Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြီးမိုက်ပေါ်သူတို့အမြင်…Their view

ဂဇက်မှာစာမရေးဖြစ်တာလဲကြာပါပြီ….ရေးစရာအကြောင်းကလည်း

ခေါင်းထဲရောက်မလာ..စိတ်လေနေတယ်ဆိုပါတော့…တစ်ညနေတော့ အလုပ်ကပြန်ရောက်ခိုက် အိမ်မှထိုင်နေရင်း…စိတ်ကူးပေါက်တာနဲ့….သားနဲ့သမီးကို စကားစ

ကြည့်မိတယ်..“သားနဲ့သမီး အဖေ့ပေါ်တစ်နေ့တာ မြင်တာလေးတွေ

စာချရေးပါလား..အမှန်အတိုင်း သားတို့အမြင်သိချင်တာနော်…ကိုင်း.

ဘယ်လိုလဲ..ရေးကြမလား…”

စမ်းကြည့်မယ်လေအဖေကြီး..တဲ့..ဒါနဲ့ပဲနှစ်ကောင်သား ကွန်ပြူတာရှေ့ထိုင်ပြီး အမလုပ်သူကစာရိုက် မောင်ငယ်က ဘေးကထောက်ပေးနဲ့ ရေးနေကြလေရဲ့….

ဘယ်ကတည်းကရေးချင်နေကြတယ်မသိ……

ကျုပ်လည်းနောက်ကနေ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်လှမ်းရိုက်ထားလိုက်တယ်…ဒီလိုနဲ့….

ဘေဘီမိုက်တို့စာရိုက်နေတာ
ဘေဘီမိုက်တို့စာရိုက်နေတာ
ပြောင်တာတော့အရောင်ထွက်တယ်..အဖေ့လိုပဲ..
ငယ်ငယ်ကတည်းကပြောင်တာတော့အရောင်ထွက်တယ်..အဖေ့လိုပဲ..

 

ဒီလိုနဲ့

မေ့ပီးနေလာလိုက်တာ..တစ်ပါတ်လောက်ကြာသွားမှသတိရလို့

မင်းတို့နှစ်ယောက်ရေးထားတဲ့စာကောကွ..ဆိုတော့…နှစ်ယောက်လုံး

သံပြိုင်ဖြေတယ်..“ဒီမှာအဖေ”တဲ့…ဆိုပီး ဒက်စတော့ပေါ်က ဝပ်ဖိုင်

တစ်ခုဖွင့်ပြတော့ အောက်ပါအတိုင်းရေးထားတာတွေ့တော့…

ကျနော် တဟားဟား အော်ရီမိသွားတယ်ဗျာ…ဒါနဲ့ပဲ..မတည်းမဖြတ်

သူတို့နှစ်ယောက်ရဲ့ မူရင်းကိုပဲတင်ပေးလိုက်ပါတယ်…

ရွာသူားတို့ ကြီးမိုက်ရဲ့ မျိုးဆက်သစ်လေးတွေ လက်ရာကို အားပေးကြပါကုန်ဦးလော့…..

 

 

ဘေဘီမိုက်နှစ်ယောက် ရေးပြတဲ့ ကြီးမိုက်ဆိုတာ….

 

“သား..စည်သူ..ထတော့ကွာ ရနာရီမတ်တင်းရှိနေပီ”

ဒါက ကျောင်းဖွင့်ရက်မနက်တိုင်း ပထမဆုံးကြားနေကျ ဖေကြီးအသံ..

“ငါးမိနစ်..အဖေ” ဒါကလည်းကျနော်မျက်လုံးမဖွင့်ပဲပြန်ပြောနေကျ..

“အေး..ငါးမိနစ်နှပ်ပီးရင် တကယ်ထတော့နော်”

ကျနော်လည်းဆက်နှပ်နေလိုက်တာပေါ့…အဲ..ငါးမိနစ်ပြည့်လို့မှ

ထမလာသေးရင်တော့

အိပ်ခန်းထဲဝင်လာပီး ခြေထောက်ကနေအတင်း ကုတင်အောက်ဆွဲချတော့တာပဲဗျ..

အများအားဖြင့်တော့ ကျနော်ဆိုတဲ့ကောင်ကလည်း ခြေထောက်လာဆွဲမှချည်းထဖြစ်တာပဲ..ဟီး

ဒါကြောင့်ပဲ သွားတိုက်မျက်နှာသစ်လုပ်နေတဲ့ တစ်ချိန်လုံး ဖေကြးီက နောက်ကနေ

ပွားတော့တာပဲ…

“မင်းတို့ကောင်တွေ ဘယ်တော့မှ ဝိရိယမရှိဘူး….နှိုးမဲ့သူများမရှိရင်

ကျောင်းတောင်နေဖြစ်ပါ့မလားမသိ..တောက်စ် %%++#$**xxx~………..

