ကောင်းကင်… အမေ…

koyin sithuJanuary 26, 20131min21712

သားမွေးတုန်းဆို ငါးပေါင်လောက်လေး သားရဲ့။ အရမ်းသေးတာပေါ့။ အမေကတော့ သားကိုကြည့်ပြီး အားအင်တွေရှိခဲ့တယ်..။ မေမေ့အတွက်တော့ သားဟာ အကြီးမားဆုံး ခွန်အားပေါ့။ အဒိတုန်းကဆို သားဟာ ညတွေရောက်တိုင်း အရမ်း ငိုတတ်တာပေါ့ သားရဲ့။ အမေ့မှာ ဖယောင်းတိုင်ထွန်းပြီး… အို့ အို့ အေ့အေ့ တေးသီဆို ပွေ့ချီကာမှ သားက အငိုတိတ်ပြီး အိပ်တတ်ခဲ့တာ။

မင်း ဖေဖေကတော့ ထုံစံအတိုင်းပေါ့ အမေတို့ သားအမိကိုကြည့်ပြီး ပြုံးပြုံးကြီးနဲ့ ဘေးနားကနေ ယပ်ခပ်ပေးနေတာပဲလေ။ နီနီရဲရဲသားလေးက ဘာမှမပြောတတ်သေးဘူးပေါ့… ဒါပေမယ့်သား… အမေကသိတယ်။ နားလည်တာပေါ့။ မေမေ့သားလေး ဗိုက်ဆာနေတာလာ… အိပ်ချင်နေတာလား… ရူးရူးပေါက်ချင်နေလား… စိတ်အလိုမကျနေတာလဲ… သားဘယ်လိုပဲပြောပြော အဲဒီအချိန်တုန်းက သားကို နားလည်တာဆိုလို့ အမေပဲ ရှိတယ်သားရဲ့…။ သားက ခစ်ခစ်ပါအောင် ရီမောလိုက်တိုင်း အမေ့မှာလေ ပီတိဆိုတဲ့ ကြည်နူးမူ့က မျက်ရည်တောင်ဝေ့မိပါရဲ့။ သားလေး နာမကျန်းဖြစ်တဲ့အခါဆို အမေ့မှာလေ အူယားဖားယား အရူးတပိုင်းကိုဖြစ်လို့ပေါ့..အရိပ်တကြည့်ကြည့်နဲ့ သားကိုပွေ့ပိုက် လက်ကကို မချချင်ခဲ့ဘူးကွယ်…။

