လမင်းကြီးပါ။ တခါတခါပြောလိုက်တဲ့ မ ရဲ့စကားတွေက
ကျွန်တော်ကို အိပ်မက်တွေ မက်စေခဲ့တယ်လေ။
မ ကတည်ငြိမ်တယ်ဆိုတာ ကျွန်တော်သိခဲ့ပေမယ့်၊
အဲဒီလောက်ထိတည်ငြိမ်နေလိမ့်မယ်လို့ မထင်မိဘူး….မ ရယ်…။ တခါတခါမှာ မ ကို
အကျယ်ကြီးအော်ခေါ်ချင်နေမိတယ်…။ ဒါပေမယ့် ခေါ်လို့မဖြစ်ဘူးဆိုတာ သိလေတော့
ကျွန်တော့်ကို ကျွန်တော်ချုပ်တည်းမှုတွေနဲ့ အဆုံးသတ်ခဲ့ရ တယ်လေ။ တခါတခါ
ချုပ်တည်းမှုတွေလွန်ကဲပြီး မညီညာတဲ့စကားလုံးတွေထွက်ခဲ့မိတဲ့ အခါ မ ကို
ကျွန်တော်အားနာလိုက်တာဗျာ။ မ ပေးတဲ့ အခွင့်အရေးကို
ကျွန်တော်အလွဲသုံးစားလုပ်မိမှာလည်း ကျွန်တော် ကြောက်နေမိတယ်။ တခါက
မထင်မှတ်ပဲ ပြောထွက်သွားသော စကားတစ်ခုမကို ပြောလိုက်မိတာ ကျွန်တော်
အတော်လေးကြောက်သွားမိတယ်။ ဒါပေမယ့် မ က နားလည်မိတယ် ထင်ပါရဲ့
ဖော်ရွှေမှုနဲ့ ကျွန်တော့်ကို နှစ်သိမ့်လိုက်တာလေ။
ကျွန်တော်သိတာပေါ့( မ ကတည်ငြိမ်တယ်နော်…)လို့ မထင်မှတ်ပဲ
ပြောထွက်ခဲ့တာကို မက (တကယ်တည်ငြိမ်လို့လား) တဲ့ ဪ… မရယ်… ကျွန်တော် မ
ကို ပြောချင်တာပေါ့ မ က တကယ်တည်ငြိမ်ပါတယ်လို့ ကျွန်တော်ပြောချင်တာပေါ့…။
ဒါပေမယ့် ကျွန်တော် မပြောဖြစ်ခဲ့သလို မ ကလည်း ကျွန်တော့်ကို
ဆက်မမေးတော့ဘူးလေ။ ဒီလိုနဲ့ ကျွန်တော်နဲ့မ အတူတူစကားတွေ ပြောကြ၊
အတူတူလမ်းတွေလျှောက်ကြနဲ့ မမေ့နိုင်စရာပုံရိပ်တွေ ရေးခဲ့ကြတယ်လေ။ တစ
တစနဲ့ ကျွန်တော်နဲ့ မ ရင်းနှီးမှုတွေက သံယောဇဉ်အမျှင်တန်းလေး အဖြစ်
အမြစ်တွယ်စပြုလာခဲ့ပြီ။
မ ကလည်း ကျွန်တော်ကို လာခေါ်သလို ကျွန်တော်ကလည်း မ ကို သွားခေါ်ဖြစ်လေသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ နေ့စဉ်လုပ်နေကြ အလုပ်တစ်ခုက
အင်းလျှားကန်ဘောင်မှာ လမ်းလျှောက်ထွက်ပြီး ခုံတန်းလျှားလေးပေါ်မှာ
စကားတွေပြေဖြစ်ကြတယ်လေ။ တစ်ခါတစ်ခါ ဝေ့တက်လာတဲ့ အင်းလျားကန်ရဲ့
ရေမျက်နှာပြင်ဆီက ကျွန်တော်နှင့်မ နှစ်သက်ခဲ့ကြသည်။ အေး မြခြင်းက လူရဲ့
နှလုံးသားကို ငြိမ်းစေခဲ့တယ် မဟုတ်ပါလား…။  ဒီလိုပါပဲ ကျွန်တော်တို့လို
အေးမြခြင်းကို လိုလားလို့ထင်ပါရဲ့ မနီးမဝေးသော
