ကမ္ဘာ့အံ့ဘွယ်ခရီးစဉ်နဲ့ သာသနာ့နယ်မြေအစ္စရေးနိုင်ငံကို သွားရောက်လည်ပတ်ခဲ့စဉ်က…

kaiApril 25, 20113min15515
Western Wall

ကမ္ဘာပေါ်မှာ အင်မတန်ကျော်ကြားတဲ့ သာသနာ့နယ်မြေဖြစ်တဲ့ အစ္စရေးနိုင်ငံရဲ့ ဂျေရုဆလင်မြို့ဟောင်းကိုသွားလည်ချင်တာတော့ကြာပါပြီ။ အကြမ်းဖက်မှုနဲ့ဗုံးပေါက်ကွဲမှုတွေအဆက်မပြတ်ဖြစ်နေလို့မသွားရဲခဲ့ပါ။ ဒီ၃-၄နှစ်အတွင်း ကြီးကြီးကျယ်ကျယ် ဘာမှသိပ်မဖြစ်ခဲ့လို့
ဒီနှစ်ဆန်းဖေဖေါ်ဝါရီလမှာ ကျွန်တော်တို့ဇနီးမောင်နှံ၈ရက်ကြာ သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာလူမျိုးတွေရောက်ခဲတဲ့နေရာမို့ အစ္စရေးနိုင်ငံခရီးရဲ့အတွေ့အကြုံတွေကို ဒီဆောင်းပါးနဲ့မျှဝေလိုက်ပါတယ်။ အစ္စရေးခရီးစဉ်အစအဆုံးကို မရေးတော့ပဲ သွားလည်သင့်တဲ့နေရာ
နဲ့ကမ္ဘာ့အံ့ဘွယ်ဖြစ်တဲ့နေရာတွေကိုရေးပြပါမယ်။
ကျွန်တော်တို့ခရီးသွားအုပ်စုမှာလူအယောက်၂ဝပါပါတယ်၊လော့စ်အိန်းဂျလိLAXစ်လေဆိပ်ကနေ၂၀၁၁ဖေဖေါ်ဝါရီ၄ရက်နေ့လယ်၁နာရီDelta Airline နဲ့ထွက်ခဲ့ပြီးDelta Airline ရုံးချုပ်ရှိတဲ့ အတ္တလန်တာမြို့လေဆိပ်မှာ လေယာဉ်ပြောင်းပြီး ည၁၁နာရီမှာအစ္စရေးနိုင်ငံကို စ
ထွက်ခဲ့ပါတယ်။ အတ္တလန်တာကနေ လေယာဉ်ခရီးချိန်၁၁နာရီခွဲကြာပါတယ်။ အစ္စရေးစံတော်ချိန် ညနေ၅နာရီခွဲမှာTel Aviv မြို့ Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ပါတယ်။ အစ္စရေးနိုင်ငံရဲ့ အကြီးဆုံးလေဆိပ်ဖြစ်တာနဲ့အညီ လေဆိပ်ပင်မအဆောက်အဦဟာ
High Ceiling နဲ့တိုင်လုံးကြီးတွေနဲ့ အလွန်မြင့်ပြီးလှပခန်းနားပါတယ်။ ခရီးသွားလုပ်ငန်းကုမ္ပဏီရဲ့အေးဂျင့် လာကြိုပြီးလေဆိပ်နဲ့နာရီဝက်ပဲဝေးတဲ့ Tel ဟိုတယ်မှာတည်းခိုပါတယ်။

အစ္စရေးနိုင်ငံဟာ သေးငယ်ပေမဲ့ တိုးတက်တဲ့နိုင်ငံဖြစ်တယ်။ အလွန်သန့်ရှင်းပြီးစည်းကမ်းရှိတာကိုတွေ့ရပါတယ်။ နေရာတော်တော်များမှာရှိတဲ့ လမ်းမကြီးတွေရဲ့ အလယ်မှာလျှပ်စစ်မီးတိုင်တွေနဲ့ ထိန်ထိန်လင်းအောင်ထွန်းထားပြီး လမ်းညွှန်ဆိုင်းဘုတ်တွေကို အမေရိ
ကားနီးပါးလုပ်ထားတာကိုတွေ့ရပါတယ်။ဂျေရုဆလင်ရဲ့လမ်းညွှန်စာအုပ်မျက်နှာဖုံးမှာ အခုလိုမိတ်ဆက်ညွှန်းဆိုထားပါတယ်။
“There are ten measure of beauty in the Universe, nine belong to Jerusalem, and one to the rest of the world.”
“The city of one hundred names and one thousand faces.”
ဂျေရုဆလင်ရောက်ပြီး နောက်တရက်မနက်မှာTour Guide ကအစ္စရေးရဲ့ရှေ့ဟောင်းမြို့ဖြစ်တဲ့ ဂျေရုဆလင်မြို့ဟောင်းရဲ့ အရှေ့ဘက်မှာရှိတဲ့ Olives တောင်ပေါ်ကနေ ဂျေရုဆလင်မြို့ဟောင်းတမြို့လုံးရဲ့ရှုခင်းကို ကြည့်လို့ရတဲ့နေရာကို ခေါ်သွားပါတယ်။ ဂျေရုဆလင်မြို့ပတ်ပတ်လည်ကိုကာထားတဲ့ မြို့ရိုးနဲ့ နာမည်ကြီးတဲ့မြို့တံခါး၁၂ခုကိုညွှန်ပြပါတယ်။ Olives တောင်ပေါ်ကနေ ရွှေရောင်တဝင်းဝင်းနဲ့ ကမ္ဘာအံဘွယ် အစ္စလာမ်ဘုရားကျောင်း Dome of
the Rock ကိုအလယ်မှာ ထင်ထင်ရှားရှားမြင်ရပါတယ်။ Dome ရဲ့အပေါ်အမိုးကိုရွှေသားအပြည့်နဲ့အုပ်ထားတာလို့သိရပါတယ်။

