ဂဇက်မှာစာမရေးဖြစ်တာလဲကြာပါပြီ….ရေးစရာအကြောင်းကလည်း ခေါင်းထဲရောက်မလာ..စိတ်လေနေတယ်ဆိုပါတော့…တစ်ညနေတော့ အလုပ်ကပြန်ရောက်ခိုက် အိမ်မှထိုင်နေရင်း…စိတ်ကူးပေါက်တာနဲ့….သားနဲ့သမီးကို စကားစ ကြည့်မိတယ်..“သားနဲ့သမီး အဖေ့ပေါ်တစ်နေ့တာ မြင်တာလေးတွေ စာချရေးပါလား..အမှန်အတိုင်း သားတို့အမြင်သိချင်တာနော်…ကိုင်း. ဘယ်လိုလဲ..ရေးကြမလား…” စမ်းကြည့်မယ်လေအဖေကြီး..တဲ့..ဒါနဲ့ပဲနှစ်ကောင်သား ကွန်ပြူတာရှေ့ထိုင်ပြီး အမလုပ်သူကစာရိုက် မောင်ငယ်က ဘေးကထောက်ပေးနဲ့ ရေးနေကြလေရဲ့…. ဘယ်ကတည်းကရေးချင်နေကြတယ်မသိ…… ကျုပ်လည်းနောက်ကနေ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်လှမ်းရိုက်ထားလိုက်တယ်…ဒီလိုနဲ့….   ဒီလိုနဲ့ မေ့ပီးနေလာလိုက်တာ..တစ်ပါတ်လောက်ကြာသွားမှသတိရလို့ မင်းတို့နှစ်ယောက်ရေးထားတဲ့စာကောကွ..ဆိုတော့…နှစ်ယောက်လုံး သံပြိုင်ဖြေတယ်..“ဒီမှာအဖေ”တဲ့…ဆိုပီး ဒက်စတော့ပေါ်က ဝပ်ဖိုင် တစ်ခုဖွင့်ပြတော့ အောက်ပါအတိုင်းရေးထားတာတွေ့တော့… ကျနော် တဟားဟား အော်ရီမိသွားတယ်ဗျာ…ဒါနဲ့ပဲ..မတည်းမဖြတ် သူတို့နှစ်ယောက်ရဲ့ မူရင်းကိုပဲတင်ပေးလိုက်ပါတယ်… ရွာသူားတို့ ကြီးမိုက်ရဲ့ မျိုးဆက်သစ်လေးတွေ လက်ရာကို အားပေးကြပါကုန်ဦးလော့…..     ဘေဘီမိုက်နှစ်ယောက် ရေးပြတဲ့ ကြီးမိုက်ဆိုတာ….   “သား..စည်သူ..ထတော့ကွာ ရနာရီမတ်တင်းရှိနေပီ” ဒါက ကျောင်းဖွင့်ရက်မနက်တိုင်း ပထမဆုံးကြားနေကျ ဖေကြီးအသံ.. “ငါးမိနစ်..အဖေ” ဒါကလည်းကျနော်မျက်လုံးမဖွင့်ပဲပြန်ပြောနေကျ.. “အေး..ငါးမိနစ်နှပ်ပီးရင် တကယ်ထတော့နော်” […]