ခုံတန်းလျှားလေးတွေပေါ်မှာလည်း ကိုယ်စီ ကိုယ်စီထိုင်နေကြလေရဲ့၊ တကယ်တော့
ကျွန်တော် မ ဆိုတဲ့ နာမ်စားတစ်ခုသုံးဖို့အတွက် ခွန်အား တွေမွေးရတာ
အကြိမ်ကြိမ်ပါပဲ… ကြိုးစားတိုင်းလည်း မအောင်မြင်ခဲ့သလို
အောင်မြင်ဖို့လမ်းစ တွေ့ တိုင်းလည်း ကျွန်တော် မပြောခဲ့ပါဘူး…။
ဘာလို့လည်းဆိုတော့ မ ရဲ့ ဂုဏ်သိက္ခာကြောင့်ပါ…။ ကျွန်တော့်အတွက် မ
အထင်မှားသွားမှာ စိုးရိမ်မိတယ်လေ။
ဒီလိုစိုးရိမ်စိတ်တွေနဲ့ ကျွန်တော် မ ကိုမပြောဖြစ်ခဲ့တာပေါ့။ ဒါပေမယ့်
ကျွန်တော် မ ကို မပြောဖြစ် ခဲ့ပေမယ့် ရင်တွင်းမှာ သံယောဇဉ်အမျှင်တွေက
တစ်နေ့တစ်နေ့နဲ့ကြီးမားလာခဲ့သည်။ ဪ…မရယ်၊ မ နဲ့အတူ
စကားတွေထိုင်ပြောခဲ့တာတွေက ကျွန်တော့်ကိုသတိရစေခဲ့တယ်။ လွမ်း စေခဲ့တယ်။
ကျွန်တော် မ နဲ့ စကားပြောနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ကို
မေ့လျှော့နေမိတယ်။ ကျွန်တော့်ရဲ့ စိ်တ်တွေမှာ
ပျော်ရွှင်ခြင်းတွေနဲ့လုံးထွေးနေတယ်လေ…။ ဒီလိုနဲ့ ကျွန်တော်နဲ့မ
နားလည်ခြင်းနိယာ မတွေအောက်မှာ ချစ်သူတွေဘဝရောက်ချင်းမလှရောက်ခဲ့သည်။
တစတစတိုးပွားလာတဲ့ သံယော ဇဉ်တွေကလည်း ကျွန်တော်နဲ့မကို ပိုလွမ်းစရာတွေ
ဖြစ်နေခဲ့တယ်လေ။ မထင်ရင်မထင်သလို ဆုံးမ သွန်သင်ပြတတ်တဲ့ မ
ရဲ့ချစ်စရာပုံရိပ်ကလေးတွေကလည်း ကျွန်တော့်ကို ပိုပျော်စေခဲ့တယ်။
ပတ်ဝန်းကျင်ရဲ့နှောက်ယှက်မှုအောက်မှာ မရဲ့ဣန္ဒြေက
တလွင့်လွင့်ပျံ့လွင့်နေခဲ့တယ်။ မရဲ့ဣန္ဒြေ ကြီးမားမှုကြောင့်လား၊
ချစ်စရာပုံရိပ်ကြောင့်လားမသိ မ ကိုချဉ်းကပ်သူတွေပေါများခဲ့လည်း။ ဒါပေ
မယ့် မ ကကြုံတွေ့လာတဲ့အန္တရာယ်တွေကို ကိုယ်တိုင်အေးဆေးစွာ ဖြေရှင်းမယ်တဲ့။
ကျွန်တော်ဖြင့် ဘေးကနေကြည့်ပြီးရင်တထိတ်ထိတ်နဲ့ မ ရဲ့စကားကို
နားထောင်ခဲ့သည်။ ဪ…မရယ်။ မရဲ့စေတနာ မေတ္တာတွေက ကျွန်တော့်ကို
လွှမ်းမိုးနေမှန်း မ မသိရောနေသလား။ ဒီလိုနဲ့… တရက် တရက်နဲ့ ကျွန်တော်နဲ့မ
ချစ်စရာသံယောဇဉ်အိမ်ကလေးတည်ဆောက်ရင်း တက္ကသိုလ်နယ်မြေက နေ ထွက်ဖို့
အချိန်တွေ စောင့်စားလာခဲ့သည်။
ကံကြမ္မာဆိုတာချည်းက တခါတလေ ဆန်းကြယ်မှုတွေနဲ့ တည်ဆောက်ထားခဲ့လေသလားလို့
