ဆူးApril 25, 20121min33728
တောင်ခြေ ကားရပ်နား စခန်းမှာတော့ အသင့်စောင့်ဆိုင်းနေသော ကားကြီးမှ လူစုံသည့်အခါ မုံရွာမြို့သို့ ပြန်လည် ထွက်ခွာခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အလောင်းတော် ကဿပ သွားသည့် လမ်း အတွက် အပိုင်းတခုလျှင် တခု အလှူခံမဏ္ဌပ်များဖြင့် အလှူခံနေသည်များကိုလည်း တွေ့ရှိရပါသည်။ အလှူခံမဏ္ဌပ်တွေမှလည်း ခရီးသွားကားများကို မုန့်များဖြင့် တည့်ခင်း ဧည့်ခံကြပါတယ်။ ကားရပ်လိုက်လျှင် အလှူခံတဲ့ ကောင်လေး ကောင်မလေးများမှ ထိုရွာမှ ထွက်သော ဇီးသီးများ၊ အကြော်အလှော်များ (ပဲကပ်ကြော် ကြက်သွန်ကြော်) လက်ဖက်နဲ့ အကြော်များ၊ မြေပဲပြုတ်များ၊ ထန်းရည် အချို သောက်ရည် ရေနွေးကြမ်း စသဖြင့် အမျိုးစုံလင်အောင် ပန်းကန်များ ခွက်များဖြင့် ထည့်ပြီး စိတ်ကြိုက် လက်နှင့် ပါသလောက် နှိုက်ယူခွင့်ပြုကာ ကျွှေးမွှေးဧည့်ခံကြပါတယ်။ ထို ဓလေ့သည်လည်း အလွန်ပင် […]


ဆူးApril 24, 20121min1656
  သဘာဝ ကျောက်ဆစ်တွေကြားထဲက ထွက်လာတဲ့ ရေတွေကို သောက်ရေ အတွက် ခံယူနေတာဖြစ်ပါတယ်။       ရေတွေ တသွင်သွင် စီးနေလို့ ကွပ်ပစ်လေး ရိုက်ပေးထားလို့ အဆင်ပြေပြေ ဆင်းလို့ ရခဲ့ပါတယ်။အတွင်း လှိုင်ဂူ ဆီ သွားတဲ့ လမ်း အနေအထားပါ။     ချောက်ကြီးထဲမှာ ဒီကလေးမလေး ဘာထိုင်လုပ်နေတာလဲ.. အမြင်မမှားဘူးဆိုရင် စောင့်စောင့် ထိုင်ပြီး တခုခုကို မျှော်နေသလိုပဲနော်။   တောင်ဆင်းလမ်းဖြစ်ပါတယ်။ သစ်ရိပ်ဝါးရိပ်တွေနဲ့ သိပ်တော့ မပူလှပါဘူး။ ချွေးကလေး တစို့စို့နဲ့ အဆင်ပြေပါတယ်။ အသွားလမ်း ဆင်စီးတာ မိနစ် ၃ဝ ကြာခဲ့ပေမဲ့ အပြန်လမ်း လမ်းလျှောက်တာ ၅၅မိနစ် ပဲ ကြာခဲ့ပါတယ်။ တောင်ခြေက လမ်းခရီးပြ မြေပုံ […]


ဆူးApril 23, 20121min29422
အရှေ့က အမြှောင်းလေးတွေ ကြားထဲမှာ ပိုက်ဆံ တွေ ထိုးသွင်းထားကြပြီး အဲဒီ အကွဲကြောင်းကြီးက တခါတရံ အလိုလို ဟပါတယ်။ အဲဒါကို ဂူတခါး ပွင့်တယ်လို့ ခေါ်ပါတယ်။     ဒါကတော့ ဟနေတဲ့ နေရာ တခုပါ။ အဲဒီ ထက် ပိုပြီး ကျယ်ကျယ် ဟတာ လူ တယောက် လက်တကမ်း ဝင်လို့ရတဲ့ အနေ ကလေးတယောက် ဝင်လို့ ရတဲ့ အနေလောက် ဟလာတတ်ပါတယ်။ အဓိဌာန် ဆုတောင်းရင် ဟလာတယ်လို့ ပြောပါတယ်။   လှိုင်ဂူ ကျောက်တံခါး မှာ ရွှေသင်္ကန်း ကပ်နေကြတာ ဖြစ်ပါတယ်။     လှိုင်ဂူရှေ့မှာ လူများ ပူဇော် ကန်တော့ နေတဲ့ ကြတာ […]