အဒီအချိန်မျိုးတွေဆို အမေ့မှာ စားဖို့သောက်ဖို့တောင် သတိမရခဲ့ဘူးကွယ်…။ ဒီလိုနဲ့ နေ့ဆက် ရက်ဆက် လတွေထပ်ခဲ့ပြီးတဲ့နောက်… ငါ့သားလေး လမ်းစလျောက်တဲ့နေ့ကဆို သားကိုချီပြီး တစ်အိမ်ဆင်း တစ်အိမ်ထွက် လိုက်ပြီး ကြွားနေမိတာပဲ။ ချိုမိန်မိန် လုပ်တတ်တဲ့အချိန် ၊ စကားလေးတွေ စပြောတဲ့အချိန်တွေဆို တစ်ရွာလုံးအနှံ သားလေး စကားပြောတတ်ပြီ… သားရေ ပြောပြလိုက်စမ်းဆိုပြီး လူတိုင်း နူတ်ဆက် စကားလေးပြောတတ်စေခဲ့တာ.. အမေ ကြွားတာ… ကြွားတာ..တစ်ရွာလုံးအနှံ့ပဲ သား..။ ဘာရယ်မဟုတ်တဲ့ အကြောင်းအရာလေးက မေ့မေ့အတွက် သိပ်ပြီးထူးဆန်းနေခဲ့တာ သိပ်ပြီးထူးခြားနေခဲ့တာ သားရဲ့။ ငါသားများ မျက်ရည်လေးကျ မျက်နှာလေးများ ငယ်နေရင်လေ အမေ့
ရင်ထဲ နေဆယ်စင်း လင်းနေသလို ပူလောင်လိုက်တာ သားလေးရယ်။ လောင်ကျွမ်းနေရတာပဲ။ အမေ့သား ရူံးပြီလို့ တွေးမိတိုင်း သားကို ဘယ်လိုခွန်းအားတွေများ ပေးရမလဲလို့ မေမေတွေးရင်း အမေ့ရင်ကအပူမီးကို သိုသိပ်လို့ သားအပြန် လမ်းကိုပဲ စောင့်မျှော်နေမိတော့တယ်သား..။ အမေ့သား.. နာကျင်ကြေကွဲနေရတာ မြင်ရရင်လေ အဲဒီဝေဒနာတွေ အကုန်လုံး အမေ့ရင်ထဲ ထည့်ပစ်လိုက်ချင်တယ်..။ အမေလေ သားကိုကြည့်ပြီး အပူသောကမီးတွေကို ဟန်မပျက်မာန်တင်းရင်း မျက်နှာမှာ ခပ်တင်းတင်း အမေ့သားကို အားပေးမှ ဖြစ်မယ်လေ…။ အမေဟာ သားရှေ့မှာ မားမားမတ်မတ် ရပ်တည်ရမယ်လေ…။ မိန်းမသားတစ်ယောက်ရဲ့ မယုံနိုင်လောက်အောင် ကောင်းတဲ့မေတ္တာတရားဟာ မိခင်လို့ အမည်တပ်ခံရချိန်မှ အမေသိလိုက်ရတယ်…။
Alabastrite20Mother20Holding20Child
သားရဲ့ ပထမဆုံး ငိုးကြွေးသံကို ကြားခဲ့ချိန်ကစပြီး သားရဲ့ ငိုကြွေးသံကို ချော့သိပ်ရမယ်သူဟာ အမေပဲဆိုတာ သိလိုက်ရတယ်။ မေမေလေ အဲဒီချိန်မှာ သိလာရတာ အများကြီးပေါ့… မိန်းမတစ်ယောက်ရဲ့ အကြီးမားဆုံး တန်ဖိုးဟာ မိခင်ကောင်း ဖြစ်နေရတဲ့ အချိန်ဆိုတာပေါ့ အမေဟာ သားကိုမွေးဖွားချိန်ကစပြီး အရာရာကို လမ်းပြပေးခဲ့တာ အမေလေ။ ချော့တစ်ခါ ခြောက်တလှည့်နဲ့ လူကောင်းတစ်ယောက်အဖြစ်၊ လူယဉ်ကျေးတစ်ယောက်အဖြစ်၊ ကိုယ်ကျင့်တရားမြင့်မြတ်ကောင်းမွန်သူ တစ်ယောက် ဖြစ်လာစေဖို့ အမေပဲ လမ်းပြပေးခဲ့တာလေ။ တစ်ခါတစ်ခါ စကားတွေနာနာသုံး ပြီးဆုံးမတဲ့အခါမှာလေ သားကအမေ့ကို အထင်လွဲတဲ့ မျက်လုံးနဲ့ ကြည့်မိမှာလဲစိုးရသေးတယ်။ အမေ့ကို မုန်းတာထက် သားကိုအပြစ်ရစေမှာ စိုးလို့ပါကွယ်..။

