အာဂOctober 2, 20141min24415
MPT အင်တာနတ် ဂုဏ်ပြူ ကြော်ငြာရိုက်ကူူးရန်အတွက်ပြင်ဆင။် အောက်တိုဘာ။၂။ရန်ကုန် မြန်မာ့ဆက်သွယ်ဝန်ကြီးဌာန လက်အောက်ရှိ mpt အင်တာနတ်ဝင်ဆောင်မှုများအတွက ် ကြော်ငြာရိုက်ကူူးရန် ် ဒါရိုက်တာ ဝိုင်းကစတင်စီစဉ်နေကြောင်း။အဆိုပါ ကြော်ငြာတွင် သရုပ်ဆောင်များအဖြစ် အိပ်မက်ဆုံရာနှင့် လောလောလတ်လတ် miss world myanmar ဆုရှင် ဝိုင်းလေး။ဝိုင်းစုခိုင်သိန်း။ဝိုင်ဝိုင်း။ကလေးသရုပ်ဆောင်အဖြစ် ဝိုင်းလမင်းအောင်။တို့က ပါဝင်သရုပ်ဆောင်မည်ဖြစ်ပြီး them song အဖြစ် ကိုခင်မောင်တိုး၏ဝိုင်းသီချင်း။ နွဲ့ရည်ဝင်း၏ ဝိုင်းဝိုင်စက်စက် ဝလုံးကိုရေး တေးသီချင်းများအားရွေးချယ်ထားကြောင်းနှင့် ရိုက်ကူးမည့်နေရာမျ ား မှာ ု ဟံသာဝတီအဝိုင်း။ ဦးထောင်ဘို အဝိုင်း။ဦးဝိစာရ အဝိုင်း နှင့် နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံးရှိ အဝိုင်းများတွင်ရိုက်ကူးမည်။အဆို ကြော်ငြာအား ကာတွန်းဆရာဝလုံး ကဒီဇိုင်းရေးဆွဲပြီး ။မူကြိုကလေးငယ်များအား ဝလုံး ရေးဆွဲစေပြီး ကောင်းဆုံး ဝလုံးရေးဆွဲနိုင်သူအား ဆုငွေ ငဝိုင်းပေါင်းများစွာကို […]


အာဂJune 7, 20131min22919
Food မဂ္ဂဇင်းရဲ့ Food &Travel ကဏ္ဍအတွက်ရွေးချယ်မိတဲ့ နေရာကတော့မြနန်းစံကျော်ရွှေနန်းတော်ကြီးရှိရာမန္တလေးရွှေမြို့တော်ကြီးဆီသို့ပါပဲ . . . ။ ကုန်းဘောင်မင်းဆက် မင်းတုန်းမင်းတရားကြီးကစတင်တည်ထောင်ခဲ့ပြီး နောက်ဆုံးမင်းဖြစ်တဲ့ သားတော် သီပေါမင်းနန်းစံသွားရာ နေရာဒေသတစ်ခုဖြစ်သလို ရှေးဆန်ပြီး၊ ရင်းနှီးဖော်ရွေတဲ့ မြို့ကြီးသူ၊မြို့ကြီးသားများနေထိုင်ရာနေရာတစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်က အကြွား၊ မန္တလေးကအစားလို့ စာဆိုတွင်ရတဲ့အတိုင်း ကျွန်တော်တို့ အစားအသောက် Food မဂ္ဂဇင်း အတွက် မန္တလေးမြို့ရဲ့ ဘယ်လိုနေရာကဘယ်လို အစားအသောက်ဆန်းတွေ အ ကြောင်းကိုသိခွင့်ရရှိတော့မှာဖြစ်လို့ရင်ခုန်စိတ်လှုပ်ရှားရင်းခရီးဆက်ခဲ့ပါတယ်။ အာဂ(မှတ်ချက် Food Magazine အတွက် ရေးသားခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြအပ်ပါသည်။) မြနန်းစံကျော် ရွှေနန်းတော်ကြီး ……………………………. ဓာတ်ပုံ အာဂ မန္တလေးရွှေမြို့တော်ကြီးရင်ခွင်ထဲ ကျွန်တော် ခြေ ချချမိချင်း သွားချင်ခဲ့မိတဲ့နေရာကတော့ မြန်မာတို့ရဲ့ အနု သုခမလက်ရာပေါင်းစုံနဲ့ မြန်မာတစ်မျိုးသားလုံးအတွက်ဂုဏ်ယူဖွယ်ရာ ပြယုဂ် ဖြစ်တဲ့ […]


အာဂJune 3, 20131min27829
ဘဝကို အောက်ခြေအဆင့်ကနေတက်ရောက်လာပြီး အလုပ်မျိုးစုံဖြစ်တဲ့ ကားအချိန်ပိုင်းဆွဲခြင်း၊ အလှမွေးငါးရောင်းခြင်း၊ပန်းရောင်းခြင်း၊ ရေခဲထုပ်ရောင်းခြင်းစတဲ့ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ပြီး။ မွေးရာဗီဇ ါသနာဖြစ်တဲ့အချက်အပြုတ်ကိုအခြေခံပြီး စားသောက်ဆိုင်လုပ်ငန်းပေါင်းများစွာ အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သူ။ တစ်နေ့ကို သူတစ်ပါးအကျိုးစီးပွားအတွက် ၅ကြိမ်လောက်ပေးကမ်းလှူတမ်းပြီးမှ စိတ်ကျေနပ်တက်သူ။ ကိုယ့်စီးပွားရေးထက် စားသုံးသူအကျိုးစီးပွားကို ရှေ့တန်းတင်ဦးစားပေးတက်သူ . . . ။ သူက အခြားမဟုတ်ပါဘူး။ Feel Group ပိုင်ရှင် ဦးစိုးညီညီပဲဖြစ်ပါတယ်။ ဦးစိုးညီညီရဲ့ ဘဝအကြောင်း တစ်စိတ်တစ်ဒေသနဲ့ အစားအသောက်အကြောင်းကို စာဖတ်သူများ လေ့လာအတုယူနိုင်အောင်လို့ အခုလို မေးမြန်းခဲ့ပါတယ်။ အာဂ • အစ်ကို့ရဲ့ မိသားစုအကြောင်းလေး ပြောပြပေးပါဦး။ •• အစ်ကို့အဖေက ဂျပန်တော်လှန်ရေးကာလကဒုဗိုလ်မှူးကြီးပါ။ အမေကတော့ကျောင်းဆရာမပါ။ ကျွန်တော့်မှာ ညီအစ်ကို၊ မောင်နှမ ၆ယောက်ရှိပါတယ်။ယောက်ျားလေးချည်းပဲ ၅ယောက်ပါ။ အငယ်ဆုံးက တော့ မိန်းကလေးပါ။ အစ်ကို့ညီမကတော့ဒီFeel မြန်မာစားသောက်ဆိုင်ကို […]