မောင်ဆန်းMarch 4, 20111min1739
နုစဉ်တုန်းက အဆောင်နေဘဝမှာ အာရုံပျံ့လွင့်နေရင်း မီးပူတိုက်လိုက်တာ အဝတ်က နိုင်လွန်စဆိုတော့ မီးပူကပ်ရော ဘာလုပ်ရမှန်းမသိ ဓါးနဲ့ခြစ်ရမလို ကော်ပတ်နဲ့ပဲစားရမလိုနဲ့ သူငယ်ချင်းတစ်ယောက်ပြောပြမှ အဲဒီကိစ္စကအဆင်ပြေသွားတော့တယ် အဝတ်မီးပူကပ်ပြီးစမှာ အဲဒီနေရာကို ဆားနဲ့ပွတ်လိုက်ရင် ဘာအခြစ်ရာမှ မကျန်ပဲ မီးပူကပ်တာကွာကြကုန်ပါတယ်  အိတ်က ဇစ်တွေ ကြပ်နေ၊ပြုတ်နေတုန်း ဦးလေးပြောပြတဲ့ အဲဒီနေရာကို ဖယောင်းနဲ့တိုက် ပြန်တပ်သုံးရင် အသစ်အတိုင်းပဲဆိုတာလည်း ကွက်တိပါပဲ ဒီနည်းလမ်းလေး သိထားရင် အရေးပေါ်အချိန်မျိုးမှာ အဆင်ပြေနိုင်ပါတယ်  ရေခဲသေတ္တာကို ဒီအတိုင်းသုံးရင် အချိန်နဲနဲကြာလာတာနဲ့ အနံ့ဆိုးတွေထွက်လာတတ်ပါတယ် မီးသွေးတုံး အနေတော်လေးတွေ ရေဆေးပြီး ထည့်ထားရင် အနံ့ဆိုးလေးတွေမထွက်တော့ပါဘူး  အခက်အခဲ တစ်ခုခုတွေ့နေတုန်း ဘယ်လိုဖြေရှင်း ရမလဲဆိုတဲ့ နည်းလမ်းလေးတွေ သိရင် ယာယီ ဒါမှမဟုတ် အမြဲတမ်း ဖြေရှင်းပြီး ဖြစ်သွားတတ်ပါတယ် အချိန်ကုန် ငွေကုန်လဲ သက်သာပါတယ် အဲဒါကြောင့် […]