သားဟာ ဘယ်လိုပဲအရူံးတွေ တွေ့တွေ့ သားရဲ့ ရှေ့မှာ အမြဲထာဝရ ပွေ့ဖက်ထားမှာ အမေပါ သား။ အမေ သားကိုပေးနိုင်ခဲ့တဲ့ အမွေဆိုလို့ သားတွက် ကိုယ်ကျင့်တရားမြင့်မြတ်မူ့၊ လူအချင်းချင်းစာနာမူ့၊ သနားကြင်နာ ရိုင်းပင်းကူညီနိုင်သူတစ်ယောက်၊ သူတပါးပေါ်စွန့်လွတ်အနစ်နာခံခွင့်လွတ်တတ်မူ့၊ ယောက်ျားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်ခွန်အားတွေက အမေ ပေးနိုင်တာပဲ သားရေ…။ ရွှေ ငွေ ဂုဏ်ဒြပ် အပေါ်ယံ အလွာတွေက သားမှာ ဒီလို အရည်းအချင်းနဲ့ စိတ်ဓာတ်သာရှိနေရင် အလိုလို ဦးညွတ်လာမှာပဲ သားလေးရဲ့။ လောကမှာ စည်းစိမ်၊ ငွေ၊ အာဏာ၊ ရာထူး၊နာမည်ထူးရဖို့တွက် လူအထင်ကြီးလေးစားဖို့တွက် လူတွေဟာ မက်မောကြပေမယ့် စိတ်နှလုံး မအေးချမ်းမြေ့ရင် ဘာအကျိုးထူးလဲကွယ် ။

သား ဘဝရဲ့ ပြည့်စုံချမ်းသာမူ့ကို ပိတ်ပင်တာဆီးနေတယ်လိုများ ထင်နေသလား သား။ မထင်နဲ့ သား.. မထင်ပါနဲ့။ ရောင့်ရဲတင်းတိမ်နိုင်တက်ဖို့ အမေက ပြောတာ..။ အပေါ်ယံမှန်သမျှဟာ လုပ်လေ လုပ်ရင်း စိတ်ကနေ ဖောက်ပြန်လာရောပဲ သား..။ နာမည်ဂုဏ်ဒြပ် လိုချင်သူဟာ နာမည်ရဖို့တွက် လောဘရဲ့ နောက်မှာ ဒေါသတွေပါလာတယ်… သားရေ… အဲဒီ စိတ်တွေ ဝင်လာတာနဲ့ စိတ်ထဲမှာ အလိုလို အပူသောကတွေ စိုးရိမ်ကြောင့်ကျမူ့ တွေ ဝင်လာတော့တာပဲကွယ့်…။

တကယ်တော့ သားရေ လောကမှာ မေတ္တာတရားမဲ့သွားရင်… အမေတို့ ရပ်တည်မူ့က အလကားပါပဲကွယ်… မေတ္တာဆိုတာလည်း.. ကိုယ်နဲ့သဟဇာတ မျှတသူကိုမှ ထားတဲ့အရာ မဟုတ်ဘူးနော် သား…။ လူတစ်ယောက်ရဲ့ မြတ်မြတ်တဲ့ စိတ်ဓာတ်ရှိဖို့ဆိုတာ စိတ်ဓာတ်ခွန်အား ရှိနေမှတော့ သားရယ်.. အပေါ်ယံတွေကို သားက အလွယ်တကူး ဖန်တီးနိုင်ပါတယ်…။ အမေက သားကို ဒါတွေပဲ အမွေ ပေးနိုင်ခဲ့တာလေ…။ တစ်ချို့တစ်ဝက်တော့ သားမှာ ပြည့်စုံနေပါပြီ။

