နိဒါန်း “ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်” ဟု ဆိုပါက ကျွန်ုပ်သည် “မသူတော်” ပင် ဖြစ်ချေတော့မည်။ သို့တစေ ထို “မသူတော်” မည်ခေါ် ကျွန်ုပ်၏ အကြောင်း မစုံမလင်အား ပြသ၊ ရေးရပေဦးတော့မည် ဖြစ်၏။ ထို့အတွက်ကြောင့် တစ်ပါးသူတို့၏ မိမိဂုဏ် မိမိ ဖော်ထုတ်ရေးသားသော အကြောင်းအရာများအား စိတ်ဝင်စားခြင်း၊ မနှစ်သက်ခြင်း စသည့် စိတ်နှလုံး ရှိသူများအတွက် အကျိုးမဲ့ခြင်း မဖြစ်စေရန် ယခု နိဒါန်းအား ရေးသားရခြင်းပင် ဖြစ်ပါပေ၏။ +++++++++++++++++++++++ စာကိုယ် – ၁ ကျွန်ုပ်၏ ဘဝ အခိုက်အတန့်တစ်ခုတွင် လွန်စွာ ကြီးကြီးကျယ်ကျယ်နိုင်လှသော၊ လွန်စွာ ဂွကျလှသော “ပန်းချီဆရာ” ဆိုသူ လူတစ်ဦးနှင့် တွေ့ခဲ့ရဖူးလေသည်။ ထိုသူသည် ပန်းချီ ရေးဆွဲခြင်း အတတ်ပညာ၌ […]


တွေ့လာသမျှ ကောင်းဆိုးမှန်သမျှကို ရင်ဘတ်နဲ့ ခံစားရင်း မွေးရာပါ သေခြင်းတရားကို နောက်ကျောဘက်မှာပဲ ထားခဲ့တယ် ….. တစ်ကမ္ဘာလုံးကို အလင်းရောင်ပေးနေတဲ့ အင်ဂျင်မဲ့ နေမင်းကြီး အနောက်အရပ်ဆီက လက်ပြ နှုတ်ဆက်သွားတာ ခဏခဏ ကြုံခဲ့ရပေမယ့် စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ ….. ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့ မွေးကတည်းက စစ်မြေပြင်ထဲမှာဆိုတော့ တိုက်ရင်း ခိုက်ရင်း သတ်ဖြတ်ရင်းနဲ့ပဲ ကြီးပြင်းခဲ့ရတယ် ….. အစကတော့ အဖြူရောင် နှလုံးသားပါပဲ နောက်တော့ သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့ မုသားဆိုတာလည်း ပါးစပ်နဲ့ အပြည့်ပါပဲ ….. လူတကာ လျောက်လှမ်းနေတဲ့ သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ လှမ်းလျောက်သွားရင်းနဲ့ လောဘ မျက်မှန်ရဲ့အောက်မှာ စက္ကူတွေတောင်ှ ရွှေရောင် တောက်လာခဲ့တယ် ….. […]


သူ့ရနံ့က နှစ်သက်စဖွယ် … သူ့စိတ်ရင်းက ဖြူစင်တယ် …. သူ့ပွင့်ဖတ်က ယုယချင်စဖွယ် … သူ့ကို နမ်းရှိုက်မိတော့တယ် … အို .. ချစ်သော စံပါယ် ………………။   အရှေ့ အရပ်မှာ ကျင်လည်ကာ ကျက်စားနေတဲ့ နေမင်း၊ အနောက်အရောက်ကို ပြောင်းရွှေ့ကာ နေရာယူတဲ့အခါ ချစ်သူနဲ့ တွေ့ဆုံခွင့် ရတတ်ပါတယ်။ အဲဒီအခါ ပြောမယ့် စကားတွေကို စဉ်းစားရင်းနဲ့ တစ်ခါတစ်ခါ ထမင်းစားဖို့တောင်မှ မေ့နေတတ်ခဲ့တယ်။ တစ်နေ့လုံးမှာလည်း အပျော်တွေက ပင့်မြှောက်ကာထားလို့ လူတစ်ကိုယ်လုံးလည်း မြောက်တက်နေသလားပါပဲ …။ ပန်းပွင့်လေးတို့ရဲ့ တဖြည်းဖြည်းနဲ့ ပွင့်ဖတ်တွေ ဖွင့်ဟ၊ အလှတွေ ရုပ်လုံးကြွလာပုံကို စောင့်မျှော်ကာ မကြည့်ခဲ့ဖူးပါဘူး။ အေးမြခြင်း သရုပ်ပြ လမင်းရဲ့ ဇာတ်ထုပ်အကကိုလည်း တခုတ်တရ […]