ရေးမိရေးရာ
- တွေ့လာသမျှ
ကောင်းဆိုးမှန်သမျှကို
ရင်ဘတ်နဲ့ ခံစားရင်း
မွေးရာပါ သေခြင်းတရားကို
နောက်ကျောဘက်မှာပဲ
ထားခဲ့တယ် …..
- တစ်ကမ္ဘာလုံးကို
အလင်းရောင်ပေးနေတဲ့
အင်ဂျင်မဲ့ နေမင်းကြီး
အနောက်အရပ်ဆီက
လက်ပြ နှုတ်ဆက်သွားတာ
ခဏခဏ ကြုံခဲ့ရပေမယ့်
စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ …..
- ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့
မွေးကတည်းက
စစ်မြေပြင်ထဲမှာဆိုတော့
တိုက်ရင်း ခိုက်ရင်း
သတ်ဖြတ်ရင်းနဲ့ပဲ
ကြီးပြင်းခဲ့ရတယ် …..
- အစကတော့
အဖြူရောင် နှလုံးသားပါပဲ
နောက်တော့
သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့
မုသားဆိုတာလည်း
ပါးစပ်နဲ့ အပြည့်ပါပဲ …..
- လူတကာ လျောက်လှမ်းနေတဲ့
သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ
လှမ်းလျောက်သွားရင်းနဲ့
လောဘ မျက်မှန်ရဲ့အောက်မှာ
စက္ကူတွေတောင်ှ
ရွှေရောင် တောက်လာခဲ့တယ် …..
- စားဝတ်နေရေးဆိုတဲ့
အရင်းနှီးဆုံး
မိတ်ဆွေကြီးသုံးဦးနဲ့
တစ်နေကုန် တစ်နေခမ်း
အခြေအတင် ဆွေးနွေးနေခဲ့တ
ညဘက် အိပ်ရာထက်
ရောက်နေခဲ့တာတောင်မှ
ဒီပြဿနာတွေက
ခေါင်းထဲက ထွက်မသွားခဲ့ပါဘူး …..
- ရည်ရွယ်ရာ
ပန်းတိုင်ကို မော်ကြည့်ရင်း
လျောက်လှမ်းလာလိုက်တာ
အရှေ့နားက ကျောက်ခဲကို မမြင်မိဘဲ
ခလုတ်တိုက်လို့
မှောက်ရက်လဲခဲ့ရတဲ့
အဖြစ်တွေလည်း
ကြုံခဲ့ရပေါင်းများပြီ …..
- တကယ်ဆို
လည်မလိုလိုနဲ့ အ နေတာ
ငါ့ကမ္ဘာမှာ မရှိသင့်တာ
သေခြင်းတရားပါပဲ ………..။
++++++++++++++++++++++
ဤတွင် ရေးမိရေးရာ ပြီးပါ၏ …။
++++++++++++++++++++++
ဖတ်ရှုသူအပေါင်းအား ကျေးဇူးတင်ရှိပါ၏ …။
++++++++++++++++++++++
ပုံ/
မစ်ချတာ မဟာရာဂျာ
26 comments
သုရှင်
August 30, 2012 at 11:41 am
သံဝေဂ
မျက်မြင်လောက ဤဘဝကား
ဒုက္ခစင်းစင်း ချမ်းသာကင်း၏
သေမင်းအစာ နင့်ခန္ဓာကို
တဏှာ ဘီလူး အမှောင့်ပူး၍