ဆူးApril 22, 20121min34436
ဆင်ပေါ်က ဆင်းဆင်းချင်း အပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော်ကြီး။       အပေါ်ကျောင်းကနေ အတွင်းကျောက်လှိုင်ဂူဆီ သွားတဲ့လမ်းကလေး ဖြစ်ပါတယ်။     ပွဲတော်ရက်ဖြစ်တဲ့ အတွက် ဘုရားဖူးတွေ အလွန်များပြားနေပါတယ်။ တယောက်သာ ဆင်းတက်လုပ်လို့ ရတဲ့ လှေကားကို ဆင်းဖို့ အတွက် တိုးနေကြတာ ဖြစ်ပါတယ်။ အပေါ်ကနေ အောက်ကို မမြင်ရပါဘူး။ ကျောက်လှိုင်ဂူ ဆီ ဆင်းတဲ့ လှေကား ဖြစ်ပါတယ်။ မိုး အခါ တောင်ကျရေ အများကြီး ကျတဲ့ အခါ ဖြုတ်သိမ်းတယ်လို့ သိရပါတယ်။     ကျောက်လှိုင်ဂူဆီ လွယ်ကူစွာ ဝင်နိုင်ရန် လမ်းခင်းထားပြီး အမိုးလည်း ရှိပါတယ်။ တောင်ကျရေက ဆက်တိုက် ကျနေလို့ ရေမစိုအောင် […]


ဆူးApril 21, 20121min22817
တောင်ပေါ်မှာ ရှိတဲ့ လျောင်းတော်မူ ကိုယ်တော် ဖြစ်ပါတယ်။ ရွှေရောင် ကိုယ်တော် အစစ် လျောင်းတော်မူနေတာကတော့ အဲဒီကနေ အောက်ဆင်းသွားပြီး အတွင်းကို တော်တော် ဆင်းရပါတယ်။ မိုးတွင်းအခါ တောင်ကျ ချောင်းရေ ရှိတဲ့ အချိန်ဆိုရင် အဆင်းလမ်း မရှိပါဘူး။ ဆင်းလို့လည်း မရပါဘူး။ ဒါကြောင့် အချိန်အခါ မဟုတ် လာတဲ့ ပရိတ်သတ် အတွက် အပေါ်မှာ ကိုယ်စား ကိုယ်ပွားတော် တဆူ တည်ထားပြီး ကိုးကွယ်ထားကြတာပါ။ တောင်ပေါ်ရောက်တဲ့ အခါမှာတော့ ကျောင်းဆောင် အတွင်း လျောင်းတော်မူ အနေအထားဖြင့် ဉာဏ်တော် ၁ဝတောင် ရှိပြီး အနောက်မြောက် အရပ်သို့ ဦးခေါင်းတည်၍ ပရိနိဗ္ဗာန် ပြုနေပုံကို အင်္ဂဒေဖြင့် ထုလုပ်ပူဇော်ထားသည့် ဆင်းတုကို ဖူးမြင်ရပါသည်။ ထိုဆင်းတုသည်လည်း ရွှေဆိုင်း […]