………………………………………………………………………………….

………………………………………………………………………………..”

ကျနော်ကတော့ ဒီပွားလုံးတွေကြားနေကျမို့ရိုးနေပါပီ…ဒီတော့ ကိုယ်လုပ်စရာရှိတဲ့

အဝတ်လဲ..ပြင်ပေးထားတဲ့ ဘရိတ်ဖတ်စား…အားလုံးပီးတော့ ရနာရီဆယ့်ငါးလောက်..

“ပီးပြီအဖေ..သွားကြမယ်..အဲ..မုန့်ဖိုးပေးအုံး”

အဖေ စကားဖြတ်လိုက်ပြီး အောင့်သက်သက်နဲ့မုန့်ဖိုးထုတ်ပေးပါတယ်..

တိုက်ထိပ်ထွက်စောင့်လို့ ငါးမိနစ်လောက်ရှိတာနဲ့ အဖေ့ကိုကြိုတဲ့ ဖယ်ရီရောက်လာတယ်..

ကျနော်တို့နှစ်ယောက်တက်ပြီးတစ်နေ့တာစလိုက်တာပေါ့…

အော..ပြောရအုံးမယ်ဗျ

ကျနော်က နေ့ခင်းဖက်ကျောင်းပါ..ဒါပေမဲ့မနက်ကျူရှင်သွားရသေးတယ်

ကျူရှင်က အဖေ့ဖယ်ရီ လမ်းပေါ်မှာမို့ ကျနော်အဖေ့ကားနဲ့သွားတာ..

ပြောလို့ ပြောတာမဟုတ်ဘူးဗျ…အဖေကလည်း ကျနော့အတွက်တော့ လူထူးဆန်းပဲ မနက်တိုင်း ၄နာရီခွဲ ဒေါင်ဆိုရင်ထပီ..ဘာဘဲလ် အလန်းမှလည်းမလိုဘူး…

ပီးရင်ရေတစ်ပုလင်းနဲ့ထိုင်နေပီး ၄နာရီ၄၅ ဆိုတာနဲ့ အမေကြီးကိုနှိုး…

နှစ်ယောက်သား အဖိုးတို့တိုက်ထိပ်က အသုပ်စုံဆိုင်ဖွင့်ဖို့သွားတော့တာပဲ..

၅နာရီခွဲ ဆို အိမ်ဖက်ပြန်ကူးလာပီး မမနိုး ကိုနှိုးတယ်..မမကတော့ အဖေနဲ့တူတယ်

နှိုးလိုက်တာနဲ့ တစ်ခွန်းပဲ ထပီးလိုအပ်တဲ့ပြင်ဆင်မှု့တွေလုပ်တော့တာပဲ..

အဖေ အိမ်ဖက်ကူးလာတာနောက်ကျရင်တောင် မမနိုးက ကိုယ့်ဖာသာ ထပီးနေပီ..

၅နာရီခွဲကစပီး ကော်ဖီတစ်ခွက်ဖျော်လို့ ဗွီအိုအေဖွင့်ပီး သတင်းနားထောင်နေတော့တာ..

၆နာရီဆိုတာနဲ့ မမနိုးကိုခေါ်ပီးကျောင်းကားသွားစောင့်ပေးတော့တာ..ကျောင်းကားက

ဆယ်မိနစ်လောက်ရှိမှ လာတာပါ.. ဒါကိုလည်းအဖေကပဲအကျင့်လုပ်ပေးတာ..

“ကိုယ့်ကိုသူများကစောင့်ရတာ..စောစောစီးစီး ဟွမ်းတပွမ်ပွမ်တီးခေါ်ရတာ..

ကိုယ်ကိုစောင့်ရလို့ ကားစီးဖေါ်တွေမျက်စောင်းထိုးတာ မခံရစေနဲ့ကွ..ဝိရိယထား..”

ဟုတ်လည်းဟုတ်တယ်ဗျ..အဖေဆို သူစီးရတဲ့ဖယ်ရီပေါ်မှာ သူရာထူးအကြီးဆုံးပဲ..

ဒါပေမဲ့ နေ့စဉ်ဆယ်မိနစ်လောက်ကြို ကားထွက်စောင့်တယ်…ကားထွက်စောင့်တာကလည်း

အမေကြီးအသုပ်ဆိုင်ရှေ့မှာပါ..ထမင်းချိုင့်ကိုအချိန်မီ ဆိုင်ခုံပေါ်တင်ပေးထားရတယ်..

ဖယ်ရီလာတဲ့အထိ မရောက်သေးလို့ကတော့ တမိနစ်လောက်စောင့်ပါယောက်ကျားရယ်

ဆိုလည်းမရ..ကားပေါ်တက်ပီးမောင်းခိုင်းတော့တာပဲ..အဖေကြီးက အဲလိုလူဗျ..