သားရေ… ရေမြေရပ်ခြားမှာ သားရောက်နေလေတော့ အမေ့မှာ တွေးတွေးပူနေရတယ် သားရေ… လောကမှာ တခါတလေ ရိုးသားသူတွေဟာ အတ္တကြီးလိုသူတွေရဲ့ အနင်းခံ လှေခါးထစ်လေးတွေ ဖြစ်တတ်လို့လေ…။ သားလေးများခုချိန်တွေ့ ကြုံနေပြီလား၊ နေမှ ကောင်းရဲ့လား၊ အစားမှ မှန်ရဲ့လား၊ အအိပ်မှ မှန်ရဲလား၊ အဆင်မှ ပြေရဲ့လား၊ ပင်ပန်းနေပြီလား၊ စိတ်ဆင်းရဲနေလား၊ လူပေါင်းများ မှားနေပြီလား၊ ဘဝအမောတွေကြားမှာ ငါ့သားလေး လဲပြိုနေပြီလား.. အိုကွယ်…လားဆိုတဲ့ အပူပင်သောကတွေမှ စုံလို့..စုံလို့ ပါဘဲ။ သားရယ်… မေမေ့မှာ တွေးပူရတာ အမောပါပဲ သားရယ်။ သား ထွက်သွားကတည်းက ညတွေဆို အိပ်ပျက်ညတွေ ဖြစ်ကုန်တာပဲ သားရေ။ မေမေ့ရဲ့သားအတွက် မအိပ်ခင် မေတ္တာပို့ရ ဂါထာတွေရွတ်ဖတ်ရတာလဲ အမော။ မနက်မိုးလင်းတာနဲ့ ဘုရားရေချမ်းဆီမီး အကုန်ကပ်လှုပြီးတာနဲ့ ဟိုးအဝေးကြီးကို ရောက်နေရှာတဲ့ ငါ့သားကြီးရေဆိုပြီ… သတိရမိလိုက်တဲ့ နေ့တစ်နေ့ရဲ့ မနက်ခင်းလေးကအစပဲကွယ်… အဲဒီလိုနေ့တွေလဲ များလာပြီပေါ့ သားရေ။

အမေတစ်ခုတော့ ဂုဏ်ယူနေမိပါတယ် သားရေ…။ အမေ့သားက… လူလိမ္မာလေးပဲဗျာ… လို့ပြောလာတဲ့ ပတ်ဝန်းကျင်က ပျင့်လွင့်လာတဲ့ သားရဲ့ မွေးပျံ့ပျံ့ ဂုဏ်သတင်းတွေ ကြားရတဲ့အခါတိုင်းပေါ့။ ဒီလိုစကားသံလေးတွေ မေမေကြားရတဲ့အခါတိုင်း သားငယ်ငယ်က လမ်းလျောက်တက်စတုန်းကလို အမေ မကြွားမိတော့ဘူး… သား စကားပြောတက်စ အရွယ်ကလို အမေ တစ်အိမ်ဆင်း တစ်အိမ်တတ် ပြီးလည်း လိုက်မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ အမေ့သားဟာ စိတ်ဓာတ်ခွန်အားတွေ လုံလောက်နေပြီထင်ခဲ့လို့ပေါ့။

အမေ့သားကြီး ပိုပိုပြည့်စုံလာပြီး ထင်လို့ပေါ့ကွယ်…။ သား.. မှတ်မိသေးလားဟင်။ သား အလယ်တန်းကျောင်းသားလောက်ကပေါ့ စာတွေမရလို့ အမေ့သားလေး အိမ်ပေါက်ဝမှာ ငိုင်ငိုင်လေးထိုင်နေတာလေ။ အမေကမေးတော့ သားလေး “ဘာဖြစ်နေတာလဲ” ဆိုတော့.. သားက ဒီစာကျက်တာ မရလို့ ပြောတယ်လေ… ဒါနဲ့အမေ သားကိုခေါ်ပြီးး ကွင်းပြင်ကျယ်ကြီးထဲ လက်လေးကို ဆွဲလို့ခေါ်လာမိခဲ့တယ်လေ…။ အဲဒီကွင်းပြင်ကျယ်ကြီးထဲကိုလည်း ရောက်ရော… အမေက သားကိုပြောတယ်… “ငါ့သားလေး… အဲဒီကိုမော့ကြည့်လိုက်စမ်း…” လို့ အမေကပြောတော့… သားက
ကောင်းကင်ပြာကြီးဆီ မော့ကြည့်လိုက်ပါရောလားကွယ်…။