Mount Olives

ဂျေရုဆလင်မြို့မှာရှိတဲ့ရပ်ကွက်ကြီး၄ခုဖြစ်တဲ့မူဆလင်ရပ်ကွက်၊ခရစ်ယာန်ရပ်ကွက်၊ဂျူးရပ်ကွက်၊အာမေးနီးယန်းရပ်ကွက်ရှိတဲ့နေရာတွေကို Tour Guide ကလက်ညိုးနဲ့ညွှန်ပြီးရှင်းပြပါတယ်။ မြို့ရိုးအပြင်ရဲ့တနေရာစီမှာရှိတဲ့ မူဆလင်သင်းချိုင်း၊ ခရစ်ယာန်သင်းချိုင်း၊
ဂျူးသင်းချိုင်းတွေကိုလည်း Olives တောင်ပေါ်ကနေမြင်ရပါတယ် ။ဂျေရုဆလင်မြို့ကို၁၉၄၈ကနေ၁၉၆ရခုနှစ်အာရပ်-အစ္စရေးစစ်ပွဲမတိုင်မီအထိအစ္စရေးနိုင်ငံကတဝက်၊ ဂျော်ဒန်နိုင်ငံကတဝက်ပိုင်တယ်လို့ သိရပါတယ်။ တချို့အိမ်တွေရဲ့ဧည့်ခန်းကအစ္စရေးနိုင်ငံပိုင်နက်ထဲမှာရှိပြီး နောက်ဘက်အခန်းက ဂျော်ဒန်နိုင်ငံပိုင်နက်ထဲရှိတာတွေလဲရှိခဲ့တယ်လို့သိရပါတယ်။ ၁၉၆ရခုနှစ်စစ်ပွဲနောက်ပိုင်းမှာ ဂျော်ဒန်အုပ်ချုပ်တဲ့ အရှေ့ဂျေရုဆလင်ကိုအစ္စရေးနိုင်ငံက သူ့နိုင်ငံပိုင်နက်အဖြစ်သိမ်းသွင်းလိုက်ပါတယ်။
Tour Guide က ဂျေရုဆလင်ရဲ့ ပထမနေ့ခရီးစဉ်ကိုLion Gate လို့ခေါ်တဲ့ အရှေ့ဖက်မြို့တံခါးကနေ ခေါ်သွားပါတယ်။ Via Dolorosa လို့ခေါ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ယေရှုဘုရားသခင်မသေခင် နောက်ဆုံးသွားခဲ့တဲ့လမ်းအတိုင်း လိုက်ပြတာဖြစ်တယ်။ ယေရှုကိုကားစင်(Cross) တင်ပြီးအဆုံးစီရင်မယ်လို့ကြေညာတဲ့နေရာ၊ ယေရှုကလက်ဝါးကပ်တိုင်ကိုထမ်းသွားတဲ့နေရာ၊ ယေရှု၃ခါလိမ့်ကျတဲ့နေရာများ၊ လက်ဝါးကပ်တိုင်မှာလက်ကိုသံမှိုရိုက်ခံခဲ့တဲ့နေရာ၊ လက်ဝါးကပ်တိုင်မှာ ယေရှုအသက်စွန့်သွားတဲ့နေရာ၊ ယေရှုကိုမြေမြှုတ်တဲ့နေရာဆိုပြီး Station ၁၄နေရာကိုရှည်လျားတဲ့လမ်းတလျှောက်ကြည့်ခဲ့ရပါတယ်။
Via Dolorosa လမ်းကိုကမ္ဘာ့နိုင်ငံပေါင်းစုံကခရစ်ယာန်ဘာသာဝင်တွေ လာရောက်ကြည်ညိုကြတာတွေကိုတွေ့ရပါတယ်။ လူအယောက်၅ဝထက်မ နဲရောင်စုံအဝတ်အစားတွေဆင်တူဝတ်ထားတဲ့ အီသီယိုးပီးယားကလာတဲ့ခရီးသွားအဖွဲ့တွေကိုအများဆုံးတွေ့ရပါတယ်။
တချို့နိုင်ငံကတိုးရစ်အုပ်စုကို ခရစ်ယာန်ဘုန်းတော်ကြီးတွေက ဦးဆောင်ခေါ်လာကြပါတယ်။ Via Dolorosa လမ်းတလျှောက်မှာရှိတဲ့ Station တခုစီမှာကျမ်းစာကိုရွတ်ဆို ဝတ်ပြုနေတာကိုတွေ့ရပါတယ်။ ယေရှုကိုမြေမြှုပ်ထားတဲ့Church of the Holy Sepulchre (1149 AD)အထဲမှာယေရှုကိုဝတ်ပြုဆုတောင်းဖို့တိုးရစ်တွေတန်းစီဝင်ရပြီး လူများလို့တိုးဝှေ့ကြည့်ခဲ့ရပါတယ်။ Via Dolorosa လမ်းတလျှောက်မှာ စိတ်ဝင်စားရာကောင်းတဲ့ လမ်းဘေး သားစိမ်းငါးစိမ်းဆိုင်၊Middle Eastအစားအသောက်ဆိုင်၊ ပန်းချီပန်းပု၊ လက်ဆောင်ပစ္စည်းဆိုင်မျိုးစုံကိုဖြတ်ကျော်ပြီးတဲ့နောက်Room of the Last Supper နဲ့ဒေးဗစ်ဘုရင်ရဲ့အုတ်ဂူကိုဝင်ကြည့်ပြီး ပထမနေ့ဝက်ခရီးစဉ်ပြီးခဲ့ပါတယ်။နေ့လယ်ပိုင်းမှာ ဆက်ပြီးသွားတဲ့နေရာတခုကတော့ အိမ်ကြိုအိမ်ကြားတွေကိုဖြတ်
ပြီး အထပ်မြင့်တဲ့ အဆောက်အဦတခုရဲ့ ဝါရံတာတခုဆီကို Tour Guide ကခေါ်သွားပါတယ်။ ရောက်တော့မှပဲဂျူးလူမျိုးတွေရဲ့ ကမ္ဘာ့အံ့ဘွယ် Western Wall သို့မဟုတ် Wailing Wallပတ်ဝန်းကျင်တခုလုံးရဲ့မြင်ကွင်းကို ကောင်းကောင်းမြင်ရတဲ့နေရာကို ခေါ်လာမှန်းသိရတယ်။
ပြက္ခဒိန်နဲ့စာအုပ်မျက်နှာဖုံးတွေမှာမြင်ခဲ့ဘူးလို့ ဓါတ်ပုံရိုက်ဖို့မြင်ကွင်းကောင်း ရတဲ့နေရာကို ခေါ်လာတဲ့Tour Guide ကိုကျေးဇူးတင်ချီးကျူးမိပါတယ်။Western Wall မှာနိုင်ငံပေါင်းစုံကဂျူးလူမျိုးတွေလာပြီး နံရံကိုကိုင်ပြီး ဝတ်ပြုဆုတောင်းနေကြတာကိုတွေ့ရပါတယ်။ အမျိုးသားနဲ့ အမျိုးသမီး ဝတ်ပြုဆုတောင်းတဲ့နေရာကို ခွဲထားတာတွေ့ရပါတယ်။Western Wall ဟာဂျူးလူမျိုးရဲ့ ဒုတိယဘုရားရှစ်ခိုးကျောင်း2nd Temple (537 BC)  ရဲ့ကြွင်းကျန်ခဲ့တဲ့အုတ်နံရံဖြစ်ကြောင်း၊ Western Wall မှာရှိတဲ့ ကျောက်တုံးကြီးတွေကိုဘိလပ်မြေနဲ့ကိုင်မထားဘဲနဲ့တခုနဲ့တခု ကပ်ပြီးစီထားတာဖြစ်ပြီး Western Wall နံရံရဲ့တဝက်ဟာမြေကြီးအောက်မှာရှိကြောင်း၊ ရာသီဥတုမရွေး နေ့ညမရွေး ၂၄နာရီလုံး တနှစ်ပတ်လုံး ဂျူးဘာသာဝင်တွေ တယောက်မဟုတ်တယောက် ဝတ်ပြုနေတာ တွေ့နိုင်ကြောင်းTour Guide ကပြောပြပါတယ်။

