“မုန်းတဲ့ကဗျာထဲမှာ မိသံစဉ်ရဲ့လှောင်ရယ်သံတွေ” (၁) စိတ်အနာကို သီချင်းလုပ်ဆိုတော့ ငါ့အသံတွေ ကွဲအက်လာတယ် “နင် . . ဘယ်မှာလဲ မိသံစဉ်” (၂) နှင်းပွင့်ပန်းပုလေးနဲ့ ကြမ်းတမ်းတဲ့နွေရာသီဇာတ်လမ်းမှာ ငါဟာ တဖျောက်ဖျောက်ကြွေခဲ့ရပေါ့ ဒီလိုပါပဲ နာဖျားတဲ့လက်အစုံနဲ့ အလွမ်းကိုပွတ်သပ်တဲ့အခါ ငါ့နှုတ်ခမ်းဖျားမှာ နင့်နာမည်လေး ဝေ့တက်လာ (၃) “မိသံစဉ်ရေ . . . ” “မိသံစဉ်ရေ . . .” . . . . . . “မိသံစဉ်ရေ . . . ” (၄) ငြှိမ်းသတ်လိုက်တဲ့ ငါ့ချစ်ခြင်းကို နင်ကိုယ်တိုင်ပဲ ပြန်ထွန်းညှိပါ နင့်ကိုယ်ပိုင် မီးအိမ်လေးလိုသဘောထားပြီး ငါ့ကို နင်ထွန်းညှိပါ နင့်ကိုယ်ပိုင်အိမ်ကလေးလိုသဘောထားပြီး ငါ့ဆီမှာနင်နေပါ […]