အရူးပြင်ပြင် နင့်ကိုယ်ထင်၏
နင်နှင့်မဆိုင် နင်ပိုင်မဟုတ်
နင့်ရုပ် နင့်နာမ် နင့်သဏ္ဍန်ကို
နင့်ဉာဏ်မစူး မူးမူးမေ့မေ့
အများလေ့ဖြင့် နေ့ရက်အပုံ
လွန်ခဲ့ တုန်ပြီ။
(လယ်တီဆရာတော်ဘုရားကြီး)
ဘဲဥ
August 30, 2012 at 11:44 am
ရွှီးးးးးးးးးးးးး ဖြောင်း ဖြောင်းးး ဖြောင်းးးးးးးးးးးး (မှတ်ချက် … နာရင်းအုပ်သံမဟုတ်ပါ)
မိုက်ဒလယ်ကွာ အရေးအသားဂယ်ကောင်းဒယ်
ဘဝဆိုတာ …. တိုက်ပွဲ
ခယ်မဆိုတာ….. အာဟုတ်ပါဘူး ယောင်ကုန်ဘီ
အစကတော့
အဖြူရောင် နှလုံးသားပါပဲ
နောက်တော့…… အဲ့ဒါလေးတွေ ဟတ်ထိတာ
စားဝတ်နေရေးဆိုတဲ့
အရင်းနှီးဆုံး
မိတ်ဆွေကြီးသုံးဦးနဲ့
တစ်နေကုန် တစ်နေခမ်း
အခြေအတင် ဆွေးနွေးနေခဲ့တာ ….. အငဲ သီချင်းလေးကို သွားသတိရမိတယ်ဗျ … ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လည်းပါးတော့မယ်……
ဗရာဘို……… အံဂျာဒုံးရေ့ ရေလည် သဘောကျဒယ်ကွာ
ဘဲဥ
August 30, 2012 at 11:48 am
ကျန်ခဲ့လို့ …..
နင့် ဂဗျာလေးကို ကစ်ထားလိုက်ပီအေ့ 😀
လက်မထောင် မို့ဟာကို လက်မပျောက်နေတယ်အေ့
မဟာရာဇာ အံစာတုံး
August 30, 2012 at 11:53 am
ရဘာဒယ် ..
နင့်အစား နာဘဲ ထောင်လိုက်မယ် ..
အဟိ ..
အားပေးတာ ကျေးကျေး ..
Khaing Khaing
August 30, 2012 at 11:46 am
ရေးမိရေးရာ ရေးတာကို ဖတ်မိဖတ်ရာဖတ်သွားပါကြောင်း ………
မဟာရာဇာ အံစာတုံး
August 30, 2012 at 11:54 am
မာမီ ..
ဖတ်မိဖတ်ရာ ဖတ်သွားဒေါ့
ဘာတွေ တွေ့ဒုံးဟင်င်င် .. 🙄
ကျေးကျေးဘာ ..
ကို ခင်ခ
August 30, 2012 at 11:51 am
( တကယ်ဆို
လည်မလိုလိုနဲ့ အ နေတာ
ငါ့ကမ္ဘာမှာ မရှိသင့်တာ
သေခြင်းတရားပါပဲ ………..။ )
ကိုအံစာတုံးရေ ဒါပေမဲ့ သေခြင်းတရားက သစ္စာရှိစွာ လောကမှာရှိနေတယ်ဗျာ။
မဟာရာဇာ အံစာတုံး
August 30, 2012 at 11:56 am
သေခြင်းတရား မရှိတော့တဲ့
နေရာလေး တစ်နေရာတော့
ရှိသဗျ ….
ခုလို ဖတ်ရှု အားပေးသွားတာ ကျေးဇူးပါနော့ ..
