ချစ်သော စံပါယ် ……
သူ့ရနံ့က နှစ်သက်စဖွယ် …
သူ့စိတ်ရင်းက ဖြူစင်တယ် ….
သူ့ပွင့်ဖတ်က ယုယချင်စဖွယ် …
သူ့ကို နမ်းရှိုက်မိတော့တယ် …
အို .. ချစ်သော စံပါယ် ………………။
အရှေ့ အရပ်မှာ ကျင်လည်ကာ ကျက်စားနေတဲ့ နေမင်း၊ အနောက်အရောက်ကို ပြောင်းရွှေ့ကာ နေရာယူတဲ့အခါ ချစ်သူနဲ့ တွေ့ဆုံခွင့် ရတတ်ပါတယ်။ အဲဒီအခါ ပြောမယ့် စကားတွေကို စဉ်းစားရင်းနဲ့ တစ်ခါတစ်ခါ ထမင်းစားဖို့တောင်မှ မေ့နေတတ်ခဲ့တယ်။ တစ်နေ့လုံးမှာလည်း အပျော်တွေက ပင့်မြှောက်ကာထားလို့ လူတစ်ကိုယ်လုံးလည်း မြောက်တက်နေသလားပါပဲ …။
ပန်းပွင့်လေးတို့ရဲ့ တဖြည်းဖြည်းနဲ့ ပွင့်ဖတ်တွေ ဖွင့်ဟ၊ အလှတွေ ရုပ်လုံးကြွလာပုံကို စောင့်မျှော်ကာ မကြည့်ခဲ့ဖူးပါဘူး။ အေးမြခြင်း သရုပ်ပြ လမင်းရဲ့ ဇာတ်ထုပ်အကကိုလည်း တခုတ်တရ စောင့်မျှော်ကာ အားမပေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့်လို့လည်း စံပါယ်ဆိုသူ ချစ်သူလာမယ့်လမ်း မရောက်ခင် ကတည်းက ကြိုတင်မှန်းလို့ လှမ်းခဲ့မိသူရယ်ပါ။ ဒီလိုပြောတော့ စံပါယ်က ပြုံးတယ်။ “ကို က စကားတတ်တယ်” … တဲ့။ နားဝင်ချိုရုံသက်သက် လုပ်ဇာတ်ခင်းတာ မဟုတ်ပါဘူး ချစ်စံပါယ်။ ရင်တစ်ခုလုံးကို စုံကန်ပြီးမှ ထွက်လာခဲ့တဲ့ စကားတွေရယ်ပါ။ ဒီအခါ စံပါယ်က ဖွဖွလေးပြုံးလို့ ခွန်းတုံ့ဟတယ်။ “ကို တကယ်ချစ်တာ စံပါယ် သိပါတယ် ကိုရယ်” … တဲ့။
စံပါယ်လို့ တင်စား၊ ချစ်သူရဲ့ ထံပါး ကြည်နူးမှု အပြည့်နဲ့ ရောက်ရောက်သွားတတ်တယ်။ ချစ်တဲ့စံပါယ် … သူ့အပြုံးလေးတွေကလည်း အေးမြလွန်းတယ်။ ပြောရရင် စမ်းရေတောင် ရှုံးလောက်မယ် ထင်ပါရဲ့။ မိုးထက်က လမင်း အေးမြခြင်းဟာ မြင်စဉ်ခဏပါကွယ်၊ စံပါယ်အပြုံးက ဒီထက်ပိုတယ်။ အဲ့ဒီ အပြုံး လူတစ်ကိုယ်လုံးဖုံးလို့ တစ်ခါတစ်ခါ မိုးထက်မှာ ပျံဝဲနေသလားဆိုပြီး ကိုယ့်ကိုယ်ကို သံသယဝင်ခဲ့မိတယ်။ ဒီလို ပြောမိတော့ စံပါယ်က ရယ်တယ်။ “အပိုတွေပါ” … တဲ့။ သူ့ရီသံ ချိုချိုလေးတွေက နားထက်မှာ ဆည်းလည်းလေးတွေ ပွတ်တိုက်သွားသလို၊ အို .. တကယ့်ကို ကြည်နူးစရာ ရီသံသာလေးတွေပါပဲကွယ် ….။