Western Wall

နောက်တရက်မှာ Western Wall ရဲ့အနောက်ဘက်နံရံဝင်ပေါက်က နေပြီး Dome of the Rock (637AD) ကို ခေါ်သွားပါတယ်။ ကမ္ဘာ့အံ့ဘွယ်တခုဖြစ်တဲ့ Dome of the Rock ဟာ ဂျေရှုဆလင်မြို့ဟောင်းရဲ့ Landmark တခုဖြစ်ပြီး Temple Mount ရဲ့ အလယ်မှာရှိတဲ့ကျောက်တုံးကြီးအပေါ်မှာ ဆောက်ထားတာဖြစ်ပါတယ်။ တမန်တော်Abraham  သူ့သား Issac ရဲ့အသက်ကိုစွန့်လွှတ်ဘို့ ပြင်ဆင်တဲ့နေရာလဲ ဖြစ်ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ တတိယနာမည်အကြီးဆုံး ဘုရားကျောင်း Dome of the
Rock ဟာ Westen Wall  ရဲ့နံရံနဲ့ကပ်လျက်နောက်ကျောရဲ့အပေါ်ထပ်မှာ တည်ရှိပါတယ်။ နံရံရဲ့တဘက်မှာ ဂျူးလူမျိုးတွေက ဝတ်ပြုဆုတောင်းပြီးတခြားနံရံတဘက်ရဲ့အပေါ်ထပ်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ဝတ်ပြုဆုတောင်းတဲ့မြင်ကွင်းဟာ ထူးခြားလှပါတယ်။အစ္စလာမ်ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ဟာ Dome of the Rock  နေရာကနေပြီးတော့နိဗ္ဗာန်ကိုသွားတာလို့သိရပါတယ်။ကမ္ဘာ့ဘာသာကြီး၃ခုဖြစ်တဲ့ ခရစ်ယာန်ဘာသာဝင်တွေရဲ့ယေရှုဘုရားသခင်မြှုပ်တဲ့Church of Holy Sepulchre ဂျူးဘာသာဝင်တွေ ကိုးကွယ်တဲ့ ပထမနဲ့ဒုတိယဘုရားကျောင်းနေရာရဲ့ အကြွင်းအကျနှ် Westen Wall  မူဆလင်ဘာသာဝင်တွေရဲ့အထွတ်အထိပ်ဖြစ်တဲ့ Dome of the Rock ဘုရားကျောင်း၃ခုစလုံး Temple Mount လို့ခေါ်တဲ့ဘာသာရေးတောင်ဂုံးတခုတည်းပေါ်မှာ တည်ရှိနေတာဟာအင်မတန်အံ့ဩစရာတခုပါပဲ။
Holocaust သမိုင်းပြတိုက်ကိုလည်းရောက်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းကဟစ်တလာအစိုးရက ဥရောပတိုက်မှာနေကြတဲ့ ဂျူလူမျိုး၆.၅သန်းကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကို ဓါတ်ပုံ၊ပစ္စည်းကရိယာ၊စာရွက်စာတမ်း၊ ပုံတူပုံစံငယ်တွေနဲ့ရုပ်မြင်သံကြားစက်နဲ့ နိုင်ငံအလိုက်၊ နှစ်အလိုက်၊ စာရင်းဇယားနဲ့ အလွန်စိတ်ကြေကွဲဘွယ်ရာတင်ဆက်ပြသထားတာကို တွေ့ရတော့ အမေရိကားဟာလီးဝုဒ်က ကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာစတီဗင်စပီးဘတ်ရိုက်ကူးပြီး အကယ်ဒမီဆုများစွာရခဲ့တဲ့ Schindler’s List  ရုပ်ရှင်ကို ပြန်ပြောင်း သတိရမိခဲ့ပါတယ်။ အသတ်ခံရတဲ့ ဂျူး၆.၅သန်းဟာ လက်ရှိ အစ္စရေးနိုင်ငံရဲ့ ဂျူးလူမျိုးလူဦးရေထက်တောင်ပိုများပါတယ်။
ဆက်ပြီးတော့ Children Holocaust  အောက်မေ့ဘွယ်ပြတိုက်ကိုသွားပြီးလေ့လာပါတယ်။ အဲဒီပြတိုက်ကို အမေရိကား ကယ်လီဖိုးနီးယားပြည်နယ်Beverly Hills  မှာနေတဲ့ ဂျူးလူမျိုးတယောက်က ဒုတိယကမ္ဘာစစ်မှာ အသတ်ခံရတဲ့ သူ့သားကိုအမှတ်တရအထိမ်းအမှတ်အနေနဲ့ လှူဒါန်းဆောက်လုပ်ခဲ့တဲ့ ပြတိုက်ဖြစ်ပါတယ်။ အဲဒီ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ ဂျူးကလေးပေါင်းတသန်းခွဲအသတ်ခံခဲ့ရပါတယ်။ အမှောင်တဝှက်ချထားတဲ့
ပြတိုက်ထဲမှာ အသတ်ခံရတဲ့ ကလေးတယောက်ချင်းစီရဲ့နာမည်ကို ဆက်တိုက်ခေါ်ပေးတာကို ကြားရတဲ့ပြတိုက်လာသူတိုင်း ရင်နာကြေကွဲမှုကိုခံစားမိပါတယ်။နေ့လယ်ပိုင်းမှာ West Bank ကိုသွားလည်ဘို့ ပတ်စပို့ကို ယူလာရပါတယ်။အစ္စရေးနိုင်ငံသားတွေကို West Bank  မသွားဘို့ တားမြစ်ထားတယ်လို့သိရပါတယ်။