အောက်မေ့မိရတယ်။ ကျွန်တော်နဲ့မ တစ်ယောက်ကိုတစ်ယောက်နားလည်ခြင်းတွေနဲ့
ဘဝတစ်ခု ကို တည်ဆောက်ဖို့တိုင်ပင်ထားလေကာမှ မမြင်ရတဲ့ ကံကြမ္မာက
ဝင်ရောက်နှောက်ယှက်ခဲ့လေပြီ ကျွန်တော် မ ကို တန်ဘိုးထားခဲ့သလို မ
ကလည်းကျွန်တော့်ကို တန်ဘိုးထားခဲ့သည်။
အချိန်တန်တော့ အိမ်ပြန်ခဲ့ရတာချဉ်းပဲဆိုတဲ့ လောကနိယာမအလိုအရ
ကျွန်တော်နှင့် မ တက္ကသိုလ်နယ်မြေကြီမှထွက်ခွါဖို့
အလွမ်းမျက်ရည်တွေနဲ့နှုတ်ဆက်ခဲ့ကြတယ်လေ။ ကိုယ့်ဋ္ဌာနီ
ကိုယ့်ရပ်ပြန်ရတာဆိုပေမယ့် အဆက်အသွယ်မပြတ်ဖို့
ကိုယ့်နေရာအသီးသီးရဲ့လိပ်စာလေးတွေ လဲလှယ်ခဲ့ကြသည်။
(မ ဖုန်းဆက်နော်…)
(အင်းပါ…မောင်လည်းဆက်ရမယ်နော်)
(ဆက်မှာပါ…ဪ…မ…မောင်နဲ့မတွေ့ရတဲ့အချိန်ကလေးတွေမှာ
မောင့်အတွက်စာတွေရေးထား ပေးနော်…ရော့…ဒါက မရေးဖို့ဒိုင်ယာရီစာအုပ်လေး၊
အဲဒီထဲမှာ မောင့်ဓာတ်ပုံလည်းပါတယ်နော်…၊ မအတွက် အလွမ်းပြေပေါ့…)
(အင်းပါ.. မောင်လည်း မအတွက် ရေးထားလေ)
(ဟုတ်…မ)
ဒီလိုနဲ့ကျွန်တော်နဲ့ နားလည်မှုတွေ ယူရင်း ခေတ္တခဏလမ်းခွဲခဲ့ကြတာပေါ့။
ကျွန်တော်နဲ့ မ လူချင်း သာဝေးကွာရပေမယ့် စိတ်ချင်းက အမြဲလိုလို
ဆက်သွယ်ဖြစ်ခဲ့ကြသည်။ မကကျွန်တော့်ဆီ ဖုန်း ဆက်သလို ကျွန်တော်ကလည်း မ
ဆီကို ဖုန်းဆက်ခဲ့သည်။ ဒီလို တစ်ယောက်ကိုတစ်ယောက် နားလည်မှုတွေနဲ့
အဆက်အသွယ်ပြုကြရင်း တစ်လ ဆိုတဲ့အချိန်တစ်ခုကိုကျော်လွန်လာခဲ့သည်။
စိ်တ်ကို အချိန်ကပဲကုစားခဲ့လေသလားတော့မသိ ကျွန်တော်နဲ့မ
အရင်လိုတော့မဟုတ်ကြတော့ပေ မလည်း အရင်လိုဖုန်းမဆက်တော့သလို ကျွန်တော်ကလည်း
မဆီကို အထူးတလည်ဖုန်းမဆက် ဖြစ်တော့ပါ။ ဘဝရှင်သန်ဖို့အတွက် ကိုယ်စီကိုယ်စီ
အလုပ်ထဲမှာ နစ်မြုပ်နေခဲ့ကြသည်။
တခါတလေမထင်မှတ်စရာတွေက ထပြီးဖြစ်တတ်သည်မဟုတ်ပါလား၊ ခုလည်းမထင်မှတ်ပဲ
ယုံနိုင် စရာမရှိသော အကြောင်းအရာတစ်ခုက ကျွန်တော့်ကြောက်စိတ်တွေ၊
လွမ်းစိ်တ်တွေယူကြူံးမရ စိတ်တွေဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
(ဟလို…မောင်ထွန်းလင်းဇော်နဲ့တွေ့ချင်လို့ပါ)
(ဟုတ်ကဲ့…ကျွန်တော် မောင်ထွန်းလင်းဇော်ပါခင်ဗျာ၊ ဘယ်သူများလည်းမသိဘူး