ချစ်သူ အလှက ကြည့်လို့မရိုး၊ တစ်နေ့တစ်ခြား ပို၍တိုး ဆိုသလို စံပါယ်ရဲ့ အလှ၊ စံပါယ်ရဲ့ဟန် ဒီရင်ကို ဆူညံစေခဲ့ပေါ့။ ချစ်တယ်ဆိုတာကို ဆုပ်ကိုင်ပြလို့ မရပေမယ့်လည်း စံပါယ်အတွက် ရင်ထဲက လွင့်ထွက်လာတဲ့ စကားလုံးလေးတွေရှိတယ်။ “နွေဦးမှာ တွန်ကျူးတတ်တဲ့ ဥဩငှက်ငယ်လေးကိုလည်း ချစ်တယ်။ မိုးတွင်းမှာ ရွာသွန်းတတ်တဲ့ မိုးစက်ဖွဲဖွဲလေးတွေကိုလည်း ချစ်တယ်။ ဆောင်းဥတုရဲ့ သည်းညှာဦးဖြစ်တဲ့ မြူနှင်းဖွေးဖွေးလေးတွေကိုလည်း ချစ်ပါတယ်။ ဒါပေမယ့်လို့လည်း စံပါယ်ရယ်။ ဒါတွေအားလုံးထက် မင်းကို ပိုပြီးချစ်တယ်…။” ဒီလို ရွတ်ပြတော့ စံပါယ်က ပြုံးတယ်။ “ယုံပါတယ် ကိုရယ်” … တဲ့။
ကြိုလင့်တဲ့ ကမ်းလက်ကို နင်းတက်လို့ မသွားချင်ပါဘူး ချစ်စံပါယ်။ အဲ့ဒီ လက်လေးတွေကို ဖွဖွလေး ဆုပ်ကိုင်ပြီး ယုယမှုအပြည့်နဲ့ ရင်ငွေ့တွေ ကြားမှာ စံပါယ်ကို နွေးထွေးစေချင်သူရယ်ပါ။ တကယ်ပါ စံပါယ်ရယ်။ ခူးဖို့လည်း မရည်ရွယ်၊ ခြွေဖို့လည်း မစဉ်းစား၊ စံပါယ်ရဲ့အနား ရောက်လာခဲ့တဲ့သူပါ။ ရင်ခုန်သံ လှုပ်ရှား၊ စည်းချက် မြန်နေတဲ့ သံစဉ်များဟာ ချစ်ခြင်းရဲ့ နိမိတ်ပါဆိုရင် စံပါယ်ရယ် တိုးတိုးလေးကပ်ပြီးသာ နားထောင်ကြည့်ပါတော့ကွယ်။ ဒီလိုပြောတော့ စံပါယ်က ရင်ခွင်ကြား ငြင်သာစွာ တိုးဝင်လာတယ်။ ပြီးတော့ ပြောသေးတယ်။ “ဟုတ်တယ်၊ ရင်တွေ ခုန်နေတယ်” … တဲ့။
နေဝင်ဆည်းဆာရဲ့ အလှတရား၊ တိမ်တွေ လှပစွာ အရောင်တောက်နေလင့်ကစား ဒီအချိန်ကို ဖမ်းဆုပ်ထားဖို့ ဆုတောင်းနေမိတယ်။ အိပ်တန်းပြန် ငှက်ငယ်တွေကလည်း တစ်အုပ်ပြီး တစ်အုပ်၊ သို့ပေမယ့် အချိန်ကို ဘရိတ်အုပ်လို့ ထားချင်မိပြန်တယ်။ ခဏတာ တွေ့ရတဲ့ အချိန်ဟာ မြန်ဆန်လွန်အားကြီးနေတယ်။ ဒီလို တွေးမိတဲ့ အခိုက်မှာ စံပါယ်က သူ့လက်က နာရီလေးကို ကြည့်ပြီး ပြောတယ်။ “ပြန်ရတော့မယ် ကိုရယ်” … တဲ့။ သူ့ အသံလေးက တိုးလျလျ၊ ခိုးတွေ့ရတဲ့ တစ်ခဏဟာ အလိုမကျ စရာ။ “စံပါယ်ရယ် မခွဲချင်သေးဘူးကွယ်” …။
မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ အသုံးပြုတတ်တဲ့ ဝေါဟာရ …။ စကားလုံး တစ်လုံး။ ဒီစကားလုံးကို မနည်းကြိတ်မှိတ်ပြီးသာ မျိုချလိုက်ရတော့တယ်။ ဒါပေမယ့်လို့လည်း စံပါယ်ကိုတော့ ထွေးပွေ့ထားဆဲ။ စပါယ်ရဲ့ အသက်ရှူသံလေးတွေကို နှလုံးသားက ကြားနေရပါတယ်။ “စံပါယ်လည်း ဘယ်ခွဲချင်ပါ့မလဲ ကိုရယ်” .. တဲ့။ သူ့ရဲ့ အသက်ရှူသံလေးတွေကတစ်ဆင့် ပြောနေတဲ့ စကားတွေ နှလုံးသားက အတိုင်းသား ကြားနေရပေါ့။ ဒီလိုနဲ့ တစ်ခဏတာနဲ့ နောက်ဆုံး မိနစ်များမှာ စံပါယ်ရဲ့ ဦးခေါင်းထက်က ဆံနွယ်စလေးတွေကို ကြင်နာစွာ ပွတ်သပ်နေရင်းနဲ့ အနမ်းရဲ့ ပန်းတစ်ပွင့်ဟာ စံပါယ်ရဲ့ ဆံနွယ်စတွေကြား ပွင့်လန်းလို့ သွားခဲ့ပါတော့တယ်။ “သိပ်ချစ်တယ် စံပါယ်ရယ်” …။
_____________
ဤတွင် ရေးချင်ရာ ရေးလို့ပြီးသွားပါပြီ ခညာ ..
ထပ်ပြီးလည်း ရေးတတ်တော့ပါဘူး …
ဖတ်ရှုအားပေးသူ အပေါင်းအား ကျေးဇူး အထူးတင်ရှိပါကြောင်း ……..။
ရေးသားလျက် ရှိတဲ့ “ရတနာသိုက် ရှာပုံတော်” ကိုလည်း ရေးသားလျက် ရှိနေပါကြောင်း ..
နည်းနေသေးကြောင့်သာ မတင်ဖြစ်သေးခြင်း ဖြစ်ပါကြောင်း …
လောလောဆယ် ရေးဖြစ်မိသွားတာလေးကို တင်လိုက်မိခြင်းပင် ဖြစ်ပါတော့ကြောင်း ………..
ခင်မင် လေးစားစွာဖြင့်
အံစာတုံး
18 comments
မောင်ပေ
August 5, 2012 at 11:48 am
စံပါယ်
မှန်တစ်ကယ်
ကြံမယ်
မဟာရာဇာ အံစာတုံး
August 5, 2012 at 11:51 am
စံပါယ်ကို
လာမကြံနဲ့
လန်သွားမယ် ..
ဘာမှတ်နေလဲ …. 👿
marblecommet
August 5, 2012 at 12:36 pm
ခင်ညား စံပါယ်ကိုတော့ လန်မှာစိုးလို့
မကြံတော့ပါဘူး ကိုအံရယ်…..
အနော့်မှာလည်း စံပါယ်တစ်ခင်းရှိပါလယ်.
“သူမ မျက်ဝန်း တစ်ချက်ပြုံးလိုက်တိုင်း
စံပါယ်တစ်ခင်း ရုတ်ကနဲ ထပွင့်တာ မည်သူမျှ
မသိကြပါ”…….
