kaiApril 25, 20113min16015
ကမ္ဘာပေါ်မှာ အင်မတန်ကျော်ကြားတဲ့ သာသနာ့နယ်မြေဖြစ်တဲ့ အစ္စရေးနိုင်ငံရဲ့ ဂျေရုဆလင်မြို့ဟောင်းကိုသွားလည်ချင်တာတော့ကြာပါပြီ။ အကြမ်းဖက်မှုနဲ့ဗုံးပေါက်ကွဲမှုတွေအဆက်မပြတ်ဖြစ်နေလို့မသွားရဲခဲ့ပါ။ ဒီ၃-၄နှစ်အတွင်း ကြီးကြီးကျယ်ကျယ် ဘာမှသိပ်မဖြစ်ခဲ့လို့ ဒီနှစ်ဆန်းဖေဖေါ်ဝါရီလမှာ ကျွန်တော်တို့ဇနီးမောင်နှံ၈ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေရောက်ခဲတဲ့နေရာမို့ အစ္စရေးနိုင်ငံခရီးရဲ့အတွေ့အကြုံတွေကို ဒီဆောင်းပါးနဲ့မျှဝေလိုက်ပါတယ်။ အစ္စရေးခရီးစဉ်အစအဆုံးကို မရေးတော့ပဲ သွားလည်သင့်တဲ့နေရာ နဲ့ကမ္ဘာ့အံ့ဘွယ်ဖြစ်တဲ့နေရာတွေကိုရေးပြပါမယ်။ ကျွန်တော်တို့ခရီးသွားအုပ်စုမှာလူအယောက်၂ဝပါပါတယ်၊လော့စ်အိန်းဂျလိLAXစ်လေဆိပ်ကနေ၂၀၁၁ဖေဖေါ်ဝါရီ၄ရက်နေ့လယ်၁နာရီDelta Airline နဲ့ထွက်ခဲ့ပြီးDelta Airline ရုံးချုပ်ရှိတဲ့ အတ္တလန်တာမြို့လေဆိပ်မှာ လေယာဉ်ပြောင်းပြီး ည၁၁နာရီမှာအစ္စရေးနိုင်ငံကို စ ထွက်ခဲ့ပါတယ်။ အတ္တလန်တာကနေ လေယာဉ်ခရီးချိန်၁၁နာရီခွဲကြာပါတယ်။ အစ္စရေးစံတော်ချိန် ညနေ၅နာရီခွဲမှာTel Aviv မြို့ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တာနဲ့အညီ လေဆိပ်ပင်မအဆောက်အဦဟာ High Ceiling နဲ့တိုင်လုံးကြီးတွေနဲ့ အလွန်မြင့်ပြီးလှပခန်းနားပါတယ်။ ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့အေးဂျင့် လာကြိုပြီးလေဆိပ်နဲ့နာရီဝက်ပဲဝေးတဲ့ Tel ဟိုတယ်မှာတည်းခိုပါတယ်။ အစ္စရေးနိုင်ငံဟာ သေးငယ်ပေမဲ့ တိုးတက်တဲ့နိုင်ငံဖြစ်တယ်။ အလွန်သန့်ရှင်းပြီးစည်းကမ်းရှိတာကိုတွေ့ရပါတယ်။ နေရာတော်တော်များမှာရှိတဲ့ လမ်းမကြီးတွေရဲ့ […]