ပြောစရာရှိတာ ပြောနိုင်ပါတယ်)
(ဪ…မောင်ထွန်းလင်းဇော်၊ အန်တီက ယွန်းဝတီနွယ်ရဲ့အမေပါ)
(ဟာ…ဟုတ်ကဲ့ အန်တီ ပြောပါအန်တီ၊ ဘာပြောစရာရှိလို့လဲခင်ဗျာ၊
မနှင့်သက်ဆိုင်လို့လား အန်တီ)
(မဆိုတာက)
(ဪ…မဆိုတာက မယွန်းဝတီနွယ်ကိုပြောတာပါ အန်တီ၊ ကျွန်တော်
မယွန်းဝတီနွယ်ကို တကယ်ချစ်တာပါအန်တီ၊
ကျွန်တော်တို့နှစ်ယောက်ခွဲဖို့ဆိုရင်တော့ မပြောပါနဲ့နော်…)
(ခဏနေပါအုန်း…မောင်ထွန်းလင်းဇော်…အန်တီပြောအုံးမယ်)
(ဟုတ်…ပြောပါအန်တီ)
(မောင်ထွန်းလင်းဇော်တို့အကြောင်းကို အန်တီ့သမီးလေးပြောပြထားလို့
သိထားသလောက် သိပြီး ပါပြီ၊ အဲဒီအတွက်လည်း အန်တီနားလည်ပါတယ်၊
ခုပြောမယ့်ဟာက သမီးလေးကိစ္စဆိုပေမယ့်၊ မောင်ထွန်းလင်းဇော်
ထင်သလိုမဟုတ်ဘူးကွဲ့)
ခေတ္တခဏစကားပြတ်တောက်သွားသည်။ အန်တီမောသွားတာပဲဆိုပြီး
ကျွန်တော်ထင်ခဲ့မိသည် တော်တော်နဲ့အန်တီဆီက စကားထွက်မလာတော့်ပေ
ကိုယ့်အတွေးနဲ့ကိုယ့်ဇောနဲ့မို့ရူးသွပ်ရမည့် အကြောင်းကို
ကျွန်တော်မတွေးဖြစ်ဘူးလေ။ အန်တီဆီမှစကားထွက်ပေါ်လာမှ ကျွန်တော်ပူပင်ရ
မှန်းသိခဲ့ရသည်။
(အဲဒါ..အခုသမီးကလေး နေမကောင်းဘူးမောင်ထွန်းလင်းဇော်….ခုသမီးလေးက
မောင်ထွန်းလင်း ဇော်ဆီဖုန်းဆက်ပေးပါဆိုလို့ အန်တီဆက်လိုက်တာပါ။
ဖြစ်နိုင်မယ်ဆိုရင် မောင်ထွန်းလင်းဇော် လာစေချင်တယ်ကွယ်)
(ဟုတ်ကဲ့အန်တီ ကျွန်တော် မနက်ဖြန်လာခဲ့ပါ့မယ်…မကိုလည်း
ကျွန်တော်လာခဲ့မယ်လို့ပြောထား ပေးနော်)
(အေးပါကွယ်…ပြောထားပေးပါ့မယ်)
ရှိုက်သံပါတဲ့စကားသံတွေနဲ့အန်တီဖုန်းချသွားခဲ့သည်။ ကျွန်တော့်စိတ်တွေလည်း
ဂယောက်ဂယက် ရိုက်ခတ်နေခဲ့သည်။ ဘာကြောင့်ဆိုတာကို
ကျွန်တော်စဉ်းစားမရ…ကျွန်တော် အမြန်ဆုံး မ ရှိရာကို သွားဖို့ပဲ
စိတ်စောနေခဲ့သည် အရာရာစိတ်ခံစားရာတိုင်းမဖြစ်သလို ဖြစ်တိုင်းလည်း
စိတ်မပါတော့  ပေ ကျွန်တော့်စိတ်တွေလေးလံထိုင်းမှိုင်းပြီး မ
ရှိရာမြို့လေးဆီသို့ ကျွန်တော်ထွက်လာခဲ့သည် တကယ်တော့အရာအားလုံးက
နောက်ကျနေခဲ့ပြီဆိုတာ မ နဲ့တွေ့မှကျွန်တော်သိလိုက်ရသည်။  မ
ရဲ့မိသားစုအားလုံးက ကျွန်တော့်ကို မမြင်ဖူးပေမယ့် မ ရဲ့အမေနဲ့ညီမလေးက
