သားမွေးတုန်းဆို ငါးပေါင်လောက်လေး သားရဲ့။ အရမ်းသေးတာပေါ့။ အမေကတော့ သားကိုကြည့်ပြီး အားအင်တွေရှိခဲ့တယ်..။ မေမေ့အတွက်တော့ သားဟာ အကြီးမားဆုံး ခွန်အားပေါ့။ အဒိတုန်းကဆို သားဟာ ညတွေရောက်တိုင်း အရမ်း ငိုတတ်တာပေါ့ သားရဲ့။ အမေ့မှာ ဖယောင်းတိုင်ထွန်းပြီး… အို့ အို့ အေ့အေ့ တေးသီဆို ပွေ့ချီကာမှ သားက အငိုတိတ်ပြီး အိပ်တတ်ခဲ့တာ။ မင်း ဖေဖေကတော့ ထုံစံအတိုင်းပေါ့ အမေတို့ သားအမိကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ဘေးနားကနေ ယပ်ခပ်ပေးနေတာပဲလေ။ နီနီရဲရဲသားလေးက ဘာမှမပြောတတ်သေးဘူးပေါ့… ဒါပေမယ့်သား… အမေကသိတယ်။ နားလည်တာပေါ့။ မေမေ့သားလေး ဗိုက်ဆာနေတာလာ… အိပ်ချင်နေတာလား… ရူးရူးပေါက်ချင်နေလား… စိတ်အလိုမကျနေတာလဲ… သားဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက သားကို နားလည်တာဆိုလို့ အမေပဲ ရှိတယ်သားရဲ့…။ သားက ခစ်ခစ်ပါအောင် ရီမောလိုက်တိုင်း အမေ့မှာလေ […]