တစ်နေ့သောညနေကာလတစ်ခု၌ ကျွန်တော်သည် ကမ်းမမြင်လမ်းမမြင်ပင်လယ်ထဲတွင် အလုပ်လုပ်ကိုင်ရာမှ ဆိပ်ကမ်းသို့ ကုန်တင်ကုန်ချအတွက် ကမ်းကပ်နေသော အချိန်ဖြစ်လေသည်။ ကျွန်တော်သည် သင်္ဘောပေါ်တွင် အများနှင့်မတူ အလုပ်ကို ပိုမိုကြိုးစားလုပ်ကိုင်လေသည်။ အခြားတိုင်းတစ်ပါးသားများ လုပ်ကွက်တစ်ကွက်စာ လုပ်လျှင် ကျွန်တော်က လုပ်ကွက်နှစ်ကွက်စာ ကြိုးစားပြီး ပြီးအောင်လုပ်လေသည်။ အခြား သူများ အိပ်ကောင်းနေချိန်တွင်လည်း ကျွန်တော်သည် OT ဆင်း၍ အလုပ်များကို မနားမနေ အဆက်မပြတ်လုပ်ကိုင်နေလေသည်။ ထိုကဲ့သို့နေ့စဉ်နှင့်အမျှ အလုပ်ကို ကြိုးစားလုပ်ကိုင်နေရသော အကြောင်းမှာ ကျွန်တော်တွင် ခိုင်မာစွာရှိလေသည်။ ထိုအကြောင်းအရာတစ်ခုတည်းကြောင်း ကျွန်တော်သည် အလုပ်များကို နေမအား ညမအား ကြိုးစားလုပ်ကိုင်နေမိခြင်းဖြစ်သည်။ အလုပ်ကိုကြိုးစားလုပ်ကိုင်နေသော အကြောင်းမှာ ကျွန်တော်သည် အခြားသော သင်္ဘောသားများထက် လွန်စွာဆင်းရဲသောကြောင့်ပင် ဖြစ်သည်။ အဘဆရာမင်းသိင်္ခ၏ ဆင်းရဲရင် နှိပ်စက်ကြလိမ့်မယ်။ ချမ်းသာအောင်လုပ်ဟူသော ဆုံးမစကားသည် ကျွန်တော်၏ နှလုံးအိမ်ထဲတွင် […]