ခါတိုင်းထက်စာရင် ငွေအကြွေက လွယ်လာပြီမို့ ဘတ်စကားစီးတဲ့အခါ ငွေပြန်အမ်းတာကို မစောင့်ရလေအောင်၊ မေ့ကျန်ပြီး ပါမသွားရလေအောင် ငွေအကြွေ အသစ်လေးတွေကို လမ်းသွားရင် ဆောင်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ ၅ဝ ကျပ် တန် ခရီးကို စီးသွားဖို့ ၁၀ဝ ကျပ်တန်ပဲ ပါလေတော့ ကားစပယ်ယာကို ၁၀ဝ တန်ပဲ ပေးလိုက်ပါတယ်။ ကားမထွက်ခင် ဂိတ်မှာ ရပ်တုန်းက စပယ်ယာရဲ့ ပိုက်ဆံအိတ်ထဲမှာလည်း ၅ဝ တန်၊ ၁၀ဝ တန် လေးတွေ တွေ့လိုက်တော့ လွယ်လွယ်ပဲ ပြန်အမ်းလိမ့်မယ်လို့ ထင်လိုက်မိပါတယ်။ ဒါပေမယ့် ဆင်းရမယ့်ဂိတ် ရောက်ကာနီးအထိ ငွေပြန်မအမ်းလို့ စပယ်ယာကို ၅ဝ ပြန်အမ်းဖို့ ပြောတော့ အကြွေမရှိသေးဘူး လို့ပြန်ပြောပါတယ်။ စောစောကတင် ပိုက်ဆံအိတ်ထဲမှာ တွေ့လိုက်တာကို ပြောလိုက်တော့ ယူဖို့ခက်လို့ အလကားပဲ […]