အလောင်းတော် ကဿပ ၁

ဆူးApril 18, 20121min24128

မုံရွာမြို့ကနေပြီး အလောင်းတော် ကဿပ သို့ သီးသန့် ထွက်တဲ့ ကားဂိတ်တွေကတော့ မုံရွာ ရွေစည်းခုံ ဘုရားရှေ့မှာ များပြားစွာ ရှိပါတယ်။
တခုခု ကို ရွေးချယ်ပြီး လက်မှတ်ဝယ်ပြီး သွားလို့ ရသလို ကိုယ်စီးချင်တဲ့ ကားနဲ့ ညှိပြီး သွားလို့ ရပါတယ်။

ကြိုးဝိုင်းတောကြီးထဲမှာ ရှိနေပြီးတော့ တောလမ်း ခရီး မိုင် ၂ဝ လောက် မောင်နှင်ရပါတယ်။

ပုံတော့ ကြိုးဝိုင်း အဝင် နယ်နမိတ်အစ ဖြစ်ပါတယ်။

ထုံစံအတိုင်း မဟူတောင် နတ်နန်း ကို ကားသမားတွေ ဦးတိုက်ကြပါတယ်။
ရပ်ထားတဲ့ ကားကတော့ မဟူတောင် နတ်နန်း ကို ဦးတိုက်ဖို့ စောင့်ဆိုင်းနေတာ ဖြစ်ပါတယ်။

အလွန်မြင့်တဲ့ သစ်ပင်မြင့်ကြီးတွေ တောထဲမှာ ရှိပါတယ်။ နွေရာသီ ခြောက်သွေ့တဲ့ အချိန်သာ လမ်းသာတဲ့ အတွက် ဖုန်ထူထူ တောလမ်း ဖြစ်နေပါတယ်။
တချို့သစ်ပင်ကြီးရဲ့ အမြင့်ကတော့ ရန်ကုန်မြို့က ၄ထပ် ၅ထပ် တိုက်လောက်မြင့်တဲ့ အထိအောင် မြင့်ပါတယ်။ သစ်တော အတွင်းမှာတော့ နေပျောက်မထိုးအောင် ပိတ်နေတဲ့ နေရာတွေ ရှိပါတယ်။

ကြိုးဝိုင်းကို မဝင်ခင်မှာတော့ လူတွေ ရှို့ထားတဲ့ မီးလောင်ထားတာတွေ များစွာ တွေ့ပါတယ်။
အဲဒီ အရပ်က လူတွေက သစ်ပင် ရှိရင် ထင်းခုတ်ချင်ပါတယ်။ ထင်းခုတ်ရင် ဖမ်းမှာ ဖြစ်တဲ့ အတွက် ထင်းခုတ်လို့ ရအောင် မသိမသာ မီးရှို့ထားလိုက်တဲ့ အခါ အပင်က မီးဒဏ်ကြောင့် သေသွားပြီး နောက်ဆုံး သစ်ခြောက်ပင်ကြီးမို့ ခုတ်လှဲတယ် ဆိုတဲ့ သဘောနဲ့ မီးရှို့ကြတာ ဖြစ်ပါတယ်။

ကြိုးဝိုင်း အတွင်းမှာတော့ မီးရှို့တာတွေ မရှိတော့ပါဘူး။
မီးရှို့ရင် ပစ် ဖမ်းလို့ ရတဲ့ ဥပဒေ ရှိလို့ မလုပ်ရဲကြပါဘူး။

 

ဆက်ရန်။

28 comments

  • pooch

    April 18, 2012 at 2:24 pm

    ဆူးရေ ကျမတော့ အလောင်းတော် ကသာပကို တခါမှ မရောက်ဖြစ်သေးပါဘူး။ ကားမူးတတ်လို့ လမ်းကြမ်းတယ်လို့လည်း ပြောကြတာကြောင့် ပါ။ တခေါက်လောက်တော့ ရောက်အောင်သွားမယ် စိတ်ကူးပါတယ်။
    ဒီသင်္ကြန်မတိုင်ခင်မှာ အသိထဲက သွားကြတာမှာ လေနီကြလို့ ဆင်တွေရော လူတွေရော ပြေးလိုက်ကြတာ မှောင်ကြီးမဲကြီးထဲမှာ ရုတ်ရုတ်သဲသဲပါတဲ့။ ကံကောင်းလို့ ပြန်ရောက်လာတယ် ပြောပါတယ်။ ခါတိုင်းထက် မိုးဦးစောတာကြောင့် လေကျတာ စောတာပါတဲ့ ။ ခုတော့ ပိတ်လိုက်ပြီထင်ပါတယ်။