မမနိုးကျောင်းကားထွက်သွားမှ အဖေကြီး ရေမိုးချိုးပြင်ဆင်..ရေဒီယိုဆက်နားထောင်ရင်း

ကျနော့ကိုနှိုးရမဲ့အချိန်စောင့်နေတော့တာ…ဒါကတော့ ကျနော်မြင်သမျှ နိစ္စဓူဝ အဖေကြီးရဲ့မနက်ခင်းပေါ့…….

……………………………………………………………………………………………….

လာပါပြီဗျာ..ညနေခင်းဘဝလေး…

ညနေ၅နာရီလောက်ဆို ကျနော့ကျောင်းကားပြန်ရောက်ပီ…ဘယ်ရမလဲ ရောက်တာနဲ့

ကျောင်းဝတ်စုံချွတ် တော်ရာ ပစ်တင်ခဲ့ပြီး အပြင်ထွက်ဆော့တော့တာပဲ..မမနိုးကတော့

ကျောင်းစာလုပ်နေတာများတယ်..ဟီး ဟီး..ဒါကြောင့်လဲ ကျနော့်အဆင့်က လူငါးဆယ်ကျော်မှာ ၂၅ ဝန်းကျင်ကမတက်ဘူး..မမက အဲဗား ဝမ်းတူတန်း..

ဒါကြောင့် ဖေကြီးက ကျနော့ဆို အသေပွားတာဗျာ..နားကမီးခိုးတောင်ထွက်မတတ်..

အဲ..ဖေကြီးမှာကလည်း ညနေညနေဆို ချိန်းပွဲတွေက ပြတ်တယ်သိပ်မရှိ..

မိတ်ဆွေ ၊သူငယ်ချင်း ၊လုပ်ဖေါ်ကိုင်ဖက် ၊နယ်ကလာတဲဧည့်သည်၊အထက်လူကြီး

အင်းနောက်ပိုင်း ဂဇက်ရွာသားတွေပါ  ပါလာလိုက်သေး…အဲတော့ တစ်ဖွဲ့တစ်ဖွဲ့စီနဲ့

မတွေ့တာမဆုံတာကြာလို့နဲ့ ချိန်းလိုက်ကြတာ..ရက်အားတောင်မရှိဘူး..ဒါလည်းကောင်းပါတယ်

ပြောရအုံးမယ် ဒီလိုဗျ..ချိန်းပွဲရှိလို့ အပြင်ထွက်သောက်ရင် ..ပြန်လာ ၉နာရီ

၁ဝနာရီဆိုတော့ ကျနော်တို့ကထမင်းစားပီးကြလို့ ကိုယ့်အခန်းကိုယ်ရောက်နေကြပြီ..

ဖေကြီးစားဖို့ထမင်းက ခူးခပ်ပြီး မေကြီးကအုပ်ဆောင်းနဲ့ စားပွဲပေါ်အုပ်ခဲ့ပီးသား…

သူကလည်း အိပ်ယာထဲရောက်နှင့်နေပီ..အဲတော့ စကားပြောရမဲ့လူမရှိတော့

အသာလေးခူးထားတဲ့ထမင်းကောက်စားပြီး အိပ်ယာဝင်တာပဲ..ဖေကြီး

အိပ်ယာဝင်ပီးငါးမိနစ်ဆိုသွားမကြည့်နဲ့ ဆင်အော်တောင်မနိုးတော့ဘူး..

သူ့ သူငယ်ချင်ဖုန်းတွေလာရင် ကျနော်တို့သင့်သလိုပြန်ဖြေပေးလိုက်ကြတာပဲ..

တစ်ခါက..မနက်စေါစေါ ဖေကြီး ထမင်းအုပ်ဆောင်းဖွင့်ကြည့်ပီးစဉ်းစားနေတာတွေ့လို့

“ဖေကြီး..ဘာဖြစ်လို့လဲ..ဟင်”လို့ကျနော်မေးတော့  …သူကတစ်ချက်ပြုံးလိုက်ပြီး..

“ညက ဖေဖေ ထမင်းစားမိလား မမှတ်မိလို့ ပြန်ကြည့်တာကွ..စားတယ်..စားဖြစ်တယ်”

ကဲ..ဖေကြီးက အဲဒီလိုပါဆို…

အဲ..ဘာချိန်းပွဲမှမရှိလို့ အိမ်မှာ တစ်ပွေထဲ ငြိမ့်ပီဆိုရင်တော့ သေဖို့သာပြင်တော့…

အဖေကြီးက အရက်သောက်ပီးဒေါသထွက် မိသားစုကိုနှိပ်စက်..ဒီလိုတွေတော့မလုပ်တတ်ပါဘူး…..