zarlay
August 30, 2012 at 3:07 pm
ရေးမိရေးရာရေးထားတာကို ဖတ်မိဖတ်ရာဖတ်သွားပါတယ် စာကိုပြောတာပါ
မောင်ပေ
August 30, 2012 at 11:59 am
ရေးမိရေးရာ
ဈေးမသိမေးပါ
အလေးမရှိကြေးရှာ
ဘေးကြည့်ထွေးမှာ
ဆေးရှိမေးအနာ
ရွှေ ကြည်
August 30, 2012 at 12:05 pm
လူတကာ လျောက်လှမ်းနေတဲ့
သမာရိုးကျ ဒီလမ်းမကြီးပေါ်မှာ
လှမ်းလျောက်သွားရင်းနဲ့
လောဘ မျက်မှန်ရဲ့အောက်မှာ
စက္ကူတွေတောင်ှ
ရွှေရောင် တောက်လာခဲ့တယ် …..။
အဲဒီတစ်ပိုဒ်အကြိုက်ဆုံးပဲ မောင်အံစာရေ။
surmi
August 30, 2012 at 12:08 pm
ခုတလောရွာထဲမှာလဲ သေခြင်းတရားတွေ တွေ ့နေရတော ့
နဲနဲတောင်ကြောက်လာပြီဘိုအံရေ
မသေခင်ရေးနေတဲ ့ပို ့စ်လေးလဲပြီးသွားချင်သေး။
ခက်တာက ဒီလမပြီးနိုင် ။ ဟဲ ဟဲ ဘာရယ်မဟုတ်ပါဘူး
သံဝေဂယူရင်း တောရောက်တောင်ရောက်
Ma Ei
August 30, 2012 at 12:38 pm
အံစာတုံးရေ…
တစ်ကမ္ဘာလုံးကို
အလင်းရောင်ပေးနေတဲ့
အင်ဂျင်မဲ့ နေမင်းကြီး
အနောက်အရပ်ဆီက
လက်ပြ နှုတ်ဆက်သွားတာ
ခဏခဏ ကြုံခဲ့ရပေမယ့်
စိတ်ထဲမှာတော့ ဘာမှ မထူးဆန်းသလိုပဲ …..
ဒီလိုနဲ့…
တစ်လောကလုံး ဘာတွေဖြစ်နေနေ
မနက်ရောက်ရင်…
နေမင်းကြီးကတော့ ပြန်ထွက်လာမှာပါ….
ချစ်တတ်သူ
August 30, 2012 at 1:16 pm
ကောင်းလိုက်တဲ့ ကဗျာပါဗျာ..ရင်ဘက်ကြီးနဲ့ခံစားသွားပါတယ်..မေ့လို့ လက်မထောင်သွားပါတယ်ဗျို့..
နေမြင်ညပျောက် သူရိန်နေမင်း
အမှောင်ခွင်းလို့အလင်းပေခဲ့
သူပေးသည့်အလင်း ဘယ်သူမှလဲ
တယုတယ ကျေးဇူးမတင်ခဲ့
သူပေးခဲ့အပူ အကျိုးပြုတာတောင်
သူရိန်ခဗျာ အကောင်းပြောမခံရ
သို့တပြီးကား သူကားသူ့တာဝန်
ကျေပွန်စွာနဲ့ နေ့ပေါ်လာပြီး ညပျောက်လေသတည်း။
Shwe Ei
August 30, 2012 at 1:16 pm
ဘုန်းဘုန်းအန်တယောက် သံဂေဝတွေ ရနေရှာဘီ ကောင်းပါလေ့။:)
မွန်မွန်
August 30, 2012 at 1:33 pm
ဘဝ ဆိုတာ တိုက်ပွဲ …. တဲ့
မွေးကတည်းက
စစ်မြေပြင်ထဲမှာဆိုတော့
တိုက်ရင်း ခိုက်ရင်း
သတ်ဖြတ်ရင်းနဲ့ပဲ
ကြီးပြင်းခဲ့ရတယ် …..
အဲလာဂျောင့်.. လက်နက်နဲ့ ငြိမ်းချမ်းရေးလဲပြီး အလင်းဝင်ရင် ကောင်းမလားလို့… 😀
may flowers
August 30, 2012 at 2:18 pm
ရေးမိရေးရာမို့သာ တကယ့်ကို ဖတ်လို့ကောင်းတဲ့ကဗျာလေးပါ အတွေးများစွာလည်းဖြစ်ပေါ် ခံစားမိပါရဲ့။
mayjuly
August 30, 2012 at 2:36 pm
ရေးမိရေးရာ ရေးထားခြင်းအား တွေးမိတွေးရာ တွေးရရင်တော့ဖြင့် …. အဟမ်းးးးးးးးး
ဂလု ..ဂလု အားပေးတွားပါတယ်ဗျို့ …
မဟာရာဇာ အံစာတုံး
August 30, 2012 at 5:46 pm
ဟုတ်ကဲ့ ..