Israel Museum - The Shrine of the Book

ပါလက်စတိုင်းလူမျိုး၁၀ဝရာခိုင်နှုန်းနေတဲ့မြို့တွေကို ယခုအခါ ပါလက်စတိုင်းအုပ်ချုပ်ရေး အောက်မှာရှိတယ်လို့သိရပါတယ်။West Bank  ကို ၁၉၆ရခုနှစ်အာရပ်-အစ္စရေးစစ်ပွဲ အထိဂျော်ဒန်နိုင်ငံကအုပ်ချုပ်ပါတယ်။ အစ္စရေးနံါ West Bank နယ်စပ်ကိုရောက်လာတော့ အလွန်မြင့်တဲ့အုတ်တံတိုင်းကြီးတွေကိုတွေ့လာရတယ်။ နယ်စပ်တနေရာမှာ အစ္စရေးနိုင်ငံဖက်က တိုးရစ်တွေကို ပါလက်စတိုင်း Tour Guide  နဲ့သူတို့ရဲ့လူ၁၅ယောက်စီး Tour ကားဖက်ကိုပြောင်းပေးလိုက်တယ်။ သံဘန်းတွေနဲ့ ကာရံထားတဲ့ စစ်ဆေးရေးဂိတ်တွေမှာပတ်စပို့ပြပြီးပါလက်စတိုင်းနယ်မြေကိုဝင်ရပါတယ်။ West Bank  ဖက်က ပါလက်စတိုင်းလူမျိုးတွေကမနက်ဘက်မှာနယ်စပ်ကိုဖြတ်ပြီး အစ္စရေးမှာ သွားအလုပ်လုပ်ကြပြီး ညနေမှာ West Bank ဖက်ပြန်လာတာကိုတွေ့ခဲ့ရပါတယ်။
West Bank  မှာရှိတဲ့Bethlehem  မြို့ကိုလဲရောက်ပါတယ်။Bethlehemမြို့ဟာ ဂျေရုဆလင်နဲ့၅မိုင်ပဲ ဝေးပါတယ်။Bethlehem  မြို့မှာရှိတဲ့ ယေရှုကိုမွေးတဲ့Church of the Nativity ရဲ့အမိုး ပြုပြင်မွမ်းမံရေးကို ပါလက်စတိုင်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ဥက္ကဌ Mahmoud Abbas ကလှူဒါန်းတယ်လို့သိခဲ့ရပါတယ်။ ကမ္ဘာ့အံ့ဘွယ်Church of the Nativity အဝင်တံခါးသေးသေးနိမ့်နိမ့်လေးကိုကျော်ပြီးဝင်လိုက်တော့အထဲမှာတိုးရစ်တွေတော်တော်များများကိုတွေ့လိုက်ရတယ်။ အပြင်မှာ ပါလက်စတိုင်းရဲတွေက စောင့်ကြပ်ကြပါတယ်။
နောက်တရက်မှာကမ္ဘာ့အံ့ဘွယ်တခုဖြစ်တဲ့ပင်လယ်သေDead Sea  ကိုရောက်ခဲ့ပါတယ် ။ရေမျက်နှာပြင်အောက်၁၂၉၁ပေမှာရှိလို့ ကမ္ဘာ့အနိမ့်ဆုံးနေရာဖြစ်တဲ့ပင်လယ်သေရဲ့တဖက်တချက်ကိုအစ္စရေးနိုင်ငံကတဖက် ၊ဂျော်ဒန်နိုင်ငံကတဖက်ပိုင်ပါတယ်။ ဆားဓါတ်၃ဝရာခိုင်နှုန်း
ရှိတာမို့ ပင်လယ်သေထဲမှာ သာမန်သက်ရှိသတ္တဝါတွေ အသက်မရှင်နိုင်ကြောင်း သိရတယ်။ ပင်လယ်သေရဲ့ ရေသိပ်သည်းဆကြီးလို့ ရေထဲမှာ ပက်လက်လှန်လိုက်ရင် ခေါင်းရောကိုယ်ပါမမြုပ်ပဲပေါ်နေပါတယ်။ မျက်စိ၊နား၊ပါးစပ်ထဲရေမဝင်အောင်သတိထားဘို့ our Guide
တွေကသတိပေးပါတယ်။ ကျွန်တော် ပထမတခါ ရေထဲမှာပက်လက်လှန်ပြီးပြန်မထတတ်လို့မျက်စိနဲ့ပါးစပ်ထဲ ရေငန်တွေဝင်ပြီး အလွန်စပ်သွားပါတယ်။ နောက် သူတို့ပြောသလိုလုပ်တော့ မျက်စိနဲ့ပါးစပ်ထဲ ရေမဝင်ပဲ ပက်လက်ကနေ အဆင်ပြေပြေနဲ့ပြန်ထနိုင်ခဲ့ပါတယ်။ ပင်လယ်သေက မြေကြီးမဲတွေကို ကိုယ်ပေါ်မှာလိမ်းရင် ကျန်းမာရေးကောင်းတယ်၊ အရေပြားအတွက်ကောင်းတယ်ပြောလို့ ကျွန်တော်တို့ဇနီးမောင်နှံနဲ့ တိုးရစ်တိုင်းကလိမ်းကြည့်ကြပါတယ်။ အစ္စရေးနိုင်ငံဘက်က ပင်လယ်သေကို ကမ္ဘာလှည့်ခရီးသည်တွေ တနှစ်ကို ၁.၂သန်းလာလည်ကြတယ်လို့သိရပါတယ်။
နောက်တရက်မနက်မှာ Golan Heights ကိုသွားပါတယ်။ တောင်တက်ခဲ့ရတယ်။ ၁၉၆ရအာရပ်-အစ္စရေးစစ်ပွဲမှာ အစ္စရေးက ဆီးရီးယားလက်ထဲကနေ သိမ်းထားတဲ့နေရာဖြစ်တယ်။ လမ်းဘေးမှာ Landmine လို့ရေးထားတဲ့ အဝါရောင်ကပ်ပြားတွေကိုသံဆူးကြိုးတွေမှာ ချိတ်ထားတာတွေ့ရပါတယ်။အစ္စရေးနိုင်ငံခရီးစဉ်မှာ West Bank  မှာရှိတဲ့ကမ္ဘာ့အံ့ဘွယ်တခုဖြစ်တဲ့Jericho  မြို့ကိုသွားဖို့ကြိုးစားခဲ့ပေမဲ့လည်း အခြေအနေအကြောင်းကြောင်းကြောင့် မသွားဖြစ်ခဲ့ဘူး။ကြိုတင်စီစဉ်ထားတဲ့အတိုင်း ဖေဖေါ်ဝါရီ၁၁ရက်နေ့မှာ Tel Aviv  မြို့ကနေ Royal Jordanian  လေကြောင်းနဲ့ ဂျော်ဒန်နိုင်ငံ Aman မြို့ကိုခရီးဆက်နှင်ခဲ့ပါတယ်။

World's_lowest_point

ကျွန်တော်ရောက်ခဲ့ဘူးတဲ့နိုင်ငံတွေနဲ့ကမ္ဘာ့အံ့ဘွယ်အကြောင်းတွေကို အခွင့်သင့်ရင်ဆက်လက်ရေးသားပါအုံးမယ်။

 

ဒေါက်တာဇော်ထွန်း

မှတ်ချက်။  ။ မန္တလေးဂေဇက် သတင်းစာ ၂၀၁၁ ဧပြီလထုတ်တွင် ပုံနှိပ်ဖေါ်ပြပြီး ဖြစ်သည်။

15 comments

  • yyin123

    April 25, 2011 at 12:01 pm

    ကိုယ်ရောက်နိုင်ဖို့ ခက်ခဲတဲ့ နေရာတွေအကြောင်း ဖတ်ရတာ အရမ်းကောင်းပါတယ်။ ဗဟုသုတလည်း ရတယ်။ ကျေးဇူးတင်ပါတယ်။ နောက်လဲ ဒီလိုကောင်းတဲ့ ဆောင်းပါးမျိူး များများတင်ပေးပါ။