    မရောက်ဖူးတာကြောင့် ဒေသန္တရ ဗဟုသုတတွေ မျှော်နေပါတယ်။

    မင်္ဂလာရှိသောနှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ။

    • ဆူး

      April 18, 2012 at 2:59 pm

      ဆူး သွားထားတာ ၃လ ဆန်းပိုင်းက သွားထားတာပါ။
      အဲဒီ တုန်းကလည်း ဆူး တို့ မရောက်ခင် ရက်က မိုးတွေ ရွာလို့ တောင်တက်ကားတွေတောင် မဆင်းရဲလို့ ပြန်လှည့်ပြေးရတာတွေ ရှိတယ် ကြားတယ်။
      ဆူး ရောက်တဲ့ နေ့ကတော့ အဆင်ပြေတယ်။
      မရောက်ဖူးတဲ့ နေရာဆိုတော့ ရောက်ဖူးအောင် သွားတဲ့ သဘောပါပဲ။
      တောထဲ ခရီးထွက်ချင်တယ် ဆိုရင် ကျိုက်ထီးရိုး သွားတာပိုကောင်းတယ်လို့ သုံးသပ်မိတယ်။
      တောသဘာဝ တင်မကဘူး ဘုရား ရောက်တဲ့ အထိ လူတွေ လမ်းလျှောက်သွားလို့ ရတာဆိုတော့ ပေါ့ပေါ့ ပါးပါး ရှိတယ်။
      တောလမ်းကို ကားနဲ့ သွားတဲ့ မိုင် ၂ဝ လောက်က တောထဲ အလယ် ချောင်းကူးတုန်း ပျက်သွားရင် ဟိုမရောက် ဒီမရောက် တောထဲ ညအိပ်ရကိန်း ရှိတယ်။
      ကားသမားတွေ ပြောတာ သူတို့တွေ တောထဲ ညအိပ်ရပြီး ကားပျက်လို့ ကားကြုံမလာလို့ စားစရာ မရှိ ရေက မရှိနဲ့ ဒုက္ခရောက်တယ် ဆန်ရှိပြီး ရေမရှိဘူး ဘာညာ ကြားမိတယ်။ ရေရှိတဲ့ နေရာရောက်ဖို့ တော်တော် လျှောက်ရတာ လွယ်လှဘူးရယ်။

      • pooch

        April 18, 2012 at 3:44 pm

        ဆူးရေ ကျိုက်ထီးရိုးက နှစ်ခေါက်လောက်ရောက်ဖူးပါတယ်။ နှစ်ခါလုံး ခြေလျင်ပဲ တက်ခဲ့တာပါ။ အလောင်းတော် ကသာပကတော့ ဆင်စီးဖူးချင်တာရယ် ရှုခင်းတွေရယ်ကြောင့်ပါ။

        • ဆူး

          April 18, 2012 at 3:47 pm

          ဆင်စီးတာ ဆင်စီးတယ် ဆိုတဲ့ ဂုဏ်ယူပြီး ပြောတာက လွဲရင် တခြား ဘာမှ ကောင်းတာ မရှိဘူး။ နောက်အပိုင်းတွေမှာ သိရပါလိမ့်မယ်။

    • ချစ်ရင်ထူးနှစ်

      April 18, 2012 at 3:33 pm

      အစ်မ ဆူး .. အပေါ်ဆုံးကပုံကို ငါးမျက်စိ နဲ့ ကွေးပစ်လိုက်ရင် သိပ်လှမှာပဲနော် ..
      ကို ဂီရေ .. ကွေးပြပါလား ကြည့်ချင်လို့ပါ ..

  • TTNU

    April 18, 2012 at 2:50 pm

    ပုံကလေးတွေဝေဆာနေတာမို့ ကောင်းလေစွ ဆူးရေ…
    ဆင်တွေနဲ့ တောထဲခရီးနှင်ပုံတွေ ဆက်တင်ပါဦးနော်။
    တီချာလည်းတစ်ခေါက်ပဲရောက်ဖူးသေးတယ်။
    မပုချ်ပြောသလိုပဲ လမ်းကြမ်းပေမဲ့ ပျော်စရာကောင်းတယ်နော်။
    တီချာ ဆင်စီးရမှာကြောက်လို့ ခြေကျင်ရွေ ့ခဲ့တာ။ မောလိုက်တာမှ။ 🙁
    ဆူးရေ .. နောက်ဆုံးပုံက ဆင်ပေါ်ကရိုက်တာထင်တယ်။

    • ဆူး

      April 18, 2012 at 3:01 pm

      ဆင် စီးတာ နဲ့ ပတ်သတ်တဲ့ အတွေ့အကြုံလေးတွေကိုလည်း သေချာ ရေးပေးပါအုန်းမယ်။

  • FattyCat

    April 18, 2012 at 2:53 pm

    မိုင် (၂၀)လောက်ကို စက်ဘီးစီးသွားရင် (၂)နာရီဝန်းကျင်လောက်ပဲကြာမှာပါ…
    Trekking လုပ်ဖို့ကောင်းမယ့်ပုံစံရှိပါတယ်…
    အဆင်ပြေရင် စီစဉ်ကြည့်ကြမလား… မန်းတလေးဂေဇက် Bike Trekking ဆိုပြီးတော့လေ…

