ကိုယ့်ကိုယ်ကို ပြန်ဖတ်တာတောင် နားမလည်ဘူး။ ရူးတယ်ပဲဆိုဆို…အိပ်မပျော်ခြင်းနဲ့ ချစ်သူတော်ထားတယ် ။ ကိုယ့်အတ္တကို ဘာသာပြန်လိုက်တော့…မနက်ဖြန်တချို့ပါမလာဘူး။ ဘာသာမပြန်တတ်လို့ လမ်းမထက်မှာ ကျကျရန်ရစ်… အင်း…လက်ထဲက ခဲဖျက်ကလေး အသုံးဝင်ဖို ့… အမှားတွေ လုပ်ရဦးမယ်… ။ ခက်ခက်ခဲခဲ…တွန်းလှဲမှ ပြန်မတ်လာမယ့်သစ်ပင်… ရေ လာလာ မလောင်းနဲ့ကွယ်…ငါက အဆိပ်ပင်… စိတ်ပျက်လိုက်တာကွယ်… မြေပဲဆီနဲ ့…မြေပဲလှော်ပါတယ်ဆိုမှ… ဆီကစစ်ပြီး…ပဲက…တုနေတယ်.. ။ တစ်နေ့တခြား အဲဒီကောင်းကင်ကြီး ပုပ်ပွလာတယ်…။ ရလား…စံပယ်ပန်းရနံ ့တွေ… ပျင်းသွားပြီ… ။ လောကဟာ..အေးခွန်းဟောင်းတွေနဲ ့… ခပ်ယဲ့ယဲ့ပဲ ကျန်တော့တယ်…။ ကဲ….လာ လာ… လာစမ်းပါ… အခု…အိပ်တန်းတက်ကြမယ်… အဲဒီ စံပယ်ပန်းတွေနဲ ့အတူပေါ့… ။ ————————- […]