အဲ..နှစ်ခွက်လောက်များဝင်သွားပီးပြီဆိုရင်…

“ဟေ့..ဟေ့..စည်သူရေ..လာစမ်းကွာ သီချင်းလေးဘာလေးဆိုကြရအောင်

အပျော်ပေါ့ကွ..နော့” သိနေတယ်လေ ဒီအကွက်ကိုလည်း..အသာထွက်လာလိုက်ပီး

ကာရာအိုကေဆိုဖို့ စီစဉ်ပေးရပါတယ်.. ဆိုကြရအောင် သာပြောတာပါ..အမြဲသူတစ်ယောက်ထဲဆိုတာပဲ

ဘာသီချင်းလဲမမေးနဲ့လေကုန်တယ်..ထီးဆိုင် ပဲ

အဲဒါ တစ်ပုဒ်မှ မကျော်ပဲ ဆက်တိုက်ဆိုတာနော်..တီးလုံးပိုင်းစောင့်နေတုံးတော့

သောက်၊မြည်းပေါ့…အဖေကြီးအသံမကောင်းလှပေမဲ့ ဒီအစီစဉ်ကို မိသားစု

အားလုံးသဘောကျတယ်…ဘာကြောင့်သဘောကျရလဲ ဆိုတော့..ဒီလို..ဒီလို..

ဘာချိန်းပွဲမှမရှိလို့ အိမ်မှာ တစ်ပွေထဲသောက်ပီး သီချင်းဘက်မလှည့်ရင်

“လေ”ဘက်လှည့်တော့တာပဲ….

.သုံးခွက်လောက်များသောက်ပီးသွားရင်

“သား နဲ့ သမီးရေ..ဖေကြီးဆီလာပါအုံးကွာ ပြောပြချင်တာလေးရှိလို့..”

တွေ့လား လုပ်ပြီ အပွားခံရတော့မယ်..ဒွတ်ခ..သူခေါ်ပြီဆို ထုံးစံအတိုင်း

သူထိုင်နေတဲ့ ဆက်တီရှေ့မှာ မမနဲ့ ကျနော် ခွေးခြေပုကိုယ်စီနဲ့ထိုင်လိုက်ရတယ်..

အဲဒီမှာ..ပွားတော့တာပဲဗျို့…

“ဒီလိုကွ..သားတို့ရ..မင်းတို့လည်း အဖေ ဂဇက်မှာရေးခဲ့တဲ့ ဖေဖေ့ငယ်ဘဝ

တွေအကြောင်းဖတ်ရမှာပေါ့..” နှစ်ယောက်သားသွက်သွက်ကလေး..

“ဟုတ်..ဖတ်ဖူးပါတယ်ဖေကြီး”

“ပီးခဲ့တဲ့ စက်တင်ဘာလပို့စ်ဆို မန်းဂဇက်ချစ်သူများစာပေဆုတောင်ရသေး..”

“ဟုတ်”

“အဖေဆိုငယ်ငယ်ကဆိုအရမ်းဆင်းရဲတာကွ..

စာကျက်ဖို့မီးရောင်တောင် မရှိလို့ လမ်းဘေးဓာတ်တိုင်အောက်က

မီးရောင်နဲ့စာကျက်ခဲ့ရတာကွ..မင်းတို့တော်တော်ကံကောင်းတယ်..

အိမ်မှာလျှပ်စစ်မီးရောင်နဲ့…အဲယားကွန်းလေးနဲ့ငြိမ့်ပြီး စာလုပ်ရတာတောင် မင်းတို့ကမလုပ်ချင်သေးဘူး ပေါ့..ဘာပေါ့..ညာပေါ့..ဆားပေါ့..ငံပြာရည်ပေါ့ဗျာ..ဟိဟိ..

အဖေတို့က ရေချိန်ကိုက်ရင်အဲ့လိုကြီးပဲ..ရေနွှေးကရားသွန်သလိုရေလည်လွှတ်တာဗျာ..ပြောတာတွေကလည်းအစုံပဲ..သူ့ငယ်ငယ်ကအကြောင်းဆို

ပြောမဆုံးပေါင်တောသုံးတောင်ပဲဗျ..ကျွန်တော်နဲ့မမဆို အလွတ်တောင်ရလို့..အဲ့လောက်ထိလွှတ်တာ..