  • ဆူး

    April 25, 2011 at 2:11 pm

    စဖတ်ကတည်းက ကျွန်တော်တို့ ဇနီးမောင်နှံ ဆိုတော့.. သဂျီးတို့ လင်မယား လားလို့.. နောက်မှ.. ဒေါက်တာ ဇော်ထွန်း ဆိုပြီး စာရေးသူ ကိုတွေ့တယ်။
    ထိုကဲ့သို့ နေရာမျိုး သွားဖို့ စိတ်ကူး မရှိတဲ့ အတွက် ခရီးသွား အကြောင်း ဖတ်ရတာ မရောက်ဘဲ ရောက်သွားသလိုပါဘဲ။
    ကျေးဇူးတင်ပါတယ်။ နောက်လည်း ကောင်းတာတွေ တင်ပေးပါ

    • bigcat

      April 26, 2011 at 12:25 am

      ဒေါက်တာဇော်ထွန်းဆိုတာ ဆိုက်ညာဖက်ပန်နယ်လ်မှာ east west dental ကြော်ငြာထည့်ပေးထားတဲ့ တဌေးပေါ့။ မန်းဂေဇက်ပုံနှိပ်သူလည်းသူပဲ။ သဂျီးနဲ့ ဘာတော်လည်းတော့မသိဘူး။ ဆွေမျိုးတော်မယ်ထင်တယ်။ သဂျီးအကြောင်းလည်း နဲနဲပါးပါးလောက် ပုံနဲ့အတူ ရေးပါအုံး။ လမ်းတွေ့ရင် ပိုက်ဆံချေးချင်လို့ 😀
      ဆရာဇော်ထွန်းက ပြည့်ပြည့်စုံစုံ ပုံနဲ့တကွ ရေးထားပေးလို့ ဖတ်သူများအဖို့ ဗဟုသုတ လွန်စွာရပါတယ်။ တခုလောက် ဝေဖန်ချင်တာက ရွာသားဆိုရင် သွားစိုက်ခ လျော့ယူပေးပါလား။ ဆောရီး ယောင်သွားလို့။ တကယ်ပြောချင်တာက [တမန်တော် မိုဟာမက်ဟာ Dome of the Rock နေရာကနေပြီးတော့နိဗ္ဗာန်ကိုသွားတာလို့သိရပါတယ်] နိဗ္ဗာန်ဆိုတဲ့ အသုံးအနှုန်းပါ။ ဘုရားသခင်ထံကို သွားတယ်လို့ သုံးသင့်ပါတယ်။ ဘာလို့လည်းဆိုတော့ အဓိပ္ပါယ်ခြင်း မတူလို့ပါ။ ဘာသာရေးအယူကျဉ်းမြောင်းတာ မဟုတ်ဘူးနော်။ ရဟနာ္တတပါးကို ဘုရားသခင်ထံ သေတဲ့အခါသွားတယ်လို့ ပြောရင်အလွန်မှားသလို ဖန်ဆင်းရှင်ဝါဒလက်ခံသူ အထွတ်အမြတ်များကို နိဗ္ဗာန်သွားတယ်လို့ ပြောရင်စော်ကားရာ ကြပါမယ်။ သာသနာပြုများကသာ သူတို့လုပ်ငန်းအောင်မြင်ဖို့ တူချင်ဟန်ဆောင်ကြတာပါ။ မယုံလို့ရှိရင် ဖန်ဆင်းရှင်ဝါဒလက်ခံသူ ခရစ်ယာန်၊ ဂျူး၊ မွတ်စလင် တွေကိုသေရင် ဘုရားသခင်ထံသွားတာကို တိတိကျကျပြောပါဆိုရင် God by Jesus, God by Mohammed, so on.. လို့အဖြေရပါလိမ့်မယ်။ ကျနော့်ကို ဖိလစ်ပိုင်မိတ်ဆွေတဦးက ဘာသာရေးဆွယ်တဲ့အခါ အဲသလိုမျိုးခွဲပြောပါတယ်။ နို့မို့ရင် God ခြင်းတူပြီး အခြားကို ရောက်သွားနိုင်လို့ပါ။

  • padonmar

    April 25, 2011 at 9:36 pm

    ကျွန်မလည်း သဂျီး ကတော်ပုံလေးများပါလာမလားလို့ ၊
    တော်တော်စိတ်ဝင်စားဖိုူကောင်းပါတယ်၊ ဘာသာ ၃ ခု ရဲ့ အထွတ်အမြတ်တွေ တစ်နေရာတည်းရှိနေတယ်ဆိုတော့ အခြေခံ ဇာတ်ကြောင်းလည်းတူလို့ဖြစ်မှာပေါ့နော်၊

  • maungmoenyo

    April 26, 2011 at 1:22 am

    ဂျေရုစလင် ဟာ ဘာသာကြီး(၃)ခုရဲ့အထွတ်အမြတ်ဒေသကြီးဖြစ်သလို၊ လူမျိုးရေးစစ်သွေးကြွသူတွေ မကြာခန အပစ်အခတ်ဖြစ်တဲ့ နေရာကို ရောက်အောင်သွားပြီး၊ ဒီလိုဆောင်းပါးမျိုးနဲ့ ပြန်ဖေါက်သယ်ချနိုင်တာ ဝမ်းသာပါတယ်။
    ချင်းတိုင်းရင်းသားအတော်များများကို အစ္စရေးအစိုးရက သူတို့ရဲ့မူလမျိုးနွယ်လို့ အသိအမှတ်ပြု ခေါ်ယူနေရာချပေးတဲ့ အဖြစ်တွေရှိတာမို့၊ အဲ့ဒီ သမိုင်းနောက်ကြောင်းခံနဲ့ ချင်းတိုင်းရင်းသားတွေ ရဲ့ ရပ်ကွက်ကိုများ ရောက်ခဲ့မိသေးသလားလို့၊ စပ်စုမိခဲ့သေးလားလို့….။

    • kai

      April 26, 2011 at 7:11 am

      မေးကြည့်သလောက်တော့ရောက်ခဲ့ပုံမရပါဘူး..။
      အဲဒီ ချင်းတိုင်းရင်းသားတွေကို အစ္စရေးအစိုးရက ..ပြန်ခေါ်နေရာချထားပေးတာကို.. ယူအက်စ်က ချင်းမိတ်ဆွေတယောက်လည်း ခဏခဏပြောတယ်..။
      သတင်းထဲရှာကြည့်တော့လည်း တွေ့ဖူးတယ်..။