    • TTNU

      April 18, 2012 at 3:00 pm

      ကိုဖက်တီးကက်ရေ…
      ချောင်းတွေမြောင်းတွေကျော်ရဦးမှာလေ။
      ချောက်ကမ်းပါးလိုလိုခပ်မတ်မတ်တွေလည်းရှိသေးတယ်တော့။

    • ဆူး

      April 18, 2012 at 3:00 pm

      မိုင် ၂ဝ ဆိုတာ တောစပ် ကြိုးဝိုင်း ကနေ စရေတွက်ရင် တောင်ခြေ အထိ ကို မိုင် ၂ဝ ဝေးတာပါ။
      မုံရွာ မြို့ကနေ သွားမယ် ဆိုရင် မိုင် ၆ဝ လောက် ရှိတယ် ဆရာရေ..

      • ဆူး

        April 19, 2012 at 12:28 pm

        တောင်တက် တောင်ဆင်းတွေ အရမ်းမက်တယ်။

    • marblecommet

      April 19, 2012 at 7:14 pm

      ရှင်ပဲစီးပါတော်
      ဒလောက် တောင်တက်တောင်ဆင်း လမ်းကို
      ရှင်မို့ ပြောရက်တယ်
      ဟင်း စက်ဘီးအကောင်းစားနဲ့
      ဘီးဝါသနာအိုးဆိုတော့လည်း
      ပြောမှာပေါ့အေ…
      သများတို့ကတော့
      အိုက်ဒီ တောထဲ အမဲလိုက်ချင်တယ်
      လိုက်ကြမလားအေ….

      • ဆူး

        April 20, 2012 at 8:44 am

        တော ထဲမှာ မျောက်သံတော့ ကြားတယ် တခြား တောကောင်တော့ သိပ်သတိမထားမိဘူး။
        လူ ရှိရင် မလာရဲကြဘူးလေ။

  • aye.kk

    April 18, 2012 at 6:34 pm

    ဆူး..
    အန်တီဝင်ဖတ်သွားပါတယ်
    တောရိပ်တောင်ရိပ်တွေမြင်ရတော့သွားချင်နေမိတယ်။

    • ဆူး

      April 19, 2012 at 12:29 pm

      တခါလောက်တော့ သွားဖူးတယ် ရှိအောင်တော့ သွားသင့်ပါတယ်။
      နောက်အပိုင်းတွေမှာ အဲဒီ ခရီးစဉ်တွေကို ဆူး ရှောင်ရန် ဆောင်ရန်တွေကို ရေးပေးမယ်။

  • FattyCat

    April 18, 2012 at 7:46 pm

    ဒီနေရာမှာ စက်ဘီးစီးတဲ့အကြောင်းလေးပြောပြမယ်နော်
    အဲဒီလို ခရီးတွေမှာစီးတဲ့စက်ဘီးကို mountain bike လို့ခေါ်ပါတယ်
    သုံးရမယ့် တာယာအမျိုးအစားကတော့ ရွံ့တွင်းစီးတဲ့ mud tire တွေကို သုံးရ ပါတယ်
    Road bike လို့ခေါ်တဲ့ ဘီးလုံးသေးသေးနဲ့စက်ဘီး မြန်မာခေါ်မိန်းမစီးတွေ စီးလို့မရပါဘူး
    အဲဒီစက်ဘီးတစ်စီးကို မြန်မာငွေ သုံးသိန်းကနေ လေးသိန်းအထိပေးရပြီး
    တောတွင်းခရီးအတွက်ပျော်စရာကောင်းတဲ့အတွေ့အကြုံပါ
    အဲဒီနေရာမှာ ဆင်းစီးရသလို အခြားစိတ်လှုပ်ရှားစရာတစ်ခုအနေနဲ့လုပ်ရင် ဂီဂီပြောနေကျ မီလျံဘစ်စနက်ဖြစ်နိုင်တယ်နော်
    ပြင်ဆင်သူ လမ်းပြ အပိုပစ္စည်းအကုန်တော့ထားပေးနိုင်ရင် တော်တော်အဆင်ပြေပါတယ်
    ရန်ကုန်မှာ တစ်နာရီ နှစ်ဒေါ်လာနဲ့ ငှားစားနေသူတွေရှိပါတယ်
    စိတ်ဝင်စားရင် စီစဉ်ပေမယ်လေ
    အထူးအဆန်းပေါ့