“သားတို့လည်းကျောင်းပိတ်ရင် အဖေတို့ဂေဇက်ရွာထဲကို ဝင်ရေးပါဦးကွာ..xxxx####%^~~`….ပထမ ကတော့အကောင်းဗျ..ကြာလာတော့လဲ ကျွန်တော်တို့ဘယ်ခံနိုင်မလဲဗျာ..ဇက်ကလေးနည်းနည်းကျိုး..မျက်လုံးလေးနည်းနည်းစင်းလာတာပေါ့..ဟဲဟဲ..အဲ့ဒါနဲ့ပဲ”ကွိစိကွီစ~~”

“အဖေ..” “အေး..ပြော” “ဟို..ဟိုလေ..သားနဲ့မမ လေ..ဟီး..အိပ်ချင်လို့ဗျ..”လို့အားနာပါးနာနဲ့ပြောလိုက်ရပါတယ်..အဲ့တော့လည်းအဖေကမျက်နှာငယ်လေးနဲ့ “အေးအေး ဒါဆိုလည်းအိပ်တော့ကွာ..ရတယ်..အဖေလည်းရေချိုးထမင်းစားပြီးအိပ်တော့မယ်”တဲ့..ဒါနဲ့မမနဲ့ကျွန်တော် အဖေ့ကိုကန်တော့တယ်..အဲ့ဒိမှာ အဖေကဆုပေးတယ်

“အေး  သားနဲ့သမီးခုလိုကန်တော့တဲ့အတွက်ဘဝတစ်လျှောက်မှာဘေးရန်ကင်းပြီးစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ပညာတတ်လူတော်ကြီးတွေ ဖြစ်ကြပါစေ”တဲ့.

“အဲ..ပညာတတ်ဆိုလို့ပြောရဦးမယ်ကွ..လူတော်လူကောင်းတစ်ယောက်ဖြစ်ဖို့..ပညာတတ်ဖြစ်ဖို့ဆိုတာ..အဖေလည်း

အာလာဒင်မီးခွက်ထဲကဂျင်းနီမဟုတ်တော့ ဟပ်ချလောင်း ဖြစ်စေ ဆိုပြီး လုပ်ပေးလို့မရဘူး…မင်းတို့ကိုယ်တိုင်ကြိုးစားရမှာ..အဲ့လိုကြိုးစားရင်……..

………………………………………………………………………………….

“ဟိုး..ဟိုး..ဖေကြီးသားတို့အရမ်းအိပ်ချင်လို့ လစ်ပြီဗျို့ ဒန်တန့်တန်~~~~”ဆိုပြီးဇွတ်ထွက်ခဲ့ရတယ်..နို့မို့ဆို..ဒီတစ်ည ဒီမှာတင်မိုးလင်းမှာဗျ..

ကျနော်တို့ နှစ်ယောက် အခန်းထဲရောက်ပီး ကို့ယ်အိပ်ယာကိုယ်လှဲပီး

အသာနားစွင့်နေကြတာပေါ့…အဖေ မအိပ်သေးမချင်း ပြသာနာကရှိနိုင်

သေးတယ်လေ…

“မိန်းမရေ..ဒီနေ့ ဘာဟင်းတွေများချက်တုံးဟ”

ဟော..အမေ့ဖက်တော့ လှည့်သွားပြီ…အမေက အိပ်ယာပေါ်လှဲရင်း  ဂျာနယ်တစ်စောင်ဖတ်နေရာက….

“ယောက်ကျားရေ..ဒီနေ့တော့ ဆိုင်နဲ့အလုပ်ရှုပ်သွားလို့ဈေး

မသွားဖြစ်လိုက်ဘူး..ရှင့်သားကချက်တာမစားချင်ဘူးဆိုလို့

အိမ်မှာရှိတဲ့ ကြက်သားလေးကြော်ထားတယ်..နောက်..ပဲပုပ်ချက်

ရှိတယ်..မနေ့က မီးဖုတ်ဆီဆမ်းထားတဲ့ ငါးရံ့ခြောက်လေးလဲရှိတယ်..”

“အရည်ဟင်းလေးတစ်ခွက်တောင်မပါဘူးပေါ့…မင်းကွာ..

ငါ့အကြောင်းလည်းသိသားနဲ့…မင်းကိုပြောပေါင်းလည်းများပီ..

အရည်ဟင်းတစ်ခွက်ချက်တာ ဘယ်လောက်ခက်၊ ဘယ်လောက်အချိန်ပေးရလို့လဲ..သင်ပေးလည်းမရ…

ပဲနီလေး အစိတ်သားလောက်ဝယ်၊ ပုလင်းထဲထည့်ထား၊

စားခါနီးမှ အရည်ဟင်းမရှိရင်..ပဲနီလေးတစ်ဆုတ်လောက်ရေနဲ့

ကောက်ကျိုလိုက်ရင် ၁ဝမိနစ်ဆိုစားလို့ရပီပေါ့…အိမ်မှာဂက်စ်မီးဖိုလည်းအဆင်သင့်..”

“ယောက်ကျားရေ..လာပီ  လာပီ အခုလုပ်ပေးမယ်..