ကျွန်တော့်ကို မြင်ဖူး တွေ့ဖူးစကားပြောဖူးသူဖြစ်လေတော့ ကျွန်တော့်ကို
တွေ့လျှင်တွေ့ချင်းမိတ်ဆက်ပေးသည်။ ကြိုဆို ကြသည်။
(မောင်ထွန်းလင်းဇော်နားပါအုန်းကွယ်)
(အန်တီ မ အခြေနေဘယ်လိုရှိလဲဟင်)
အားလုံးက ကျွန်တော်မေးတာကို မဖြေပဲ တိတ်ဆိတ်လျှက်သာ ထွက်ခွာသွားကြသည်
အားလုံးရဲ့ မျက်နှာမှာတော့ လွမ်းစရာမျက်ရည်စတွေနဲ့ ကျွန်တော့်ကို
ကြည့်နေကြသည်။
( ုအန်တီ မနေကောင်းလားဟင်၊ မ အခုဘယ်မှာလဲ၊ ကျွန်တော် မ ကို တွေ့ချင်တယ်)
(ခဏနားပါအုန်း မောင်ထွန်းလင်းဇော် သမီးလေးကို တွေ့ရမှာပါ)
(ရပါတယ်အန်တီ ကျွန်တော် မမောပါဘူး၊ မ ရှိရာကို သာပြောပါဗျာနော်…)
ကျွန်တော့်ရဲ့စကားအဆုံးမှာတော့ မရဲ့ညီလေးက ငိုုပွဲချလေပြီ….
(အဖြစ်ဆိုးလှချည်လားအမရယ်…. အမသိပ်တွေ့ချင်တဲ့၊ အမသိပ်ချစ်ပါတယ်ဆိုတဲ့
မောင် အခုရောက်လာပြီလေ၊ အမလာပြီး ဆီးကြိုလှည့်လေ၊ စကားပြောလှည့်လေ။)
(ဟင်…မ …မ….ဘာမှမဖြစ်ပါဘူးနော်အန်တီ)
(မ………မ…….ဘယ်မှာလဲအန်တီ မ…..ဘယ်မှာလဲလို့)
(မင်း……မင်း…..မ…..အခန်းထဲမှာရှိပါတယ်ကွယ်သွားလိုက်ပါ)
(မဖြစ်နိုင်ဘူး…အဲဒါ မ မဟုတ်ဘူး၊ မ အိပ်နေတာလားဟင်၊ မ အိပ်နေတာပါနော်  မ
မောင့်ကို ပြောအုန်းလေ မ မောင့်ကို နောက်နေတာမဟုတ်လား၊ မ မသေဘူး မ
အိပ်နေတာ၊ မ မောင့်ကို စိတ်ဆိုးပြီး အိပ်ချင်ယောင်ဆောင်နေတာပါ…။  မ
မောင်မေးတာ ဖြေအုန်းလေ မ……….. မ…မောင့်ကို တွေ့ချင်တယ်ဆို ၊ မောင်လာပြီလေ
မ….၊ မောင့်ကို ခွဲမသွားပါဘူးဆို မ……..မ……
ကျွန်တော့်ကိုဘာလို့်ခွဲသွားရတာလဲ မ ရယ်၊ မ နဲ့ကျွန်တော်
ကတိတွေထားခဲ့ကြတယ်လေ၊ မနဲ့မောင် ရှေ့ဆက်ရမယ့် အနာဂတ်ကို
တူတူကျော်ဖြတ်မယ်ဆို မ ပြောအုံးလေ၊ မောင်တစ်ယောက်တည်း
ဘာလို့ထားသွားခဲ့တာလဲ)
(မောင်ထွန်းလင်းဇော် စိတ်ထိန်းပါအုန်းကွယ်၊ တကယ်တော့ သမီးလေးက
မောင်ထွန်းလင်းဇော် ကို အရမ်းချစ်တာကွယ့် သမီးလေးမဆုံးခင်လေးမှာ
မင်းဆီကို ဖုန်းဆက်ပေးပါဆိုလို့ အန်တီဖုန်း ဆက်လိုက်တာပါ။
မင်းနဲ့အန်တီဖုန်းပြောနေတာကို အားလုံးကြားသွားပါတယ် အန်တီဖုန်းချတယ်
ဆိုရင်ပဲ မင်းရဲ့ မ အားလုံးကို နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့တာပါ၊