အာဟိ……
မဟာရာဇာ အံစာတုံး
August 5, 2012 at 5:48 pm
ခညားမှာလည်း စံပါယ်ချိဒယ် ..
အနော့်မှာလည်း စံပါယ်ချိဒယ် ..
(စိတ်ကူးထဲမှာဘာ .. အပြင်မှာဒေါ့ ရှိဘာဘူး)
ဘာဖြစ်ဖြစ် ခညားနဲ့ အနော် တူတွားဘီ ..
marblecommet
August 5, 2012 at 6:00 pm
ကိုအံရေ့
ဟဲဟဲ ဒီနေ့ အနော်တို့
စံပါယ်တွေ သောင်းကျန်းနေကြတယ်….
ဟဲဟဲ ဒါပေသိ….
(စိတ်ကူးထဲက စံပါယ် အရိုင်းစံပါယ်လေးရယ်ပါ…
ဆရာအောင်လင်းရဲ့ စံပါယ်တော့မဟုတ်)
ခင်တဲ့……
စံပါယ်ဂိုးဏ်သား
ငကမ်း…..
myanmarcitizen
August 5, 2012 at 3:23 pm
အောင်မယ် စံပါယ် စံပါယ်နဲ့ .. စံပါယ် ကိုငါသိတယ် … နာတို့အိမ်နားမှာ .. ဝတုတ်မကြီးပဲ သူ့နာမည်က စံပါယ်တဲ့ … နဲတဲ့ ဝတာကြီးမဟုတ်ဘူး။ ပေါင်ကြီးတွေတစ်လုံးတစ်လုံးကလဲ နာ့ကိုယ်လောက်ရှိတာ။ သူ့အတွက်လဲ စာလေး ပေလေးဖွဲ့ပေးပါအုန်း
မဟာရာဇာ အံစာတုံး
August 5, 2012 at 5:50 pm
ဥလေး ခည ..
အနော့် စံပါယ်လေးက
အဲ့ဟာဂျီးဒေါ့ ဟုတ်ပါဘူး ခည ..
အဲ့ဟာဂျီးသာ အနော့်စံပါယ် ဆိုလို့ကတော့
လျှာအတောင့်လိုက် ထွက်လောက်ဘာဒယ် … 😀
စံပယ်တင်မှဲ.လေး
August 5, 2012 at 3:38 pm
စံပယ်ချင်းတော့တူဝူးနော်….ဒါပင်မယ့်…
အရေးအသားကောင်းလွန်းအားကြီးတော့……..
အဟက်ဟက်….တယ်လည်းတတ်တဲ….အံစာတုံးကြီးပါလား….
ရေးချင်ရာရေးပေးတဲ့သူကရေးနေပြီ………
ဖတ်ချင်ရာဖတ်တဲ့သူလည်းဖတ်ခဲ.ပါတယ်နော်…..
မဟာရာဇာ အံစာတုံး
August 5, 2012 at 6:08 pm
စံပယ် လေးရယ် ..
“ရေးချ” လေး ပါတာနဲ့ မပါတာပဲ ကွာပါတယ်ကွယ် ..
တကယ်တော့ စံပယ်နဲ့ စံပါယ်
တူတူဘာဘဲဂွယ် … 😀
နောက်ဒါဘာ ..
ခုလို ဖတ်ချင်ရာ ဖတ်သွားဒဲ့တွက်လည်း ကျေးကျေးဘာ ..
pooch
August 5, 2012 at 3:42 pm
ကောင်မလေးက စံပယ်ခေါင်းလျှော်ရည် သုံးထားတယ်ထင်တယ်။
ရေမွှေးလည်း မဆိုးဘူး အနံ့ သင်းတယ် 😀
မဟာရာဇာ အံစာတုံး
August 5, 2012 at 6:19 pm
အမပုချ် ခည ..
ရေမွှေးကလည်း မွှေးဘာဒယ် ..
စံပါယ်လေးကလည်း မွှေးဘာဒယ် ..
စိတ်ကူးထဲမှာ သင်းပျံ့ပျံ့လေး ဖြစ်နေတာ ..