      ဆိုတော့…
      အဲဒီနားနေတဲ့ရွာသူရွာသားတို့ရေ..။ သိတာလေးလုပ်ပါဦးနော…။ 🙂

      • hmee

        April 26, 2011 at 8:20 am

        သဂျီးနော်… စောင်းရေးနေသလိုပဲ ဟဲဟဲ..။ ဒီကို ဗမာပြည်က ချင်းလူမျိုးတွေ အတော်များများ ဘုရားဖူးလာတယ်ပြောတယ်။ မှီလည်းသိပ်တော့ မသိဘူး။ တခါကတော့ မစ်ပီရာမွန် ဆိုတဲ့ ချောက်ကို အလည်သွားတော့ ဂျာမဏီက ဂျုးတွေနေတဲ့ မြို့ကိုတော့ ရောက်ခဲ့တယ်။ ပြီးတော့ ဒီမှာ ဘာပြစ်ခတ်မှုမှ မရှိပါဘူး။ လုံခြုံရေး အရမ်းကောင်းပါတယ်။ မှီတော့ ရောက်တာ အတော်ကြာပြီ တခါမှ မကြားဖူးပါဘူး။ ရန်သူတွေ ဝိုင်းနေလို့လားတော့ မပြောတတ်ဘူး မျိုးချစ်စိတ် အတော်ပြင်းတာ။ ယောင်္ကျား၊ မိန်းမ (၁၈) နှစ်ပြည့်တာနဲ့ စစ်မှုထမ်းရတယ်။ (၃) နှစ်ပြည့်ရင်တော့ ဆန္ဒရှိသလိုပဲ။ (၃ ) ရက်အတွင်း တနိုင်ငံလုံးက စစ်သားကို စုနိုင်တယ်။ အရေးကြီးချိန်မှာ ကြုံတဲ့ကားက စုရပ်ကို တကူးတက လိုက်ပို့တယ်ပြောတယ်။ အကြောင်းကြောင်းကြောင့် မသန်မစွမ်းဖြစ်ရသူတွေကို နေရာအတော်ပေးတာ တွေ့ရတယ်။ Westen wall ကို ရောက်ရင် နံရံရဲ့ အုတ်ကြားထဲမှာ စာရွက်ကလေးတွေ တွေ့ရတယ်။ သူတို.ဆန္ဒတွေရေးပြီး ထည့်တာတဲ့။ ယောကျင်္ားလေးတွေဆို သူတို.က ခေါင်းဆောင်းလေးတွေပေးတယ်။ အဲဒါလေးတွေ ဆောင်းပြီးမှဝင်ရတာ။မိန်းခလေးတွေတော့မလိုဘူး။ စစ်သားတွေလည်း တန်းစီပြီး ဝတ်ပြုတာတွေ့တယ်။ ပထမဆုံး ဓါတ်ပုံရဲ့ ဝဲဘက်အောက်ခြေက အခုံးလေး တခုတည်းသောအပေါက် ကနေ ဝင်သွားရင် အရှေ့ဘက် မြို.ဟောင်းဂိတ်ကိုရောက်တယ် ။ old city ရဲ့ အလှဆုံးဂီတ်လို.ပြောတယ်။ Dom of the Rock ကတော့ ဝင်ရခက်တယ်။အချိန်နဲ့ဖွင့်တာမို့ အတော်တန်းစီရတယ်။ ဗလီထဲတော့ ဝင်ခွင့် မပေးဘူး။ မှီတို. သွားကြတာ ပထမအခေါက်တွေ ဝင်လို.မရလို. ပြန်ခဲ့ရတယ်။ နောက်ဆုံးအခေါက်မှ အဲဒီကိုပဲ တကူးတက သွားမှရောက်တော.တယ်။ အဲဒီနေရာမှာ ခရစ်ယာန်ရယ်၊ ဂျုးရယ်၊ မူဆလင်ရယ် သုံးပွင့်ဆိုင်ပဲ။ မတည့်အတူနေ ဆိုတဲ့စကား ဒီက စတယ်တောင်ထင်တယ်။ ယေရှု နောက်ဆုံးညစာစားတဲ့နေရာနဲ့ ကားစင်တင်တဲ့နေရာ သိပ်မဝေးဘူး။ အလောင်းထားတဲ့ ကျောက်ဖျာမှာ ဝတ်ပြုတာတွေတွေ့ခဲ့တယ်။ တကယ်ကို သမိုင်းဝင်နေရာတွေပါ။ Church of the Nativity က ယေရှုမွေးတဲ့အိမ်၊ နောက်အဲဒီမှာပဲ သိုးကျောင်းသားတွေကို ယေရှုမွေးပြီလို့ လာပြောတဲ့နေရာက ဘုရားကျောင်းလည်းရှိတယ်။ နောက် အဲဒီက ထွက်ပြေးလာပြီး နေတာက နောက်တမြီု့နေရာ ၊ သူ ကားစင်တင်မခံရခင်အထိ နေတဲ့ဘုရားကျောင်းက ဂါလီလီရေအိုင်နားမှာ တနိုင်ငံလုံး သမိုင်းဝင်နေရာတွေအများကြီးပဲ။ Tel Aviv မှာလည်း နပိုလီယန် ဆုတောင်းတဲ့တံတား ကလီယိုပက်ထွာ ရေချိုးခန်းနေရာ စသည်ဖြင့် စိတ်ဝင်စားစရာတွေ အများကြီးပဲ။ တမြို.လုံး လမ်းဘေး ဝဲယာ လမ်းလယ်မှာ စိုက်တဲ့ အလှပန်းပင်၊ခြုံ အားလုံး ပိုက်လေးတွေ မျဉ်းပြိုင်သွယ်ပြီး ရေကို ကွန်ပြူတာနဲ့ ထိန်းပြီးပေးတာတဲ့။ ကျွန်မတို့ ဆီမှာဆို ကုလားဆိုင်ရောက်လို့ လောက်မယ်တောင် မထင်ဘူး။ ကျွန်မ အကြိုက်ဆုံးကတော့ စည်းကမ်းရှိတာပဲ။ ဒီကအပိုင် ပါလက်စတိုင်းဘက် အလည်သွားတာ ဂီတ်ကျော်တာနဲ့ အမှိုက်တွေ မြင်မကောင်းဘူး။ ဒီဘက်ပြန်ဝင်တာနဲ့ မြင်မြင်သမျှ သန့်နေတာပဲ။ အီး … မရေးပါဘူးဆိုမှ သဂျီးစလိုက်တာနဲ့ မီးခိုးကြွက်လျှောက် ရေးမကုန်တော့ဘူး။ တော်ပြီ ရေးတော့ဘူး။

  • zoe

    April 26, 2011 at 3:00 am

    ရောက် နိုင်ခဲ တဲ့နေရာ ပဲ ။ ဗဟုသုတ အများကြီး ရပါတယ် ။ Discovery documentary ကိုဆောင်းပါးအနေနဲ့တင်ပြထား တဲ့အတိုင်း ပဲ ။

  • Shwe Tike Soe

    April 26, 2011 at 3:43 am

    ကျေးဇူးတင်လိုက်တာ ကျွန်တော်တို.ဆို ဒီလိုနေရာတွေရောက်ဖြစ်တော့မှာမဟုတ်ဘူး.. စာအရေးအသားလဲကောင်းတယ် .. နောက်လဲ သွားဖြစ်တဲ့နေရာလေးတွေရေးပေးပါအုံး ..
    ပြီးတော စာရေးသူ မိသားစု လဲ ဒီထက်မက လေ့လာစရာ ခရီးတွေ များများသွားရပြီး လမ်းခရီးသာယာဖြောင်ဖြူးပါစေဗျာ..