ခုလို လာရောက်ကာ အားပေးသွားကြပါကုန်သော
ချစ်စွာသော ရွာသူားအပေါင်းအား
ကျေးဇူး အထူးပင် တင်ရှိပါကြောင်း ပြောပါရစေခင်ဗျာ …
ချစ်တဲ့ …
အံစာတုံး
YE YINT HLAING
August 31, 2012 at 2:32 am
ကျေးဇူးတင် စကား ပြောတာက ဇတ်မင်း သားလေသံနဲ့ပါလား ! ( နောက်တာ )
Tun Tun Naing
August 30, 2012 at 5:51 pm
ကောင်းဒယ်..ကောင်းဒယ်…
တော်တော် ကောင်းဒယ်….
ဘယ်လိုပြောရမလဲ…..
ဝတ်မှုန်ရွှေရည်လို ကောင်းတယ်
ကောင်းဒယ်..
စတော်ဘယ်ရီ ရိုပဲ…
နေဝန်းနီ
August 30, 2012 at 8:37 pm
တကယ်ဆို
လည်မလိုလိုနဲ့ အ နေတာ
ငါ့ကမ္ဘာမှာ မရှိသင့်တာ
အန်ဇာတုန်း ပါပဲ ……… ဟုတ်တယ်..။ ငါငယ်ငယ်က ဆို အန်ဇာတုန်း ပစ်တိုင်းရှုံးလို့………..။ 😛 😛 😛
အတိသဉ္ဖာ နာဂရချစ်သူ
August 31, 2012 at 7:37 am
ရည်ရွယ်ရာ
ပန်းတိုင်ကို မော်ကြည့်ရင်း
လျောက်လှမ်းလာလိုက်တာ
အရှေ့နားက ကျောက်ခဲကို မမြင်မိဘဲ
ခလုတ်တိုက်လို့
မှောက်ရက်လဲခဲ့ရတဲ့
အဖြစ်တွေလည်း
ကြုံခဲ့ရပေါင်းများပြီ …..
တကယ်ဆို
candle .
September 1, 2012 at 6:16 pm
တွေ ့လာသမျှ..ကောင်ဆိုးမှန်သမျှကို..
ရင်ဘတ်နဲ ့ခံစားရင်း..
မွေးရာပါသေခြင်းတရားကို..
နောက်ကျောဘက်မှာဘဲ ထားခဲ့တယ်..
လက်တွေ ့ကျတဲ့
သိပ်ထိမိတဲ့ စာသားလေးမို ့
အသေအချာအားပေးသွားပါတယ်
Mobile
December 13, 2012 at 10:35 pm
မဟာဘာဂျာ အန်စာတုံး ကြီး၏ ကဗျာလေးအား အားပေးသွားပါ၏
kyeemite
December 14, 2012 at 9:46 am
အံဇာကြီးရေ…ပထမတစ်ခေါက်ကမဖတ်ဖြစ်လိုက်တာ ခွေးလွှတ်ပါ
ဒုတိယအကြိမ်ပြန်လယ်လာမှဖတ်ဖြစ်တော့တယ်…
ကဗျာလေးကိုဖတ်ကြည့်တော့ သိပ်သဘောမတွေ့တဲ့အယူအဆလေးတွေရှိသလို
ကြိုက်တာလေးတွေလည်းတွေ့ကြောင်းပါ….
ဘာပြောပြောအရေးအဖွဲ့ကတော့ရှယ်ဟုပြောချင်ပါဂျောင်းးးးး
“
အစကတော့
အဖြူရောင် နှလုံးသားပါပဲ
နောက်တော့
သွေးစွန်းနေတဲ့ ဓါးတစ်လက်နဲ့
မုသားဆိုတာလည်း
ပါးစပ်နဲ့ အပြည့်ပါပဲ …..
အဲဒီအပိုဒ်တော့ လွှတ်ကြိုက်သကွာ…. :hee: