ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့ဩ၍နေ၏။ “ဪ… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ် ရှင်သွားသင့်တယ်၊ ရှင့်ကို သူက တော်တော်ခင်တာပဲ၊ ရှင်သွားရင်တော့ သူက လိုအပ်တာတွေ ကူညီမှာပါ” ဟု ကျွန်ုပ်၏မိန်းမက ပြောလိုက်လေ၏။ ထိုအချိန်၌ပင် ကျွန်ုပ်၏အိမ်သို့ ရပ်ကွက်တွင်းမှ လူသုံးလေးဦး အမောတကော ရောက်ရှိလာလေ၏။ ထိုအထဲတွင် ရပ်ကွက်လူကြီး တစ်ဦးလည်းပါလာ၏။ ထိုရပ်ကွက်လူကြီးက… “ဦးထွန်းခင်ရေ၊ ဘယ်လိုမှတေ့ာ မအောက်မေ့ပါနဲ့ဗျာ၊ ခင်ဗျားသား အငယ်ကောင် ကားဂိတ်မှာ မိ်န်းမတစ်ယောက်ရဲ့ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို နှိုက်လို့ဆိုပြီး ဝိုင်းရိုက်လိုက်တာ […]