မောင်ထွန်းလင်းဇော် သမီးက လေးကို ချစ်သလို အန်တီတို့လည်း
သမီးကလေးကိုချစ်ပါတယ် အန်တီတို့မှာ ဒီသမီးလေးကိုပဲ အားကိုးရတာပါ
မထင်မှတ်ပဲ ဖြစ်လာခဲ့တာဆိုတော့ အန်တီတို့လည်း ဘာမှ မတတ်နိုင်ခဲ့ဘူး ရုတ်
တရက် သမီးလေးရင်ဘတ်တွေ အောင့်တယ် အောင့်တယ်ဆိုပြီး ခဏခဏဖျားနေတာနဲ့
ဆေးခန်း ပြလိုက်တော့ သမီးလေးမှာ နှလုံးရောဂါ စွဲကပ်နေတာသိခဲ့ရတယ်)
(ဟင်….မ မှာ နှလုံးရောဂါရှိတယ်…….ဟုတ်လားအန်တီ)
(ဟုတ်ပါတယ်ကွယ် ရောဂါက လွန်တောင်လွန်နေပြီ အန်တီတို့သိတာ
နောက်ကျခဲ့တယ်….ရောဂါ ရှိတာကို သမီးလေးက ဘယ်သူ့ကိုမှ မပြောပဲ
တစ်ယောက်ထဲကျိတ်ခံစားနေတော့ ပိုဆိုးတာပေါ့ )
(ေဩာ် …..မရယ် ဘာလို့များ မောင့်ကို မပြောတာလဲ…၊ မ ရယ် မ ဖြစ်နေတာတွေ
မောင့်ကို ပြော လို့ရရဲ့သားနဲ့ မျိုသိပ်ထားခဲ့တယ်)
(္နေဩာ်…မောင်ထွန်းလင်းဇော်၊ သမီးလေး မဆုံးခင်က ပစ္စည်းတစ်ခုပေးခဲ့တယ်၊
မောင်ထွန်းလင်း ဇော်လာရင် ပေးလိုက်ပါတဲ့၊ အဲဒါ အန်တီသိမ်းထားတယ်
ရော့မောင်ထွန်းဇော်)
(ဟင်…ဒါ…ဒါ…..မ ကိုကျွန်တော်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်လေးပဲ)
( မောင်……မောင့်ကို အရမ်းလွမ်းတာပဲ မောင်ရယ်… မောင့်ဆီက
နွဲ့ဆိုးဆိုးစကားသံလေးတွေ မ ကြားချင်နေမိတယ် မောင်ရယ် ၊ မောင်
အခုဘာတွေလုပ်နေတာလဲဟင် မ ကို သတိရနေလား၊ မ က မောင့်ကို တမ်းတနေတာပါ။
မောင်နဲ့မတွေ့ရတဲ့ရက်တွေမှာ မ ကျိတ်ပြီးငိုကျွေးရတဲ့ ရက်ပေါင်း
မနည်းခဲ့ပါဘူးမောင်ရယ်။ မောင် မ ဒိုင်ယာရီစာအုပ်လေးဖတ်နေချိန်မှာ မ
အဝေးကို ရောက်နေ လောက်ပါပြီ၊ ဒါပေမယ့်မောင်ရယ်… မ မောင့်ကို
အရမ်းချစ်တယ်။ မောင်ဟာ မရဲ့ဘဝပါ မောင် ရှေ့ဆက်ရမယ့် ခရီးအတွက် မ
အဖော်အဖြစ်မလိုက်နိုင်တော့တာ ခွင့်လွှတ်ပါနော်။ မောင်လုပ်ဆောင်ရမယ့်
ဘဝရှေ့ရေးကို  ဖြောင့်ဖြောင့်သွားပါလို့ မ တောင်းဆိုပါရစေ မ ကို
တကယ်ချစ်တယ်ဆိုရင် မ မပြောတာတွေကို အလေးအနက်ထားပေးပါနော်။ မောင့်ကို
အရမ်းချစ် တယ်မောင် …မ နောက်ဆုံးအနေနဲ့ မောင့်အတွက်
ကဗျာတစ်ပုဒ်ရေးခဲ့မယ်နော်….။

(ကံကြမ္မာရယ်ရက်စက်လေတော့)
……………………………………..