ဆူးApril 20, 20121min22421
ဆင် တင်ပါးတွေမှာ စာရိုက်ထားတာ မီးပူပူမှာ ဖုတ်ထားတဲ့ သံပြား ရဲရဲ နီကို ဆင်တင်ပါးကို ကပ်လိုက်တဲ့ အတွက် အပူဒဏ်ကြောင့် အနာရွတ်ဖြစ်သွားစေတာပါ။ ဆင်စီးတဲ့ အခါမှာတော့ ဓါတ်ပုံရိုက်ဖို့ မလွယ်လောက်အောင် ခါရမ်းနေလို့ ကင်မရာမကိုင်နိုင်ပဲ ဆင်ပေါ်က ပြုတ်မကျအောင် လူထိုင်တဲ့ ခြံလေးထဲက တိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရလို့.. ဓါတ်ပုံ ကောင်းကောင်း မရိုက်နိုင်ခဲ့ပါဘူး။ တောင်ခြေစခန်းမှ ဆင်စီးပြီး တောင်တက်မယ် ဆိုလျှင်တော့ ၁ယောက်ကို ၂၀၀ဝ နှုန်းဖြင့် တက်နိုင်ပြီးတော့ ဆင်တစီးမှာတော့ လူ၄ယောက် စီးခွင့်ရှိပါတယ်။ ဆင်မစီးချင်သူများ ခြေလျှင်ဖြင့်လည်း တက်နိုင်ပါသေးတယ်။ အတက်ကိုတော့ ၃ယောက်ကို ဆင်တစီးလုံး ၈၀၀ဝ ဖြင့် အပြတ်ငှားပြီး တက်ခဲ့ပါတယ်။ ဆူး သွားသည့် အချိန်သည် တပေါင်းလပြည့်နေ့ ဖြစ်သည့် […]


ဆူးApril 19, 20121min23917
မုံရွာမြို့မှ အလောင်းတော် ကဿပ တောင်ခြေ စခန်းဆီသို့ မိုင် ၆ဝ ဝန်းကျင် ရှိပြီး မုံရွာ ကလေးဝ သို့ သွားသော လမ်းမှ တဆင့် အလောင်းတော် ကဿပ လမ်းခွဲမှ ဆက်သွားရပါသည်။ အလောင်းတော် ကဿပ အမျိုးဥယျာဉ် ကြိုးဝိုင်းသစ်တော မှ တဆင့် တောလမ်းကို ဖြတ်သန်းပြီး တောင်ခြေကို ရောက်ရှိရပါသည်။ လမ်းတွင် ဆက်တိုက် ရွာများ ဖြတ်သန်းသွားပြီး ကပိုင်ကျေးရွာ ကတော့ လမ်းခရီးတွင် နောက်ဆုံးရွာဖြစ်ပါသည်။ ဟိုတယ်မှ မနက် ၂နာရီခွဲ စတင်ထွက်ခွာပြီး တောလမ်းခရီးထွက်သည့် ကားကြီးဖြင့် ခုန်ပေါက် ခုန်ပေါက် လိုက်ပါ စီးနင်းပြီး မနက် ၅နာရီခွဲမှာတော့ ကပိုင်ဆိုတဲ့ ရွာကို ရောက်ရှိပါတယ်။ ကပိုင်ရွာတွင် မနက်စာ စားသောက်ရန် […]


ဆူးApril 18, 20121min23928
မုံရွာမြို့ကနေပြီး အလောင်းတော် ကဿပ သို့ သီးသန့် ထွက်တဲ့ ကားဂိတ်တွေကတော့ မုံရွာ ရွေစည်းခုံ ဘုရားရှေ့မှာ များပြားစွာ ရှိပါတယ်။ တခုခု ကို ရွေးချယ်ပြီး လက်မှတ်ဝယ်ပြီး သွားလို့ ရသလို ကိုယ်စီးချင်တဲ့ ကားနဲ့ ညှိပြီး သွားလို့ ရပါတယ်။ ကြိုးဝိုင်းတောကြီးထဲမှာ ရှိနေပြီးတော့ တောလမ်း ခရီး မိုင် ၂ဝ လောက် မောင်နှင်ရပါတယ်။ ပုံတော့ ကြိုးဝိုင်း အဝင် နယ်နမိတ်အစ ဖြစ်ပါတယ်။ ထုံစံအတိုင်း မဟူတောင် နတ်နန်း ကို ကားသမားတွေ ဦးတိုက်ကြပါတယ်။ ရပ်ထားတဲ့ ကားကတော့ မဟူတောင် နတ်နန်း ကို ဦးတိုက်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။ အလွန်မြင့်တဲ့ သစ်ပင်မြင့်ကြီးတွေ တောထဲမှာ ရှိပါတယ်။ နွေရာသီ […]