  • kai

    April 26, 2011 at 8:35 am

    ကျေးဇူးပါ..မှီမမခင်ဗျား…
    နောင်လည်း အာမနာတန်းရေးစေချင်ပါတယ်..။ ဘာလို့လည်းဆိုတော့…. မြန်မာတိုင်းရင်းသားတွေ..သွားရဖို့နေရာမို ့ပါပဲ..။

    ပြောရရင် ဂိုဂယ်လိုက်တာ…. သတင်းဆောင်းပါးပါတွေ့ပါပြီ..။ ဒီအတိုင်းကူးတင်ထားပါတယ်..။ ဖတ်ကြပေါ့နော…။

    http://www.e-pao.net/epSubPageExtractor.asp?src=manipur.Ethnic_Races_Manipur.Kuki_Chin_Mizo_lost_tribe_of_Israel

    Kuki-Chin-Mizo: The lost tribe of Israel

    By George T Haokip *

    The Kuki-Chin-Mizo or “Chhinlung Chhuak” are ethnologically descendent of one ancestor, knit together by common tradition, customs, culture, language and social life. They live in India, Myanmar and Bangladesh.

    Their population break up is about 5,00,000 with an area of 9,500 sq. km. in Manipur, about 8,00,000 with an area of 22,000 sq. kms. in Mizoram about 2,00,000 with an area of 1000 sq. km Cachar and North Cachar in Assam, about 2,00,000 with an area of 7,800 sq.km. in Chittagong Hill track of Bangladesh and 30,00,000 with an area of more than 10,000 sq. km. in Chin Hills, Matu area, Khumi area, Mira area and Arakan area in Myanmar (CIPC Diary by F. Lala p. 136).

    Their total population therefore, is about 50,00,000 millions with an area of 1,24,500 sq. km. Though they are the same group with same origin same culture, speaking the same language and are knit together by same custom and tradition they have unfortunately been called and known by different names in different countries.

    The emergence of Sovereign State of India, Myanmar (Burma) and Pakistan now called Bangladesh in 1940’s gave insult to these people. It may be noted that during the British rule in 19th century these groups were subjugated exercising the policy of divide and rule.

    The progress of research work in recent time has given more validity to their claim for Jewish origin. There are several theories about the Kuki-Chin-Mizo origin. Theories like Creation, Khul, Chhinlung however are a part and parcel of Israel/Jewish origin theory. Jewish theory as a matter of fact, has turned out to be most authentic and it bears empirical validity.

    The tribes have so far claimed to belong to one of the lost tribes of Israel­Menashe, one of the two sons of Joseph, whose father was Jacob in the Bible. Kuki Chin Mizo tribes have passed down through the generation the tradition that they were the descendents of the lost tribe of Menashe which is one of the twelve tribes of Israel.

    The ten tribes of Israel, became “lost” around 720 BC when the Assyrians conquered the northern kingdom of Israel and exiled the tribes that comprised it. The southern kingdom of Judah was spared the conquest, and the Jews of today primarily descended from the tribes of Judah and Benjamin, which composed the southern kingdom. The Jews had split into two separate political entities after king Solomon’s death around 920 BC.

    Menashe whose population was about 32200 at that time were taken aslave by the Assyrians and were brought to Assyria after the destruction of Jerusalem in 70 AD. They migrated toward Afghanistan from Assyria. During the time of Alexander’s invasion they moved along Kashmir area and Tibet plateau to escape to Mongolia and to Chhinlung in China. They at one time settled in Laos, Vietnam and Burma then migrated to Mizoram (The New Jerusalem by T Bhattacharya).

    A century ago, when British missionaries entered the region they were astonished to find that the local tribesmen worship one god and were familiar with many of the stories of the Bible. Before long, the missionaries managed to convert most of their population.

    Yet, many of them, Christians and other tribesmen alike, continued to preserve the belief that they are descendent from ancient Israelites. A little over 25 years ago a group of Bnei Mesashe decided to return to Judaism. They began building synagogues and mikvoat (ritual birth) and undertake to live in accordance with Jewish law.

    Shortly thereafter, an Indian Jew living in Israel passed along a letter from Bnei Menashe to Rabbi Eliyahu of Jerusalem, who seeks and assists “Lost Jews” as founder and director of Amishav (Literally “my people return”). Eliyahu has since been six times to India to investigate the Bhei, Menashe. He is convinced of the authenticity of their tradition (Pessah 5762, March 27,2002 p.4).

    The Kuki Chin Mizo tribes have ancient songs and chants (Thiemthu) with words from the Bible. For centuries they have been singing their folk songs like “Litenten Zion” which means “Lets go to Zion”, ” Tuipi Sankan la” which means “Dried up of Red Sea” etc even though they have no idea of what Zion or Red Sea was.

    They have many folk songs that mention names having connection to the Bible story. Tupi san kan la during their migration by Dr Khuplam Milui Lenthang who is the founder of Nation Research Laboratory on Israel Identity and author of The Revelation of Ancient Time is given below in English translation.

    During the celebration of the great festival,
    The great red water dried up.
    We were led by clouds by day,
    Column of fire by night,
    Behind my enemies pursued day and night,
    Swallowed up by the great sea like a plague,
    The birds moving onward!
    Out of the rock, upon the holy mountain,
    That cames out flowing water,
    We fetches, Selah !

    The folk-songs and chantings of the Kuki-Chin-Mizo tribes have mostly, the words ‘Selah’, ‘Aborizah’ and ‘Elo’ at the end. The meaning of these words however, is not know today, except from the Bible. Selah is found in the book of Psalm which means to repeat again and again and ‘aborizah’ a Hebrew word used for praising the God.

    The Kuki-Chin-Mizo tribes are said to be having ‘Bulpijem’ own writing script consisting of 32 alphabets which have Jewish connection. The Scroll however, got lost during the reign of Chinese king Shih Hungtai, allegedly dated back precisely to 214 BC. (Socio, Political, Eco-History of the Kukis of Manipur by S Kipgen ).

