naungNovember 18, 20111min27013
ဒီရက်ပိုင်းမှာ MBBS ဘွဲ့ရတွေကို နိုင်ငံတော်ကနေ ဝန်ထမ်းအဖြစ်ခန့်အပ်ဖို့အတွက် အင်တာဗျူးထိုင်ကြပါတယ်။ အဲဒီမှာ မေးတဲ့ တချို့မေးခွန်းတွေက လုပ်ဆောင်ရမယ့် တာဝန်၊ ရာထူးနဲ့ ဘာမှ မဆိုင်တာတွေကို မေးတယ်လို့် ဝင်ရောက်ဖြေဆိုသူတွေ ပြန်ပြောတာကို ကျွန်တော်ကြားမိလိုက်ပါတယ်။ ဘာတွေမေးလည်းဆိုတော့ နိုင်ငံတော်က တည်ဆောက်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားတွေရဲ့ အရှည် ပေ ဘယ်လောက်လည်းဆိုတာမျိုး၊ တရုတ်နိုင်ငံက ပင့်ဆောင်လာတဲ့ စွယ်တော်မြတ်က စွယ်တော်ဟာ အထက်/အောက်/လက်ဝဲ/လက်ယာ ဘယ်နေရာကလည်း ဆိုတာမျိုးတွေ မေးပါတယ်တဲ့။ MBBS ဘွဲ့ရတွေကို ခန့်မှာက လက်ထောက်ဆရာဝန်ဆိုတဲ့ ရာထူးပါ။ အပေါ်က မေးခွန်းမျိုနဲ့ မဆိုင်ဘူးထင်တာဘဲ။ အခုမေးနေတဲ့ ပုံစံတွေက အရင် အစိုးရ လက်ထက်က ပုံစံမျိုးတွေဖြစ်နေသလားလို့ပါ။ ဗဟုသုတအနေနဲ့ မေးတဲ့ မေးခွန်းဆိုရင်လည်း ဥပမာ- မြန်မာနိုင်ငံမှာ ရင်ချင်ဆက်အမွှာတွေကို ဘယ်နှစ်က အောင်မြင်အောင်ခွဲစိတ်တာလည်း […]