ကံကြမ္မာရယ်  ရက်စက်လေတော့
အဆုံးသတ်မှာ မလွမ်းလိုဘူး
ချစ်တတ်တာ သဘာဝမို့
အချစ်ငှက်သာ ဖြစ်ခွင့်ရှိရင်
မင်းဆီကိုသာ ဦးဆုံးပြန်စေချင်ပါတယ်…
ချစ်သူ…
အတိတ်က မနိုးခင်မှာ
အနာဂတ်က နာကျည်းစေခဲ့ပြီ
အနိုင်နဲ့အဆုံးသတ်ရမယ့်ပွဲမှာ
အချိန်ပိုတဒင်္ဂလေးနဲ့
အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီပေါ့။
ချစ်သူ….
ရက်စက်လိုက်တာ ကံကြမ္မာရယ်လို့
ညည်းဆိုခွင့်မရခင်ဆဲဆဲမှာ
ပဲ့ထွက်လာတဲ့နှလုံးသား
အစိပ်အပိုင်းလေးတစ်ခုက
မ ကိုဝင်တိုက်ရင်း
သွားနှင့်ပြီ……ကိုကို……။ ။

မကို ခွင့်လွှတ်ပါမောင်၊ မောင့်ကိုနှုတ်ဆက်ခဲ့ပါတယ်။
မောင့်ကို ချစ်တဲ့
(မ)
(မ….ရက်စက်လိုက်တာ မရယ်၊ မောင်တစ်ယောက်တည်း ဘာလို့ထားသွားရတာလဲ မ ရယ်)
ကျွန်တော့်စိတ်တွေ ဘာကိုမှဆောက်တည်မရတော့ ပတ်ဝန်းကျင်ကို
မေ့လျှော့နေခဲ့သည်၊ အရာရာဟာကျွန်တော့်အတွက်ဘာမှ အသုံးမဝင်တော့ အားလုံးဟာ
ခံစားချက်မဲ့နေသလိုဖြစ်နေခဲ့ သည်။ ကိုယ်လုပ်တဲ့လုပ်ငန်းတစ်ခုက
ဘာရယ်လို့မည်မည်ရရ စိတ်ထဲမှာ မရှိတော့။ လုပ်နေကြ ဖြစ်နေကြ
အလုပ်တစ်ခုမို့သာ လုပ်ဖြစ်နေခဲ့သည်။ ကျွန်တော် မ ကို ဒီလိုပုံစံနဲ့
မမြင်ချင်တော့ ဒါနဲ့ အားလုံးနှုတ်ဆက်ပြီး အသက်မပါတဲ့ခြေလှမ်းတွေနဲ့
အတွေးတွေကိုပုံဖော်ရင်း မ ရှိတဲ့ မြို့ကလေးကို ခွဲခွါခဲ့သည်။ ဘဝဆိုတာ
မတည်မြဲခြင်းနိယာမတွေအောက်မှာ အချိန်တစ်ခုက နေ့စဉ်နဲ့အမျှ
ပြောင်းလဲနေတော့ ကျွန်တော်နဲ့မ ဆုံခဲ့ရာတက္ကသိုလ်နယ်မြေကို ကျွန်တော်
အဖော်မဲ့ စွာ တဖန်ဝင်ရောက်နေရပြန်ပြီ။ ေဩာ်….အရင်က ကျွန်တော်နဲ့မ
အတူတကွထိုင်ဖြစ်ခဲ့တဲ့ အင်းလျားခုံတန်းလေးမှာ ခုတော့
ကျွန်တော်တစ်ယောက်တည်း လွမ်းဆွေးမှုတွေ သယ်ဆောင်ကာကျွန်တော်သိပ်ချစ်တဲ့
မအကြောင်းတွေကို ယိုစီးထွက်လာတဲ့ နှလုံးသား အက္ခရာ တွေနဲ့အတူ
စာစီနေတယ်ဆိုတာ အဝေးတနေရာက မ သိခဲ့မယ်ဆိုရင်…………။ ။

ကြိုးစားပါအုန်းမည်။
စာဖတ်ပရိတ်သတ်ကို
အစဉ်လေးစားလျှက်………
ဇွဲမာ(အင်းဝ)

3 comments

Leave a Reply