မိန်းမလည်းသိပ်နေမကောင်းချင်နေလို့ စောစောအိပ်ယာထဲ

ရောက်နေတာပါ..”

“တော်ပါပီ..အခုမှလာလုပ်မနေနဲ့..ငါပြောမှထလုပ်တာမျိုးငါလုံးဝ

မကြိုက်ဘူး..မင်းက ယောက်ကျားကိုတန်ဖိုးထားရကောင်းမှန်း

ကိုမသိတာ..ရတယ်..ကြီးမိုက်ဆိုတဲ့ကောင်က ငယ်ငယ်ကတည်းက

ဖြစ်သလိုစားပီးကြီးပြင်းလာတာ.မင်းတို့လို ချောကလက်ကိုက်ပီးကြီးလာတာမဟုတ်ဘူး…

ရှိတာနဲ့စားတတ်တယ်ကွ..” အမေကြီးဆီကတော့ ဘာမှတုံ့ပြန်သံမကြားရ….

“မင်းတို့မှာ..ဘာပလန်မှမရှိဘူး..ပလန်ချပေးထားလဲ

အဲအတိုင်းမလိုက်နာဘူး..လုပ်ချင်တာကို လုပ်ချင်သလိုလုပ်နေတာပဲ

ထမင်းစားခါနီးမှ..ဟင်းကို လမ်းဘေးဆိုင်ကပြေးဝယ်မယ်..

မနက်ကလေးတွေကျောင်းသွားခါနီးမှ ကျောင်းစိမ်းမီးပူမတိုက်ရသေးလို့ အပြေးအလွှားတိုက်ပေးမယ်..

ဘေစင်ပေါ် ထပ်တင်မရတော့လောက်အောင် ပြည့်နေမှ

ပန်းကန်တွေဆေးမယ်..ငါကြည့်ကြည့်နေတယ်..မင်းတို့ဟာ

တကယ့် စည်းမဲ့ကမ်းမဲ့စရိုက်တွေပဲ..ပြောပေါင်းလဲများပီ

မပြင်ဘူး..ခု .ခလေးနှစ်ကောင်တောင်မင်းသောက်ကျင့်တွေကူးပီး

စည်းကမ်းပျက်နေကြပီ…………..”

“အေး..ရတယ်လေ..မင်းတို့လည်း မင်းတို့နေချင်သလိုနေ..

ငါ့စည်းကမ်းအတိုင်း မနေနိုင်ကြဘူးဆိုရင်တော့….

ငါနက်ဖန်ကစပြီး တစ်ခြားသွားနေမယ်..အချိန်တန်

လကုန်ရင်..လစာပို့ပေးမယ်. ဟုတ်ပီလား….မင်းတို့လိုတာငွေပဲမဟုတ်လား..”

အိပ်ခန်းထဲက ..အမေ့ ရှိုက်သံ တစ်ချက်ကြားလိုက်မိသလိုပဲ…

အင်း..အဖေကြီးတော့ အမေကြီးကိုအလုံးကြီးကြီးတွေသုံးပီး ပွားနေပီ….

ဒါမျိုးကျတော့ ကျုပ်တို့ထွက်ဆွဲလို့ရတာမျိုးလဲမဟုတ်..

.နောက်တော့လဲ မေကြီးနားသွားအိပ်မှာပဲ..

မမရေ..နားထောင်မနေနဲ့တော့..တော်တော်နဲ့ ပီးမယ်မထင်..အိပ်ကြမယ်…နှစ်ယောက်သား

မျက်လုံးမှိတ်လို့ အိပ်လိုက်ပါတော့တယ်…

 

 

ဒါကတော့ ပြည်သူ့သဘောထားအမြင်..အဲ..အဲ..ယောင်လို့

ဘေဘီမိုက်ကလေးများရဲ့ `ကြီးမိုက်´အပေါ် သဘောထားအမြင်

ကို ကော်ပီပေ့စ်လုပ်တင်လိုက်တာပါ..ဒီအပေါ်မှာ ကျနော့အမြင်ကတော့…

သူတို့ မည်သို့မိမိပေါ်သဘောထားကြသည်ဖြစ်စေ…

သူတို့လေးတွေ ဘဝခရီးမှာ မှန်မှန်ကန်ကန်နဲ့

ဖြောင့်ဖြောင့်ဖြူးဖြူး ရှောက်လှမ်းနိုင်ရေး ရည်ရွယ်ပြီး

ကျုပ်ကတော့ အမုန်းခံ ပွားနေအုံးမှာပဲဆိုတဲ့အကြောင်းလေး…

အားလုံးကိုလေးစားခင်မင်လျှက်..

လမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

18th Feb.2013

 

60 comments

  • ခိုင်ဇာ

    February 19, 2013 at 4:43 pm

    ကိုကြီးမိုက် သား အရေးအသားက မိုက်မပေါ့။
    မျိုးနဲ့ ရိုးနဲ့ ကိုး။ :mrgreen:
    သူက အသက်ငယ်ငယ်လေးနဲ့ မိုက်တာဆိုတော့ ငယ်မိုက်လေး ပေါ့နော်။
    :kwi:

    မနေ့ကတည်းက ဖတ်ပြီး ရီ နေရတယ်။

  • kyeemite

    February 20, 2013 at 1:20 pm

    ခိုင်ဇာ နဲ့ အလင်းဆက်ကိုလည်း ဖတ်ရှု့အားပေးတဲ့အတွက်ကျေးဇူးတင်ပါသဗျာ.. :hee:

  • etone

    February 20, 2013 at 4:15 pm

    ဒယ်ဒီ မိုက်တင်မကဘူး … ခေးတွေပါ စာရေးကောင်းကြတယ်နော် ။
    ဒါနဲ့ သားလေးက ချောတယ်တော့ …….အဟီး ။ 😳

  • uncle gyi

    February 20, 2013 at 4:55 pm

    မျိုးဆက်သစ်ကလေးတွေပါလားကိုကြီးရဲ့
    အမြင်အတိုင်းသွက်သွက်လက်လက်ရေးသွားလိုက်တာ
    ဘရာဗိုလို့ပြောပေပါကိုမိုက်ရေ

  • MaMa

    February 20, 2013 at 9:30 pm

    အက်ဒစ်မလုပ်ပဲ တင်လိုက်တယ်ဆိုတော့ ကလေးအရေးက လူကြီးတွေကို လှောင်သလို ဖြစ်နေပြီ။ :harr:

    ငါတို့ ဘရာသာမိုက်အပေါ် ကလေးတွေက ဒီလို ပွင့်ပွင့်လင်းလင်း ရေးတတ် ရေးရဲတယ်ဆိုကတည်းက
    သားအဖဆက်ဆံရေး ဘယ်လောက်များ ကောင်းသလဲဆိုတာ ပြောဖို့ မလိုတော့ဘူး။

    တစ်ခုစဉ်းစားမိတာက…
    ကိုယ်တိုင်သာဆိုရင် ကိုယ့်အပေါ်ရေးတဲ့စာကို ဒီလိုတင်ဖို့ ကိုယ့်လိပ်ပြာ ကိုယ်မယုံဘူး။

    ကာတွန်းတစ်ခုမှာ ဖတ်မိသလို…
    မင်း ငါ့အကြောင်း မဟုတ်တာတွေ လိုက်မပြောနဲ့။
    အဲ- ဟုတ်တာတွေလည်း မပြောနဲ့ ဆိုသလို :harr:

  • ဦးဦးပါလေရာ

    February 21, 2013 at 2:33 am

    ဂဇက်ထဲ မရောက်တာကြာလို့
    ဝင်လာမိတော့လဲ ကိုမိုက်ရဲ့ အမိုက်စားပိုစ့်နဲ့မှ တိုးမိတယ်…။

    ကလေးတွေဆိုတာ မိဘအုပ်ထိန်သူတွေရဲ့ အုပ်ထိန်းသင်ကြားမှု့ကို ရောင်ပြန်ဟပ်တတ်မြဲဆိုတော့-ကိုမိုက်ရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်ခဲ့ပုံကို လေးလေးစားစားရိပ်မိသွားပါတယ်ဗျာ..။

  • Ghi Ghi ThE KiD

    February 21, 2013 at 6:43 am

    အွန်း …. ဦးမိုက်ကတော့ လုပ်ပြီ…..
    မဖတ်ဖူးတဲ့ရသတခုပေးတဲ့ ပိုစ့်လို့ ဝန်ခံခဲ့ပါရစေဗျား …။

    ခင်တဲ့
    ဂီ

  • Shwe Ei

    February 21, 2013 at 2:02 pm

    လေဒီမိုက်ငိုတဲ့အခန်းကတော့ ထိတယ်ဗျာ။
    ခလေးတွေကတော့ အားရီးချစ်ဖို့ကောင်းကျပါရောလား။
    အူးမိုက်ထက်သာတဲ့(ပိုတော်တဲ့) ဘေဘီမိုက်လေးတေ ဖြစ်လာအုံးမှာ
    မြင်ယောင်သေးတော့ :hee:
    ဒါနဲ့ အူးမိုက်က အိမ်မှာတဗွေထဲ ငြိမ့်တဲ့အချိန်ဆို ခလေးတွေကို ဆုံးမရင်း
    သားအဖချင်းကပ်ကြွားသေးတာပေါ့နော် :mrgreen:

  • kyeemite

    February 22, 2013 at 9:39 am

    အီးတုံး၊ အန်ကယ်ဂျီး၊ဂီဂီသကစ်၊ရွှေအိ၊
    မမ၊ ဦးပါတို့ရေ..ဝင်ရောက်ဖတ်ရှု့အားပေးတာကျေးဇူးပါနော..
    ကျနော်နဲ့ ကလေးတွေ ဆက်ဆံပုံကတစ်မျိုးဗျ…ကလေးတွေကို
    ကျနော် ဒီနေ့အထိ လက်နဲ့ ရိုက်ပြီးမဆုံးမဖူးပါဘူး…
    ပါတ်ဝန်းကျင်မှာကြုံတွေ့နေရတဲ့ အဖြစ်အပျက်လေးတွေကို
    နမူနာပြပြပြီး အကျိုးသင့် အကြောင်းသင့်ပြောပြဆုံးမလေ့ရှိတယ်…
    နောက် မှားမှား ၊ မှန်မှန် အမှန်အတိုင်းပြန်ပြောတတ်အောင်လည်း
    သင်ထားတယ်..နောက်တစ်ခုက မခိုးတတ်အောင်ပေါ့…
    လိုချင်တာရှိရင် အကြောင်းပြချက်နဲ့တကွ တောင်း..ပေးသင့်ရင်ပေးလိုက်တာပါပဲ..
    ကျနော့ကို ဘာမဆိုဖွင့်ပြောရဲအောင်လည်း လမ်းဖွင့်ထားတယ်…
    ကျနော့ကိုဝေဖန်ထောက်ပြတာအပါအဝင်ပေါ့…
    ကျနော် အရက်သောက်တာနဲ့ ဆေးလိပ်သောက်တာဆို
    အဲဒီနှစ်ကောင် မကြာမကြာဝေဖန်ကြတယ်ဗျ…ကျုပ်လည်း အေးပါကွာ..အေးပါကွာ..နဲ့
    မပြတ်နိုင်သေးဘူး… :harr: :kwi:

  • cobra

    February 22, 2013 at 4:40 pm

    မဝင်တာအတော်လေးကြာနေလို့ ဝင်မိပါတယ်
    ကိုယ့်ထက်တောင် အရေးအသားကောင်းတဲ့ကလေးနဲ ့ လာတွေ ့နေတယ်။

  • မတိလို့ မေးဘာရစေ ခည …
    ဟိုလေ …
    တောင်လှေကား ကြီးမိုက် ဆိုဒဲ့ လက်ဝှေ့ကျော်ဂျီးနဲ့ ဘီလိုများ ပတ်သက်နေသဒုန်းလို့ … :mrgreen:
    ဘာမှဂဒေါ့ ဘာမှတိဝူးးနော် …
    အတုန် လိုက်ဖိတ်ပလိုက်မှာဘဲ … ဟဲဟဲ …
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ ပေါ့ဂျာ …
    ခညားအိမ် ဝင်ဒါလည်း ဝင်ဂျင်လို့ ဝင်ဒါ မီဟုတ်ဝူးးဂျ …
    နေ့ခင်း ထမင်းစားချိန် ရောက်လို့ ဝင်လာဒါ …
    ကိုင်း ……

    ဒု – အတွင်းရေးမှူး
    မဟာအံ

    • kyeemite

      March 15, 2013 at 1:12 pm

      ကျေးဇူးအကြီးကြီးတင်ပါတယ် မဟာအံ ရေ…
      ကောင်းပါလေ့….ဒါနဲ့ နေ့လယ်စာလေးစားပီးမှပြန်ပေါ့ကွာ…
      လာ တခါထဲဝင်(ခုံအောက်ကို)..ဟီးးးး :kwi:

  • Phoe Kaung

    April 5, 2014 at 3:04 am

    နိုးနိုးပု နဲ့ ရှီသူ ရေ အရေးအသားကော အိုင်ဒီယာကော တင်ပြပုံပါကောင်းတယ်…ဂွပ်

  • TNA

    April 5, 2014 at 4:53 pm

    ဒါတော့ အဖေခြေရာနင်းသားပဲ အူးမိုက်ရဲ့။ အရေးအသားကတော့ရှယ်ပဲ။ အဟဲ အုတ်ကထဂျီးအေးတယ် မှတ်တာ အေးဘူးပဲ။ :mrgreen:

  • naywoon ni

    April 5, 2014 at 11:51 pm

    ဒီက​လေးက ဖ​အေကို​ကျော်​သွားမှာ​သေချာတယ်​ ကိုမိုက်​ အရင်​တစ်​ခါ ဖတ်​ဖူးပီသား လိုင်​း​ကြောင်​့ ဘာမှဝင်​မ​ရေးလိုက်​ရဖူး ခုတစ်​ခါပြန်​ဖတ်​​တော့လည်​း အသစ်​အတိုင်​းပဲ

Leave a Reply