    The tribes as a matter of fact, have more than sixty customs that resemble to the Jewish customs. In this regard Rabbi Avachail said, There is simply too much similarity between their customs and ours for it to be coincidental”. We may also quote Rabbi Shlomo Riskin words, “I have now become convinced from listening to the stories that they recorded from their grant parents about the ancient customs. The fact is that it is very difficult not to accept their tradition that they come from the tribe of Menashe ( Long lost Jews, Pessah p.2)

    The people of Kuki-Chin-Mizo tribes strongly believed in their Jewish origin. It awoke them to their true identity of being the lost tribe of Israel. On July 7,1994 a referendum was called by Chhinlung Israel People Convention, a non religious, non political organisation of the Kuki -Chin- Mizo tribes established in July 7, 1994 with its headquarters at Aizawl and whose history proves that they are the lost tribe of Israel of the tribe of Menashe and Ephraim.

    The CIPC identity referendum declaration of the Chhinlung Israel the lost tribe of Israel was submitted to the United Nation on Oct 28 1994. It declared that, the people of Kuki Chin-Mizo/Chhinlung Chhuak ethnic group inhabitants of the Chin Hill, the Matu areas of Myamnar. The Chittagong Hill tracts and plains in Bangladesh. The Mizoram State and the adjacent areas in Manipur, Assam and Tripura are the descendents of one ancentor.

    The declaration also says, “We pledge our faith and confidence in the Committee and code of the United Nations in the proclamation of our basic human right in conformity with the charter of the UN. The Kuki Chin in Myanmar, Lushai in Bangladesh and Mizo in India and the direct descendant of the biblical tribes of the Northern kingdom of Israel of the tribe of Menashe and Ephraim sons of Joseph born in Egypt through his Egyptian wife Asthans—convince that the time has come to declare our true identify that we the Chhinlung Chhuak are the lost tribes of Israel to the world”.

    Today there are many Bnei Menashe who live in Mizoram and Manipur with a handful in Assam and Burma (Myanmar). Most of them have undergone conversion waiting to go to Israel—the land of their forefather. Even some devoted Christians, church leaders too have agreed to the Israel/Jewish origin.

    Many person have dedicated their life to the search for Israel lost tribes. Myer Samer an Australian Anthropologist who wrote Judaism in Manipur and Mizoram is one of the first to study the issue and did an empirical study by undertaking field work covering Chin Hills, Mizoram and Manipur.

    During the last one decade a distinguished writer Hiller Halkin, a Jewish born in New York made an in-depth investigation into the claims of Kuki-Chin-Mizo tribe as Israel/Jewish origin. In this connection, he has written Beyond the Sabbath River—In search of the lost tribe of Israel in 2002.

    Halkin has spent many years searching the lost Menashe tribe in Laos, Thailand, Vietnam, etc but which he found it at last in the North East India. Dr Khuplam was one whom Halkin has gathered information related to Kuki traditional customs, folk songs and ancient chants. Recently he was invited to Israel where he had meeting with Israel officials and intellectuals.

    The lost tribe fever has overwhelm particularly in Manipur and Mizoram in recent time. Claim and counter claims between pro-Jewish and Christian groups have eventually taken place.

    The re-unification of the twelve lost tribes of Israel which is linked to the coming of Messiah however, must be fulfilled very soon and so the prophecy in Ezekieal 37:16 -17,

    “Now I am taking the sons of Israel from the nation to which they went,
    and I will gather them from around and
    bring them to their land and one king will rule over them,
    and no longer will they be two nations,
    and they will not separate to two kingdoms anymore.”

    Aborizah!

  • hmee

    April 26, 2011 at 8:36 am

    ပါလက်စတိုင်းဘက် အလည်သွားမယ်ဆို ပက်စ်ပို့ ပါမှရတယ်။ ဒီဘက်က အဝင်ကတော. အေးဆေးပဲ ပြန်ဝင်လာရင်တော့ စစ်လိုက်တာမှား လေဆိပ်မှာ စစ်တာထက်ဆိုးတယ်။ သူတို့ကလည်း အသေခံခွဲံတာဆိုတော့ ကြောက်တာပေါ့။ နောက်တခု သူတို့ဘက်သွားမယ်ဆို လုံလုံခြုံခြုံ ဝတ်ရတယ်။ အတို အပြတ်မရပါ။ ဒီက ဂျုးမတွေ ကတော့ အလွန်လှတယ်။ အရှေ့အလယ်ပိုင်း ယူရုပ်ဆိုတဲ့အတိုင်း ခေတ်ကလည်းလွန်နေသလားမသိ။

  • MaMa

    April 26, 2011 at 2:50 pm

    ခရီးသွားဆောင်းပါးတွေ ဖတ်ပြီး ကမာ္ဘလှည့်ချင်စိတ်ပေါက်လာပြီ။ ဖွတ်ကလိဒင်္ဂါး ဘယ်လောက်ကုန်လဲမသိ။

  • kai

    April 26, 2011 at 6:08 pm

    အခုတပါတ်တင်… သတင်းကြားတာ…
    လည်လည်လာတဲ့ မြန်မာပြည်ကလူတွေ.. ယူအက်စ်မှာအုပ်လိုက်ကြီးရောက်နေတယ်..။
    တယောက် ၆၅၀ဝတဲ့…။

    ပြောရရင်.. ဒီဆောင်းပါးရေးတဲ့.. ဒေါက်တာဇော်ထွန်းက.. ကမ္ဘာ့အံ့ဖွယ်တွေအကုန်လိုလို… ရောက်အောင်သွားနေခဲ့တာ..။
    ရာချီတဲ့ခရီးစဉ်တွေပေါ့..။
    နောက်ပိုင်း မန္တလေးဂေဇက်မှာ ..ဆက်တိုက်ထည့်ဖို့ရှိပါတယ်..။

    ခရီးသွားတယ်ဆိုတာ… အင်မတန်ကောင်းတယ.်.။။
    ကိုယ်သွားခဲ့တဲ့ခရီးအကြောင်း…ကိုယ်ရောက်ခဲ့တဲ့နေရာတွေအကြောင်း… လူတွေသိအောင်…စာပြန်ရေးပေးနိုင်ရင်.. လူတွေကို အသိပေးနိုင်ရင်… ပိုပိုတောင်ကောင်းတယ်..။
    တိုက်တွန်းပါတယ်ခင်ဗျား…။

  • ဆူး

    April 27, 2011 at 1:39 pm

    ခရီးသွားတာ ဝါသနာပါတယ်.. အခု ပိုစ်ထဲက နေရာဆိုရင် ဒီတသက် ရောက်မယ် မထင်ဘူး အဲလိုမျိုး မရောက်နိုင်တဲ့ နေရာမျိုးကို ဖတ်ရတာ အလွန်ကောင်းပါတယ်။
    ဗဟုသုတ ဆိုတာ ပိုတယ် မရှိပါဘူး တင်သာ တင်ပါ.. ပင်တိုင် အားပေးနေမယ်။

  • shwe ni

    April 27, 2011 at 5:24 pm

    ကျေးဇူးပဲသူကြီးရေ . ၆၅၀ဝ တော့စုလိုက်အုံးမှ . ဘယ်တော့များမှပြေ့မယ်မသိဘူး
    နေတော့အတော် ပူပုံရတယ်နော်

Leave a Reply