တကယ့်ဂိုဘဲ ချစ်စရာ … 😀
___________
ဥုးထွန်းဝင်းလတ်ဂျီး ..
စံပါယ်ကို အနော် ပိုင်ဘာဘူး ..
စံပါယ်ကို အနော် ပိုင်ဘာဒယ် …
ဒီသံသယတွေ ကြားမှာ
ဗျာများနေရတာ ကျနော်ရယ်ပါ ….
kotun winlatt
August 5, 2012 at 4:01 pm
အော်…စံပယ်…. စံပယ်..စံပယ်…
ကို အံ ဇာကြီးက ပိုင်တာပါလားးး
စံပယ်..စံပယ်…စံပယ်လေးးကို…
စိန်ဗိုက်ဗိုက်
August 5, 2012 at 6:59 pm
သေတာပဲ
စံပယ်ပန်း ခုမှမြင်ဖူးတယ်ဟ
ဪ..အနိစ္စ
လတ်စသက်တော့ အံဂျီးက ပန်းချစ်သူဂိုး
ကွိ..ကွိ..
🙂
မဟာရာဇာ အံစာတုံး
August 5, 2012 at 7:09 pm
နင် ဘီအီး ချစ်သလို
နာလည်း ပန်းဂို ချစ်တတ်ဘာဒယ် ..
နင် ဘီအီး မူးသလို
နာလည်း ပန်းရဲ့ အလှမှာ ယစ်မူးတတ်ဘာဒယ် …
နင် ဘီအီး သောက်ပြီး မှောက်တတ်သလို
နာလည်း ပန်းရဲ့ အလှမှာ ယစ်မူးလို့ အခါခါ လဲပြို (မှောက်) တတ်ဘာဒယ် ..
နင့်ပုံထဲဂလို တဟားဟား ရီမောနေလိုက်တာ ဘီအီး ပုလင်းတောင်မှ ရမ်းခါနေသလို
နာလည်း ပန်းလေးရဲ့ ရီသံလွင်လွင်လေး ကြားရတဲ့အခါ တစ်ကိုယ်လုံး ခါရမ်းသွားသလို ကမ္ဘာကြီးမှာ ဘယ်ဟာ အရှေ့ ဘယ်ဟာ အနောက်မှန်း မသိအောင်ကို ဖြစ်ဖြစ်သွားတတ်ဘာဒယ် …
ဤတွင် ပေါက်ဖော်၏ ဘီအီးနှင့် ကျွန်ုပ်၏ ပန်းအား ယှဉ်တွဲ ဖော်ပြခြင်းကိစ္စ ပြီးစီးပြီ ဖြစ်ပါ၏ ..
ကွိ .. ကွိ … 😀
မွန်မွန်
August 6, 2012 at 9:57 am
ဟား…တယ်ဂွတ်တဲ့ ဥပမာအလင်္ကာပါလား…
marblecommet
August 5, 2012 at 7:31 pm
ဘီအီးလေး ဂွပ်ကနဲမော့
စံပါယ်လေး ရှုပ်ကနဲမွှေး
အိုဘယ့်
အိုမာခရမ် သနားဒယ်….
မဟာရာဇာ အံစာတုံး
August 5, 2012 at 7:36 pm
ဂလိုဆိုရင်တော့
အမိုက်စား ဖြစ်မှာပဲဗျနော့ ..
ဘီအီးလေး တစ်ဂွပ်
စံပါယ်လေးဂို တစ်ရွှတ် ..
အဟွတ် .. အဟွတ် …
အဖိုးကတော့ဖြင့် အသက်ကြီးပါပြီဂွယ် .. 😀
အလင်းဆက်
August 6, 2012 at 7:17 pm
ရေးချင်ရာရေးသွားတယ်.ဆိုပေမယ့်…စနစ်တကျ..စီမံဖော်စပ်ထားတဲ ့…
ဆေးတစ်ခွက်သောက်လိုက်ရသလို…
စာပေအားဆေး…. ကြောင့် အားရှိသွားပါတယ် ။