အမေက… ဘာတွေ့လဲဆိုတော့ သားဘာပြန်ဖြေတယ်ထင်လဲ… “မိုးကြီး”တဲ့လေ။ ကလေးတစ်ယောက်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုလိုက်တဲ့ ကောင်းကင်က…“မိုးကြီး”တဲ့လေ… အမေဖြင့် ရယ်ချင်စိတ်ကို မျိုသိပ်ထားရတယ်ကွယ်… ငါ့သားရဲ့ စိတ်ဝမ်းနည်းမူ့ကို လှောင်ရယ်လိုက်သလို ဖြစ်မှာ စိုးလို့လေကွယ်…။ “နောက်တစ်ခါ ခပ်ကြာကြာလေး ကြည့်ပါဦး သားရဲ့ အသက်ကိုဖြေးဖြေးရူ” သားကို ကြည့်ပဲကြည့်ခိုင်းပြီး အမေးအဖြေတွေမပါပဲ ကောင်းကင်ပြာကြီးဆီ ကြည့်စေတာ ဘာကြောင့်များလဲ လို့ ထင်လဲသား။ သားက တော်ပါတယ်လေ…အမေ မမေးပဲ သားပြန်လှည့် ပြောလိုက်တာက “မေမေ သား မိုးပေါ်ပျံချင်တယ်”တဲ့လေ။ အမေ အရမ်း သဘောကျတာပဲကွယ်။

“လွတ်လပ်အေးချမ်းတဲ့ ကောင်းကင်ပြာကြီးဆီ ပျံသန်းနိုင်ဖို့ဆိုတာက သားရဲ့ စိတ်ဓာတ်ဆိုတဲ့ အတောင်ပံတွေမှာ ခွန်းအားတွေ ရှိနေဖို့လိုတယ်လေ” သားလေး တစ်ခုခုကြောင့်များ စိတ်အားငယ်နေတဲ့အခါမျိုးမှာ ကောင်းကင်ပြာကြီးဆီကို မော့ကြည့်ပါ…။ ကောင်းကင်ပြာကြီးကပြောတဲ့ စကားသံကို ကြားအောင် သားလေး နားထောင်ပါ။ သူပြောတာ တခုခု ကြားရမှာပါ…။ ငါ့သား ချက်ခြင်း ပြန်လှည့်ပြီး စာကျက်နေလိုက်တာ အသံကုန်အော်လို့ပေါ့ကွယ်..။

အမေ သားကို ယုံကြည်စေခဲ့တယ်… သားရဲ့ နားလည်တတ်မူ့၊ လိမ္မာယဉ်ကျေးမူ့၊ နစ်နာခံတတ်မူ့၊ ချစ်ခင်ကြင်နာတတ်မူ့၊ ဂုဏ်ပကာသနကလွဲလို့ ပြည့်စုံနေတဲ့သားလေးကို အမေ ယုံကြည်စေခဲ့တယ်…။ အမေ့ကို အေးချမ်းစေခဲ့တယ်…။ အခုတော့ သားရေ… အမေတို့ ခွဲနေရတာကြာပြီကွယ်… ဟိုး…ရပ်ဝေးမြေခြားမှ ရောက်နေတဲ့ အမေ့သားလေး ဘယ်ချိန်ပြန်လာမလဲ တွေးရင်းမျှော်ရင်း… အမေ့သားကြီး… ပြုံးပြုံးလေးနဲ့ ပြန်လာတာပဲ မြင်ယောင်နေမိတော့တယ်ကွယ်…။

(ပြာသိုလပြည့် – အမေများနေ့အမှတ်တရ…)

12 comments

  • Mobile

    January 26, 2013 at 7:07 pm

    ဂန္ဒဝင်မေမေ ဂရုဏာမေမေ ကောင်းကင်မေမေ မြင်မိုရ်မေမေ ဆိုတဲ့အတိုင်းပဲ
    အမေများနေ့မှာ အမေအကြောင်းရေးသားကြတဲ့ ပို့လေးတွေကို ဖတ်ရတာ
    အင်မတန်မှ ဂုဏ်ယူမိပါကြောင်း
    အမေ အမေ လူဆိုတာမှန်ရင် အမေ ဆိုတာရှိတယ်ဆိုတာ အသေချာဆုံးပဲ
    အမေ ဆိုတာမှန်ရင် သားသမီးကို တုနှိုင်းမရလောက်တဲ့ မေတ္တာတရားနဲ့
    ခွင့်လွှတ်ပေးနိုင်တယ် ချစ်ပြနိုင်တယ်ဆိုတာ အသေချာဆုံးပဲ ဒီလိုလေးဖြစ်မယ်လို့ထင်တယ်။

  • ရွှေ ကြည်

    January 26, 2013 at 10:48 pm

    ခံစားဖတ်ရှုခင်း သွားပါတယ်ကိုရင်စည်ရေ အမေချစ်သမီးဆိုတော့ အရမ်းကိုသဘောကျမိပါရဲ့

    • ကိုရင်စည်သူ

      January 27, 2013 at 2:00 pm

      အူးစည်လည်း အမေချစ်သားဆိုတော့.. သဘောကျရဲ့.. ရွှေကြည်လေးရဲ့.. မှီ..မှီ..မှီ… :gee:

  • Foreign Resident

    January 27, 2013 at 5:25 am

    အမေတွေရဲ့ အတွေးအခေါ် အပြုအမူ တွေဟာ ၊
    သားသမီးကို ဗဟိုပြုတဲ့ ရာခိုင်နှုန်း တော်တော် များတာပဲ ။

    Survival အတွက် Instinct က ပြုမူတာ ဖြစ်မယ် ။

    • ကိုရင်စည်သူ

      January 27, 2013 at 6:31 pm

      ဒီကနေ့ ကျွန်တော်ဖြစ်နေသမျှ …
      နောင်တနေ့ ကျွန်တော် ဖြစ်ဖို့မျှော်မှန်းနိုင်သမျှ …
      အားလုံးပင်
      အမေ့ကျေဇူးချည်းဖြစ်သည်။
      (အေဗရာဟမ်လင်ကွန်း)

  • kai

    January 27, 2013 at 8:27 am

    အမေများနေ့
    မိခင်ထံခစားဂုဏ်ပြု
    အစုစုသော မေတ္တာ
    သမ္မာညွှန်းဘွဲ့
    ဖတ်ရမြင်ရတဲ့အခါ
    ကလေးနီတာ
    သွေးသားတို့ဘဝမှာ
    တိုးတက်ဖြိုးဆက်ဖို့ရာ
    ဖခင်များဝန်တာ
    ကြီးလှရှိကြပါသေးကြောင်း
    ကြေငြာမောင်းခတ်
    စကားစပ်ပြောလိုရင်းသာ။ ။

    • ကိုရင်စည်သူ

      January 27, 2013 at 6:36 pm

      သဂျီးခင်ညာ.. ဖခင်ကောင်း တာဝန်ထမ်းဖို့
      အမေစကားနားထောင်ရင် ကောင်းမရား..
      မိန်းမစကားပိုနားထောင်ရင် ကောင်းမရား…
      သဂျီးက ကြီးတော့.. ဉာဏ်.. ဉာဏ်.. ကြီးတော့
      ိပိုသိမှာပေါ့နော်… အာဟိ… 😆

  • ဗုံဗုံ

    January 27, 2013 at 4:19 pm

    ပိုစ့်လေးဖတ်ပြီး အမေ့ကို လွမ်းတယ် အမေ့စေတနာတွေ နက်နက်ရှိုင်းရှိုင်းနားလည်သွားမိလို့ ကျေးဇူးတင်ပါတယ် ကိုရင်

    • ကိုရင်စည်သူ

      January 27, 2013 at 6:01 pm

      သယ်ရင်းအိမြတ်လဲ… အမေ့ကောင်းတစ်ယောက်ဖြစ်ပါစေ…
      မွေးထားတဲ့ကလေးလေးတွေဂေါ နို့မှန်မှန်တိုက်ရဲ့လား.. :mrgreen:

      • ဗုံဗုံ

        January 28, 2013 at 12:27 pm

        တိန်.. တိန်.. နီကသာ ကလေး (၆) ယောက် အဖေကြီး နာတိတယ် ဟင်းး ဟင်းးးးးးးး :mrgreen:

Leave a Reply