    • ဆူး

      April 19, 2012 at 12:31 pm

      နိုင်ငံခြားသား ဆွဲဆောင်မှု အတွက် စက်ဘီး ငှား ဌာန တည်ထောင်ပြီး ဆွဲဆောင်မှု လုပ်မလို့လား။ အဲဒီ ခရီးကို ကားနဲ့တော့ နေ့ချင်းပြန် သွားလို့ ရတယ်။ စက်ဘီးက ဘယ်နှစ်ကီလို သွားလဲမသိတော့ မပြောတတ်ဘူး။

  • zaw min

    April 18, 2012 at 9:07 pm

    မြန်မာပြည်ပြန်ရောက်ရင် ဂေဇက်ရွာသူားတွေစုပေါင်းပြီး အထက်မြန်မာပြည်အောက်မြန်မာပြည်ဘုရားဖူးထွက်ရအောင် သူကြီးကကုန်ကျစရိတ်တစ်ဝက်စိုက်ပေးပေါ့နော်…။

  • ကြောင်ကြီး

    April 19, 2012 at 8:13 am

    အသက်ကြီးယင် ဆင်စီးဘာဆိုဒေါ့ အန်တီဆူးအသက် ငယ်ဒေါ့ဘူးထင်ပ…။
    တူဒေါ်မှောင်ကြောင်ကြီး:roll:

    • ဆူး

      April 19, 2012 at 12:44 pm

      ဆင်စီးခဲ့တယ်။ နောက် အပိုင်းတွေမှာ ရေးပေးမယ်။

  • FattyCat

    April 19, 2012 at 1:02 pm

    ဆူးရေ-
    စက်ဘီးက လမ်းကောင်းမှာဆိုရင် ၂၅ ကီလိုကနေ ၄ဝ ကီလိုအတွင်းသွားပါတယ်…
    လမ်းကြမ်းမှာဆိုရင် မော်တော်ကားထက်မြန်တာတော့သေချာတယ်…
    စမ်းကြည့်မလားဟင်…

  • ဆူး

    April 19, 2012 at 1:21 pm

    လမ်းကတော့ သိပ်မကြမ်းလှပါဘူး။ နွေရာသီ လမ်းဆိုတော့ မြေကြီးလမ်း ဖုန်လမ်းမျိုးပါပဲ။
    တောင်တက် တောင်ဆင်း အချိုးအကွေ့တွေကတော့ များတယ်။ တောင်ကျချောင်းရေ ရှိတဲ့ နေရာမှာတော့ စက်ဘီး ထမ်းပြီး သွားရလို့ နည်းနည်း မြန်မယ် ထင်တယ်။
    ကားကြီးတွေကတော့ စမ်းသပ်ပြီး မောင်းနှင်နေရတယ်။ အဲဒီနေရာမှာတော့ ကားတွေ သိပ်ကြာတယ်။

  • marblecommet

    April 19, 2012 at 7:27 pm

    ကိုဖက်ခင်ညားက စက်ဘီးစီး
    ကျုပ်က နောက်ကထိုင်လိုက်မယ်
    တောထဲမှာ ရွက်ဖျင်တဲထိုးပြီး
    အမဲလိုက်ကြမယ်လေ
    ဘလိုလဲ ….
    စိန်လား …
    ………..
    ဖွား ပို့(စ်)ကို
    စောင့်နေတယ်နော်…
    ဒါပဲ……

    • ဆူး

      April 20, 2012 at 8:49 am

      သိပ်လည်း လောဘ မကြီးနဲ့ ကတုံးကို အားနာပါအုန်း။ ဦးဇင်း အရှိန်လေး ဆက်ထိန်းမယ်ဆို….
      ဟိဟိ.. ဆဒ္ဒန်ဆင်မင်း ဇတ်ထဲက မုဆိုးလို ဖြစ်နေအုန်းမယ်။

      • marblecommet

        April 20, 2012 at 3:06 pm

        တိန်…….
        ဒါကြီးပဲ ခလုတ်တိုက်တိုက်နေပါလား
        အာဟင့်…….
        စိန်ဂဒုံးရဲ့……အဖြစ်ဆိုးလှငဲ့….

  • Novy

    April 20, 2012 at 12:59 pm

    မနိုလဲ အလောင်းတော် ကဿပ ကို အရမ်းသွားချင်ပါတယ်
    တစ်ခါမှ မရောက်ဖူ ဘူး
    သူက အချိန်နဲ့ ဖွင့်တာဆိုတော့
    ကြိုးစားနေတယ် တစ်ခါလောက်တော့ ရောက်အောင်ပေါ့

    • ဆူး

      April 20, 2012 at 2:50 pm

      တခါလောက်တော့ မသွားဖူးရင် သွားသင့်ပါတယ်။
      ဆူး သေချာ ရေးပေးထားပါတယ်။ နောက်အပိုင်းတွေမှာ ဆက်လက်စောင့်ပေးနော်။

Leave a Reply